My philosophy

Choose your clients, Choose your future

ဘဝမှာ နေပျော်ဖို့ ကိုယ်ငွေရှာတဲ့ပုံစံလုပ်ငန်းကို သေချာ ဒီဇိုင်းလုပ်ဖို့လိုတယ်။ အသက်ရှင်နေရအုံးမှာ ဆိုတော့ ငွေကတော့ ရှာနေမှ ကိုယ်နေချင်တဲ့ lifestyle ကို ထိန်းသိမ်းကာကွယ်ထားနိုင်မယ်။ ဒီလိုလုပ်နိုင်ဖို့ ၁။ အနုပညာရှင်လို ငွေရှာပေးတဲ့ ကုန်ပစ္စည်းတွေလိုတယ်။၂။ အတတ်ပညာရှင်လို့ ငွေရှာပေးတဲ့ ဝင်ငွေလမ်းကြောင်းလိုတယ်။ ၃။ လူတွေရဲ့ ပြဿနာကိုဖြေရှင်းပေးရင်းငွေရှာပေးတဲ့ ဝင်ငွေလမ်းကြောင်းနဲ့၄။ လူတွေကို ရင်ခုန်မှုပေးရင်းငွေရှာာပေးတဲ့ ဝင်ငွေလမ်းကြောင်းလိုတယ်။ အနုပညာရှင် artist လို လမ်းကြောင်းတည်ဆောက်ဖို့လူအယောက် ၁၀၀၀ အတွက်ပဲ လုပ်တယ်။ ဒီ 1000 true fans ဟာ ဘာရောင်းရောင်းဝယ်မည့်သူတွေ။ ကိုယ့်ကုန်ပစ္စည်းကို အနုပညာလိုသာလုပ်။ အတတ်ပညာရှင်လို ရှာဖို့အတွက် ကိုယ်လုပ်တဲ့အလုပ်မှာ ကိုယ်ကတစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေဖို့လိုတယ်။ indispensable အစားထိုးလို့မရအောင်ကျွမ်းကျင်နေဖို့လိုတယ်။ ဒီနှစ်ခုကတော့ ကိုယ်တိုင်လုပ်တယ်။ကျန်တဲ့နှစ်ခုကိုတော့ group နဲ့ သွားတယ်။ […]

Choose your clients, Choose your future Read More »

အခြေအနေတစ်ခုကျော်ရင်
လုပ်နေကျပုံစံပြောင်းဖို့လိုတယ်။

ပစ္စည်းကောင်းမကောင်းမသေချာရင်လူတွေ မသေချာမရေရာမှု မဖြစ်အောင်review တွေ၊ testimonials တွေလိုတယ်။ဒါက မားကတ်တင်းစိတ်ပညာမှာcognitive dissonance ကိုလျော့ချတယ်လို့ခေါ်တယ်။ အရမ်းကောင်းသွားရင် ဒါတွေမလိုတော့ဘူး။ Review တွေဇွတ်လုပ်လေလေကိုယ့် အမှတ်တံဆိပ်ပါဝါ ပိုကျသွားလေလေဖြစ်တတ်တယ်။ အလယ်အလတ်ပစ္စည်းနဲ့အရမ်းကောင်းတဲ့ပစ္စည်းမားကတ်တင်းလုပ်တဲ့စနစ် ကွာတယ်။ ဒါကတော့ ကျွန်တော့်အယူအဆတစ်ခုပဲ။အခြေအနေတစ်ခုကျော်ရင်လုပ်နေကျပုံစံပြောင်းဖို့လိုတယ်။ Phyo Paing @ Derek

အခြေအနေတစ်ခုကျော်ရင်
လုပ်နေကျပုံစံပြောင်းဖို့လိုတယ်။
Read More »

တစ်ဖက်ကမ်းခပ် ကျွမ်းကျင်မှု

ဘဝမှာ လမ်းပျောက်တယ်ဆိုတဲ့လူတိုင်းမှာ တူညီတဲ့အရာတစ်ခုရှိတယ်။ “တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တဲ့ကျွမ်းကျင်မှု mastery” မရှိလို့ပဲ။ ကိုယ့်ရဲ့ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တဲ့ အလုပ်ကဘာလဲ။ ဒါမရှိရင် တခြားလူတွေထက်နယ်ပယ်တစ်ခုမှာ တော်နေတယ်ဆိုတဲ့superiority ခံစားချက်မရဘူး။ ဒါမရရင် မပျော်ဘူး။ Phyo Paing @ Derek

တစ်ဖက်ကမ်းခပ် ကျွမ်းကျင်မှု Read More »

တစ်ခုတည်းကို နေ့တိုင်းလုပ်။

တစ်ခုတည်းကို နေ့တိုင်းလုပ်ရင်အချိန်ကြာလာရင် ကျွမ်းကျင်လာမယ်။နေ့တိုင်း မပျက်မကွက်လုပ်ရမည့်အရာတစ်ခုကို ထားထားဖို့လိုတယ်။ Phyo Paing @ Derek

တစ်ခုတည်းကို နေ့တိုင်းလုပ်။ Read More »

“Yes” နဲ့ “No” List

ယောကျာ်းတစ်ယောက်မှာ Yes လို့ပြောတဲ့အရာနဲ့ No လို့ပြောတဲ့အရာတွေသေချာရှိဖို့လိုတယ်။ Yes လို့ပြောတဲ့အရာတွေမှာ နေ့စဥ် မပျက်မကွက်၊မဖြစ်ဖြစ်အောင်လုပ်မည့်အရာတွေ ပါတယ်။ ကိုယ်ထမင်းစားတဲ့အလုပ်အတွက်နေ့စဥ် လေ့ကျင့်နေတာ၊ စာဖတ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊အနာဂတ်အတွက် plan ချတာတွေပါမယ်။ No လို့ပြောရမည့်အရာတွေထဲမှာအနာဂတ်အလင်းရောင်ကို တဒင်္ဂသာယာမှုနဲ့ မစတေးမိဖို့။ ကိုယ့်ကို ရေရှည်မှာ ဒုက္ခပေးမည့်အရာတွေကို ရှောင်ဖို့။ စွဲလမ်းစေတတ်တဲ့ အရာတွေကို no လို့ပြောဖို့။စိတ်နဲ့ ခန္ဓာကို ယိုယွင်းစေမည့်အရာတွေကိုရှောင်ဖို့ လိုတယ်။ အလုပ်မဖြစ်တာက ကိုယ့်ဘဝအနာဂတ်ကိုအလစ်မဖြုတ်သွားအောင် အလုပ်မဖြစ်တာတွေကို စွန့်ပစ်ရဲဖို့လိုတယ်။ ကိုယ့်ဘဝရဲ့ “Yes” နဲ့ “No” list ကိုသေချာသိဖို့လိုတယ်။ Phyo Paing @ Derek

“Yes” နဲ့ “No” List Read More »

အနာဂတ်ကို ပြောင်းချင်ရင်
အတိတ်ကိုမှတ်ထားတဲ့ မှတ်ဥာဏ်ကိုပြောင်းဖို့ လိုတယ်။

အတိတ်ကို မှတ်မိနေတဲ့မှတ်ဥာဏ်ထဲမှာmemorized emotion က အရေးအကြီးဆုံးပဲ။ တချို့တွေ ည ၆ နာရီဆို အလိုလိုအထီးကျန်လာတာ။ April ရောက်ရင် အလိုလိုပျော်လာတာ။ ကိုယ်မကြိုက်တဲ့အရာတစ်ခုလုပ်လိုက်မိိရင်စိတ်ကသိကအောင့်ဖြစ်ပြီး လုပ်နေကျ အပြုအမူကို ပြန်လုပ်မိတာ။ ဒါတွေက memorized emotion တွေကနေလာတယ်။ ငယ်ဘဝက စိတ်ဒဏ်ရာ Childhood trauma ဆိုတာကလဲ ဒီ memorized emotion ကိုမဖျောက်နိုင်လို့။ ဒီ memorized emotion မဖျောက်နိုင်ရင်နေ့စဥ် ဘဝမှာ ခံစားနေကျ ခံစားမှုhabitual emotion တွေဖြစ်လာတတ်တယ်။ ဒါကြောင့် ချမ်းသာပြီးမပျော်တာ၊ ရည်းစားရှိပြီး အထီးကျန်နေတာ၊ ပျော်ရွင်တဲ့ မိသားစုရှိပြီး ကြိတ်ပြီး စိတ်ဓာတ်ကျနေတတ်တာ။ဒါတွေကို ဒီ memorized emotion တွေကြောင့်။ ဒီ emotion တွေကို ဖျောက်ဖို့

အနာဂတ်ကို ပြောင်းချင်ရင်
အတိတ်ကိုမှတ်ထားတဲ့ မှတ်ဥာဏ်ကိုပြောင်းဖို့ လိုတယ်။
Read More »

Superpower ကို သိအောင်လုပ်

အရေးကြီးတာ ကိုယ့်ရဲ့ superpower ကိုသိအောင်လုပ်ပြီး နေ့စဥ် အဲ့ဒီ superpower ကို ပိုအားကြီးအောင် လုပ်သွားဖို့ပဲ။ ကိုယ့်အားနည်းချက်တွေကို လိုက် fix မနေနဲ့။ Fix လေ စိတ်ညစ်လေ ဖြစ်နေတတ်တယ်။Superpower ကို စပွားတိုးတက်အောင်သာလုပ်။ Phyo Paing @ Derek

Superpower ကို သိအောင်လုပ် Read More »

လူတွေကို ကိုလိုချင်တာရဖို့
အတားအဆီးက အတ္တ နဲ့ မာန်မာန။

ဒီအတ္တနဲ့ မာန်မာနရှိလာတဲ့အခါ“ငါ”ဆိုတဲ့ ဆုပ်ကိုင်ထားတဲ့အရာတွေကိုပစ်ချဖို့ ခက်သွားတယ်။ ကိုယ်ယုံကြည်နေတာ အမှန်ပဲဆိုတာဖြစ်သွားတယ်။ပျော့ပျောင်းမှုမရှိတော့ဘူး။ Phyo Paing @ Derek

လူတွေကို ကိုလိုချင်တာရဖို့
အတားအဆီးက အတ္တ နဲ့ မာန်မာန။
Read More »

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ
ဘာကိုရွေးချယ်သင့်လဲဆိုတော့
ဖြစ်နိုင်တာကို ရွေးချယ်ဖို့လိုတယ်လို့ထင်တယ်။

ဖြစ်ချင်တာတွေဖြစ်လာဖို့ ဘယ်အရာကို အရင်လုပ်မလဲဆိုတဲ့ဦးစားပေးအဆင့်လိုလာတယ်။ဦးစားပေးတဲ့အခါ ဘယ်အချိန်မှာဘယ်အရာကို ဘယ်လိုလုပ်ရင်ဘယ်လောက်ဖြစ်နိုင်လဲဆိုတဲ့ဖြစ်နိုင်ခြေ probability မတူဘူး။ ဒီဖြစ်နိုင်ခြေမတူညီတဲ့ အလုပ်တွေကိုဘာပြီး ဘာလုပ်မယ်သတ်မှတ်ပြီးလုပ်ဆောင်အကောင်အထည်ဖော်မှုက အကောင်းဆုံးရွေးချယ်မှုတစ်ခုပဲ။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာရွေးချယ်ရခက်နေရင်လက်ရှိအခြေအနေကနေ ဖြစ်နိုင်တာတွေကို ချရေးကြည့်၊နောက် တစ်ဆင့်ချင်းအကောင်အထည်ဖော်။ Phyo Paing @ Derek

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ
ဘာကိုရွေးချယ်သင့်လဲဆိုတော့
ဖြစ်နိုင်တာကို ရွေးချယ်ဖို့လိုတယ်လို့ထင်တယ်။
Read More »