My philosophy

ဘဝ ဥပဒေသ သုံးခု

၁။ အရှူံးကို သတ်မှတ်ထားပါ။ လောင်းကစားလုပ်တဲ့အခါကျွန်တော့်ရဲ့ ပထမဆုံးဥပဒေသက limit your lossဘယ် casino သွားသွားငါဘယ်လောက်ရှုံးရင် ပြန်မယ်ဒီ စိတ်နဲ့ အမြဲသွားတယ်။မဟုတ်ရင် Marina Bay Sands Casino မှာကိုယ့်ကိုကိုယ် မသတ်သေအောင်ပညာပေးစာတွေ ဘယ်ကပ်မလဲ။ ဘဝဆိုတာ Casino လိုပဲ။ဘဝကို အရှင်ပြန်ထွက်သွားလို့ မရဘူး။ဒါကြောင့် ဘဝမှာ ဘယ်လောက်ထိအရှုံးခံမလဲဆိုတဲ့ စိတ်ကဘဝအတွက်၊ အလုပ်အတွက်၊စီးပွါးရေးလုပ်ငန်းအတွက်ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ ၂။ ဖြစ်နိုင်ခြေကို ကြိုတွက်ပါ။ ကျွန်တော့်ဒုတိယ ဥပဒေသကDownside risk အနည်းဆုံးနဲ့Upside potential အကောင်းဆုံးကိုရွေးချယ်ခြင်းပါ။ Russian roulette ကစားသလိုပဲ။သုံညတစ်လုံးပါတာနဲ့ နှစ်လုံးပါတာဖြစ်နိုင်ခြေ probability မတူတော့ဘူး။ဘဝမှာလဲ အတူတူပဲ ငါတော့ထင်တယ်။ယုံကြည်တယ်ဆိုတာ တစ်ခုတည်းနဲ့မရဘူး။ယုတ္တိကျကျ ဘဝကို approachလုပ်တတ်ဖို့လိုတယ်။ ၃။ ကိုယ့်ကိုကိုယ် အမြဲလေ့လာနေပါ။ တတိယဥပဒေသကကမ္ဘာပေါ်မှာ ကိုယ့်အကြောင်းအသိဆုံးသူကကိုယ်ဖြစ်ဖို့ပါ။ လူတွေက […]

ဘဝ ဥပဒေသ သုံးခု Read More »

စေတနာ

အောင်မြင်တဲ့ စားသောက်ဆိုင်အောင်မြင်တဲ့ လုပ်ငန်းအောင်မြင်တဲ့ စာရေးဆရာနဲ့အောင်မြင်တယ်ဆိုတဲ့ သူတွေမှာသူ့ဖောက်သည်တွေ သူ့ပရိသတ်တွေအတွက်စေတနာကိုတွေ့ရမှာပါ။ စေတနာဟာ ခံစားလို့ရပါတယ်။ Phyo Paing @ Derek

စေတနာ Read More »

မင်္ဂလာနံနက်ခင်းပါ။

လူအများ အိပ်စက်နေချိန်မှာကိုယ်က နိုးထတရားထိုင်၊ စာဖတ်၊ journal ရေး၊ လေ့ကျင့်ခန်းလုပ်မယ်။ လူအများ အိပ်ရာထဲက ထဖို့ကြိုးစားနေတဲ့အချိန်ကိုယ်က ဘဝရှေ့ရေးအတွက်plan တွေစဥ်းစား ပြင်ဆင်နေမယ်။ လူအများစဥ်းစားချင်တာစဥ်းစားပြီးအတွေးဝင်္ဂဘာထဲ မှာခြာခြာလည်နေတဲ့အချိန်ကိုယ့် language skills တွေအတွက်App တွေနဲ့ လေ့ကျင့်နေမယ်။ လူအများအလုပ်လုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်ကိုယ့်ရဲ့ အလုပ်စနစ်ကိုစတင်လည်ပတ်နေမယ်။ လူအများစုအနေနဲ့ တခြားသူတွေဘယ်လိုမြင်မလဲစဥ်းစားစိတ်ညစ်နေတဲ့အချိန်ကိုယ့်ရဲ့ သတ်မှတ်ဥပဒေသအတိုင်းဘူကောင်တွေကို ရှောင်မယ်။တစ်မိနစ်ထက်ပို စိတ်ညစ်စေတဲ့အရာမခံစားဘူး။ လူအများစု ဘဝရပ်တည်ရေးအတွက်ငွေကြေးကို ဦးတည်တဲ့အချိန်ကိုယ့်အနေနဲ့ ဘဝမှာကိုယ်ဖန်တီးချင်တဲ့အတ္တနဲ့ ပရအကျိုးသယ်ပိုးဖို့ အဓိပ္ပာယ်ကို အာရုံစိုက်မယ်။ ဒါတွေက ဒီစာကိုဖတ်နေတဲ့သူနဲ့ လူအများစုနဲ့ ကွာခြားချက် ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာကြောင့်အလုပ်တွေလုပ်နေရတာလဲ?အကောင်းဆုံးကိုယ့်ကိုကိုယ်ဖန်တီးဖို့ ကိုယ့်မှာ တာဝန်ရှိသလိုသံသရာထဲမှာ တခြားသူတွေကိုအလင်းနဲ့ positive energy ပြန်ပေးဖို့ ကိုယ်က energy sourceဖြစ်နေဖို့ ကိုယ့်ကိုကိုယ် အိုလံပစ် အားကစားသမားများလို train နေဖို့လိုတယ်။

မင်္ဂလာနံနက်ခင်းပါ။ Read More »

သာမာန်ဆိုတာကတော့ အကောင်းဆုံးရဲ့ရန်သူဖြစ်ပါတယ်။

ကျွန်တော်အမြဲပြောသလို ဒီ Page ဟာလူတိုင်းအတွက် မဟုတ်သလိုနာမည်ကြီးဖို့ လုပ်ထားတာလဲမဟုတ်ဘူး။ ကိုယ့်လို တိုးတက်မှုကိုရူးသွပ်သူတွေ၊အမြဲမပြတ်တိုးတက်နေသူတွေ၊စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့လုပ်ငန်းကို ဦးဆောင်နေသူတွေအတွက်ရည်ရွယ်ပြီး တည်ဆောက်ခဲ့တာပါ။ သာမာန် လုပ်နေကျ၊ စဉ်းစားနေကျ၊အတွေးအခေါ်အတိုင်းသွားမည်ဆိုလဲဒါ ဘားမှ မမှားပါဘူး။ ဒါပေမယ့် သာမာန်ဆိုတာကတော့အကောင်းဆုံးရဲ့ ရန်သူဖြစ်တဲ့အတွက်သာမာန်အတွေးအခေါ်တွေ၊သာမာန်လုပ်နေပုံနဲ့ ပျော်နေရင်ဒီ Page ကို unfollow လုပ်ပေးပါ။ ဘူကောင်တွေမလိုချင်တဲ့အတွက်Complaints တွေ၊ Blaming တွေလုပ်ရပ်တွေ၊လူအချင်းချင်း လေးစားမှုမရှိသူတွေBan ပါတယ်။ Phyo Paing @ Derek

သာမာန်ဆိုတာကတော့ အကောင်းဆုံးရဲ့ရန်သူဖြစ်ပါတယ်။ Read More »

Power ရဲ့ အရသာကြောင့်လူတွေ
ပြောင်းလဲသွားကြတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ထောင်လောက်ကCalendar ကိုအသစ်ပြန်တီထွင်ခဲ့တဲ့Julius Caesar ဟာ ရောမရဲ့Consul ဖြစ်ဖို့အတွက်ကိုSenate ရဲ့ လက်ခံမှုရဖို့သူ့ရန်သူ Pompey ကိုသူ့သမီးဆက်သခဲ့တယ်။ အီဂျစ်မှာ Cleopatra ကလီယိုပက်ထရာကသူ့မောင်အရင်းဖြစ်တဲ့Ptolemy XIII နဲ့ လက်ထပ်ထားပြီးအီဂျစ်ကိုအုပ်ချုပ်တယ်။ Cleopatra ဟာ သူ့မောင် အရင်းဘုရင်Ptolemy XIII ကိုသတ်ခဲ့သလိုCaesar နဲ့ရတဲ့ ကလေး Caesarion မွေးတဲ့အခါPower ကို သားတော်ကိုပေးဖို့သူ့နောက်မောင်တစ်ယောက်ဖြစ်တဲ့Ptolemy XIV ကိုအဆိပ်ခပ်သတ်လုပ်ကြံခဲ့တယ်။ အီဂျစ်မှာ ၆ နှစ်ကြာပြီးCaesar ရောမပြန်ရောက်ချိန်မှာတိုင်းပြည်ကရစရာမရှိဖြစ်နေတယ်။တိုင်ပြည်ပြန်လည်ထူထောင်ချင်တယ်။ဒါကြောင့် ဆယ်နှစ်တာ အာဏာရှင်အဖြစ်ရှိနေဖို့Senate ရဲ့ ထောက်ခံမှုယူတယ်။​ ဆယ်နှစ်ပြည့်တော့ ထာဝရ ဘုရင်အဖြစ်ရှိနေဖို့Senate ရဲ့ထောက်ခံချက်ရယူရာမှာဓားဒဏ်ရာ ၂၃ ချက်နဲ့ Senate မှာလုပ်ကြံသတ်ဖြတ်ခံရတယ်။ Caesar သေဆုံးတဲ့နောက်ပိုင်းမှာCleopatra နဲ့ Caesar ရတဲ့ကလေးကတော့အီဂျစ်မှာ နှစ်ပတ်ပဲ နန်းတက်ရပြီး လုပ်ကြံခံရတယ်။(မြန်မာပြည်ရဲ့

Power ရဲ့ အရသာကြောင့်လူတွေ
ပြောင်းလဲသွားကြတယ်။
Read More »

လူတွေမမှတ်မိလောက်အောင်တိုးတတ်ရောက်ပြောင်းလဲဖို့နေ့စဉ်မဖြစ်မနေလုပ်မည့် list ထားပါ။

Non-negotiable set point တစ်ရက်စာတစ်အုပ်ပြီးအောင်ဖတ်ရမယ်။တစ်ရက် video တစ်ခု ဖန်တီးရမယ်။တစ်ရက် စာတစ်ပိုဒ်ရေးရမယ်။​တစ်ရက် pushups တစ်ရာလုပ်ရမယ်။မနက်တိုင်း ၁၅ မိနစ် တရားထိုင်ရမယ်။စိတ်ညစ်စရာတိုင်း ၁ မိနစ်ထက် ပိုမခံစားဘူး။နေ့တိုင်း ၁၅ မိနစ် အလုပ်အကြောင်း plan ရမယ်။Learning App နှစ်ခုအတွက် တစ်ရက်၃၅ မိနစ်အထက် အချိန်ပေးတယ်။ဒါတွေက ကိုယ့်ရဲ့ non-negotiable setpoint ပဲ။ ဒီနေ့ Vishen Lakhiani ရဲ့The Codes of Extraordinary Mind ကိုVideo လုပ်ဖို့ သူ့စာအုပ်ဖတ်နေရင်းကိုယ်နဲ့တူတဲ့ idea တစ်ခုတွေ့တယ်။ဒါကိုတော့ Vishen က non-negotiable setpointလို့ခေါ်တယ်။ ကျွန်တော်ကတော့Daily Feel-Good List လို့သုံးတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့တစ်ရက်တာအဓိပ္ပာယ်ရှိဖို့ အဲ့အချက်တွေက မရှိမဖြစ်လိုလို့။ Phyo

လူတွေမမှတ်မိလောက်အောင်တိုးတတ်ရောက်ပြောင်းလဲဖို့နေ့စဉ်မဖြစ်မနေလုပ်မည့် list ထားပါ။ Read More »

ဘဝမှာ လမ်းပြသူတွေက ဘဝလမ်းကြောင်းမှန်စေခဲ့တယ်။

Tony Buzan ကိုသိလို့ Accelerated learningကိုလုပ်ဖြစ်ခဲ့တယ်။Tony Robbins ကိုသိလို့ Personal developmentကို လုပ်ဖြစ်ခဲ့တယ်။Edward Debono ကိုသိခဲ့တဲ့အတွက်စဉ်းစားနည်းစနစ် lateral thinking ကိုနေ့စဉ်ဘဝမှာ ကျင့်သုံးဖြစ်လာခဲ့တယ်။ Eben Pagan ကိုသိလို့ Digital Product တွေတည်ဆောက်ရမယ်ဆိုပြီး လုပ်ဖြစ်ခဲ့တယ်။Seth Godin ကိုသိလို့ Marketing ကိုသေချာနားလည်လုပ်ဆောင်နိုင်ခဲ့တယ်။Tim Ferriss ကိုသိခဲ့လို့ Productivity ကိုအလေးပေးရမယ်နားလည်ခဲ့တယ်။ Peter Drucker ကိုသိခဲ့လို့ Management ကိုဘယ်လိုလုပ်ဆောင်ရမယ်နားလည်ခဲ့တယ်။Michael Porter စာအုပ်တွေဖတ်ပြီးStrategy တစ်ခု Competitive advantageဘယ်လို တည်ဆောက်ရမလဲ နားလည်ခဲ့တယ်။Robert Greene ကြောင့် လူ့အကြောင်းတွေသေချာနားလည်ခဲ့တယ်။ ဆရာတော် Thick Nhat Hanh ကိုသိခဲ့တဲ့အတွက်Buddhism ကိုလမ်းမှန်မြင်နိုင်ခဲ့ပြီးနေ့စဉ်ဘဝမှာ ပျော်ပျော်ရွင်ရွင်ဖြတ်သန်းနိုင်နေခဲ့တယ်။ List တွေချရေးရင်

ဘဝမှာ လမ်းပြသူတွေက ဘဝလမ်းကြောင်းမှန်စေခဲ့တယ်။ Read More »

ဘဝဆိုတာ ဂိမ်းတစ်ခုပဲ။

အခက်အခဲတွေ၊ ပြဿနာတွေ၊စိန်ခေါ်မှုတွေကြားကရှင်သန်မှု၊ တိုးတက်မှု၊ဝမ်းနည်း၊ ကြေကွဲ၊ကြည်နူး၊ ဂုဏ်ယူ၊ ပျော်ရွင်မှု၊တွေဖြစ်လာတယ်။ မွေးကတည်းက မပြီးနိုင်တဲ့စာမေးပွဲတွေ ဖြေနေရတယ်။အထက်တန်းစာမေးပွဲကိုမူလတန်းအတွေးအခေါ်နဲ့ဖြေလို့ မရသလိုဒီနေ့ကြုံတွေ့ရတဲ့ စိန်ခေါ်မှုကိုမနေ့က အတွေးအခေါ်နဲ့ လမ်းဟောင်းနဲ့ဖြေရှင်းလို့ ရချင်မှရလိမ့်မယ်။ လောကအမြင်ပြောင်းဖို့ခေါင်းထဲရှိတဲ့ ပုံပြင်တွေ ပြောင်းဖို့လိုတယ်။ ဘဝဆိုတာ ဒုက္ခဆိုတဲ့ အတွေးအခေါ်ကိုဘဝဆိုတာ ဂိမ်းတစ်ခုလို့သတ်မှတ်ထားတယ်။အလုပ်ဆိုတာ ငွေရှာဖို့ဆိုတာထက်အလုပ်ဆိုတာ ကိုယ့်ဘဝတိုးတက်ဖို့လို့သတ်မှတ်ထားတယ်။စီးပွားရေးဆိုတာ ငွေရှာဖို့လို့ သတ်မှတ်ထားကြပေမယ့်စီးပွားရေးဆိုတာ လူတွေကို ကူညီဖို့လို့သတ်မှတ်ထားတယ်။ ပြဿနာဆိုတဲ့ စကားလုံးကိုစိန်ခေါ်မှုလို့ ပြောင်းထားတယ်။ လိုချင်တဲ့အရာမရခဲ့ရင်ပိုကောင်းတာ ရလာလိမ့်မယ်လို့မျက်စိမှိတ်ယုံကြည်ထားတယ်။ တစ်ခုခု အဆိုးကြုံလာတိုင်းအရာရာပိုကောင်းဖို့ ဖြစ်လာတာပါလို့ယုံကြည်ပြီးသားဖြစ်တဲ့အတွက်လောကဓံကို ပိုပြီးခံနိုင်ရည်ရှိလာတယ်။ လူတွေအပေါ်မှာ မျှော်မှန်းချက်တွေထားပြီးသောကတွေများနေတဲ့ ဘဝအစားကိုယ့်ကိုကိုယ်အပေါ် မျှော်မှန်းချက်တွေထားပြီးအကောင်ထည်ဖော်ဖြစ်လာတယ်။ Phyo Paing @ Derek

ဘဝဆိုတာ ဂိမ်းတစ်ခုပဲ။ Read More »

Derek Philosophy

ဘူကောင်တွေကို ရှောင်။ အလုပ်ကို ပိုးစိုးပက်စက်လုပ်။ ဒူပေဒဏ်(ဒါ)ပေခံ။ လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် တုံးတိုက်တိုက်ကျားကိုက်ကိုက်လုပ်။ နေ့စဉ် ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အရာတစ်ခုလုပ်။ ကိုယ့်ကိုယ်ကို စိတ်ဆင်းရဲစေမည့်အရာ မလုပ်နဲ့။ ရှင်သန်မှုအတွက် ကျေးဇူးတင်စိတ်နဲ့နေပါ။ သာမာန်ဆိုတာ အကောင်းဆုံးရဲ့ရန်သူပဲ။ Phyo Paing @ Derek

Derek Philosophy Read More »

သက်လုံမကောင်းတဲ့
သင့်ပြိုင်ဖက်တွေက
ကျန်ခဲ့လိမ့်မယ်။

ဆယ်နှစ်၊ နှစ်နှစ်ဆယ်မှာ သက်လုံမကောင်းတဲ့ သင့်ပြိုင်ဖက်တွေကကျန်ခဲ့လိမ့်မယ်။တစ်နှစ်၊ နှစ်နှစ် မစဉ်းစားနဲ့ဆယ်နှစ်၊ နှစ်နှစ်ဆယ်အနည်းဆုံးစဉ်းစားထားဖို့လိုတယ်။ Phyo Paing @ Derek

သက်လုံမကောင်းတဲ့
သင့်ပြိုင်ဖက်တွေက
ကျန်ခဲ့လိမ့်မယ်။
Read More »