advice

ကြိုးစားရုံနဲ့ မအောင်မြင်ဘူး။
အချိန်ကောင်းနဲ့ ကြုံမှ။

ကြိုးစားရုံနဲ့ မအောင်မြင်ဘူး။ အချိန်ကောင်းနဲ့ ကြုံမှ။ ဒီအချိန်ကောင်းနဲ့ကြုံအောင်ကြိုတင်ကြိုးစားထားကြတာ။ ကိုယ်ကြိုတင်ကြိုးစားပြီးစောင့်နေတဲ့ အချိန်ကောင်းကဘာများဖြစ်မလဲ။ Phyo Paing @ Derek

ကြိုးစားရုံနဲ့ မအောင်မြင်ဘူး။
အချိန်ကောင်းနဲ့ ကြုံမှ။
Read More »

သင်ခန်းစာယူပါ။

ကျွန်တော် နောင်တတွေရဖူးတယ်။ လူတွေက အမှားတွေ ထပ်ခါ ထပ်ခါ ထပ်လုပ်တတ်ကြတယ်။ အမှားတွေက သင်ခန်းစာယူဖို့ ကိုယ်လုပ်ခဲ့တဲ့အမှားတွေကို ပြန်လည်သုံးသပ်ဖို့လိုတယ်။ တချို့က လုပ်ခဲ့တဲ့ လုပ်ရပ်၊ ဒါမှမဟုတ် မလုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့် နောင်တ တွေ ရတတ်ကြတယ်။ ဘဝနဲ့ သက်ဆိုင်တဲ့ ဆိုင်တဲ့ ကိုယ်ရှောင်ရှားချင်တဲ့ စိတ်ခံစားမှုတွေထဲမှာ နောင်တ regret ပါရင် ကိုယ့်ကို နောင်တရစေတဲ့ အချက်တွေကို ချရေးကြည့်ပါ။ အလုပ်သေချာ မလုပ်ခဲ့တဲ့ အချိန်တိုင်း နောင်တရတတ်တယ်။ အာရုံထွေပြားဝေဝါးပြီး မရာမထင်တဲ့အလုပ်တွေ လုပ်နေမိရင်နောင်တရတတ်တယ်။ ဒီနေ့အတွက် အနာဂတ်အတွက် ဝင်ငွေ မရမည့်အလုပ်တွေ လုပ်မိရင် နောင်တရတတ်တယ်။ ဒီနေ့လုပ်နေတဲ့ အလုပ်က အနာဂတ်မှာ ရွေးချယ်စရာတွေကို ပိုမများစေခဲ့ရင် နောင်တရစေတတ်တယ်။ လူတစ်ယောက်အပေါ် မျှော်လင့်ချက်တွေထားပြီး မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ

သင်ခန်းစာယူပါ။ Read More »

စာရေးပါ။

မျက်မှန်မှာ ရေငွေ့တွေရှိနေရင်ရှေ့ကို ကောင်းကောင်းမမြင်ဘူး။ကောင်းကောင်းမြင်ဖို့အတွက်ရေငွေ့တွေကို ဖယ်ရတယ်။ စာရေးတာကလဲ ပုံစံတူတူပဲ။အတွေးရှင်းဖို့ ရေးရတယ်။ တခါတလေ အတွေးရှင်းမှ အရေးရှင်းသလိုတခါတလေ ရေးရင်းနဲ့ အတွေးရှင်းသွားတယ်။ ဒီနေ့ဖတ်နေတဲ့ စာအုပ်ကWriting to learn တဲ့။ရေးထားတာတော့ တော်တော်ကြာပြီ။New York Herald Tribune မှာစာရေးဆရာနဲ့ အယ်ဒီတာလုပ်ခဲ့ပြီးYale တက္ကသိုလ်မှာလဲYale Alumni Magazine ရဲ့အယ်ဒီတာအနေနဲ့ လုပ်ခဲ့တဲ့William Zinsser ရဲ့ စာအုပ်ဖြစ်ပါတယ်။1988 မှာ ထုတ်ခဲ့ပြီးဒီနေ့ထိ အရမ်းအသုံးဝင်နေသေးတယ်။ စာရေးလို့ပြောလိုက်တဲ့အခါreport ရေးရတော့မယ်ဆိုရင်အရမ်းကြောက်တတ်ကြတယ်။မားကတ်တင်း report ရေးတာပဲဖြစ်ဖြစ်၊ကျောင်းမှာ essay ရေးတာပဲဖြစ်ဖြစ်။ အမှန်တော့ စာရေးတယ်ဆိုတာစာရေးဆရာတွေနဲ့ပဲ ဆိုင်တာမဟုတ်ပါဘူး။လူတိုင်းကိုယ့်ရဲ့အတွေးအခေါ်ကိုဖော်ပြနိုင်စွမ်းရှိတယ်။ဒီ expression လုပ်နိုင်စွမ်းက ပါဝါပဲ။ တခါတလေ စာကြီးပေကြီး literature တွေဖတ်တာနဲ့ ရေးတာ မတူဘူးလို့author က ဆိုတယ်။literature ဖတ်တယ်ဆိုတာ

စာရေးပါ။ Read More »

ရှုထောင့်

ဘာသာရေးကို နားလည်ဖို့ ဘာသာရေးရှုထောင့်က ကြည့်သလို၊ စီးပွားရေးကို နားလည်ဖို့ စီးပွားရေးရှုထောင့်ကကြည့်တယ်။သိပ္ပံပညာကို နားလည်ဖို့သိပ္ပံပညာရှုထောင့်က ကြည့်တယ်။ မားကတ်တင်းသမားကမားကတ်တင်းရှုထောင့်။ လုပ်ငန်းရှင်က လုပ်ငန်းရှင်ရှုထောင့်။ အငြင်းသန်နေတယ်ဆိုတာရှုထောင့်ပြောင်း မစဥ်းစားတတ်တဲ့သဘော အများကြီးပါနိုင်တယ်။ ကိုယ်နဲ့ ကိုက်တဲ့ ကိုယ့်ရှုထောင့်နဲ့ကမ္ဘာကြီးကို အဓိပ္ပာယ်ဖွင့်ပုံဖော်ကြတယ်။ တချို့ရှုထောင့်တွေက ကြေကွဲစေတယ်။တချို့ရှုထောင့်တွေကဝေခွဲမရဖြစ်စေတယ်။တချို့ရှုထောင့်တွေကအားရှိစေတယ်။ တချို့ရှုထောင့်တွေကအဖျားပါ မိသွားစေနိုင်တယ်။ ဒီရှုထောင့်တွေကမ္ဘာကြီးကို ကြည့်တဲ့ဖက်ခြမ်း၊အဓိပ္ပာယ်ဖော်တဲ့ ပုံစံကိုယ်နဲ့မကိုက်ရင်၊ကိုယ်လိုချင်တဲ့ ပုံမဟုတ်ရင်လူတိုင်းပြောင်းလို့ရနိုင်တယ်။ ကျွန်တော်တို့မှာ ဒီ ပါဝါရှိတယ်။ ကိုယ့်စိတ်ကိုပြောင်းနိုင်ရင် ကိုယ့်ဘဝကြီးကို ပြောင်းနိုင်တယ်တဲ့။ဒါကတော့ စိတ်ပညာဖခင်ကြီးဖြစ်တဲ့ ဝီလီယံဂျိမ်းက ဆိုခဲ့တာ။ “If you can change your mind, you can change your life.”― William James ကိုယ့်စိတ်ကိုပြောင်းနိုင်အောင်ကျွန်တော်တို့ အတူကြိုးစားရအောင်။ Phyo Paing @ Derek

ရှုထောင့် Read More »

M သုံးလုံးဆောင်ဖို့လိုတယ်

ဘဝမှာ နေပျော်ဖို့ အချက်သုံးချက်လိုတယ်။ ၁။ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့အသက်မွေးဝမ်းကျောင်းပညာရပ် (Mastery) ၂။ သူစိမ်းကိုအသိ၊ အသိကိုဖောက်သည်၊ဖောက်သည်ကို အမာခံပရိသတ်၊အမာခံပရိသတ်ကို အတွင်းလူအပြောင်းအလဲလုပ်ပေးနိုင်တဲ့ မားကတ်တင်းပညာရပ် (Marketing) ၃။ လူတွေနဲ့ စနစ်တွေပေါင်းပြီးရည်မှန်းချက်ပန်းတိုင်ရောက်အောင်စီမံခန့်ခွဲနိုင်စွမ်း (Management) ဘဝအပြောင်းအလဲ လုပ်ချင်ရင်ဒီ M သုံးလုံးကို ကျွမ်းကျင်အောင်လုပ်။ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့ပညာရှိရင်လမ်းမပျောက်တော့ဘူး။ ဘယ်နေရာရောက်ရောက် ထမင်းမငတ်ဘူး။ မားကတ်တင်းပညာရပ်သိရင်ငွေကို များများနဲ့ မြန်မြန်ရှာတတ်လာမယ်။ စီမံခန့်ခွဲမှု ပညာတတ်ရင်ကိုယ်တစ်ယောက်တည်းလုပ်နေစရာမလိုတော့ပဲတခြားလူတွေရဲ့ အချိန်၊တခြားသူတွေရဲ့ ကျွမ်းကျင်မှုနဲ့ ရေရှည်ငွေကို ငွေရှာပေးနေတဲ့လုပ်ငန်းတွေတည်ဆောက်နိုင်မယ်။ M သုံးလုံးဆောင်ဖို့လိုတယ်အားတီ၊ အားမေတို့။ Phyo Paing @ Derek

M သုံးလုံးဆောင်ဖို့လိုတယ် Read More »

ဘဝကို အပြောင်းအလဲ
ဖြစ်အောင်လုပ်ပိုင်ခွင့်

ဘယ်နိုင်ငံ၊ ဘယ်နေရာမှာ၊ဘာအလုပ် လုပ်နေနေအင်တာနက်နဲ့ ဖုန်းတစ်လုံးရှိနေသမျှဘဝကို အပြောင်းအလဲဖြစ်အောင်လုပ်ပိုင်ခွင့် အများကြီးရှိသေးတယ်။ ဘာကြောင့်လဲဆိုတော့၁။ အဆက်အသွယ်၂။ ဘာသာစကား၃။ ကျွမ်းကျင်မှု၄။ အားပေးသူနဲ့ အောင်မြင်မှုဒီလေးခုစလုံး ဖန်တီးနိုင်စွမ်းရှိနေသေးလို့။ Phyo Paing @ Derek

ဘဝကို အပြောင်းအလဲ
ဖြစ်အောင်လုပ်ပိုင်ခွင့်
Read More »

Chiasmas

ကိုယ်က ပြဿနာကို အရင်ရှာမှာလား၊ပြဿနာက ကိုယ့်ကိုအရင်လာရှာမှာလား။Contingency Plan ဆိုတာ အဲ့ဒါပဲလို့ပြောလို့ရတယ်။ ပြဿနာကိုယ့်ကို လာရှာမှဖြေရှင်းတဲ့အခါ ပိုကြာနိုင်တယ်။ကိုယ်က ဖြစ်နိုင်တဲ့ပြဿနာကို ကြိုရှာထားတဲ့အခါရလဒ်ပိုင်းမှာ ပိုသာနိုင်တယ်။ ဒါကတော့ “ကိုယ့်နိုင်ငံက ကိုယ့်အတွက်ဘာလုပ်ပေးနိုင်လဲ မကြည့်နဲ့။ကိုယ်က ကိုယ့်နိုင်ငံအတွက် ဘာလုပ်ပေးနိုင်လဲကြည့်။”ဆိုတဲ့ John F Kennedy သုံးခဲ့တဲ့Rhetoric နည်းလမ်းတွေထဲကchiasmas နည်းလမ်းဖြစ်ပါတယ်။ ငါတို့က အသုံးစရိတ်တွေကို ထိန်းချုပ်မလား၊အသုံးစရိတ်တွေ ငါတို့ကို ထိန်းချုပ်တာခံမလား။ဒါက နောက်ဥပမာတစ်ခု။ Are we going to seek out the problem first, or will the problem find us first? That’s essentially what Contingency Planning is all about.

Chiasmas Read More »

self-taught ဆိုတဲ့ စကားလုံးက
အရေးကြီးသထက် အရေးကြီးလာပြီ။

DIY (Do-it-yourself) ကိုယ်ထူကိုယ်ထဆိုတာ ကျွမ်းကျင်မှုတစ်ခုမဟုတ်ဘူး။စိတ်နေစိတ်ထားတစ်ခုပဲ။ DIY စိတ်နေစိတ်ထားရှိတဲ့သူတွေအလုပ်ခန့်တဲ့အခါ အလုပ်ပြီးတာပိုမြန်တယ်။ ကွန်ပြူတာတစ်လုံးပေးလိုက်တယ်။ Video editing ကို အင်တာနက်ကကြည့်ပြီးလေ့လာဖို့ပြောလိုက်တယ်။ ၂ ပတ်ကြာတော့ ကိုယ်တိုင်ဖန်တီးထားတဲ့ကြော်ငြာတစ်ခုထွက်လာပြီ။ ဒီနေ့ခေတ် သတင်းအချက်အလက်အကုန်နီးပါးအင်တာနက်မှာရှိတဲ့ခေတ်မှာself-taught ဆိုတဲ့ စကားလုံးကအရေးကြီးသထက် အရေးကြီးလာပြီ။ DIY (Do-it-yourself) is not just a skill; it’s a mindset. People with a DIY mindset complete tasks faster when hired because they are proactive and willing to learn on their own. For instance, if given

self-taught ဆိုတဲ့ စကားလုံးက
အရေးကြီးသထက် အရေးကြီးလာပြီ။
Read More »

Work + Study = Solution

အိမ်က ငွေကြေးမတတ်နိုင်တဲ့လူငယ်တွေအတွက်ကWork + Study ဒီနှစ်ခုကိုစဥ်းစားရမှာဖြစ်ပြီးကျောင်းပြီးတာနဲ့အလုပ်ရှာလို့လွယ်ပြီးအမြဲတမ်းနေထိုင်ခွင့်ရနိုင်တဲ့နေရာမျိုးကို စဥ်းစားရမှာဆိုပိုမှန်လိမ့်မယ်။ ဒီလိုလုပ်ဖို့ ကျွန်တော်ရောက်ဖူးတဲ့နေရာတွေကို ကြည့်မယ်ဆိုရင်အများစုက ဂျပန်၊ ကနေဒါ၊အမေရိကား၊ နယူးဇီလန် နိုင်ငံကြီးရှိမယ်။တခြားနိုင်ငံတွေထဲမှာထိုင်ဝမ်ဆို လူသိမများပဲအလုပ်ဝင်ငွေ အများကြီးမဟုတ်ပေမယ့်မဆိုးတဲ့နိုင်ငံတစ်ခုဖြစ်တယ်။ထိုင်းမှာကတော့ ကျောင်းပြီးအလုပ်ဝင်မယ်ဆိုရင်တော့ထိုင်းစကားပါသင်ထားမှ အဆင်ပြေနိုင်မယ်။ မလေးက ပညာရေးစျေးမကြီးပဲ ကွာလတီကောင်းတဲ့ ပညာရေးတော့ရတယ်။ ကျောင်းပြီး အလုပ်ရှာတဲ့အခါတော့ နည်းနည်း challenging ဖြစ်နိုင်တယ်။  သူကလဲ ထည့်စဥ်းစားထားလို့ရတယ်။  နေထိုင်မှု ကုန်ကျစရိတ်က သိပ်မများဘူး။ ထိုင်းထက်တောင်နည်းသေးတယ်။  ဒီလိုကျောင်းသွားတက်ဖို့အတွက် အချိန်တစ်ခုတော့ပေးရတတ်တယ်။  ၃ – ၆ လ လောက်တော့ အနည်းဆုံးပြင်ဆင်သင့်တယ်လို့မြင်တယ်။

Work + Study = Solution Read More »

မသေချာ မရေရာတဲ့ အနာဂတ်

လူငယ်တွေအနေနဲ့ ဒီနေ့လို အခြေနေမျိုးမှာ ဘယ်လိုခံစားနေရမလဲ နားလည်ပါတယ်။  အတိတ်အခြေအနေ  ၁။ Covid-19 နဲ့ Coup ကြောင့် ပညာရေးရပ်တံ့ခဲ့ရတဲ့အချိန်တွေ ၂။ အစိုးရကျောင်းတွေ တက်မရ၊ မတက်ချင်တော့တာကြောင့် ကျောင်းပြောင်းရ၊ ရွေ့ရကြောင့် ပညာရေး ကွင်းဆက်ပြတ်မှုတွေ ၃။ အလုပ်အကိုင်အခွင့်အလမ်းမသေချာမှုတွေကြောင့်  အနာဂတ်က မသေချာမရေရာဖြစ်နေရတာ နားလည်ပါတယ်။ ဘယ်လို ခံစားရမလဲဆိုတာလဲ ကောင်းကောင်းကြီးနားလည်တယ်။  လက်ရှိအခြေအနေ တချို့တွေကျတော့လဲ ထိုင်းဖက်ကိုပြောင်းလာဖို့စဥ်းစားနေကြတယ်။ တချို့ကလဲ အရင်ကတည်းက ဂျပန်မှာကျောင်းသွားတက်ဖို့ပြင်ဆင်နေကြတယ်။ တချို့ကလဲ ဒူဘိုင်းသွားရင်ကောင်းမလား၊ တခြားနိုင်ငံကိုလဲ migrate လုပ်ချင်တယ်။  လုပ်ဖို့ရန်အဆင်ပြေတဲ့သူတွေရှိသလို၊  ငွေကြေးကြောင့် အခက်အခဲဖြစ်နေတဲ့သူတွေလဲ အများကြီးရှိတယ်။  စစ်မှုထမ်းဥပဒေကြောင့် တော်ပြီ ဒီနိုင်ငံမှာ တစ်သက်လုံးမနေတော့ဘူး ခါးခါးသီးသီးခံစားရပြီး ဘဝကို အသစ်ပြန်စချင်တဲ့ လူငယ်တွေရှိတာ နားလည်ပါတယ်။  အနာဂတ်အတွက် ပြင်ဆင်ဖို့အတွက် ၁။

မသေချာ မရေရာတဲ့ အနာဂတ် Read More »