Personal Development

မရှာဘဲ လာအောင်လုပ်ပါ။

လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့ကဘဝရဲ့ ရည်မှန်းချက်။ မပြိုင်ဘဲ ကိုယ့်အထာနဲ့ကိုယ်နိုင်အောင်လုပ်ဖို့က ဘဝရဲ့ မဟာဗျူဟာ။ ကိုယ်မပါဘဲလည်ပတ်တဲ့လုပ်ငန်းတွေတည်ဆောက်ချင်တာဘဝရဲ့ ဝါသနာ။ အိပ်နေလဲငွေဝင်တဲ့လုပ်ငန်းတည်ဆောက်တာကဒီနေ့ခေတ်ရဲ့ နည်းပညာအရလုပ်ကိုလုပ်သင့်တဲ့ အခွင့်အလမ်း။ ရေရှည်တည်တံ့ဖို့ မရှာဘဲ လာအောင်လုပ်တဲ့အမှတ်တံဆိပ်တည်ဆောက်ခြင်းဆိုတာနေ့စဉ် ရင်းနှီးမြုပ်နှံမှု။ ပထမတစ်ခုအတွက်ကိုယ့်ကိုကိုယ် တိုးတက်ရေးPersonal Development လိုတယ်။ ဒုတိယတစ်ခုအတွက်အသက်မွေးပညာ ကျွမ်းကျင်မှုစဉ်းစားနိုင်စွမ်းProfessional ခံယူချက်လိုတယ်။ တတိယတစ်ခုအတွက်လုပ်ငန်းစီမံနိုင်တဲ့Business Development လိုတယ်။ ခေတ်အခါအရ နည်းပညာအသုံးချနိုင်ဖို့လိုတယ်။Creator တွေ၊ နည်းပညာ tech လိုတယ်။ လိပ်ပြာတွေ ဖမ်းတာထက်လိပ်ပြာတွေလာစေချင်ရင်ဥယျာဉ်ကြီးဖန်တီးတာကပိုယုတ္တိကျတယ်။ဒီလိုလုပ်ဖို့ မရှာဘဲ လာအောင်လုပ်ပါ။ Phyo Paing @ Derek

မရှာဘဲ လာအောင်လုပ်ပါ။ Read More »

ဘဝကို အပြောင်းအလဲဖြစ်စေတဲ့ အယူအဆ (၇)ခု

ဘဝကို အပြောင်းအလဲဖြစ်စေတဲ့ အယူအဆ (၇) ခု ကို မျှဝေချင်ပါတယ် အားတီ၊ အားမေတို့။ 1️⃣ နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေပါနဲ့။ Default ပေးထားတဲ့အတိုင်း မနေဘဲ၊ ကိုယ်ဖြစ်ချင်တဲ့ပုံစံအတွက် ဒီဇိုင်းချပါ။ 2️⃣ အနာဂတ်ပြဿနာတွေကို ကြိုတင်ဖြေရှင်းပါ။ Solution ရှိပြီးမှ ပြဿနာနဲ့တွေ့ရင် ဖြေရှင်းရတာ ပိုလွယ်ပါတယ်။ 3️⃣ ကိုယ်ဂုဏ်ယူတဲ့အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။ အလုပ်ကနေ့တိုင်းလုပ်လို့ရပေမယ့် အလုပ်ဖြစ်တဲ့အလုပ်ကတော့ အမြဲတမ်းလုပ်လို့မရပါဘူး။ 4️⃣ Power Law။ တစ်ဦးတစ်ယောက်အပေါ် လိုအပ်ချက် ပိုများနေရင် ဒုက္ခရောက်တတ်ပါတယ်။ လူတစ်ယောက်တည်းအပေါ် မှီခိုအားထားမှု မများစေပါနဲ့။ 5️⃣ ဘူးကောင်တွေကို ရှောင်ပါ။ ကျေးဇူးတင်စိတ်မရှိ၊ အမြဲကွန်ပလိန်းတက်၊ သူများကိုအပြစ်တင်၊ ကိုယ့်ဘဝကိုယ်မပြင်ချင်တဲ့သူတွေနဲ့ ဝေးဝေးနေပါ။ 6️⃣ ကိုယ့်ကိုယ်ကို ဆုလာဘ်လို့သတ်မှတ်ပါ။ ကောင်းတဲ့လူတွေနဲ့ပဲတွေ့ချင်ရင် ကိုယ်ကိုယ်တိုင်က အရင်ကောင်းအောင်လုပ်ပါ။

ဘဝကို အပြောင်းအလဲဖြစ်စေတဲ့ အယူအဆ (၇)ခု Read More »

လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့ အချက် ၁၂ ချက်

✅ Productivity – စွမ်းဆောင်ရည်မြှင့်တင်နည်း✅ အင်္ဂလိပ်စာ – အဆင့်ဆင့်လေ့လာနည်း✅ AI နည်းပညာ – အသုံးချနည်းများ✅ စာရေးခြင်း – Personal Branding တည်ဆောက်နည်း✅ Critical Thinking – ဝေဖန်ပိုင်းခြားစဉ်းစားနည်း✅ Creative Thinking – တီထွင်ဖန်တီးနည်း✅ Systems Thinking – စနစ်ကျစွာတွေးခေါ်နည်း✅ Systematic Inventive Thinking – စနစ်တကျတီထွင်နည်း✅ Marketing – ဈေးကွက်ရှာဖွေနည်း✅ Management – စီမံခန့်ခွဲမှုစွမ်းရည်မြှင့်တင်နည်း✅ Personal Finance – ငွေကြေးစီမံခန့်ခွဲနည်း✅ Financial Freedom – ငွေကြေးလွတ်လပ်မှုရရှိနည်း Phyo Paing @ Derek

လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့ အချက် ၁၂ ချက်
Read More »

ဒီနေ့ ကိုယ်ရချင်တဲ့ရလဒ်ကဘာဖြစ်မလဲ။

ဒီနေ့ ကိုယ်ရချင်တဲ့ရလဒ်ကဘာဖြစ်မလဲ။ဘဝကို ဖြစ်သလို ရှင်သန်လို့ရသလိုရည်ရွယ်ချက်နဲ့ ရှင်သန်လို့ရတယ်။ တစ်ရက်တာ မကုန်ခင်ရည်ရွယ်ချက်တစ်ခုထားနဲ့ ဒီနေ့ကို စတင်လို့ရတယ်။ Begin with the end in mind တဲ့။မလုပ်ခင် အဆုံးကို ကြိုစဥ်းစားတဲ့။စွမ်းဆောင်ရည်မြင့်သူတွေလုပ်တဲ့အမူအကျင့် ၇ ခု ထဲက ၁ တစ်ခုပဲ။ နေသလို ဖြစ်တဲ့ဘဝမှာ ဖြစ်သလိုနေတာ ဘဝရဲ့ အကောင်းဆုံးရှင်သန်မှုတစ်ခုမဟုတ်ဘူး။ Phyo Paing @ Derek

ဒီနေ့ ကိုယ်ရချင်တဲ့ရလဒ်ကဘာဖြစ်မလဲ။ Read More »

တိုးတက် ဆိုတာ

တိုးတက် ဆိုတာ “တိုး” “များလာခြင်း၊ ပိုများလာခြင်း” ဖြစ်ပြီး“တက်” ရဲ့အဓိပ္ပါယ်က “အထက်သို့ရွှေ့လျားခြင်း၊ မြင့်တက်လာခြင်း”ဖြစ်ပါတယ်။ အထက်ကိုမြင့်တက်နေမှာ တိုးပွားမည့် အဓိပ္ပာယ်ဖြစ်ပါတယ်။ တိုးတက်ဖို့အတွက် စိန်ခေါ်မှု challenge လိုတယ်။ကျွမ်းကျင်မှု skill set အသစ်လိုတယ်။တွေးခေါ်မှု အသိပညာ knowledge အသစ်လိုတယ်။လူသစ်တွေနဲ့တွေ့ဖို့ network လိုတယ်။ အိုင်ဒီယာအသစ် new idea လိုတယ်။ ကမ္ဘာကြီးကို မတူညီတဲ့ရှုထောင့်ကကြည့်ဖို့ new perspective လိုတယ်။ ဒါကြောင့် သက်သောင့်သက်သာဖြစ်တဲ့ပတ်ဝန်းကျင်မှာနေဖို့ထက် သက်သောင့်သက်သာလဲဖြစ်သလိုလိုမဖြစ်သလိုလို ဖြစ်တဲ့ ပတ်ဝန်းကျင်လိုတယ်။ ဒါက တိုးတက်နေတဲ့သဘောပဲ။ လုပ်နေကျ အလုပ်တွေလုပ်၊ပြောနေကျ အိုင်ဒီယာဟောင်းတွေထပ်ပြော၊တွေ့နေကျလူတွေနဲ့ ထပ်တွေ့၊နေနေကျနေရာမှာ ထပ်နေ။ ဒါက တိုးတက်မှုအတွက် အကောင်းဆုံး ဖြစ်ဖို့မလွယ်ဘူး။ ဘဝမှာ 100 က စပြီး လျော့သွားတာထက်0 က

တိုးတက် ဆိုတာ Read More »

မသိရင် မရှိဘူးလို့ထင်လိမ့်မယ်။

လူတိုင်းမှာ ငုပ်လျှိုးနေတဲ့အစွမ်းအစတွေရှိတယ်။ ဒါကို မသိရင် မရှိဘူးလို့ထင်လိမ့်မယ်။ ဘဝမှာ ကိုယ့်အတွက် အရေးအကြီးဆုံးကို“တန်ဖိုးထားမှု value” လို့ခေါ်တယ်။ ကိုယ့်တန်ဖိုးထားမှုက ကိုယ့်ရဲ့ ဓူဝံကြယ်ပဲ။ကိုယ်ဘဝကို ဘယ်လိုနေရမလဲဆိုတာ လမ်းညွှန်ပေးတဲ့တယ်။ ကျွန်တော့်အတွက်ဆို ၁။ တိုးတက်မှု Progress၂။ လွတ်လပ်မှု Freedom၃။ ရင်ခုန်မှု Excitement ဒီသုံးခု က မရှိမဖြစ်အရေးကြီးတယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ အားသာချက်“စူပါပါဝါကို သိဖို့လိုတယ်။” လူတစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ တချို့က အလုပ်ဖြစ်နေပြီးသားကို ထပ်ခါထပ်ခါလုပ်သွားချင်တယ်။ (Consistency)တချို့က အလုပ်ဖြစ်တာကိုသိရင်နောက်တစ်ခုအသစ်ကို လေ့လာချင်တယ်။ (Learner) မလုပ်ခင် အချိန်တွေအကြာကြီးစဥ်းစားအန္တရာယ်တွေတွက်ချက် ရှောင်ရှားပြီးမှဖြေးဖြေးချင်းလုပ်တဲ့သူရှိတယ်။ (Deliberate)တချို့က စဥ်းစား၊ အန္တရာယ်တွေကိုနားလည်တယ်။ရအောင်လုပ်ဖို့ အန္တရာယ်တွေကို ရင်ဆိုင်တဲ့သူရှိတယ်။ (Achiever) တချို့က ပျက်နေတာကို ပြင်ချင်တယ်။ (Fixer)တချို့က ရှိနေပြီးသားကို ပိုကောင်းအောင်လုပ်ချင်တယ်။ (Maximizer)

မသိရင် မရှိဘူးလို့ထင်လိမ့်မယ်။ Read More »

ငုပ်လျှိုးနေတဲ့အစွမ်းအစတွေထွက်ချင်ရင်

ငုပ်လျှိုးနေတဲ့အစွမ်းအစတွေထွက်ချင်ရင်ကမ္ဘာကျော်စာအုပ်ဖြစ်တဲ့Adam Grant ရဲ့Hidden Potential စာအုပ်ကိုပြန်လည်ရှင်းပြပေးထားပါတယ်။See you there. Phyo Paing @ Derek

ငုပ်လျှိုးနေတဲ့အစွမ်းအစတွေထွက်ချင်ရင် Read More »

တိုးတက်ရေး အဆောင်
“စ ၇ လုံး”

တိုးတက်ရေး အဆောင် “စ ၇ လုံး” ၁။ စိတ်ဓာတ် (Growth Mindset ပျိုးထောင်ခြင်း) ❌ရှောင်ရန်: “ငါမလုပ်တတ်ဘူး” ဆိုတဲ့ fixed mindsetကိုယ့်ရဲ့အားနည်းချက်တွေကို ဆင်ခြေပေးခြင်းအရှုံးပေးလွယ်တဲ့ စိတ်ဓာတ် ✅လုပ်ဆောင်ရန်: “ယခုမတတ်သေးသော်လည်း လေ့လာနိုင်တယ်” ခံယူချက်စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ် ရှုမြင်ခြင်းမှားယွင်းမှုများမှ သင်ခန်းစာယူခြင်းတစ်နေ့ထက်တစ်နေ့ တိုးတက်အောင် ကြိုးစားခြင်း ၂။ စဉ်းစား (ပြဿနာဖြေရှင်းခြင်းကို ဦးစားပေးသော တွေးခေါ်မှု)ရှောင်ရန်: ❌ပြဿနာတွေ့လျှင် ညည်းတွားခြင်းအပြစ်တင်ရှာဖွေခြင်းမဖြစ်နိုင်ကြောင်း အကြောင်းပြချက်ရှာခြင်း ✅လုပ်ဆောင်ရန်: ပြဿနာကို သေချာခွဲခြမ်းစိတ်ဖြာခြင်းဖြစ်နိုင်ချေရှိသော ဖြေရှင်းနည်းများ စုဆောင်းခြင်းအကောင်းဆုံးနည်းလမ်းရွေးချယ်ခြင်းလက်တွေ့စမ်းသပ်ခြင်းနှင့် ရလဒ်များကို လေ့လာခြင်း ၃။ စုစည်း (ကြိုတင်စီမံခန့်ခွဲခြင်း) ❌ရှောင်ရန်: ရောက်မှပြေးလုပ်သော အလုပ်ပုံစံစနစ်တကျ မသိမ်းဆည်းခြင်းအရေးကြီး/မကြီး မခွဲခြားခြင်း ✅လုပ်ဆောင်ရန်: ကြိုတင်အစီအစဉ်ရေးဆွဲခြင်းဦးစားပေးအဆင့်သတ်မှတ်ခြင်းအချိန်ကို စနစ်တကျ စီမံခန့်ခွဲခြင်းလုပ်ငန်းများကို ခွဲခြမ်းစိတ်ဖြာ၍ အပိုင်းလိုက်စီစဉ်ခြင်း

တိုးတက်ရေး အဆောင်
“စ ၇ လုံး”
Read More »

လူတိုင်းနဲ့ ကိုယ်နဲ့ သွားတဲ့လမ်းမတူလဲ
မပြိုင်လဲ နိုင်နိုင်တယ်ဆိုတာ သိဖို့။

အသက် ၁၀၀ မနေရလဲအမှု ၁၀၀ ကြုံရမှာပဲ နှလုံးသွင်းပြီးပြဿနာအဖြေရှာတတ်မှု၊ ဒီလိုအဖြေရှာဖို့ ပညာကိုတန်ဖိုးထားဖို့။ စိတ်ရှည်ဖို့၊ ကိုယ့်ဘဝ ကိုယ်နဲ့ဆိုင်တာ သိဖို့၊ လူတိုင်းနဲ့ ကိုယ်နဲ့ သွားတဲ့လမ်းမတူလဲမပြိုင်လဲ နိုင်နိုင်တယ်ဆိုတာ သိဖို့။ အချိန်ဆိုတာ လူတစ်ယောက်ရဲ့အရေးအကြီးဆုံး အင်နာဂျီယူနစ်ဖြစ်တဲ့အကြောင်း၊ဒူပေဒါပေခံမှု၊ လဲကျပြန်ထ ဒါဘဝဆိုတဲ့ အကြောင်းကိုယ့်ကိုယ်ကိုယ် အမြဲပြောပြီးအားယူခဲ့တယ်။ Phyo Paing @ Derek

လူတိုင်းနဲ့ ကိုယ်နဲ့ သွားတဲ့လမ်းမတူလဲ
မပြိုင်လဲ နိုင်နိုင်တယ်ဆိုတာ သိဖို့။
Read More »

တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့သူက

နယ်ပယ်တစ်ခုမှာ ထူးချွန်ပြီးတစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့သူကသူ့ရဲ့နတ်ဆိုးကို ကိုင်တွယ်တတ်လို့။ Phyo Paing @ Derek

တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့သူက Read More »