advice

ပုံသွင်းမခံနဲ့။

လူတွေကို ပုံသွင်းဖို့ ပုံစံခွက်လိုတယ်။ ကျောင်း၊ အလုပ်၊ အသိုင်းအဝိုင်း၊ ယဥ်ကျေးမှုနဲ့ ထုံးတမ်းစဥ်လာ၊အယူအဆ၊ ယုံကြည်မှုပုံစံခွက်မကြိုက်ရင်ပုံသွင်းမခံနဲ့။ ပုံစံခွက်ထဲက တွေးနည်း၊ ပုံစံခွက်ထဲက ယုံကြည်မှု၊ ပုံစံခွက်ထဲက မေးခွန်း၊ ပုံစံခွက်ထဲက ကြံစည်ပုံ၊ပုံစံခွက်ထဲက လုပ်ဆောင်ပုံ။ ပုံစံခွက်ထဲက ပုံသွင်းခံရတဲ့အိုးပုတ် ချိုးရုပ် လေးဖြစ်မှာ မလိုလားတဲ့သူတွေ အနေနဲ့ကိုယ်မကြိုက်တဲ့ အတွေး၊ ကိုယ်အထင်မကြီးတဲ့ ယုံကြည်မှု၊ကိုယ့်ကိုရင်ခုန်စေတဲ့ ဘဝနေထိုင်မှုတွေနဲ့ပုံသွင်းမခံနဲ့။ Phyo Paing @ Derek

ပုံသွင်းမခံနဲ့။ Read More »

တခုခုလုပ်မယ်ကြံရင်Plan ပဲ မလုပ်နဲ့။Schedule လုပ်

တခုခုလုပ်မယ်ကြံရင်Plan ပဲ မလုပ်နဲ့။Schedule လုပ်။ဒါက အမူအကျင့်ပြုပြင်ရေးမှာအရေးကြီးတဲ့အချက်ဖြစ်ပြီးစွမ်းဆောင်ရည်မြင့်သူတိုင်းသုံးကြတဲ့နည်းဖြစ်တယ်။ Plan က ငါဒါလုပ်မယ်လို့စီမံကိန်းချတာ။Schedule က ဘယ်နေ့ဘယ်အချိန်မှာ၊ ဘယ်လိုတဆင့်ချင်းလုပ်မယ်ကိုအစီအစဉ်ဆွဲတာ။ အားကစားလုပ်မှာလား၊စာဖတ်မှာလား၊ကျန်းမာတဲ့အစားအစာစားမှာလား၊Content တွေ စလုပ်မှာလား၊လုပ်ငန်းစနစ်ချမှာလားPlan မလုပ်နဲ့ Schedule လုပ်။ Phyo Paing @ Derek

တခုခုလုပ်မယ်ကြံရင်Plan ပဲ မလုပ်နဲ့။Schedule လုပ် Read More »

ချန်၊ ပွား၊ စု၊ သုံး

ချန်၊ ပွား၊ စု၊ သုံး ငွေဘယ်လောက်ဝင်ဝင်၁၀% ကို တော့ အနည်းဆုံးချန်။ ပွားနိုင်တဲ့ နည်းလမ်းရှာ။ ကိုယ်တိုင် ကျွမ်းကျင်မှုအတွက်ငွေသုံးတာဖြစ်ရင်ဖြစ်မယ်။ သူငယ်ချင်းမိတ်ဆွေတွေနဲ့ပွားဖို့ လုပ်တာ ဖြစ်ရင်ဖြစ်မယ်။ သာရေး၊ နာရေး၊ ကျန်မာရေးအတွက်အရေးပေါ်အတွက် ငွေစု။ ကိုယ့်ရဲ့ လစဥ် အသုံးစရိတ်ကဖြစ်နိုင်ရင် ပွားတဲ့ငွေနဲ့ ရပ်တည်နိုင်တဲ့အထိလုပ်။ တချို့က ဒါကို ငွေကြေးလွတ်မြောက်မှုလို့ခေါ်တယ်။ အမှန်တော့ အဲ့လိုမဟုတ်ပါဘူး။ လူဆိုတာ ငွေဝင်လေ ပိုသုံးချင်လေ။ အဆင်ပြေနေရင် တစ်သက်လုံး အဆင်ပြေမယ်ထင်ပြီးအသေသုံးတတ်ကြတယ်။ အဆင်မပြေရင်လဲတစ်သက်လုံး မွဲနေမယ်ထင်တတ်ကြတယ်။ ငွေကြေး စိတ်ပညာက စိတ်ဝင်စားဖို့ကောင်းတယ်။ Personal Finance အတွက်Dana Daily ကို လုပ်ထားတယ်။ မတင်ဖြစ်တာတောင်ကြာပြီ။ Phyo Paing @ Derek

ချန်၊ ပွား၊ စု၊ သုံး Read More »

နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့။

ပင်ပန်းပြီး အလုပ်မဖြစ်ဖြစ်နေပြီလား။ ဒါလေး သိသွားရင် အကြံတစ်ခုရသွားလိမ့်မယ်။ ပင်ပင်ပန်းပန်းအားမထုတ်ပဲအလုပ်တွေ ပြီးအောင်လုပ်လို့ရတယ်။ဒါကို effortless productivity လို့ခေါ်ပြီးဒီလိုရအောင်လုပ်တကို Flow လို့ခေါ်တယ်။ Flow ဆိုတာ အထာကျတဲ့ဘဝကိုခေါ်တာ။ အထာကျဖို့ အလုပ်၊ ဘဝ၊ အချစ်၊ကျန်းမာရေး၊ ဝမ်းစာရေး၊ ဝမ်းသာရေး၊ သဟဇာတဖြစ်ဖို့လိုတယ်။ ၁။ Reborn ဒီလို သဟဇာတမဖြစ်ခင်အသစ်ပြန်လည်မွေးဖွားဖို့ သန္ဓေတည်တဲ့ Incubation အဆင့်ရှိတယ်။ ကိုယ်မချစ်တဲ့အလုပ်ကို ရှောင်လွဲလို့မရ လုပ်နေတဲ့အချိန်။ အဆင်မပြေတဲ့ အချစ်ရေး relationship မှာဘာမှ လုပ်မရ ပိတ်မိနေတဲ့အချိန်။ ဆပ်စရာအကြွေးတွေနဲ့ ပိတ်မိနေတဲ့အချိန်။ ခန္ဓာကိုယ်က ဝိတ်တွေအရမ်းတက်ပြီးကိုယ့်ကျန်းမာရေးကို စိတ်တိုင်းမကျတဲ့အချိန်။ပျော်ရာမှာ မနေရ တော်ရမှာနေနေရတဲ့အချိန်။ လုပ်ချင်တာတစ်မျိုး လုပ်နေရတာတစ်မျိုး ဖြစ်နေတဲ့အချိန်။ ဒီလို အချိန်က ကိုယ်ပြန်လည်မွေးဖွားဖို့reborn လုပ်ဖို့ သန္ဓေတည်တဲ့အချိန်ဖြစ်ပါတယ်။ ပြန်လည်မွေးဖွားဖို့ အချက်လေးချက်ကို

နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့။
Read More »

အမှိုက်ပစ်မခံနဲ့။

အမှိုက်ပစ်မခံနဲ့။ ဘဝမှာ လူတွေရဲ့ ဘဝအပေါ်ဒေါသတွေ၊ သောကတွေ၊ လောဘတွေကအမှိုက်အဖြစ်ပြောင်းပြီးစကားလုံးတွေအနေနဲ့ပြောင်းပြီးကိုယ့်အပေါ် လာလာပစ်တတ်ကြတယ်။ တချို့လူတွေက မေတ္တာတရားကြီးမားတော့အမှိုက်တွေကို မေတ္တာရေနဲ့ဆေးတယ်။ တချို့ကျတော့ သနားငဲ့ငြာပြီး ဂရုဏာရေနဲ့ဆေးတယ်။ တချို့ကျတော့ ဥပက္ခာရေနဲ့ဆေးတယ်။ တချို့ကျတော့ ဘာရေနဲ့ ဆေးဆေးခဏခဏ လာပစ်တော့မှတ်လောက်သားလောက်အောင်အကြောက်တရားရေနဲ့ ဆေးပေးမှရတယ်။ 😀 ဒါကြောင့် ကိုယ်က သူတော်ကောင်းမဟုတ်ရင်၊ဘူတော်အပေါင်းကို အမှိုက်ခဏခဏ လာအပစ်မခံပါနဲ့။ ရေနဲ့ မဆေးတတ်ရင် အမှိုက်ပုံကြီးဖြစ်နေတတ်တယ်အားတီ အားမေတို့။ Phyo Paing @ Derek

အမှိုက်ပစ်မခံနဲ့။ Read More »

အကြံပြုတာနဲ့ အကြံပေးတာမတူဘူး။

အကြံပေးတယ်ဆိုတာ တောင်းမှ ပေးရတယ်။ အကြံပြုတယ်ဆိုတာ အခြေအနေတစ်ခုကို ပိုကောင်းစေချင်တဲ့ စိတ်နဲ့ အကြံပြုတာ။ လုပ်တာ မလုပ်တာ သူ့တာဝန်။ မြန်မာနဲ့ တရုတ် လူကြီး အများစုနဲ့ တချို့ ပညာတတ်တချို့တောင်လုပ်တတ်တဲ့ အရာတစ်ခုက ကိုယ်သေချာမသိတဲ့ အရာတစ်ခုကိုအခြေအနေကို သေချာမသိပဲ အကြံပြုတတ်တာ။ တခါတလေကလဲ အကြံပြုတာကို ဝေဖန်တဲ့ ပုံစံဖြစ်သွားတတ်ကြတယ်။ ဒီတော့ ပါဆန်နယ်ပိုင်းအကြံပြုတဲ့အခါ ဒီမေးခွန်းတွေနဲ့ ပြန်မေးပြီး အကြံပြုချင်တဲ့သူကို အကောင်းဆုံးကူညီပေးလို့ရတယ်။ ၁။ ဝေဖန် အကြံပြုချင်တဲ့ အရာ။What’s your suggestion? ၂။ အခုအကြံပြုမည့်သူရဲ့ အခြေအနေနဲ့ နောက်ခံသမိုင်းကို ကိုယ်ဘယ်လောက်သိထားသလဲ။How well do you know the situation or background of the person or

အကြံပြုတာနဲ့ အကြံပေးတာမတူဘူး။ Read More »

လုပ်ရင်းစောင့်

လုပ်ရင်းစောင့် ဒီနေ့လုပ်နေတဲ့အလုပ်တွေကဒီနေ့အတွက်မဟုတ်ဘူး။ ဒီနေ့လုပ်နေတဲ့အလုပ်တွေက အနာဂတ်အတွက်။အနာဂတ်အတွက် ထိုင်စောင့်နေတာအကောင်းဆုံးနည်းလမ်းမဟုတ်ဘူး။အလုပ်တွေ လုပ်၊ကြိုတင်ပြင်ဆင်ရင်း၊ဒီနေ့ရဲ့ အနှစ်သာရကိုလဲ ခံစား၊အလုပ်တွေလုပ်ရင်း ကိုယ်ရဲ့ အနာဂတ်အမြင်ထဲကဘဝကိုတည်ဆောက်။လုပ်ရင်းစောင့်။ Phyo Paing @ Derek

လုပ်ရင်းစောင့် Read More »

ဆရာအတင်မှားရင်

ဆရာအတင်မှားရင်ဘဝပျက်သွားနိုင်တယ်။Aṅgulimāla (အင်္ဂုလိမာလ) ကိုပဲကြည့်။ ဒါကြောင့် တစ်ခုခုလေ့လာတော့မယ်ဆိုမလေ့လာခင် selection သေချာလုပ်တယ်။ မားကတ်တင်း၊ မဟာဗျူဟာပိုင်း၊စွမ်းဆောင်ရည်တိုးတက်မှုအပိုင်း၊ဖလော်ဆော်ဖီအပိုင်း၊စွန့်ဦးတီထွင်မှုအပိုင်း၊စီမံခန့်ခွဲမှုအပိုင်း၊ဘဝနေထိုင်ရေးအပိုင်း၊ဘာသာရေးအပိုင်း။ ဆရာအတင်မှားရင်ဘဝ၊ လုပ်ငန်း၊ နိုင်ငံပါပျက်သွားနိုင်တယ်လို့ထင်မိတယ်။ Phyo Paing @ Derek

ဆရာအတင်မှားရင် Read More »

လူငယ်ဆိုရင် Laptop နဲ့
အသက်မွေးတဲ့ အလုပ်လုပ်ပါ။

ဒါက ဘယ်နေရာသွားသွားအသက်မွေးဝမ်းကြောင်းပြုလို့ရတယ်။ အရမ်း ရိုးရှင်းပေမယ့် ထိရောက်ပါတယ်။ Laptop တစ်လုံးရှိရင်ဒီဇိုင်း၊ ဗီဒီယိုတီးဖြတ်၊ ကွန်ပြူတာ ပရိုဂရမ်ကစလို့၊ဒီဂျစ်တယ်မားကတ်တင်း၊ အသက်မွေးဝမ်းကြောင်းပြုလို့ရတဲ့အရာအများကြီးပဲ။ အရေးကြီးတာ ကိုယ်အသုံးပြုတဲ့tool proficiency နဲ့၊ ကိုယ့်ရဲ့ ကျွမ်းကျင်မှုက စျေးကွက် ပြဿနာကိုဖြေရှင်းပေးဖို့လိုတယ်။ Laptop Lifestyle ဆိုတာ အဝတ်တစ်ထည်၊ အိမ်တစ်လုံးနဲ့ ကြိုက်တဲ့နေရာနေ အလုပ်လုပ်လို့ရတဲ့ဘဝမျိုး။ Digital Nomads တွေကCovid-19 နောက်ပိုင်းမှာ remote work တွေ Nomads lifestyle တွေပိုခေတ်စားလာတယ်။ အသုံးလုံးဖြစ်တဲ့ အင်္ဂလိပ်၊ အိုင်တီနဲ့ အခုဆို အေအိုင်အသုံးပြုနိုင်ဖို့ အရေးကြီးသထက်အရေးကြီးလာတယ်။ ရိုးရှင်း၊ အခြေခံကျပြီး အလုပ်ဖြစ်တာကိုစဥ်းစားကြည့်ပါ။ Phyo Paing @ Derek

လူငယ်ဆိုရင် Laptop နဲ့
အသက်မွေးတဲ့ အလုပ်လုပ်ပါ။
Read More »