Mindset

စဥ်းစားမယ်ဆိုရင် ဒီလိုစဥ်းစားလို့ရတယ်။

တစ်ရွာမပြောင်းသူကောင်းမဖြစ်။သေချင်တဲ့ ကျားတောပြောင်း။ တစ်ရွာမပြောင်း သူကောင်းမဖြစ်မှာအခြေခံယူဆချက်က သူကောင်းမဖြစ်သေး၊ မတိုးတက်သေး၊ အဲ့လိုလူမျိုးက ပြောင်းရမှာမကြောက်သင့်ကြောင်းအကြံပေးတဲ့ အဆိုအမိန့်တစ်ခုဖြစ်နိုင်တယ်။ ကျားဆိုတာ အင်အားကြီးတဲ့သူပေါ့။ နေရာတစ်ခု၊ နယ်ပယ်တစ်ခုမှာ ဆရာကြီးဖြစ်ပြီးသားဒါကို ကိုယ့်နေရာကိုယ်၊ ကိုယ့်နယ်မြေကိုကိုယ်မသိပဲနေရာပြောင်းရင် သေသွားနိုင်တယ်။ကိုယ့်ရဲ့အဓိကနေရာ၊ ကျက်စားရာနေရာကိုလုံးဝပြစ်ပယ်ပြီး နောက်တစ်နေရာကိုသွားတာမလုပ်ဖို့ အကြံပေးတာဖြစ်တယ်။ မော်ဒယ်တင်းကင်း (Model Thinking) အသုံးပြုစဥ်းစားမယ်ဆိုရင် ဒီလိုစဥ်းစားလို့ရတယ်။ “တစ်ရွာမပြောင်းသူကောင်းမဖြစ်။” – “A person who doesn’t change villages won’t be successful.”“သေချင်တဲ့ ကျားတောပြောင်း။” – “A tiger that wants to die changes its forest.”In the context of model thinking, as discussed in […]

စဥ်းစားမယ်ဆိုရင် ဒီလိုစဥ်းစားလို့ရတယ်။ Read More »

စိတ်ခံစားမှု

အရင်နှစ်ကထက် ဒီနှစ်ရည်မှန်းချက်ကြီးကြီးထားတဲ့အခါစိတ်ခံစားမှု အပြောင်းလဲတစ်ခုကဖြစ်တတ်တဲ့ အလေ့အထတစ်ခုပဲ။ အစပိုင်းမှာ ရင်ခုန်မယ်။ ကွာဟချက်ကို စဥ်းစားရင်စိုးရိမ်ပူပန်မှုလိုမျိုး ခံစားရတတ်တယ်။ ဒီအချိန်မှာ အကောင်းဆုံးနည်းတစ်ခုကကိုယ့်ဘဝရဲ့ အအောင်မြင်ခဲ့ဆုံးအချိန်တစ်ခုမှာခံစားခဲ့ရဖူးတဲ့ အကောင်းဆုံးစိတ်ခံစားမှုဒီခံစားချက်ကို ပြန်ပြီးစဥ်းစားတူးဆွနိုင်ဖို့ပဲ။ စိတ်ခံစားမှုဆိုတာ လိုချင်တာရဖို့လျှို့ဝှက်ချက်ပါလို့ 1944 မှာNeville က feeling is the secret ဆိုပြီးဆိုခဲ့တယ်။ Phyo Paing @ Derek

စိတ်ခံစားမှု Read More »

အမိန့်က စကားသံနဲ့ မလာဘူး။

နတ်ဆိုးက အမိန့်တွေ မကြာခဏပေးတယ်။ကိုယ့်အတွက်အကျိုးဆက် so sad စေမည့်အရာတချို့က သဒင်္ဂစိတ်သာယာမှုနဲ့ လှဲလှယ်အောင်တောင့်တမှု တဏှာနဲ့ သွေးဆောင်ခြယ်လှယ်ဖို့ကြိုးစားတယ်။ ပျင်းရိစေဖို့ အမိန့်အသေးလေးမှစလို့ဘဝပျက်စေလောက်တဲ့ အမိန့်အကြီးထိရှိတယ်။ အမိန့်ကို နာခံတဲ့အခါ သဒင်္ဂသာယာမှုဖြစ်ပြီးနောက်ဆက်တွဲ ပြဿနာတွေရှိတတ်တယ်။ အမိန့်က စကားသံနဲ့ မလာဘူး။ ခံစားချက် နဲ့လာတယ်။“ချင်တယ်”ဆိုတဲ့ command အမိန့်နဲ့လာတယ်။ တချို့နှလုံးသားထဲကလာတဲ့ ခံစားချက်တွေကကိုယ်တိုင်အသိက လာတာမဟုတ်ဘူး။ နတ်ဆိုးက လူတွေရဲ့ခံစားချက်စနစ်ကိုညှို့ယူ hack လုပ်ထားတာ။ ဒါတွေကို ကာကွယ်ဖို့ anti-virus အသိ၊ သတိနဲ့ထောက်လှမ်းဖို့ရယ်နောက်ပြန်လည်တွန်းလှန်ဖို့ စနစ်ရယ်လိုတယ်။ Phyo Paing @ Derek

အမိန့်က စကားသံနဲ့ မလာဘူး။ Read More »

အတွေးအခေါ်ပညာတဲ့။

ကိုယ်နေတဲ့နေရာက inspiration ပေးဖို့လိုတယ်။နေရာကောင်းရင် အကြံဥာဏ်ကောင်းတယ်။ နေရာတစ်ခုက ကိုယ်၊ စိတ်၊ နှလုံး၊ ခံစားချက် အားလုံးနဲ့အံဝင်ဂွင်ကျဖြစ်တဲ့အခါ စွမ်းဆောင်ရည်အကောင်းဆုံးထွက်လာမယ်။ ရေမြေကလဲ အရေးကြီးတယ်လို့ထင်တယ်။ ဒါကြောင့် တရုတ်မှာ ဖုန်းဆွေ (Feng Shui) ဆိုတာရှိတယ်။သက်သေပြလို့ရတဲ့အရာတွေအတွက် သိပ္ပံပညာ၊သက်သေပြလို့မရတဲ့အရာတွေအတွက် အတွေးအခေါ်ပညာတဲ့။ Phyo Paing @ Derek

အတွေးအခေါ်ပညာတဲ့။ Read More »

Intellectual stimulations တွေလိုတယ်။

အစားအသောက်ကောင်းစားတဲ့အခါ အရသာရှိသလို၊မရောက်ဖူးတဲ့နေရာသစ်ကိုရောက်တဲ့အခါ လန်းဆန်းသွားသလို၊မမြင်ဖူးတဲ့ကမ္ဘာကြီးကိုမြင်သွားတဲ့အတွေးအခေါ်အသစ်၊ဗဟုသုတ အသစ်တွေတွေ့သွားတဲ့အခါပျော်ရွင်မှုဆိုတာရှိတယ်။ဥာဏ်ကို နိုးဆွမှ နိုးထတာ။ဘဝမှာ ရှင်သန်တာအရသာရှိဖို့Intellectual stimulations တွေလိုတယ်။ Phyo Paing @ Derek

Intellectual stimulations တွေလိုတယ်။ Read More »

ပညာတကယ်တတ်လာရင် အငြင်းသန်တာ
နည်းလာမယ်။

အမှားနဲ့ အမှန်ကိုကွဲကွဲပြားပြားသိဖို့ ပညာသင်တယ်လို့အရင်ကဆိုခဲ့ကြတယ်။ တကယ့်ဘဝထဲရောက်တဲ့အခါအမှားနဲ့ အမှန်နှစ်ခုထဲရှိနေတာမဟုတ်တဲ့အခါလူတွေ တိုင်ပတ်ကြတယ်။ ပေးတိုင်းမရတဲ့အထဲမှာ ပညာပါတယ်။ပညာပေးတိုင်း ပညာမရဘူး။ပညာဆိုတာ ရှာမှရတယ်။ ပညာတကယ်တတ်လာရင် အငြင်းသန်တာနည်းလာမယ်။တစ်ဖက်ပိတ်တာ လျော့သွားမယ်။လူတွေကို ပိုနားလည်တတ်လာမယ်။ပြဿနာတစ်ခုရဲ့ အတိမ်အနက်ကိုစဥ်းစားတတ်လာမယ်။ ဘာကြောင့်လဲဆိုတော့ခွဲခြမ်းစိတ်ဖြာ စဥ်းစားတတ်သွားတာရယ်၊မတူညီတဲ့ ရှုထောင့်တွေက မြင်တတ်သွားတာရယ်၊ကိစ္စတစ်ခုကို ရှေ့နောက်တောင်မြောက်အပေါ်အောက် မြင်တတ်သွားတာရယ်ကြောင့်။ အရင်က ကျောင်းတက်ခဲ့တာကိုပညာတတ်ခဲ့တယ်လို့ ထင်ခဲ့ဖူးတယ်။ အမှန်တော့ ဘွဲ့ရ ပညာမတတ်မဖြစ်ရလေအောင် ဒီနေ့လိုအပြောင်းအလဲ များလွန်းလှတဲ့ခေတ်မှာပုံမှန်လေ့လာသွားဖို့လိုတယ်။ Phyo Paing @ Derek

ပညာတကယ်တတ်လာရင် အငြင်းသန်တာ
နည်းလာမယ်။
Read More »

လျော့မတွက်လိုက်ပါနဲ့။

ကိုယ့်အတွေးတွေကိုနေ့စဥ်ချရေးကြည့်ပါ။ဒီကနေ ကိုယ့်ကိုယ်ကိုပိုသိလာနိုင်သလိုအတွေးတွေပိုရှင်းလာနိုင်တယ်။စာချရေးခြင်းစွမ်းပကားကိုလျော့မတွက်လိုက်ပါနဲ့။ Phyo Paing @ Derek

လျော့မတွက်လိုက်ပါနဲ့။ Read More »

ငြီးငွေ့ခြင်းရဲ့ နောက်တစ်ဖက်

ငြီးငွေ့ခြင်းရဲ့ နောက်တစ်ဖက်မှာနယ်မြေသစ်တွေရှိတယ်။မရပ်လိုက်နဲ့။ငြီးငွေ့ခြင်းအလွန်ကိုသွားကြည့်ပါ။လှည့်မပြန်ပါနဲ့။ Phyo Paing @ Derek

ငြီးငွေ့ခြင်းရဲ့ နောက်တစ်ဖက် Read More »

နည်းလမ်းပြောင်းဖို့သတိပေးတာပဲ

လုပ်သင့်တာလုပ်နေပေမယ့်တိုးတက်မှုရပ်နေတဲ့အချိန်Plateau လူတိုင်းကြုံရတယ်။ဒါကနည်းလမ်းပြောင်းဖို့သတိပေးတာပဲ။ Phyo Paing @ Derek

နည်းလမ်းပြောင်းဖို့သတိပေးတာပဲ Read More »

လမ်း

လမ်းဆိုတာ လျှောက်ဖို့။​လမ်းတွေ့ပြီး မလျှောက်ရင်ခရီးရောက်မှာ မဟုတ်ဘူး။ သိပြီး မလုပ်တာကမသိတာနဲ့ ဘာမှသိပ်မထူးခြားဘူး။ အခွင့်အလမ်းတစ်ခု၊အသိပညာတစ်ခုကိုသိပြီး အသုံးမချတာကနှမြောဖို့ကောင်းတယ်။ လမ်းတွေတွေ့ဖို့ Learn နေကြတယ်။အရေးကြီးတာ ပြန်ပြီးအသုံးချဖို့ပဲ။ Phyo Paing @ Derek

လမ်း Read More »