Marketing

Social Media Marketing ကိုစနစ်ချဖို့

သုံးလစာအတွက် တစ်ရက် Video ရိုက်လိုက်တယ်။ လေးရက်တစ်ခါ၊ ငါးရက်တစ်ခါ Video တစ်ခု Facebook Page မှာတင်တယ်။ ဒီ Video တွေကို Tik Tok, Instagram, IGTV, Youtube, တခါတလေ LinkedIn မှာသူနဲ့ ကိုက်ညီတဲ့ Format လုပ်ပြန်တင်တယ်။ လအစမှာ ကြော်ငြာနှစ်ခုလုပ်ထားတယ်။၁၅ ရက်တစ်ခါ အသစ် run တယ်။ အရာရာ automate လုပ်ထားတယ်။ ညနေ Sale ရလဒ်ကြည့်တယ်။ လိုအပ်ရင် Ad ကို adjust လုပ်တယ်။ ကိုယ့် page က video ကို 3 sec viewကြည့်သွားတဲ့သူတွေကို retageting ပြန်လုပ်။ တချို့အရာတွေက နည်းသိရင် အရမ်းပင်ပန်းခံစရာမလိုဘူး။ […]

Social Media Marketing ကိုစနစ်ချဖို့ Read More »

Motivation ဆိုတာ?

ဒူးရင်းသီးမကြိုက်တဲ့သူကို ဒူးရင်းသီးစားဖို့ သေနတ်နဲ့ခေါင်းကိုချိန် စားခိုင်းရင်လုပ်ကောင်းလုပ်လိမ့်မယ်။ ဒါပေမယ့် ရေရှည်ခံမှာ မဟုတ်ဘူး။ Motivation ဆိုတာ စိတ်ကိုနှိုးဆွမှုကို ခေါ်ပါတယ်။ တနည်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် အရာဝတ္ထုတွေအပေါ်မှာ ဖြစ်ပေါ်တဲ့ Motivation မတူပါဘူး။ တချို့လူတွေအဖို့ တက်ကျမ်းတွေဖတ်ဖို့ လွယ်ကူနေပေမယ့် ဝတ္ထုတွေဖတ်ဖို့ Motivation ရချင်မှ ရပါမယ်။ လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်က Motivation အခြေခံက Pain & Pleasure လို့ရေးခဲ့ဖူးပေမယ့် နောက် အရေးအကြီးဆုံး P တစ်လုံးကို မိတ်ဆက်ပေးပါရစေ။ ဒါကို Perception လို့ခေါ်ပါတယ်။ အထင်အမြင်ပါ။ Gym သွားဖို့ ပျင်းတဲ့လူတစ်ယောက်နဲ့ Gym သွားရတာပျော်တဲ့သူတစ်ယောက်မှာ ကွာခြားတဲ့ Perception အထင်အမြင်တွေရှိပါတယ်။ ဒါတွေဟာ Neuro-Association လို့ခေါ်တဲ့ ဦးနှောက်မှာရှိတဲ့ Dendrite လေးတွေရဲ့

Motivation ဆိုတာ? Read More »

မွဲဆေး Vs ငွေကြေးလွတ်မြောက်မှု

စီးပွားရေးမလုပ်ဖူးပဲ ပထမဆုံး စီးပွားရေးကို အတိုးယူပြီးလုပ်တယ်ဆိုတာ မွဲဆေးဖော်တာနဲ့ အတူတူပါပဲ။ ဒီနေ့ခေတ် သိန်း ၅၀-၁၀၀-၂၀၀ နဲ့ လုပ်လို့ရတာ များများစားစားမရှိပါဘူး။ ဒီတော့ ကိုယ်ထူကိုယ်ထ လူငယ်တွေအနေနဲ့ ပထမဆုံးမေးရမှာ “သိန်း ဘယ်လောက်ဘယ်လောက်ရှိတယ်။ ဘာလုပ်မရလဲ မသိဘူး” ဆိုတဲ့မေးခွန်းမဟုတ်ပါဘူး။ မေးရမည့်မေးခွန်းက “ငါ့အနေနဲ့ High Income Skill” ရှိပြီလား။ “ငါဘယ်အပိုင်းမှာ ကျွမ်းကျင်အောင်လုပ်မလဲ” ဒီမေးခွန်းကို အဓိကမေးရမှာဖြစ်ပါတယ်။ High Income Skill တွေထဲမှာ အရောင်းပညာ၊ ဒီဂျစ်တယ်မားကတ်တင်းပညာ၊ လူရှေ့သူရှေ့မှာ ဟောပြောနည်းအတတ်ပညာ၊ ကြော်ငြာရေးနည်းအတတ်ပညာ၊ Design အတတ်ပညာ၊ တခြားသူကို ပြန်သင်ပေးနိုင်တဲ့အတတ်ပညာ အစရှိတာတွေပါဝင်ပါတယ်။ ပထမဆုံး ဒီ High Income Skills တစ်ခုခုကိုရှိအောင် အရင်လုပ်ရမှာဖြစ်ပါတယ်။ ဒုတိယအဆင့်က ဒီ Skill

မွဲဆေး Vs ငွေကြေးလွတ်မြောက်မှု Read More »

မရှုံးအောင် ကန်တာနဲ့
ချန်ပီယံဖြစ်ဖို့ ကန်တာမတူဘူး။

Covid-19 ကာလမှာ သင်လိုအပ်နေတာSpiritual Marketing ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျွန်တော်ကတော့ Positive energy က Positive energy ကို attract ဖြစ်တယ်ဆိုတာယုံကြည်တယ်။ ဖြစ်ချင်တာတွေကို စိတ်ကူးပုံဖော်ခံစားကြည့်ပါ။ Phyo Paing @ Derek

မရှုံးအောင် ကန်တာနဲ့
ချန်ပီယံဖြစ်ဖို့ ကန်တာမတူဘူး။
Read More »

Marketing ဆိုတာ

ထိုးရောင်းရင်ကို Marketing ကောင်းတယ်။ ကောင်းတယ်ပြောတတ်ကြတယ်။ သာမာန် definition ကတော့ value creation ပေါ့။ ဖောက်သည်တွေ လိုချင်တာ လိုအပ်တာကို ရှာဖွေ၊ ဖောက်ထုတ်၊ ခန့်မှန်းပြီးနှစ်ဦးနှစ်ဖက်အကျိုးရှိရှိဖြည့်ဆည်းပေးတာမျိုးကို marketing လို့ခေါ်ခဲ့တယ်။​ Marketing 1.0 ကနေ 4.0 ထိပေါ့။ Guerrilla Marketing ကျတော့ Applied Psychology 60% + Maths 40% နဲ့ပေါင်းစည်းထားတာလို့ယူဆတယ်။ Marketing 4.0 မှာတော့ customer engagement တွေတည်ဆောက်ရင်း အကျိုးအမြတ်ရှိစေတဲ့ ဆက်ဆံရေးတည်ဆောက်တာကို marketing လို့ခေါ်တယ်တဲ့။ Seth Godin ကတော့ Impact တစ်ခုကိုလုပ်ချင်တဲ့သူတိုင်း marketing လိုတယ်တဲ့။ ကျွန်တော်ကိုယ်တိုင်လဲ Seth Godin လိုပဲအတွေးတူလို့ This

Marketing ဆိုတာ Read More »

ကြောငြာရေးနည်း POS

၁။ Problems ( ဖောက်သည်တွေ့ကြုံနေတဲ့ ပြဿနာတွေကို ဖော်ပြပါ) ၂။ Objections ( ကုန်ပစ္စည်း၀ယ်ရင် မေးတဲ့မေးခွန်းတွေကို ကြိုတင်ဖြေကြားထားပါ) ၃။ Solution ( ကိုယ့်ကုန်ပစ္စည်းကပေးမည့် ဖြေရှင်းချက်တွေကို ပြောပြရောင်းချပါ)

ကြောငြာရေးနည်း POS Read More »

Marketing Pro တစ်ယောက်

၁။ ဈေးကွက်လိုအပ်ချက်ကို အမြဲမပျက်နားစွင့်တယ်။ ၂။ ပြိုင်ဖက်တွေကို ဆန်းစစ်တယ်။ ၃။ ဖောက်သည်တွေအကြောင်း တခြားသူတွေထက် ပိုသိအောင်ကြိုးစားတယ်။ ၄။ မားကတ်တင်းကိန်းဂဏန်းတွေကို သုံးသပ်ဆုံးဖြတ်ချက်ချတတ်တယ်။ ၅။ ဆန်းသစ်ဖန်တီးနိုင်စွမ်းရှိတယ်။ ၆။ ကုန်ပစ္စည်းကို စိတ်၀င်စား ရင်ခုန်စရာကောင်းအောင် လုပ်နိုင်တယ်။ Phyo Paing @ Derek

Marketing Pro တစ်ယောက် Read More »

လွယ်ကူရိုးရှင်း Marketing- 5M

1. Market ဘယ်သူတွေကို 2. Message ဘယ်လိုသတင်းမျိုး 3. Media ဘယ်ကပေးမလဲ? 4. Metrics ဘာတွေနဲ့ပြန်တိုင်းတာမလဲ? 5. Money ဘက်ဂျက်ဘယ်လောက်သုံးမလဲ? Phyo Paing @ Derek

လွယ်ကူရိုးရှင်း Marketing- 5M Read More »

1000 True Fans

နာမည်ကြီးဖို့မလိုပါဘူး။လုပ်ငန်းတိုင်းမှာ အမာခံ ပရိသတ်၁၀၀၀ သာလိုတယ်။ Kevin Kelly ရဲ့ Concept ဖြစ်ပါတယ်။သင့်လုပ်ငန်းသည် တစ်နိုင်ငံလုံးသိစရာမလိုဘူး။Social Media မှာ လူတိုင်းစိတ်ဝင်စားစရာမလိုဘူး။ လူတိုင်းကိုယ့်ကို သဘောကျဖို့Ice cream ရောင်းစရာမလိုဘူး။အမာခံလူပေါင်း ၁၀၀၀ ရှိရင်ရပြီ။ ဒီ concept ကိုစတင်ကျင့်သုံးနေတယ်Y.E.C သင်တန်းသားတချို့သတိပြုမိကြလိမ့်မယ်။ကျွန်တော်တို့သင်တန်းလာတက်တဲ့ထဲမှာမိဘကထားပေးလို့တို့၊ Rich Kid တို့လာမတက်ဘူး။ အဓိက လုပ်ငန်းခွင်က ရည်မှန်းချက်ကြီးပြီးတိုးတက်လိုတဲ့ Working Professional နဲ့SME လုပ်ငန်းရှင် Entrepreneursတွေလာတက်တယ်။ကိုယ့်ရှာဖွေတဲ့ငွေတဲ့ သင်တန်းတက်တဲ့အတွက်အပျော်လာတတ်တာ မပါဘူး။သင်တန်းပြီးတဲ့ အထိ assignment လုပ်တယ်။Completion rate 95.8% ရှိတယ်။အဲ့ဒါကို ကျေနပ်တယ်။ Toe Tet မှာလဲ အလားတူပဲ။ရည်မှန်းချက်တစ်ခုရှိမယ်။ဒီရည်မှန်းချက်အတွက် လေ့လာဖို့လိုတယ်။ဒီတော့ Toe Tet မှာ လေ့လာမယ်။ဂုဏ်ယူမိတာ သင်တန်းသား 62.1% ဟာCourse

1000 True Fans Read More »

ညစ်တတ်တဲ့ ဖောက်သည်တွေကို စွန့်ပစ်လိုက်ပါ။

Customer is King လို့ပြောနေတဲ့ ခေတ်မှာ ဆင်းရဲဖေဖေ၊ ချမ်းသာဖေဖေ Robert T.Kiyosaki ပြောတဲ့ စဉ်းစားစရာအချက်လေးပါ။ အဆင်မပြေတဲ့ ဝန်ထမ်းတွေကို အလုပ်ကထုတ်ရသလို၊ အခွင့်အရေးယူပြီးအနိုင်ကျင့်တတ်တဲ့ ဖောက်သည်တွေကိုလည်း ရောင်းချမှု ဝန်ဆောင်မှုပေးရာက ရပ်ရပါမယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှု၊ ကုန်ပစ္စည်းဝန်ဆောင်မှုကို သုံးစွဲတဲ့အတွက် ဂုဏ်ယူမိသလို၊ ဖောက်သည်တွေအနေနဲ့လဲ ကျွန်တော်တို့ ဝန်ဆောင်မှု၊ ကုန်ပစ္စည်းကို ဝယ်ယူတဲ့အတွက် ဂုဏ်ယူမှုတစ်ခုဖြစ်အောင် ကြိုးစားသင့်ပါတယ်။ Phyo Paing @ Derek

ညစ်တတ်တဲ့ ဖောက်သည်တွေကို စွန့်ပစ်လိုက်ပါ။ Read More »