My philosophy

လူတိုင်းက Trainer ပဲ။

လူတွေကိုယ့်ကို၊ ကိုယ့်လုပ်ငန်းကိုဘယ်လိုဆက်ဆံစေချင်လဲနေ့စဉ် Train ပေးနေရတယ်။တချို့က လောကရဲ့အထုအထောင်းကြားမှာကိုယ့်ကိုကိုယ် trainer လို့ မေ့နေတတ်တယ်။ Phyo Paing @ Derek

လူတိုင်းက Trainer ပဲ။ Read More »

လူအများစုက စာဖတ်ကြတယ်။
ဒါပေမယ့်စာအုပ်ကပေးချင်တဲ့
Central idea မရသွားကြဘူး။

ဥပမာ ဆင်းရဲဖေဖေ၊ ချမ်းသာဖေဖေRich Dad Poor Dad ဖတ်ဖူးလားဆိုဖတ်ဖူးတယ်။သူ့ရဲ့ central idea ဘာလဲ၊စာရေးဆရာက ဘယ်လိုရေးထားသလဲဆိုခေါင်းကုတ်တတ်ကြတယ်။ Think and Grow Rich ဆိုလဲဆရာရွှေဥဒေါင်းရေးတာ ဖတ်ဖူးတာပေါ့။ဒါဆို central idea ဘာလဲဆိုအင်းအင်းအဲအဲ ဖြစ်တတ်တယ်။ အဲ့လိုပဲကိုယ်နေ့စဉ်လုပ်နေတဲ့အလုပ်မှန်မမှန် ပြန်လည်သုံးသပ်တဲ့အချိန်လိုတယ်။ Phyo Paing @ Derek

လူအများစုက စာဖတ်ကြတယ်။
ဒါပေမယ့်စာအုပ်ကပေးချင်တဲ့
Central idea မရသွားကြဘူး။
Read More Âť

ကိုယ့်ကိုကိုယ် ဆုလဒ်လို့စဉ်းစားပါ။

ကိုယ်က ဆုလဒ်ပဲ။你就是奖品 ကိုယ်က ဆုတံဆိပ်လို့မှတ်ယူဖို့လိုတယ်။ဒီအတွေးအခေါ်ကို တခြားသူတွေပါဟိုးအရင်ကတည်းက ပြောပြဖြစ်တယ်။ စီးပွါးရေးမှာ ကိုယ်ကနေနောက်ကလိုက်ရောင်းနေတာထက်ကိုယ့်ဆီလာအောင် ခံယူချက်အရေးကြီးတယ်။ဒါကတော့ ကိုယ့်ကိုကိုယ်ကိုယ့်လုပ်ငန်းကိုကိုယ် ကိုယ့်ဖောက်သည်တွေအတွက်ဆုတံဆိပ်ပေးတယ်ဆိုတဲ့ စိတ်ထားဖို့လိုတယ်။ အချစ်ရေး relationship မှာလဲတူတူပဲ။သူနဲ့တွေ့လို ကိုယ်ကံကောင်းတာမဟုတ်ဘူး။ကိုယ်နဲ့တွေ့လို့ သူကံကောင်းတာ။ HR မှာလဲ အလားတူပဲ။သူရှိလို့ ကိုယ့်လုပ်ငန်းရပ်တည်တာမဟုတ်ဘူး။ကိုယ့်လုပ်ငန်းလည်ပတ်လို့ Top Talent ရှိတာ။ ဒီအတွေးအခေါ်က radical ဆန်ပေမယ့်ဘဝအမြင်ကို လှုပ်ခတ်ပြောင်းလဲပေးနိုင်စွမ်းရှိတယ်။ ကိုယ့်ကိုကိုယ် အမှိုက်လို့စဉ်းစားတာ၊အသုံးမကျဘူးလို့ စဉ်းစားတာ၊လိုအပ်နေသေးတယ်လို့စဉ်းစားပြီးစိတ်ညစ်တတ်တာ ဖျောက်ပါ။ကိုယ့်ကိုကိုယ် ဆုလဒ်လို့စဉ်းစားပါ။ Your are the reward. ဆုတံဆိပ်နဲ့ထိုက်တန်တဲ့သူကဆုရမှာပဲ။မထိုက်တန်တဲ့သူက သာမာန်ပဲရမှာပဲ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဆုလဒ်လို့စဉ်းစားပါ။ Read More »

မေးခွန်းတွေမပါတဲ့ အဖြေစာရွက်က

အဓိပ္ပာယ်မရှိသလို တက်ကျမ်းတွေဖတ်ပြီးအလုပ်မလုပ်တဲ့သူကလဲအဖြစ်ရှိမှာ မဟုတ်ဘူး။ Phyo Paing @ Derek

မေးခွန်းတွေမပါတဲ့ အဖြေစာရွက်က Read More »

ခဏတာ ပြဿနာကိုဖြေရှင်းဖို့
တစ်သက်တာပေးဆပ်ရတဲ့
ဖြေရှင်းချက် solution မချမိဖို့လိုတယ်။

ဘဝမှာ အသိဥာဏ်တဖြည်းဖြည်းရှိလာတဲ့အခါ အရာရာကိုဆုံးဖြတ်ရလွယ်အောင် ပြဿနာဖြေရှင်းနည်းAlgorithm တွေဖန်တီးဖြစ်တယ်။ နေ့စဉ်လုပ်နေကျသေးသေးလေးတွေပြန်စဉ်းစားရတဲ့အခါ ဦးနှောက်ပင်ပန်းတာDecision fatigue ကိုကာကွယ်ဖို့သော့ကိုထားနေကျနေရာ၊အလုပ်လုပ်တဲ့ workflow နဲ့၊နေ့စဉ်နေထိုင်တဲ့ routine နဲ့ဝတ်မည့်အဝတ်အစားကို ပုံစံစနစ်ချတဲ့အခါ အလုပ်ပိုပြီးပိုလွယ်၊ ပိုမြန်လာတယ်။နေ့စဉ်ဘဝရဲ့ optimization ပေါ့။ နောက် ဘဝမှာ နောင်တမရဖို့သဒင်္ဂပျော်ရွင်မှုနဲ့ အနာဂတ်နဲ့မလဲမိဖို့လိုသလို၊ခဏတာ ပြဿနာကိုဖြေရှင်းဖို့တစ်သက်တာပေးဆပ်ရတဲ့ဖြေရှင်းချက် solution မချမိဖို့လိုတယ်။ ဆုံးဖြတ်ချက်ချတဲ့အခါထားရမည့်Decision-making Rules တွေ၊ Principles တွေချမှတ်ထားဖို့လိုတယ်။ဒါကဘိုးဘေးတွေခေတ်ဖြစ်တဲ့ကွန်ဖြူးရှပ်ခေတ်ကတည်းကအတွေးအခေါ်တွေထားခဲ့တဲ့Playbook က ဘဝအတွက်အလွန်အသုံးဝင်တယ်။ Phyo Paing @ Derek

ခဏတာ ပြဿနာကိုဖြေရှင်းဖို့
တစ်သက်တာပေးဆပ်ရတဲ့
ဖြေရှင်းချက် solution မချမိဖို့လိုတယ်။
Read More Âť

ကိုယ့်ခေါင်းထဲက
ပုံရိပ်တွေကို သတိနဲ့ ဂရုပြုပါ။

ပြဿနာအများစု ပေါက်ဖွားတဲ့နေရာက🤯ခေါင်းပဲ။ တိတိကျကျပြပါဆို အတွေး 💭ပဲ။ ထပ်တိတိကျကျပြပါဆိုအတွေးကြောင့်ဖြစ်လာတဲ့ပုံရိပ် 🎑။ ဒီပုံရိပ်ကြောင့် ဒေါသ၊ စိတ်ပျက်၊ အားငယ်၊ မခံချင်စိတ်အစရှိတဲ့ ခံစားချက်တွေဖြစ်လာတတ်တယ်။ ဒါကြောင့် ကိုယ့်ခေါင်းထဲကပုံရိပ်တွေကို သတိနဲ့ ဂရုပြုပါ။ Phyo Paing @ Derek

ကိုယ့်ခေါင်းထဲက
ပုံရိပ်တွေကို သတိနဲ့ ဂရုပြုပါ။
Read More Âť

ABCDEFG

1. Apathy – စိတ်ပါဝင်စားမှုမရှိတဲ့အဆင့်2. Blame – အပြစ်တင်တဲ့အဆင့် 3. Complain – ငြီးထွားတဲ့အဆင့်4. Dream – အိမ်မက်မက်တဲ့အဆင့်5. Execute – အကောင်အထည်ဖော်တဲ့အဆင့်6. Flow – တစ်ခုပြီးတစ်ခုအကောင်အထည်ဖော် အောင်မြင်မှုအတွက် Flow ထဲဝင်တဲ့အဆင့်7. Genius – ဒီလို flow ထဲက အစွမ်းပြတာများတဲ့အခါဥာဏ်ကြီးရှင်လို့ခေါ်တဲ့အဆင့် Phyo Paing @ Derek

ABCDEFG Read More Âť

“အနဲ့ပ” လေးခု

“အပျင်း”ကြီး“အပြော”ပဲရှိ“အပျော်”အပါးမက်“အပြစ်”ပြောတတ်တဲ့ဒီ “အနဲ့ပ” လေးခုကိုရှောင်ရမယ်။ဒါမှ မဘူမှာ။ Phyo Paing @ Derek

“အနဲ့ပ” လေးခု Read More »

အိမ်မက်တွေကို ရိုက်ချိုးလို့ရတယ်။
သမိုင်းပေးတာဝန်တွေကို ရိုက်ချိုးလို့မရဘူး။

သမိုင်းပေးတာဝန်ကနေပိုကောင်းတဲ့ အိမ်မက်အသစ်တွေပြန်လည်မွေးဖွားလာမယ်။ Personal Mission –Being the best version of myself Business Mission –Transforming lives through education and technology What do I do everyday? –Helping people and business to hack their productivity and profit How? –Personal, Professional and Business Development Phyo Paing @ Derek

အိမ်မက်တွေကို ရိုက်ချိုးလို့ရတယ်။
သမိုင်းပေးတာဝန်တွေကို ရိုက်ချိုးလို့မရဘူး။
Read More Âť

တနေ့ ကိုယ်မရှိတော့ရင်၊
ကိုယ့်လုပ်ငန်းမရှိတော့ရင်
ကိုယ်နေထိုင်တဲ့နေရာ
ကိုယ့်ရဲ့ဖောက်သည်တွေ
ဘာတွေအပြောင်းအလဲ
ဖြစ်သွားနိုင်မလဲ?
ဒါအရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။

တချို့လူတွေက အခုချိန်ကမ္ဘာကြီးကပျောက်ကွယ်သွားရင်လူအများစု ပျော်ကြလိမ့်မယ်။ တချို့လူတွေ ကမ္ဘာကြီးကပျောက်ကွယ်သွားတော့ လူတွေ ပူဆွေးဝမ်းနည်းကြရတယ်။ မှတ်မှတ်ရရ Oct 5, 2011 Steve Jobs ကွယ်လွန်တော့ တစ်ကမ္ဘာလုံးက နည်းပညာစိတ်ဝင်စားသူတွေအားလုံးပူဆွေးကြရသလို March 23, 2015 လီကွန်းယူဆုံးတဲ့နေ့က မှတ်မှတ်ရရကျွန်တော် Chennai ကိုရောက်နေပြီးသူ့အတွက် ဝမ်းနည်းကြောင်း Billboard တွေအများကြီးတွေ့ရတယ်။ တနေ့ ကိုယ်မရှိတော့ရင်၊ကိုယ့်လုပ်ငန်းမရှိတော့ရင်ကိုယ်နေထိုင်တဲ့နေရာ၊ကိုယ့်ရဲ့ဖောက်သည်တွေဘာတွေ အပြောင်းအလဲဖြစ်သွားနိုင်မလဲ? ဒါအရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။ ဦးဆောင်တဲ့သူတစ်ယောက်က အပြောင်းအလဲတွေ ဖန်တီးပေးသလို ဒီဦးဆောင်တဲ့သူမရှိတဲ့အခါလူတွေ လွမ်းဆွတ်တတဖြစ်ကြရတယ်။ Phyo Paing @ Derek

တနေ့ ကိုယ်မရှိတော့ရင်၊
ကိုယ့်လုပ်ငန်းမရှိတော့ရင်
ကိုယ်နေထိုင်တဲ့နေရာ
ကိုယ့်ရဲ့ဖောက်သည်တွေ
ဘာတွေအပြောင်းအလဲ
ဖြစ်သွားနိုင်မလဲ?
ဒါအရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။
Read More Âť