ကိုယ်အားသာတာကို ဖိလုပ်။
လူတွေကို အကြမ်းအားဖြင့်အားသာချက်လေးမျိုးနဲ့ကြည့်လို့ရတယ်။ ၁။ Strategy မဟာဗျူဟာလမ်းကြောင်းတွေ၊ ဖြစ်နိုင်ခြေတွေအများကြီးကို အပေါ်စီးကမြင်နိုင်တာ ၂။ Relationship ပေါင်းသင်းဆက်ဆံရေးကိုယ်နဲ့တွေ့တဲ့လူနဲ့ အလွယ်တကူချိတ်ဆက်နိုင်စွမ်း။ လူချစ်လူခင်ပေါများတာ ၃။ Influence လွမ်းမိုးနိုင်စွမ်းကိုယ့်ကို စင်ပေါ်တင်လိုက်တာနဲ့လူတွေရဲ့ အာရုံစိုက်မှုက ကိုယ့်ဆီရောက်လာတာ ၄။ Execution အကောင်အထည်ဖော်နိုင်စွမ်းဒါလုပ်မယ်လို့ဆိုဖြတ်ပြီးရင်မရရအောင် အကောင်အထည်ဖော်နိုင်စွမ်း မဟာဗျူဟာကောင်းတဲ့သူStrategist တွေက puzzle တွေဆက်သလိုအလုပ်တွေအများကြီးလုပ်တယ်။ဒီ အကွက်တွေက တချို့ကျရင်အကုန်စုစည်းသွားမယ်ဆိုပြီးစိတ်ရှည်ရှည်နဲ့ အကွက်ချ အလုပ်နဲ့ ဘဝကို တည်ဆောက်တယ်။ Relationship ကောင်းသူက ဘယ်သူနဲ့ ပေါင်းပြီး ဘာအလုပ်ကိုလုပ်မယ်ဆိုတာ စဥ်းစားထားတယ်။ရင်းနှီးမြုပ်နှံသူတွေရဲ့ငွေနဲ့ကိုယ့်ကိုအလုပ်လုပ်ပေးမည့်သူတွေကြားမှာintegration စုစည်းမှုကိုလုပ်ဆောင်ပေးတယ်။ Influencer က သာမာန်ကုန်ပစ္စည်းတစ်ခုကိုပေါက်ကွဲမှုအားကောင်းကောင်းနဲ့ လူတွေကို သိသွားအောင် သတင်းဖြန့်နိုင်စွမ်းရှိတယ်။သူ့ရဲ့အစွမ်းက message တစ်ခုကို လော်စပီကာနဲ့ အောင်သလို amplification လုပ်ဆောင်နိုင်စွမ်းပဲ။ Execution လုပ်တဲ့သူရဲ့အားသာချက်ကအအိပ်အစားနည်းပြီး သတ်မှတ်တာဝန်ကို မဖြစ်ဖြစ်အောင်လုပ်နိုင်တာ။အလုပ်အများကြီးကို […]
ကိုယ်အားသာတာကို ဖိလုပ်။ Read More »
