My philosophy

အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။ ငွေရှာပါ။ ရှာပြီးငွေကို ပြန်ပွါးပါ။

ဆေးရုံမှာ ရောဂါကုစရာဆေးဝယ်စရာမရှိတဲ့အတွက်အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးသွားတဲ့သူတွေတွေ့တော့ ခံစားရပြီးဆေးရုံသွားရမှာကို အရမ်းမုန်းခဲ့ဖူးတယ်။ ဒီထက်ပိုကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုသာရခဲ့ရင်ဆိုတဲ့အတွေးက အသက်ရှည်ရှည်ကျန်းကျန်းမာမာနေဖို့အတွက်အလုပ်ကို ပိုးစိုးပက်စက် လုပ်ပြီးရှာထားတဲ့ငွေကို ပြန်ပွါးနိုင်ဖို့လိုတဲ့ဆိုတဲ့ အသိတရားကိုဖြစ်စေခဲ့တယ်။ ချမ်းသာတဲ့နိုင်ငံမဟုတ်သလို၊Social Democracy နိုင်ငံမှာနေနေတာမဟုတ်တဲ့အတွက်ကိုယ်ဖြစ်ရင် ကိုယ်ခံရမှာပဲ။ ဒီတော့ သန်တုန်းမြန်တုန်းကျန်းမာရေးလိုက်စားပြီးအလုပ်ကို ပိုးစိုးပက်စက်လုပ်ပိုက်ဆံရှာ၊ ရှာထားတာပြန်ပွါးအသက်ကြီးတဲ့အခါ တခြားသူတွေအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်ဖို့ ခုချိန်ထဲက ပြင်ဆင်ပါ။ Phyo Paing @ Derek

အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။ ငွေရှာပါ။ ရှာပြီးငွေကို ပြန်ပွါးပါ။ Read More »

ကိုယ့်ကိုကိုယ် စနစ်တစ်ခုလို့ပဲစဉ်းစားတယ်။

စနစ်တစ်ခုလို့ဆိုတဲ့အခါသူ့မှာ ရည်ရွည်ချက် purpose ရှိတယ်။ သူ့မှာ Interconnectedness ချိပ်ဆက်နေတဲ့အပိုင်းတွေရှိတယ်။သူ့မှာ Feedback loop တွေရှိတယ်။ ကျွန်တော့်ရဲ့ ဖြစ်တည်မှုအတွက် အရေးအကြီးဆုံးက ပျော်ရွင်မှုပဲ။ ကိုယ့်ရဲ့ အကောင်းဆုံး version ကိုတည်ဆောက်နေနိုင်ရင် ပျော်တယ်။ လူသားတွေရဲ့ဘဝကို ပညာရေးနဲ့ နည်းပညာနဲ့ ဖြည့်ဆည်းပေးနိုင်ရင် ပျော်တယ်။ စမ်းသပ်မှုတွေ ပြုလုပ်နေရရင်ပျော်တယ်။လေ့လာသင်ယူမှုတွေ ပြုလုပ်နေရရင်ပျော်တယ်။ဒါက Derek ဆိုတဲ့ စနစ်ဖြစ်တည်ရတဲ့ရည်ရွယ်ချက်ပဲဖြစ်တယ်။ သူ့မှာ ချိပ်ဆက်နေတဲ့ interconnectedness တွေထပ်ရှိတယ်။စနစ်လို့ဆိုလိုက်တဲ့အခါ ကျန်းမာရေး၊ အလုပ်အကိုင်၊ ငွေရေးကြေးရေး၊အချစ်နဲ့ မိသားစုအရေး၊ ပေါင်းသင်းဆက်ဆံရေးဒါတွေအကုန် ချိပ်ဆက်နေတယ်။တစ်ပိုင်းမှာ အဆင်မပြေရင် ကျန်အပိုင်းတွေမှာလဲ ထိခိုက်မှုရှိတယ်။ ဒါကြောင့် subsystems တွေအကုန်လုံးကိုအလုပ်ဖြစ် လည်ပတ်နေအောင်ဒီဇိုင်းလုပ်ထားဖို့ လိုတယ်။ နောက်တစ်ခုက Feedback loop ဖြစ်ပြီးအလုပ်ဖြစ်တယ်၊ မဖြစ်ဘူးပေါ်မူတည်ပြီးSystems ကိုအသိပေး သင်ယူစေတယ်။ဥပမာ

ကိုယ့်ကိုကိုယ် စနစ်တစ်ခုလို့ပဲစဉ်းစားတယ်။ Read More »

ကျွန်တော်အသက်ရှင်နေသမျှ
တိုးတက်လိုသူတွေ၊ ရည်မှန်းချက်ကြီးတဲ့
လုပ်ငန်းရှင်တွေအတွက် အကျိုးပြုနေစေရမယ်။

လူပေါင်း ၂ သန်းကျော်ကိုနည်းပညာနဲ့ ပညာရေးအသုံးပြုပြီးကူညီပေးဖို့က ပထမ ရည်ရွယ်ချက်။ လုပ်ငန်းပေါင်း ၁၀၀၀၀ ကျော် နည်းညာနဲ့ စီးပွါးရေးပညာရပ်တွေနဲ့ကူညီပေးဖို့က ဒုတိယ ရည်ရွယ်ချက်။ လူများများကို ထိရောက်မှုကောင်းကောင်းနဲ့ ပံံ့ပိုးနိုင်ဖို့ နည်းပညာ လိုတယ်။ လူတော်တွေခန့်ဖို့အတွက် ကိုယ့်အိတ်ကိုယ်စိုက်ကိုယ်ထူကိုယ်ထပြီး ကိုယ်နေထိုင်တဲ့နေရာကိုယ်ချစ်တဲ့ တိုင်းပြည်နဲ့ မြို့အတွက် ခရီးနှင်လာတာ အားလုံးအတွက် အကျိုးရှိစေတယ်ပြန်ပြန်ကြားရတဲ့အတွက် ဝမ်းသာမိတယ်။ ကျွန်တော့်ရဲ့ professional အလုပ်က Marketing and Business Coachsultant Coaching လုပ်သလို၊ Consulting လဲလုပ်တဲ့အတွက်Coachsultant လို့ခေါ်လို့ရတယ်။ Business နဲ့ပတ်သက်တဲ့ရည်မှန်းချက်က အထက်က နှစ်ခုက နောက်နှစ်နှစ်ဆယ်အတွက်။စိတ်ရှည်ပါတယ်။ Phyo Paing @ Derek

ကျွန်တော်အသက်ရှင်နေသမျှ
တိုးတက်လိုသူတွေ၊ ရည်မှန်းချက်ကြီးတဲ့
လုပ်ငန်းရှင်တွေအတွက် အကျိုးပြုနေစေရမယ်။
Read More »

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။

လူတိုင်းမှာ ကိုယ်ပိုင်အတွေးအခေါ်လိုတယ်။ဒီအတွေးအခေါ်ရှင်းဖို့လိုတယ်။ ဒီအတွေးအခေါ်ကို ပြန်ဆန်းစစ်ပြီးupdate လုပ်ဖို့လိုတယ်။ အရင်က ကိုယ့်ကိုကိုယ် အပြစ်တင်တတ်တာ၊လူတွေကို အားနာတတ်တာ၊လူတွေကိုယ့်ကိုဘယ်လိုထင်မလဲ အထူးခံစားပြီး လိုက်ဖြေရှင်းတတ်တာ၊လူတွေကို စေတနာထားတဲ့အခါအတားအဆီမရှိ ကူညီရင်ဖွင့်တတ်တာ၊တစ်ခုခုဆို နှလုံးသားနဲ့ ခံစားပြီး နာကျင်ရတာ၊ ကိုယ်ထိန်းချုပ်မရတာတွေကို စဥ်းစား ပူဆွေး လောကကြီးကို အပြစ်တင်တာမျိုး လူတော်တော်များများဖြစ်ဖူးကြလိမ့်မယ်။ ဒါစာကို ဖတ်ပြီးကိုယ့်ကိုကိုယ် ဘယ်တော့မှ အပြစ်မတင်နဲ့တော့။ သင်ခန်းစာယူ လုပ်ရပ်ပြန်ပြောင်း။ကိုယ့်ကိုကိုယ် ပျော်အောင်ထား။ဘူကောင်တွေ ကို ရှောင်။ကိုယ်သွားချင်တဲ့ ပုံစံကိုယ်သွားတယ်။ လူတွေရဲ့ အထင်အမြင်ထက်ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အာရုံပို စိတ်ထား။တစ်ခုခုဆို နှလုံးသားနဲ့ မခံစားခင်ဦးနှောက်နဲ့ စဥ်းစား။ ကိုယ်ထိန်းချုပ်မရတာတွေအစားထိန်းချုပ်နိုင်တဲ့ ဘောင်အတွင်းက လုပ်။ လူတိုင်းနဲ့ ဆက်ဆံတဲ့အခါစည်းတစ်ခု ထားပါ။ Phyo Paing @ Derek

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။
Read More »

ကျွန်တော်က prototype တစ်ခုပဲ။

ကိုယ့်ရဲ့ အကောင်းဆုံး versionတည်ဆောက်ဖို့က ကျွန်တော့်ရည်ရွယ်ချက်။ကျွန်တော့်ရဲ့ ဖြတ်သန်းမှုဖြစ်စဉ်တွေဖြစ်တဲ့Personal, Professional နဲ့ Business တိုးတက်ရေးဖြစ်စဉ်တွေဟာကိုယ် serve လုပ်ချင်သူတွေအတွက်ရှေ့ပြေးနမူနာတစ်ခုပဲ။ အလုပ်မဖြစ်တာတွေ ကိုယ်တိုင်လုပ်တယ်။နောက် Options ရှိတာတွေ အကုန်ချပြတယ်။အလုပ်ဖြစ်တဲ့ အကောင်းဆုံးအပိုင်းကိုပဲရွေးချယ်လို့ရအောင် ကူညီတယ်။ဒါ ကျွန်တော့်ရဲ့ Business Model ပဲ။ ဒီအတွက် ငွေကုန်ကြေးကျခြွေတာနိုင်တယ်။အချိန်မလိုအပ်ပဲ မကုန်တော့ဘူး။အလုပ်မဖြစ်တာနဲ့ တိုင်ပတ်နေတာမဖြစ်တော့ဘူး။ စွမ်းဆောင်ရည်နဲ့ အမြတ်ငွေတိုးတက်လာကြတယ် ။ ဒါကြောင့်စမ်းသပ်မှုတွေ နေ့စဉ်ပြုလုပ်နေဖြစ်တယ်။ ကျွန်တော်က အကောင်းဆုံး version တည်ဆောက်ရေးဖြစ်စဉ်အတွက်Prototype တစ်ခုပဲ။ Phyo Paing @ Derek

ကျွန်တော်က prototype တစ်ခုပဲ။ Read More »

ရက်ပေါင်း ၃၀၀၀၀ လောက်ပဲနေရမည့် ဘဝမှာ

လုပ်ချင်တာတွေ လုပ်သာလုပ်လိုက်။တောင်ပေါ်သားဆိုတော့တောင်ပေါ်ရောက်ရင်ပျော်တယ်။လူများတဲ့ မြို့ကြီးတွေရောက်ရင်အကြာကြီး မနေနိုင်ဘူး။ဒါကြောင့် မြို့ပြင်တွေမှာထွက်နေလေ့ရှိတယ်။ Phyo Paing @ Derek

ရက်ပေါင်း ၃၀၀၀၀ လောက်ပဲနေရမည့် ဘဝမှာ Read More »

နေ့စဥ် အသစ်တစ်ခုဖန်တီးကြည့်ပါ။

Idea တစ်ခု၊ Content တစ်ခု၊ Product တစ်ခု၊ Connection တစ်ခုတစ်ခုခု ဖန်တီးကြည့်ပါ။ ဒီကနေ စိတ်ကျေနပ်မှုရလာလိမ့်မယ်။ လောကကို ပြန်ပေးလို့ရတဲ့လက်ဆောင်ကသင့်ရဲ့ ဖန်တီးမှုတစ်ခု ဖြစ်ကောင်းဖြစ်လိမ့်မယ်။ Phyo Paing @ Derek

နေ့စဥ် အသစ်တစ်ခုဖန်တီးကြည့်ပါ။ Read More »

မနေ့က လုပ်ခဲ့တဲ့
ကိုယ့်ကိုကိုယ် ဂုဏ်အယူဆုံး
အလုပ်တွေက ဘာတွေဖြစ်မလဲ?

ဒါကတော့ မနက်တိုင်းကိုယ့်ကိုကိုယ် ပြန်သုံးသပ်တဲ့မေးခွန်းတစ်ခုပဲ။ ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့စဥ် လုပ်ပါ။ Very beautiful morning! Phyo Paing @ Derek

မနေ့က လုပ်ခဲ့တဲ့
ကိုယ့်ကိုကိုယ် ဂုဏ်အယူဆုံး
အလုပ်တွေက ဘာတွေဖြစ်မလဲ?
Read More »

ကျေးဇူးတင်စိတ်နဲ့နေတဲ့အခါ

ပျော်ရွင်မှုက အနည်းဆုံးbaseline ကနေ ၂၅% နဲ့အထက်တက်လာတယ်တဲ့။ အခုလို မိတ်ကောင်းဆွေကောင်းတွေနဲ့နှစ်ပေါင်းများစွာ ယုံယုံကြည်ကြည်နဲ့အလုပ်တွေလုပ်ခဲ့ကြတဲ့ မိတ်ဆွေတွေအားလုံးနဲ့သိခဲ့ရတာဟာ ကျေးဇူးတင်စရာပါ။ ကိုယ့်ယုံကြည်မှုအတွက်ဘယ်လိုခက်ခဲနေပါစေအဆင်ပြေအောင်လုပ်မယ်ဆိုပြီးရှေ့ဆက်နေတဲ့လူတွေနဲ့သိကျွမ်းရတာဟာကျေးဇူးတင်စရာပါပဲ။ Phyo Paing @ Derek

ကျေးဇူးတင်စိတ်နဲ့နေတဲ့အခါ Read More »

BEGIN

ဘဝကို နောက်တစ်ဆင့်တက်ဖို့ BEGIN B = Books you read ဖတ်တဲ့စာအုပ်E = Environment you are in နေတဲ့ပတ်ဝန်းကျင်G = Goals you have ရည်မှန်းချက်ပန်းတိုင်I = Individuals you meet ကိုယ်တွေ့တဲ့သူတွေN = Next move you gonna make နောက်လုပ်မည့်အရွေ့ Phyo Paing @ Derek

BEGIN Read More »