နေ့စဥ်တိုင်းက စုဗူးပဲ
တစ်ရက်တစ်ရက်ကိုစုဗူးတစ်ခုလိုပဲ စဥ်းစားကြည့်တယ်။ကိုယ်ထိန်းချုပ်နိုင်တဲ့အရာကတစ်ခုပဲရှိတယ်။ကိုယ့်ရဲ့ မိနစ်၊ စက္ကန့်တိုင်းကိုဘယ်လို အသုံးချမလဲ။ စိတ်ညစ်စရာတွေကို တွေးပူပြီးဒီအတိုင်း နေမလား။ကိုယ့်အတွက် အကျိုးမရှိတဲ့အတွေးအခေါ်တွေကိုဖယ်ပြီးကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊တိုးတက်ရေး၊ ကိုယ့်သမိုင်းပေးတာဝန်၊မိသားစုအရေးနဲ့ ဘဝအရေးအတွက်မိနစ်၊ စက္ကန့်တိုင်းကို အကောင်းဆုံးအသုံးချ မလား။ဒုတိယတစ်ခုပဲ လုပ်ဖို့အမြဲစဥ်းစားတယ်။ နေ့စဥ်တိုင်းက စုဗူးပဲ။လောကီမှာ ခပ်ကြီးကြီးကျယ်ကျယ်ပြောရရင်လောကုတ္တရာမှာ ပါသွားဖို့နေ့စဥ်က စုဗူးပဲ။ Phyo Paing @ Derek
