ဘဝတစ်ခုကို ဒီိဇိုင်းလုပ်တာ အချိန်ပေးရတယ်။
အသက် ၈၀ အထိနေရမယ်ဆိုရင်ရက်ပေါင်း ၂၉၂၀၀ နေရမယ်။ အသက် ၂၀ ဆို ရက်ပေါင်း ၇၅၀၀ ကုန်ပြီ။အသက် ၂၅ ဆို ရက်ပေါင်း ၉၁၂၅ ကုန်ပြီ။ အသက် ၃၀ ဆို ရက်ပေါင်း ၁၀၉၅၀ ကုန်ပြီ။အသက် ၃၅ ဆို ရက်ပေါင်း ၁၂၇၅၅ ကုန်ပြီ။အသက် ၄၀ ဆို ရက်ပေါင်း ၁၄၆၀၀ ကုန်ပြီ။ ရက်ပေါင်း ၁၀၀၀၀ လောက်က ကျောင်းတက်လိုက်၊ အလုပ်ရှာလိုက်၊ အသည်းကွဲလိုက်၊ တိုင်ပတ်လိုက်နဲ့ဘဝဆိုတဲ့ သဘောတရားနားလည်ဖို့သင်ယူတဲ့ အချိန်ကာလလို့ဆိုလို့ရတယ်။ ရက်ပေါင်း ၁၀၀၀၀ ကျော်ပြန်တော့အိမ်ထောင်ကျ၊ သားမွေးဖြစ်ပြန်တော့တာဝန်အသစ်တွေနဲ့ သားကျွေးမှု၊ မယားကျွေးမှုနဲ့ ဘဝရဲ့လတ်ဆတ်တဲ့ ဟန်နီးမွန်းအချိန်နဲ့ ဘဝရဲ့ ဒီလိုပါပဲဆိုတဲ့ ငြီးငွေ့တဲ့အချိန်၊ ဘဝမှာ နေသားကျပြီးဖြတ်သန်းတဲ့အချိန်၊ဘဝကို ကျင့်သားရတဲ့အချိန်တစ်ခုကိုဖြတ်သန်းရကောင်းဖြတ်သန်းရနိုင်တယ်။ […]
