နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့။
ပင်ပန်းပြီး အလုပ်မဖြစ်ဖြစ်နေပြီလား။ ဒါလေး သိသွားရင် အကြံတစ်ခုရသွားလိမ့်မယ်။ ပင်ပင်ပန်းပန်းအားမထုတ်ပဲအလုပ်တွေ ပြီးအောင်လုပ်လို့ရတယ်။ဒါကို effortless productivity လို့ခေါ်ပြီးဒီလိုရအောင်လုပ်တကို Flow လို့ခေါ်တယ်။ Flow ဆိုတာ အထာကျတဲ့ဘဝကိုခေါ်တာ။ အထာကျဖို့ အလုပ်၊ ဘဝ၊ အချစ်၊ကျန်းမာရေး၊ ဝမ်းစာရေး၊ ဝမ်းသာရေး၊ သဟဇာတဖြစ်ဖို့လိုတယ်။ ၁။ Reborn ဒီလို သဟဇာတမဖြစ်ခင်အသစ်ပြန်လည်မွေးဖွားဖို့ သန္ဓေတည်တဲ့ Incubation အဆင့်ရှိတယ်။ ကိုယ်မချစ်တဲ့အလုပ်ကို ရှောင်လွဲလို့မရ လုပ်နေတဲ့အချိန်။ အဆင်မပြေတဲ့ အချစ်ရေး relationship မှာဘာမှ လုပ်မရ ပိတ်မိနေတဲ့အချိန်။ ဆပ်စရာအကြွေးတွေနဲ့ ပိတ်မိနေတဲ့အချိန်။ ခန္ဓာကိုယ်က ဝိတ်တွေအရမ်းတက်ပြီးကိုယ့်ကျန်းမာရေးကို စိတ်တိုင်းမကျတဲ့အချိန်။ပျော်ရာမှာ မနေရ တော်ရမှာနေနေရတဲ့အချိန်။ လုပ်ချင်တာတစ်မျိုး လုပ်နေရတာတစ်မျိုး ဖြစ်နေတဲ့အချိန်။ ဒီလို အချိန်က ကိုယ်ပြန်လည်မွေးဖွားဖို့reborn လုပ်ဖို့ သန္ဓေတည်တဲ့အချိန်ဖြစ်ပါတယ်။ ပြန်လည်မွေးဖွားဖို့ အချက်လေးချက်ကို […]
