ဘဝဆိုတာ ဒုက္ခ?
ဘဝမှာ ဒုက္ခဆိုတာ “အမှန်တကယ်” ရှိတယ်။ဒီ “အမှန်တကယ်” ဆိုတဲ့ စကားလုံးကအရေးတော်တော် ကြီးတယ်။ဒီစကားမပါခဲ့လို့ ငယ်ဘဝအချိန်တချို့တိုင်ပတ်ပြီး အေးချမ်းမှုရှာမရဖြစ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကဘာသာတရားကိုင်းရှိုင်းတဲ့အမေ့လက်အောက်ကကြီးပြင်းပြီး ဘဝရဲ့အယူအဆကိုဘာသာတရားက အများကြီးလွမ်းမိုးခဲ့တယ်။တရားဟာ ဟောသူပေါ်မူတည်ပြီး စကားလုံးကျန်ခဲ့ရင်ကျန်ခဲ့သလို ပြဿနာဖြစ်သွားနိုင်တယ်လို့မြင်တယ်။ ကျွန်တော်တို့ culture မှာဘဝဆိုတာ ဒုက္ခလို့အလွယ်တကူပြောကြတယ်။ဒီ generalization က ကျွန်တော်ဘဝကိုမြင်တဲ့လောကမျက်မှန်အပေါ်အများကြီးသက်ရောက်မှုရှိတယ်။ သိဒ္ဓတ္ထမင်းသားကိုစင်္ကြာဝတေးမင်းဖြစ်ရင်ဖြစ် မဖြစ်ရင်ဥာဏ်ပညာအလင်းရတဲ့ ဗုဒ္ဓဖြစ်မယ်လို့ဟောတဲ့အခါ ခမည်းတော်သုဒ္ဓေါဒနမင်းကြီး အခြေအရံတွေနဲ့လုမ္ဗိနီ၊ သက္ကတိုင်းအမြဲပျော်နေအောင် ထားတယ်။ ၂၉ နှစ်ရောက်မှ နန်းတော်အပြင်ထွက်လည်ပတ်ရာမှာလူအို၊ လူနာ၊ လူသေ၊ ရဟန်းနမိတ်ကြီးလေးပါး ကိုမြင်ခဲ့တယ်။ဒီမှာ ဒုက္ခဆိုတာ “အမှန်တကယ်” ရှိတယ်လို့သိမြင်လာခဲ့တယ်။ပထမသုံးခုက ဒုက္ခဖြစ်ပြီးသစ္စာလေးပါးမှာဒုက္ခသစ္စာရဲ့အခြေခံဖြစ်တယ်။ ဗုဒ္ဓဘာသာရဲ့ အခြေခံက သစ္စာလေးပါးနဲ့မဂ္ဂင်ရှစ်ပါးဖြစ်တယ်ဆိုမမှားဘူး။သစ္စာလေးပါးမှာ ဒုက္ခသစ္စာရဲ့အဓိပ္ပာယ်ကဒုက္ခဟူသော ဆင်းရဲခြင်းတရားသည်“အမှန်တကယ်” ရှိသည်ပဲဖြစ်တယ်။ ဒီအမှန်တကယ်ကျန်ခဲ့တော့ဘဝဆိုတာ 100% ဒုက္ခလို့မြင်ပြီးအမှောင်တွေကြားမှာပဲစိတ်ညစ်စရာတွေပဲလို့အရာရာကို ချုံကြည့်စဉ်းစားလာရာကစာတွေဖတ်လေ့လာကြည့်တယ်။ တစ်ချိန်ကျတော့ 22 Jan […]
