Lifestyle

နောက်ဆုံးအရေးကြီးတာ
လိပ်ပြာလုံလုံနဲ့ အသက်ရှင်ဖို့ပဲ။

အခွင့်အလမ်းတွေ က အများကြီး။အရေးကြီးတာ ကိုယ်က ဘယ်အခွင့်အလမ်းကိုအဓိကအမိအရယူမလဲဆိုတာပဲ။ လူတိုင်းက အကုန်လုံးမဖြစ်နိုင်ဘူး။ ကွန်ဖြူးရှပ်ပြောသလို ယုန်တွေအများကြီးစိတ်များပြီးဖမ်းချင်တဲ့သူက တစ်ကောင်မှမမိတတ်ဘူးတဲ့။ ဝါဝါမြင်တိုင်းရွှေထင်ပြီးလိုက်ယောင်တာထက် ကိုယ်ဘယ်သူလဲ ကိုယ်ဘာလုပ်နေလဲဘာကျွမ်းကျင်လဲ ဘာလုပ်ချင်လဲကိုယ့်ရည်ရွယ်ချက်ပေါ်မူတည်ပြီးလုပ်ဆောင်တာက တချို့တွေအတွက်အကောင်းဆုံးဖြစ်နိုင်တယ်။ နောက်ဆုံးအရေးကြီးတာလိပ်ပြာလုံလုံနဲ့ အသက်ရှင်ဖို့ပဲ။ Phyo Paing @ Derek

နောက်ဆုံးအရေးကြီးတာ
လိပ်ပြာလုံလုံနဲ့ အသက်ရှင်ဖို့ပဲ။
Read More »

ဘဝမှာ အရေးအကြီးဆုံးက
ကိုယ့်ရဲ့ “Best Version”
အကောင်းဆုံးပုံစံဖြစ်ဖို့ပဲ။

ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ခံစားမှုရေးရာ၊ ပညာရေး။ ကိုယ့်ရဲ့ အကောင်းဆုံးပုံစံဖြစ်ဖို့ ကိုယ်ဘာကို ထိန်းချုပ်လို့ရလဲ၊ ဘာကို ထိန်းချုပ်လို့မရဘူးလဲ သိရမယ်။ ထိန်းချုပ်လို့ရတာကိုပဲ ထိန်းချုပ်။ ထိန်းချုပ်လို့မရတာတွေကို စဥ်းစားတွေးပူပြီး ဗျာများမနေနဲ့။ ကိုယ့်ကိုကိုယ် အထိန်းအကွပ်ထား။ self-control ရှိဖို့လိုတယ်။ ကိုယ့်ကိုကိုယ် အမြဲအလိုမလိုက်နဲ့။ လုပ်ချင်ပြီး မလုပ်သင့်တာကို မလုပ်ပဲ နေနိုင်အောင် နေကြည့်။ စည်းကမ်းရှိဖို့လိုတယ်။ discipline အရေးကြီးတယ်။ စည်းကမ်းသည် လူ၏တန်ဖိုးဆိုတာမှန်တယ်။ကိုယ်သတ်မှတ်ထားတဲ့အရာတွေကိုမဖြစ်ဖြစ်အောင် လုပ်။ ဘဝကို အရမ်းမသာယာနဲ့။ easy life ထက် meaningful life ဖြစ်ဖို့ပိုအရေးကြီးတယ်။ ဒါကြောင့် planned suffering လို့ခေါ်တဲ့ကိုယ့်ကို သက်သောင့်သက်သာမရှိစေတဲ့အရာတွေကို ရံဖန်ရံခါ သို့ နေ့စဥ်လုပ်ပေး။ cardio ဆော့ပြီး အရမ်းမောတဲ့ခံစားချက်တို့။ လူတွေ ငြင်းပယ်တာကို ခံနိုင်ဖို့

ဘဝမှာ အရေးအကြီးဆုံးက
ကိုယ့်ရဲ့ “Best Version”
အကောင်းဆုံးပုံစံဖြစ်ဖို့ပဲ။
Read More »

ကျန်ရှိနေတဲ့ သက်တမ်းကိုတော့
လူ့ဂွစာလို ယုံကြည်တာကို
လုပ်ချင်တာလုပ် ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတယ်။

တံလျှပ်ကိုရေထင်နေတာကို သိဖို့လိုကောင်းလိုနိုင်တယ်။ပလေတိုဂူ Platonic cave လိုပဲလက်မဲကြီးတွေကြောင့်ပေါ်တဲ့ တံလျပ်တွေကိုတကယ့်အစစ်အဖြစ်အပျက်တွေလို့ထင်နေတာကိုပြန်ဆန်းစစ်ဖို့လိုကောင်းလိုနိုင်တယ်။ကျန်ရှိနေတဲ့ သက်တမ်းကိုတော့ လူ့ဂွစာလို ယုံကြည်တာကိုလုပ်ချင်တာလုပ် ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတယ်။ Phyo Paing @ Derek

ကျန်ရှိနေတဲ့ သက်တမ်းကိုတော့
လူ့ဂွစာလို ယုံကြည်တာကို
လုပ်ချင်တာလုပ် ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတယ်။
Read More »

ဘဝသုံးမျိုး

Caged life Comfortable lifeCharged life တဲ့။ လူတွေအထင်အမြင်မှာနေနေတာCaged lifeခပ်ပျော်ပျော်၊ အေးဆေးလွတ်လပ်ဖြတ်သန်းတာ Comfortable lifeကိုယ့်အစွမ်းအစရှိသလောက်ဖြစ်အောင် အကောင်အထည်ဖော်နေတာCharged life. ဒီနေ့ Brendon Burchard ရေးတဲ့The charge ဆိုတဲ့ စာအုပ်ထဲက။ Phyo Paing @ Derek

ဘဝသုံးမျိုး Read More »

ဘဝရဲ့ ဥပဒေသတစ်ချို့ရှိတယ်။

အရေးကြီးတာလုပ်။ Do things that matter ချဲ့လို့ရတာလုပ်။Do things that scale လွတ်လပ်မှုနံပတ်တစ်။ Freedom first ရင်ခုန်မှု နံပတ်နှစ်။ Excitement second တိုးတက်မှု နံပတ်သုံး။Progress third ကိုယ်ကလုပ်ငန်းအတွက်မဖြစ်စေနဲ့။ လုပ်ငန်းက ကိုယ့်အတွက်ဖြစ်ပါစေ။ Let your business be your vehicle to your destination Feel မလာ၊ တိုးတက်မှုမရှိတဲ့အလုပ်ကိုပိုက်ဆံတစ်ခုတည်းအတွက် မလုပ်နဲ့။ အဲ့လိုရွေးချယ်လို့ရအောင်လဲ လုပ်ထား။ Don’t do things just for the sake of money တစ်ခါတည်ဆောက်နေ့တိုင်းရောင်း။ Build once, sell everyday သံဆူးကြိုးတွေကို လွတ်ချခဲ့။ Let go

ဘဝရဲ့ ဥပဒေသတစ်ချို့ရှိတယ်။ Read More »

၃၀ မတိုင်ခင် ကိုယ်စိတ်ဝင်စားတဲ့
အလုပ်နယ်ပယ် အကုန်စမ်းကြည့်။

လူတိုင်း နေရာတိုင်းမှာ မတော်နိုင်ဘူး။အရေးအကြီးဆုံးကကိုယ့်ရဲ့ superpower ကို ရှာဖွေပြီးဒီ superpower ပေါ်အခြေခံပြီးအလုပ်နဲ့ ဘဝကို တည်ဆောက်ဖို့ပဲ။ နေ့စဥ် ဒီ superpower ကိုအားကောင်းအောင်တည်ဆောက်ရမှာ။ ဘဝမှာ အသက် ၃၀ လောက်ထိကဟိုဟာစမ်း၊ ဒီဟာစမ်းရတယ်။​သုံးဆယ်ရောက်ရင်ဗျာများလို့ မရတော့ဘူး။ဒီ superpower တစ်ခုထဲကိုပဲအာရုံစိုက်ဖို့ အချိန်တန်ပြီ။ ၃၀ မတိုင်ခင် ကိုယ်စိတ်ဝင်စားတဲ့အလုပ်နယ်ပယ် အကုန်စမ်းကြည့်။တစ်နေရာထဲ အငြိမ်မနေနဲ့။၃၀ ကျော်ရင် ဖင်ငြိမ်ရမည့်အရွယ်ရောက်ပြီ။ Phyo Paing @ Derek

၃၀ မတိုင်ခင် ကိုယ်စိတ်ဝင်စားတဲ့
အလုပ်နယ်ပယ် အကုန်စမ်းကြည့်။
Read More »

ဘဝမှာအသက်ရှင်တုန်း
နေ့တိုင်းပျော်ပြီး လတ်ဆတ်နေဖို့လိုတယ်။

ကိုယ်ကြိုက်တဲ့အလုပ် လုပ်တယ်။ကြိုက်တဲ့နေရာကို ကြိုက်တဲ့အချိန်သွားတယ်။ကိုယ်စိတ်ကြိုက်ဘဝနေထိုင်မှုပုံစံနေထိုင်လို့ရမယ်။ဘဝတိုးတက်နေပြီး ကိုယ့်ရဲ့ best version ကိုတည်ဆောက်နေမယ်။ဒါက အောင်မြင်မှုပဲလို့ထင်တယ်။ဘဝမှာအသက်ရှင်တုန်းနေ့တိုင်းပျော်ပြီး လတ်ဆတ်နေဖို့လိုတယ်။ Phyo Laing @ Derek

ဘဝမှာအသက်ရှင်တုန်း
နေ့တိုင်းပျော်ပြီး လတ်ဆတ်နေဖို့လိုတယ်။
Read More »

relationship ဆိုတာ
team building တစ်ခုပဲ

Relationship တစ်ခု လတ်ဆတ်နေဖို့ နှစ်ဦးစလုံး နေ့စဥ်ပိုကောင်းတဲ့ version ဖြစ်နေဖို့လိုတယ်။ ဒီလိုဖြစ်ဖို့ နှစ်ဦးနှစ်ဖက်စလုံး ကိုယ့်ကိုကိုယ် နားလည်ဖို့အရေးကြီးတယ်။နောက် ကိုယ့် partner ကို နားလည်ဖို့အရေးကြီးတယ်။ သေချာနားလည်ပြီဆိုရင် သူ့ကို အရှိကို အရှိအတိုင်း လက်ခံနိုင်ဖို့လိုတယ်။ Relationship တစ်ခုမှာ တစ်ယောက်ယောက်က အရင်ကလို အရမ်းကောင်းတဲ့ version မဟုတ်တော့တဲ့အခါကိုယ့်ဖက်က လက်ခံနိုင်မလား အရေးကြီးတယ်။ ယောကျာ်းဆိုလဲ အရင်လို ငွေရှာဖို့ အင်အားတွေမရှိတော့တဲ့အခါ၊ အမျိုးသမီးဆိုလဲ အရင်လိုမလှတော့တဲ့အခါ လက်ခံနိုင်မလား။ အမှန်တော့ relationship ဆိုတာ team building တစ်ခုပဲ။ တန်ဖိုးထားမှုတွေ တူဖို့၊ တူညီတဲ့အနာဂတ်တစ်ခုကို အတူတည်ဆောက်ဖို့တစ်ယောက်နဲ့ တစ်ယောက်နားလည်ဖို့ကလိုတယ်။ ဒါပေမယ့် အလုပ်ခွင်မတူတဲ့အခါ၊ခေါင်းထဲကိုထည့်တဲ့ သတင်းအချက်အလက်တွေမတူတဲ့အခါမြင်တဲ့အမြင်တွေ မတူတဲ့အချိန်တစ်ခု ရောက်လာလိမ့်မယ်။ ဒီလိုမဖြစ်အောင် ပုံမှန်ဆက်သွယ်မှုပြုဖို့လိုသလိုအလုပ်အကြောင်းပြောဖို့လိုတယ်လို့ထင်တယ်။ Phyo

relationship ဆိုတာ
team building တစ်ခုပဲ
Read More »

ဘဝမှာ အရေးကြီးတာ
ကိုယ်လိုချင်တဲ့ ဘဝနေထိုင်မှုပုံစံ
နေနိုင်ဖို့ပဲ။

မနက်ဖြန်သေမယ်ဆိုရင်လူဖြစ်ရတာ တန်ပြီလား။ ကမ္ဘာ့ဘိတ်ချီးနိုင်ငံမှာမွေးလာတယ်။ဒါပေမယ့် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံဒုက္ခိတအနေနဲ့ မွေးလာတာထက်ပိုကောင်းတယ်လို့ ယူဆတယ်။ လည်ချင်တဲ့နိုင်ငံကို လည်ဖူးရမယ်။ကိုယ်တကယ်လိုချင်တဲ့အရာတွေကိုရအောင် လုပ်နိုင်ရမယ်။ လူတိုင်းက ကိုယ့်ရဲ့ creative forceဖန်တီးနိုင်စွမ်းကို အသုံးပြုနိုင်ဖို့လိုတယ်။ တစ်ကိုယ်ကောင်းဆန်တယ်ပြောရင်ပြော။ဂရုဓာတ်ပုံရိုက်ပြီးရင်တောင်ကိုယ့်ပုံလှမလှ အရင်ကြည့်ကြတာမဟုတ်လား။ ဘဝမှာ အရေးကြီးတာကိုယ်လိုချင်တဲ့ ဘဝနေထိုင်မှုပုံစံနေနိုင်ဖို့ပဲ။ ကိုယ့်ရဲ့ အကောင်းဆုံးဗားရှင်းကိုဖန်တီးမယ်။ဘဝမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်မှုရှိရမယ်။ကိုယ်ဂုဏ်ယူတဲ့အလုပ်ကို နေ့စဉ်ပိုးစိုးပက်စက်လုပ်မယ်။ Phyo Paing @ Derek

ဘဝမှာ အရေးကြီးတာ
ကိုယ်လိုချင်တဲ့ ဘဝနေထိုင်မှုပုံစံ
နေနိုင်ဖို့ပဲ။
Read More »

ကိုယ့်ရဲ့နေ့စဉ်ဘဝနေထိုင်မှုမှာ
ပျော်နေဖို့ အရေးကြီးတယ်။

ကိုယ့်ကမ္ဘာနဲ့ ကိုယ်။ လူတိုင်းက ကိုယ်လုပ်တဲ့အလုပ်အကိုင်ဝင်ငွေ၊ အပေါင်းအသင်း၊ အသိုင်းအဝိုင်းမတူကြဘူး။ ဒါကို နှိုင်းယှဉ်ပြီး စိတ်ညစ်နေစရာမလိုဘူး။ကိုယ့်ရဲ့နေ့စဉ်ဘဝနေထိုင်မှုမှာပျော်နေဖို့ အရေးကြီးတယ်။ ဒီလိုဖြစ်ဖို့ ၁။ Mastery တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့အလုပ်၂။ Money ကိုယ်နေချင်တဲ့ ဘဝနေထိုင်မှုပုံစံအတွက်ဝင်ငွေ၃။ Muscle နေ့စဉ် လေ့ကျင့်ခန်းလုပ်တာကလဲ ပျော်စေတယ်။ ၄။ Mate သူငယ်ချင်း သို့ ကိုယ့်ချစ်သူရည်းစားလင်မယားဒီအချက်လေးချက်က အရေးကြီးတယ်လို့ထင်တယ်။ Phyo Paing @ Derek

ကိုယ့်ရဲ့နေ့စဉ်ဘဝနေထိုင်မှုမှာ
ပျော်နေဖို့ အရေးကြီးတယ်။
Read More »