Mindset

ဘဝမှာ ဖြစ်ချင်တာတွေဖြစ်လာဖို့က

ဘဝမှာ ဖြစ်ချင်တာတွေဖြစ်လာဖို့ကအတွေးက စတင်တယ်။ တွေးတောင်မတွေးရဲရင်ကြံဆဖို့ဆိုတာ မဖြစ်နိုင်ဘူး။မကြံပဲ လုပ်တဲ့အလုပ်ကအောင်မြင်ဖို့လဲ မလွယ်ဘူး။ ဒါကြောင့် အတွေး၊ အကြံ၊ အလုပ်ဒီသုံးခုကို ကိုယ်မသေခင်အကောင်အထည်ဖော်ချင်တဲ့အရာတွေအတွက်တွေးရဲ၊ ကြံရဲ၊ လုပ်ရဲဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ ဖြစ်ချင်တာတွေဖြစ်လာဖို့က Read More »

မနေ့ကနဲ့ မနက်ဖြန်ကို
ကွာခြားစေမှာက ဒီနေ့။

မနေ့ကနဲ့ မနက်ဖြန်ကိုကွာခြားစေမှာက ဒိနေ့။ ဒီနေ့မှာ၁။ ဘာအတွေးအသစ်တွေးရမလဲ။၂။ ဘာအကြံအစီတွေ စီစဥ်ရမလဲ။၃။ ဘာအလုပ်တွေ လုပ်ရမလဲ။ Phyo Paing @ Derek

မနေ့ကနဲ့ မနက်ဖြန်ကို
ကွာခြားစေမှာက ဒီနေ့။
Read More »

ကိုယ့်ကို အတားအဆီးလုပ်ထားတာ
ကိုယ့်ရဲ့အတွေးအခေါ်ပဲ။

ကိုယ့်ကို အတားအဆီးလုပ်ထားတာကိုယ့်ရဲ့အတွေးအခေါ်ပဲ။ ကိုယ်က အကောင်းဆုံးတွေနဲ့ထိုက်တန်တယ်ဆိုတဲ့ စိတ်ထားဖို့လိုတယ်။ မိုက်ကယ်အိန်ဂျယ်လိုပြောသလိုကြေကွဲစရာအကောင်းဆုံးကအကြီးကြီးစဥ်းစား လုပ်ဆောင်ပြီးမဖြစ်တာထက်သေးသေးလေးလုပ်ဆောင်ပြီးဖြစ်သွားတာတာပဲတဲ့။ Michelangelo’s most famous quoteThe greater danger for most of us lies not in setting our aim too high and falling short; but in setting our aim too low, and achieving our mark. ” Phyo Paing @ Derek

ကိုယ့်ကို အတားအဆီးလုပ်ထားတာ
ကိုယ့်ရဲ့အတွေးအခေါ်ပဲ။
Read More »

လူတိုင်းက ကျွမ်းကျင်ရာ
လိမ်မာရာပဲ

အဟောအပြောကောင်းသူကအဟောအပြောနဲ့အသက်မွေးဝမ်းကြောင်းပြုတယ်။ ဥာဏ်ကောင်းတဲ့သူကဥာဏ်နဲ့ အသက်မွေးဝမ်းကြောင်းပြုတယ်။ အဝယ်အရောင်းကျွမ်းကျင်တဲ့သူကအဝယ်အရောင်းနဲ့အသက်မွေးဝမ်းကြောင်းပြုတယ်။ လူတိုင်းက ကျွမ်းကျင်ရာလိမ်မာရာပဲ။ စိတ်ကျေနပ်မှုရှိတဲ့အသက်မွေးဝမ်းကျောင်းတစ်ခုအတွက်ကိုယ်ကျွမ်းကျင်ရာ၊ လိမ္မာရာကို သိဖို့လိုတယ်။ Phyo Paing @ Derek

လူတိုင်းက ကျွမ်းကျင်ရာ
လိမ်မာရာပဲ
Read More »

“Perfect ပြီးပြည့်စုံခြင်း”

ကိုယ့်ရဲ့ အကောင်းဆုံး ဗားရှင်းကိုတည်ဆောက်နေသူရဲ့ ရန်သူက“Perfect ပြီးပြည့်စုံခြင်း”ပဲ။ လူတွေက “အကောင်းဆုံး Excellence” နဲ့ထပ်တိုးတက်စရာမလိုတော့ဘူး“ပြီးပြည့်စုံနေပြီ Perfect” ဆိုတဲ့စကားလုံးနှစ်ခုကို ရောနေတတ်ကြတယ်။ အကောင်းဆုံးဆိုတာပေးထားတဲ့အခြေအနေမှာပေးထားတဲ့ ကံ၊ ဥာဏ်၊ ဝိရိယ၊အရင်းအမြစ်နဲ့ အကောင်းဆုံးရလဒ်ကိုလုပ်ဆောင်ရယူနိုင်တာဖြစ်တယ်။ လူတွေထင်တဲ့ ပြီးပြည့်စုံတဲ့ perfectဆိုတဲ့ နောက်ကွယ်မှာလူတွေမသိတဲ့ အပြစ်အနာအဆာတွေအများကြီး ရှိနေတတ်တယ်။ ဒါကြောင့် ပြီးပြည့်စုံမှု perfect အစားတိုးတက်မှု progress နဲ့ အစားထိုးလို့ရတယ်။ ၃၁ ဘုံထဲမှာ ကျင်လည်နေသမျှကိုယ်အမြဲတိုးတက်လို့ရနိုင်သေးတယ်လို့စဥ်းစားကြည်ကြည့်လို့ရနိုင်တယ်။ Phyo Paing @ Derek

“Perfect ပြီးပြည့်စုံခြင်း” Read More »

လူတွေရဲ့ အမြင်မတူကြဘူး

ခွေးကလေးကို မြင်တဲ့အခါခွေးချစ်သူက ချစ်စရာခွေးလေးလို့မြင်မယ်။ တိရစ္ဆာန်အကြောင်းလေ့လာတဲ့သိပ္ပံပညာရှင်ကဒါ အသားစားသတ်တဝါ Carnivoraသိပ္ပံနာမည် Canis lupus familiaris လို့မြင်မယ်။ ခွေးရောင်းတဲ့သူကဒါဘာခွေးအမျိုးအစား၊ စျေးဘယ်လောက်၊နှာခေါင်းက ဘယ်လိုဖြစ်ရင်စျေးဘယ်လောက်မြင်မယ်။ လူတွေရဲ့ အမြင်မတူကြဘူး။ ဒါကြောင့် ကိုယ်နဲ့မတူကိုယ့်ရန်သူလို့စဥ်းစားလို့ မရတဲ့အချိန်တွေရှိတတ်တယ်။ Phyo Paing @ Derek

လူတွေရဲ့ အမြင်မတူကြဘူး Read More »

ဆန္ဒအပြိုင်ကို အနိုင်ရဖို့လိုတယ်။

ဆန္ဒတွေအပြိုင် ဆယ်တန်းအမှတ်ကောင်းဖို့လုပ်တုန်းစိတ်ကစားစိတ်။ ဝိတ်ချနေတုန်း အစာစားချင်စိတ်။ ကိုယ်လိုချင်တဲ့ လုပ်ငန်းတည်ဆောက်တုန်းအလေလိုက်လိုစိတ်။ ဆန္ဒအပြိုင်ကို အနိုင်ရဖို့လိုတယ်။ Phyo Paing @ Derek

ဆန္ဒအပြိုင်ကို အနိုင်ရဖို့လိုတယ်။ Read More »

အများစုက ဒီ တုန့်ပြန်မှုတွေလာတတ်တယ်။

တစ်လ တစ်သိန်းဝင်တဲ့လူကို ခင်ဗျာ တစ်လဆယ်သိန်းဝင်အောင်ဘယ်လို လုပ်မလဲမေးကြည့်မယ်ဆိုရင်အများစုက ဟာအဲ့လောက်အများကြီးမဖြစ်နိုင်သေးပါဘူး။ ဒါဆိုရင်တော့ ငါးနှစ်၊ ခြောက်နှစ်လောက်တော့တော်တော်ကြိုးစားရမယ်ထင်တယ်။ ဟာဒါက အဝေးကြီး မဖြစ်နိုင်တာတွေ မစဥ်းစားစမ်းပါနဲ့။ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်လုပ်စမ်းပါ။ အများစုက ဒီ တုန့်ပြန်မှုတွေလာတတ်တယ်။ ကိုယ်လဲ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်။ငါ့ကို ကန့်သတ်ထားတာ ငါ့အတွေးများဖြစ်နေမလား။ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ၁။ လူတွေရဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့အစွမ်းအစရှိရမယ်။ ၂။ ကိုယ့်ရည်မှန်းချက်ရောက်အောင်ကူညီပေးနိုင်တဲ့ မှန်ကန်တဲ့လူတွေ၊ဖောက်သည်တွေ၊ အသိတွေရှိရမယ်။ ၃။ ရည်မှန်းချက်ရှိပြီး အကောင်အထည်ဖော်ရမယ်။ ၄။ မရသေးရင် ပြန်လည်သုံးသပ်လမ်းကြောင်းပြန် ပြန်လည်လုပ်ဆောင်ဖို့လိုတယ်။ Phyo Paing @ Derek

အများစုက ဒီ တုန့်ပြန်မှုတွေလာတတ်တယ်။ Read More »

လူတွေရဲ့ mental model စိတ်မော်ဒယ်
အလုပ်လုပ်ပုံ မတူကြဘူး။

တချို့သူတွေက ပြိုင်ဖက်တွေကိုစဥ်းစားရင် အားတတ်တယ်။တချို့တွေက ပြိုင်ဖက်တွေကိုလျစ်လျူရှုပြီး ရင်ထဲလာရာလုပ်တဲ့အခါအားတတ်တယ်။ တချို့တွေက အတိုက်အခိုက်ခံရတဲ့အခါအားငယ်တယ်။တချို့တွေက အတိုက်အခိုက်ခံရတဲ့အခါအားတတ်တယ်။ လူတွေရဲ့ mental model စိတ်မော်ဒယ်အလုပ်လုပ်ပုံ မတူကြဘူး။ Phyo Paing @ Derek

လူတွေရဲ့ mental model စိတ်မော်ဒယ်
အလုပ်လုပ်ပုံ မတူကြဘူး။
Read More »

ဒီခံယူချက်နဲ့ပဲ အသက်ရှင်တယ်။

ကိုယ်နဲ့ အလုပ်လုပ်တဲ့သူတိုင်းကိုယ်နဲ့ ပတ်သတ်တဲ့သူတိုင်းကိုယ်အကျိုးရှိတာထက်သူတို့အကျိုးပိုရှိရမယ်။ဒီခံယူချက်နဲ့ပဲ အသက်ရှင်တယ်။ Phyo Paing @ Derek

ဒီခံယူချက်နဲ့ပဲ အသက်ရှင်တယ်။ Read More »