ဘဝမှာ ငွေကြေးအတွက်
ရုန်းကန်မှုလဲမလုပ်ရတော့ဘူး။
ဘဝမှာ ငွေကြေးအတွက်ရုန်းကန်မှုလဲမလုပ်ရတော့ဘူး။အနာဂတ်အတွက်လဲငွေကြေးအတွက်စိတ်ပူစရာမလိုဘူး။ကိုယ့်အလုပ်သဘောတရားအရလဲလောဘ၊ ဒေါသ၊ မောဟနဲ့ ဆက်စပ်စရာမလိုဘူးဆိုရင်ဘဝကို အေးအေးချမ်းချမ်းနေလို့ရပြီ။ ဒီလိုဘဝနေချင်တဲ့အတွက်“ဘဝနေထိုင်မှုအခြေပြု လုပ်ငန်း”Lifestyle Business ဖက်ကိုပြောင်းလာခဲ့လိုက်တယ်။ အစွန်းနှစ်ဖက်ဖြစ်တဲ့လောဘအစွန်း၊ ဒေါသအစွန်း၊မောဟအစွန်းမသွားတော့ဘဲမဇ္ဈိမပဋိပဒါနဲ့ဘဝကို ဖြတ်သန်းကြည့်ဖို့ဆုံးဖြတ်ချက်ချကြည့်တယ်။ ဗုဒ္ဓအဆုံးအမအတိုင်း အကုသလ စေတသိတ် (၁၄) ပါးကိုရှောင်တယ်။ဒါတွေက လူကိုထိုင်းမှိုင်းစေတယ်။ဥာဏ်တုံးစေတယ်။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေတယ်။ ဒါတွေက မောဟ (မသိမှု) – မသိနားမလည်မှု၊ အမှန်တရားကို မသိမြင်ခြင်း၊ တွေဝေခြင်း အဟိရိက (မကောင်းမှုကို မရှက်ခြင်း) – မကောင်းမှုပြုရာတွင် ရှက်ကြောက်မှု မရှိခြင်း အနောတ္တပ္ပ (မကောင်းမှုကို မကြောက်ခြင်း) – မကောင်းမှု၏ အကျိုးဆက်ကို မကြောက်ခြင်း ဥဒ္ဓစ္စ (စိတ်ပျံ့လွင့်ခြင်း) – စိတ်မတည်ငြိမ်ဘဲ လှုပ်ရှားပျံ့လွင့်နေခြင်း လောဘ (တပ်မက်မှု) –တပ်မက်ခြင်း၊ လိုချင်တပ်မက်မှု၊ လောဘရမက်ကြီးခြင်း ဒိဋ္ဌိ […]
