My philosophy

လောကသဘာဝ

ကိုယ့်ထက်ရှေ့ရောက်နေတဲ့သူအများစုက နောက်လှည်ကြည့် ဝေဖန်ဖို့ အချိန်သိပ်မရှိတတ်ဘူး။ ဒါက လောကသဘာဝပဲ။ ဒါကြောင့်သူ့ထက်နည်းနည်းသာရင်မနာလိုဖြစ်မယ်။အများကြီးသာသွားရင် လေးစားလာလိမ့်မယ်တဲ့။ Phyo Paing @ Derek

လောကသဘာဝ Read More »

စာဖတ်မြန်ဖို့ ဘာလုပ်ရမလဲ?

Speed-reading ရဲ့အခြေခံက eye movement ပဲဖြစ်တယ်။ မျက်စိရွေ့လျားမှုမြန်ဖို့အတွက် eye pattern ဘယ်လိုသွားလဲလေ့လာရတယ်။ တချို့က Zig Zag သွားတယ်။တချို့က အောက်ကနေ အပေါ်ပြန်ဖတ်တဲ့သူတွေတောင်ရှိတယ်။တချို့က vertical သွားတယ်။ တချို့က ဘယ်ဖက်ထောင့်ကညာဖက်အောက်ကို ဖတ်သွားတယ်။ Eye Movement ကောင်းခဲ့ရင်တောင်ကိုယ်နားမလည်တဲ့ဘာသာစကားဖတ်ရင်comprehension နားလည်မှုပိုင်းအားနည်းတဲ့အတွက် အခက်အခဲဖြစ်နိုင်တယ်။ ဒါကြောင့် ဘာသာစကားနဲ့ ပတ်သတ်တဲ့ စကားလုံးနဲ့ phrases တွေကိုအရင်မှတ်ဖို့လိုတယ်။ နောက်တစ်ခုက retention ပြန်လည်စဥ်းစားတဲ့ အပိုင်းဖြစ်ပြီး ဖတ်ထားတဲ့အရာကို recall မလုပ်ရင်ခဏနေ မေ့သွားတတ်တယ်။ ဒါကြောင့်အကောင်းဆုံးနည်းလမ်းကဖတ်ပြီးသွားတဲ့အရာကို note ထဲရေးတာကို ကျင့်သုံးလို့ရတယ်။Note-taking တွေထဲမှာ radiant note-taking ဖြစ်တဲ့ ဦးနှောက်အလုပ်လုပ်တဲ့ပုံနဲ့ friendly ဖြစ်တဲ့Mindmap ကို ၂၀၀၅ ကတည်းက အသုံးပြုဖြစ်တယ်။ ပုံမှန်စာဖတ်သူတွေက

စာဖတ်မြန်ဖို့ ဘာလုပ်ရမလဲ? Read More »

ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ ဥပဒေသတွေဟာ
ဘဝဖြတ်သန်းရေးကို လွယ်ကူစေတယ်။

အသည်းနာရတဲ့အချိန်တွေလူတိုင်းမှာရှိတတ်ကြတယ်။အများစုက ကိုယ်ချစ်တဲ့သူတွေကိုယ်မျှော်မှန်းထားသလိုမဟုတ်ပဲတလွဲတွေးပြီး၊ တလွဲလုပ်တဲ့အချိန်တွေဖြစ်ကောင်းဖြစ်နိုင်သလို၊ကိုယ်ထင်ထားတဲ့ လုပ်နိုင်စွမ်းမရောက်တဲ့အချိန်တွေဖြစ်ကောင်းဖြစ်နိုင်တယ်။ အစပိုင်းမှာ ပြောမယ်။နောက်ပြောပါများ မောလာတော့တွေ့တိုင်း အကြည်ဓာတ်ပျောက်မယ်။နောက် လျစ်လျူရှုလိုက်မယ်။နောက် တဖြည်းဖြည်း connectionမမိဖြစ်လာမယ်။​ဒါက သဘာဝ ဖြစ်လေ့ဖြစ်ထရှိတဲ့ဖြစ်စဥ် တစ်ခုဖြစ်တယ်။ ဒီလို အချိန်နေကြုံတိုင်းဘဝနေထိုင်ရေး ဥပဒေသအသစ်တွေထုတ်ပြီး နေထိုင်ခြင်းအားဖြင့်နောက်ဖြတ်သန်းရမည့်ဘဝကပိုကောင်းလာနိုင်တယ်။ ဥပမာတွယ်တာစိတ် attachment ဆိုတဲ့အစားaffection ချစ်ခင်စိတ််နဲ့ ပေးဆပ်ဖို့ကြည့်တာမျိုး။ ဒါမှ မဟုတ် တခြားသူအပေါ်ထားတဲ့expectation တွေလျော့ပြီးကိုယ့်ကိုကိုယ်ပဲ မျှော်လင့်ချက်ထားထားမျိုး။ ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ ဥပဒေသတွေဟာဘဝဖြတ်သန်းရေးကို လွယ်ကူစေတယ်။ လူတိုင်းတစ်နေ့သေရမှာဖြစ်တဲ့အတွက်တွယ်တာမှုတွေထားပြီး ကိုယ့်လိုအပ်ချက်ကိုသူ့ကို ဖြည့်ဆည်းခိုင်းမည့်အစားကိုယ်ချစ်တဲ့သူတွေကိုအရှိကိုအရှိအတိုင်း လက်ခံတာက ပိုကောင်းတဲ့နည်းလမ်းတစ်ခုပဲလို့ ခံယူထားလိုက်တယ်။ Phyo Paing @ Derek

ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ ဥပဒေသတွေဟာ
ဘဝဖြတ်သန်းရေးကို လွယ်ကူစေတယ်။
Read More »

တချို့သေးသေးလေးတွေက ကြီးမားတဲ့ ရလဒ်ကောင်းတွေ ရစေနိုင်တယ်။

ကိုးတန်းတုန်းက ဆရာမြောက်ပေးတာနဲ့English – Myanmar သာလွန်Dictionary ကြီးကို သူငယ်ချင်းပေးလိုက်တယ်။Oxford English – English Dictionaryဝယ်ပြီး စလေ့လာတယ်။အဲ့မှာစ တိုင်ပတ်ပါလေရော။ ၈ တန်းထိက ကျောင်းပြေးလိုက်၊game နှိပ်လိုက်လုပ်ခဲ့တော့အခြေခံမရှိတဲ့အခါ တော်တော်ခက်တယ်။ဒါနဲ့ အလွယ်ဆုံးနည်းလမ်းရှာတော့ပထမဆုံးစကားလုံးတွေက အဓိကပဲ။ဒီ hack လေးကို apply လုပ်လိုက်တော့အရမ်းလွယ်သွားတယ်။ စာအုပ်ဖတ်ရင်လဲအလားတူပဲစာရေးဆရာတွေက ပထမအပိုဒ်ကိုအကောင်းဆုံး လက်စွမ်းပြလေ့ရှိတယ်။ဒါမှ သူ့စာဆက်ဖက်မှာကိုး။ တချို့သေးသေးလေးတွေကကြီးမားတဲ့ ရလဒ်ကောင်းတွေရစေနိုင်တယ်။​ Phyo Paing @ Derek

တချို့သေးသေးလေးတွေက ကြီးမားတဲ့ ရလဒ်ကောင်းတွေ ရစေနိုင်တယ်။ Read More »

ဘူကောင်တိုက်ဖျက်ရေး = Mission (ဘူကောင် = unhappy and unlucky)

ဒီ Page ရဲ့ ရည်ရွယ်ချက်ကဘူကောင်တိုက်ဖျက်ရေးဖြစ်တဲ့အတွက်ဘူကောင်တွေကို ban တာ အမြဲလုပ်တယ်။ဒါကြောင့် Page မှာရောAccount မှာပါ ဘူကောင်ကင်းစင်နယ်မြေဖြစ်နေခြင်းဖြစ်တယ်။ အကြည်ဓာတ်တွေပဲ ပေးချင်တယ်။ဘာကြောင့်လဲဆိုတော့ဓာတ်ဆိုတာ ကူးစက်တတ်တဲ့သဘောရှိတယ်။ ဘူကောင်တွေက အမြဲမပျော်၊ကံမကောင်းဖြစ်နေပြီးပြစ်တင်ပြောဆို Blameငြီးထွား Complain လုပ်တတ်တဲ့သဘာဝတွေရှိသလိုအကျိုးမရှိပဲ အငြင်းသန်တဲ့သဘောသဘာဝတွေရှိတယ်။ကိုယ်လိုချင်တာကို သေချာမသဲကွဲဘူး။မလိုချင်တာတွေကိုပဲပြောတတ်တဲ့သဘာဝရှိတယ်။အလုပ်ကိုလက်ကြောတင်းအောင်မလုပ်ချင်ဘူး။ရလဒ်ကိုတော့ အများကြီးရချင်တယ်။ဒါကို work smart ဆိုပြီးခဏခဏပြောတတ်လေ့ရှိတယ်။ အားလုံးရဲ့ productivity စွမ်းဆောင်ရည်နဲ့profit အမြတ်ငွေ တိုးတက်ဖို့အကြည်ဓာတ်လိုတယ်။ဒီအကြည်ဓာတ်တွေ ထုတ်လွင့်ပြီးအားကောင်းစေဖို့ဘူကောင်တိုက်ဖျက်ရေးကိုစတင်ခဲ့တယ်။ Phyo Paing @ Derek

ဘူကောင်တိုက်ဖျက်ရေး = Mission (ဘူကောင် = unhappy and unlucky) Read More »

စိတ်ဓာတ်မကျပါနဲ့။

ကိုယ်ထက်ချမ်းသာတဲ့သူ၊ကိုယ့်ထက် intel ပိုမြင့်တဲ့သူ၊ကိုယ့်ထက်ပို လူချစ်လူခင်ပေါများတဲ့သူ၊အမြဲရှိနေမှာပါပဲ။တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်။ ဘဝဆိုတာ game တစ်ခုဆိုရင်ခန္ဓာကိုယ်နဲ့ ဘဝပေးအခြေအနေတစ်ခုရှိမယ်။ဒီပေးထားချက်ပေါ်မူတည်ပြီး အကောင်းဆုံးလုပ်ရမှာကိုယ့်တာဝန်ပဲလေ။ ကျွန်တော် ကတော့ သူများတွေနဲ့ မနှိုင်းယှဥ်ဘူး။ကိုယ့်ဘဝမှာ ဘယ်လောက်ဝေးဝေးပြေးနိုင်မလဲဘယ်လောက်မြင့်မြင့် ပျံသန်းနိုင်မလဲ​ဒါကို အဓိက စဉ်းစားတယ်။ ဘယ်တော့မှ နောင်တ အကြီးအကျယ်ရပြီးစိတ်ညစ်မနေဘူး။သင်ခန်းစာယူပြီး လုပ်စရာရှိတာ ဆက်လုပ်တယ်။ကိုယ့်ကိုကိုယ် ဘယ်တော့မှ အပစ်မတင်ဘူး။သူ့အရွယ်နဲ့ သူ့ဥာဏ် သူ့ အခြေအနေမှာအကောင်းဆုံးထင်တဲ့အရာလုပ်ခဲ့တာပဲလေ။ကျွန်တော့်ကတော့ ကိုယ့်ကိုကိုယ် ဖြစ်တည်မှုအတွက်ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဂုဏ်ယူတယ်။​ ပေးခဲ့တဲ့ သင်ခန်းစာတိုင်းကိုအကောင်းဆုံးကျော်ဖြတ်ခဲ့တယ်။မနူးမနပ်ကလေးဘဝမှာတပါးသူအပေါ် မျှော်လင့်ချက်တွေအပြည့်ထားပြီးမနက်ဖြန်ဆိုတာ ရှေ့မဆက်ချင်လောက်အောင်ဖြစ်ဖူးတယ်။ဒါပေမယ့် သင်ခန်းစာယူပြီး ရှေ့ဆက်ခဲ့ဖူးတယ်။​ ကျွန်တော့်ဘဝခံယူချက်ကတော့ lean startup ပဲBuild ရယ်၊ Measure ရယ်၊ Learn ရယ်ပဲ။စိတ်ဓာတ်မကျပါနဲ့။ Phyo Paing @ Derek

စိတ်ဓာတ်မကျပါနဲ့။ Read More »

Reinvent Yourself

ကိုယ့်ကိုကိုယ် ပြန်မဖန်တီးတော့တဲ့တစ်နေ့နောက်ကောက်ကျတဲ့နေ့ပဲ။ ဒီနေ့အလုပ်ဖြစ်တဲ့အရာကမနက်ဖြန်ဖြစ်ချင်မှ ဖြစ်မယ်။အရင်ကတော့ ဒီလိုပဲလုပ်ခဲ့တာပဲ၊ဒါကငါပဲဆိုပြီး ပိုနေမြဲကျားနေမြဲနဲ့ဘဝဖြတ်သန်းလို့ မလွယ်ဘူး။ တစ်သက်မှာ တစ်ခါလူလာလုပ်တာကိုယ်ဘယ်လောက်ထိစွမ်းဆောင်နိုင်လဲဆိုသိဖို့ကြိုးစားအားထုတ်ကြည့်ဖို့ လိုတယ်။ Phyo Paing @ Derek

Reinvent Yourself Read More »

ကိုယ့်လမ်းကိုယ်လျှောက်

ဘေးလူစကားနားထောင်ငြားကသွားမည့်အရေး တစ်လှမ်းနှေး၏။ငယ်ငယ်တုန်းက မှတ်ဖူးတာလေး။ဒီနေ့အထိအသုံးပြုနေတယ်။ Phyo Paing @ Derek

ကိုယ့်လမ်းကိုယ်လျှောက် Read More »

Principles

Billionaire Ray Dalio ရဲ့Principles စာအုပ်ထဲကစာကြောင်းတစ်ကြောင်းကိုအရမ်းသဘောကျတယ်။“လူအများစုဟာဘာသာတရားနဲ့ legal framework တွေ၊ယဥ်ကျေးမှု သတ်မှတ်ချက်တွေရဲ့pre-packaged principles တွေကြားကရုံးမထွက်နိုင်ကြဘူးတဲ့။” ဥပမာ ဒီဘဝမှာ ဒုက္ခရောက်တာအရင်ဘဝက မကောင်းတာလုပ်ခဲ့လို့ဆိုတဲ့guilty ဖြစ်အောင် လုပ်တဲ့ အယူအဆမျိုး။လူသားတွေအားလုံးဟာ အပြစ်ရဲ့သားကောင်ပါဆိုတဲ့ sinner ဆိုတဲ့guilty ဖြစ်အောင်လုပ်ပြီးလူတွေကို religion နဲ့ ထိန်းချုပ်ခဲ့ကြတယ်။ လူသားတွေရဲ့ Psychological safetyပြဿနာကိုဖြေရှင်းပေးဖို့ Religion ဆိုတာပေါ်ပေါက်လာတယ်။ အနောက်တိုင်းကနေ Colony ပြုတော့ပထမဆုံး export လုပ်တာ religion ပဲ။အာသောကမင်းကြီးလက်ထက်မှာBuddhism ကိုပြန့်အောင်လုပ်ခဲ့တယ်။​တရုတ်က သူ့နိုင်ငံနဲ့ ယဥ်ကျေးမှုကိုပြန့်ဖို့ရာConfucius Center ဆိုတာလုပ်တယ်။​Empire တစ်ခု တည်ဆောက်ဖို့philosophy တစ်ခု၊ Belief System တစ်ခုကိုပြန့်အောင်လုပ်ပြီးလူအများလက်ခံဖို့လိုတယ်။ Empire တစ်ခုတည်ဆောက်ဖို့philosophy တစ်ခု၊ ယုံကြည်မှုတစ်ခုကိုပြန့်ပွားအောင် propagade လုပ်တဲ့အခါတချို့ message

Principles Read More »

Learning and Growth

အဖြစ်လုပ်တာနဲ့အလုပ်ဖြစ်အောင်လုပ်တာ မတူဘူး။အလုပ်ဖြစ်အောင်လုပ်ဖို့ဘယ်အရာက အလုပ်ဖြစ်တယ်၊ဘယ်အရာက အလုပ်မဖြစ်ဘူးပြန်လည်သုံးသပ်ပြီးပြုပြင်သွားဖို့လိုတယ်။ လိုအပ်တဲ့ Learning & Growth လုပ်မနေပဲ၊ငွေရေးကြေးရေး၊ စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေးအလိုလို တိုးတက်မလာဘူး။ စီမံခန့်ခွဲမှုမှာ ပြောနေကျစကားလိုအလိုလိုပေါက်တာဆိုလို့အများဆုံးကတော့ မြက်ပင်ပဲရှိတယ်။လှပတဲ့သစ်ပင်ပန်းမံတွေပွင့်ဖို့တော့စနစ်တကျ ပြုစုပျိုးထောင်ရတယ်။ Phyo Paing @ Derek

Learning and Growth Read More »