advice

ကျွန်တော်စဉ်းစားတာကတော့ ရှင်းတယ်။

ကိုယ့် skill ကိုယ်ဖြည့်ထားမယ်။ဒီ skill က ဘယ်နိုင်ငံရောက်ရောက်မတိမ်ကောတဲ့ ကျွမ်းကျင်မှုဖြစ်ရမယ်။ကိုယ့်နယ်ပယ်မှာ မဖတ်ဖူးတဲ့စာအုပ်မရှိလောက်အောင်ဖတ်မယ်။တရုတ်နဲ့ အင်္ဂလိပ်လိုတတ်ရင် English-speaking ဖြစ်ဖြစ်၊Chinese-speaking country ဖြစ်ဖြစ်သွားလို့ရတယ်။အင်္ဂလိပ်လိုပြောတာ 1.5 Billion နဲ့တရုတ်မန်ဒရင်းလိုက 1.1 Billion ရှိတယ်။ ကိုယ်မွေးတဲ့ နိုင်ငံကတော့ ကိုယ့် playground ပဲ။ဒါပေမယ့် ဒီ playground အဆင်မပြေရင်ဆိုတဲ့ backup plan ကတော့ အမြဲစဉ်းစားထားတယ်။Second citizenship လဲ ဘယ်လိုဖြစ်ဖြစ်တစ်နေ့ဝယ်ရမှာပဲ။ ဒီမှာ သေရင်ဘယ်လိုသေရလဲဆိုတာဆေးရုံမှာ နှစ်ပေါင်းများစွာလဲမြင်ခဲ့ပြီးပြီ။ ဒါကြောင့် အလုပ်ကို လုပ်လို့ရတုန်းပိုးစိုးပက်စက်လုပ်ပါ အားတီတို့။ အလုပ်မလုပ်နဲ့ဆိုတဲ့ ဂျင်းစကားတွေနားသွားမယောင်လိုက်နဲ့။ကိုယ်က မွဲတဲ့နိုင်ငံမှာနေနေတာလဲနှလုံးသွင်းပြီး skill ကို နေ့တိုင်းဖြည့်နေရမှာ။အဿပြာတစ်ခုတည်းအတွက်အလုပ်မလုပ်လိုက်နဲ့။စမှုန်တုန်းသွားလိမ့်မယ်။ Phyo Paing @ Derek

ကျွန်တော်စဉ်းစားတာကတော့ ရှင်းတယ်။ Read More »

Social Media Marketing အကြောင်း
အကြံသုံးခုပေးရမယ်ဆို

၁။ တင်ခြင်းသည် မတင်ခြင်းထက်ကောင်းတယ်။ ကိုယ်က social media သုံးပြီးလုပ်ငန်း၊ personality ဒါမှမဟုတ်ကုန်ပစ္စည်းကို စျေးကွက်ဖောက်တော့မယ်ဆိုတင်ရမလား မတင်ရမလားစဉ်းစားနေရင် တင်သာတင်လိုက်။ပြီးမှ အခြေအနေကြည့်။လိုအပ်ရင် post ကို edit ပြန်လုပ်။ ၂။ မတူအောင်လုပ် အခု social media မှာ သင်တန်းတွေတက်ပြီးအကုန်လုံးက ပုံစံတူတွေဖြစ်လာတတ်တယ်။အရေးကြီးတာ မတူအောင်လုပ်ပါ။တင်ဆက်တဲ့ပုံစံ မတူဖို့ ဆန်းသစ်ဖို့လိုတယ်။မားကတ်တင်းရဲ့ ရန်သူတော်ကပျင်းစရာကောင်းခြင်းပဲ။ဒါကြောင့် ”Don’t be boring”.ဆန်းသစ်နေရမယ်။သတင်းတွေကို ချက်ချင်းတင်။ငါးရက်လောက်နေမှ တင်မယ်ဆိုရင်စိတ်ဝင်စားစရာ မကောင်းတော့ဘူး။ ၃။ ပုံမှန်တင် ကြာကြာမှ တစ်ခါတင်တာထက်ပုံမှန်တင်ဖို့အရေးကြီးတယ်။Consistency ရှိရှိနဲ့ လေ့လာပြီးသေချာတင်မယ်ဆိုရင်ကိုယ့် audience ရဲ့အသွားအလာကိုသိလာမယ်။ဒါကြောင့် သူစိမ်းကို စာဖတ်သူ၊စာဖတ်သူကို follow လုပ်သူ၊Follow လုပ်သူကို customerCustomer ကို အမာခံပရိသတ်အဖြစ်ပြောင်းလဲနိုင်မှာ ဖြစ်တယ်။ Phyo Paing @

Social Media Marketing အကြောင်း
အကြံသုံးခုပေးရမယ်ဆို
Read More »

လူအမျိုးမျိုးနဲ့ အလုပ်လုပ်တဲ့အခါ

လူတစ်ယောက်နဲ့ အလုပ်လုပ်မယ်မလုပ်မယ်ကို ဆုံးဖြတ်တဲ့အခါတိုင်းတာတဲ့ metric တစ်ခုရှိတယ်။အဲ့ဒါကတော့ ဒီလူ့မှာကျေးဇူးတင်တတ်တဲ့ စိတ်ဘယ်လောက်ရှိသလဲဆိုတာပဲဖြစ်တယ်။ တချို့တွေက လိုအပ်ချက်တွေပဲမြင်တတ်တယ်။တချို့က ကိုယ့်ဖက်က ယူဖို့ပဲစဉ်းစားတတ်တယ်။တချို့က မျှမျှတတ စဉ်းစားတတ်တယ်။​တချို့က ကိုယ့်ကို အမြတ်ထုတ်ချင်တာ။တချို့က ကွက်ကျော်ရိုက်ချင်တဲ့စိတ်ရှိတယ်။​တချို့က အောက်ကြေးနှိုက်တာ အကျင့်ပါနေတာ။ဒီလို အမျိုးမျိုးပဲ။ကောင်းတာ ဆိုးတာ အမျိုးမျိုးပဲ။ လူအမျိုးမျိုးနဲ့ အလုပ်လုပ်တဲ့အခါကျေးဇူးတင်တတ်တဲ့စိတ်Gratitude ရှိတဲ့ လူတွေနဲ့ အလုပ်လုပ်ခွင့်ရတာမင်္ဂလာတစ်ပါးပဲ။ Phyo Paing @ Derek

လူအမျိုးမျိုးနဲ့ အလုပ်လုပ်တဲ့အခါ Read More »

ကိုယ့်ကိုကိုယ် ဆုလဒ်လို့ပဲစဥ်းစားကြည့်

ကိုယ်နဲ့တွေ့တဲ့လူက ဆုရတာပဲဆိုတဲ့ concept စဥ်းစားကြည့်။ တရုတ်သီချင်းတစ်ခု စာသားကိုသဘောကျတယ်။ 你得冠军我是奖品မင်းက ချန်ပီယံ ငါကဆုလဒ်တဲ့။ လူတွေက self-esteem နည်းတဲ့အခါကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းတယ်။ကိုယ်နဲ့တွေ့တဲ့သူတိုင်းကို ကိုယ်က ပိုအကျိုးရှိစေရမယ်ဆိုတဲ့စိတ်ထား ထားဖို့ထက် ကိုယ်က ဘာယူလိုက်ရမလဲစဥ်းစားမိတတ်တယ်။ ကိုယ်နဲ့အလုပ်လုပ်တဲ့သူ၊တွေ့ဆုံကြုံကြိုက်တဲ့သူတိုင်းဟာဆုရတာနဲ့ တူတယ်ဆိုတဲ့ စိတ်ထားကြည့်တစ်ခုခု အပြောင်းအလဲဖြစ်နိုင်တာတွေ့ကောင်းတွေ့လိမ့်မယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဆုလဒ်လို့ပဲစဥ်းစားကြည့် Read More »

ဆာလောင်မှုက အကြောက်တရားထက်
ကြီးနေဖို့လိုတယ်

ဘယ်ကစလဲဆိုတာ အရေးမကြီးဘူး။နောက်ငါးနှစ်၊ ဆယ်နှစ်၊ အနှစ်နှစ်ဆယ် နေရင်ဘယ်ကို ရောက်နေမလဲ အရေးကြီးတာပဲ။ ဒါကြောင့် ဆာလောင်မှုကို လျော့လိုက်လို့မရဘူး။ဆာလောင်မှုက အကြောက်တရားထက်ပိုကြီးမှ သတ္တိဆိုတာ ထွက်လာတဲ့သဘောရှိတယ်။ ဆာလောင်မှုဟာ ရဲရဲတောက်မီးခဲလို ဖြစ်နေဖို့လိုတယ်။ ကောက်ရိုးမီးနဲ့ ဘာကြီးကြီးကျယ်ကျယ်အလုပ်မှ လုပ်လို့ရနိုင်မှာ မဟုတ်ဘူး။ ဒူပေဒါပေခံဖို့လိုတယ်။စိတ်ရှည်ဖို့ လိုတယ်။ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေကိုပိုးစိုးပက်စက်လုပ်ဖို့လိုတယ်။ဆာလောင်မှုက အကြောက်တရားထက်ကြီးနေဖို့လိုတယ်။ Phyo Paing @ Derek

ဆာလောင်မှုက အကြောက်တရားထက်
ကြီးနေဖို့လိုတယ်
Read More »

လဲပြို မသွားဖို့ Structure လိုတယ်

အခုချိန် ပြည်တွင်းမှာရှိနေတဲ့သူတွေအများစုဟာ Stress ဒဏ်ကို အနည်းနဲ့ အများခံကြရတယ်လို့ယူဆတယ်။ တိုးမြင့်လာတဲ့ ဒေါ်လာ၊ ဘတ်၊ ယွမ်နဲ့ကျဆင်းလာတဲ့ ငွေစျေးနှုန်း။ ရောင်းရမလား၊ ရပ်ထားရမလားအပြင်ခိုးဆိုးလုယှက်မှုတွေနဲ့ လုပ်ငန်းအရေး၊ သားသမီးရေးအရဒီမှာပဲ ဆက်နေရမလား၊ ပြောင်းရမလား စဥ်းစားရင်းဒီမှာက အခြေကျနေပြီးနေရာတစ်ခုမှာ ဘဝအသစ်စတယ်ဆိုတာအချိန်တစ်ခု ပေးရတာဖြစ်တဲ့အတွက်တွန့်ဆုတ်နေရတာမျိုးတွေလဲဖြစ်နိုင်တယ်။ ဒီလို ပြဿနာတွေကြားမှာ စိတ်ခံစားမှုတွေနောက်ပဲလိုက်နေ့စဥ် ဘူနေတာကို ကျော်လွှားနိုင်ဖို့နေ့စဥ် reset လုပ်တာ ထိရောက်မှုတစ်ခုတော့ ရှိတယ်လို့ မြင်တယ်။ အများစုက ညနေမှာ ဝိုင်လေးသောက်၊သူငယ်ချင်းတွေနဲ့ တွေ့ပြီးreset လုပ်ကြတယ်။ နောက်ပြီးမနက်ထတိုင်း တရားထိုင်တာဒါက reset လုပ်တာပဲ။ စာအုပ်ဖတ်၊ လေ့ကျင့်ခန်းလုပ်တာreset လုပ်တာပဲ။ ဒီနေ့ တစ်နေ့တော့ပြီးသွားပြီjournaling လုပ် ပြန်သုံးသပ်တာ reset လုပ်တာပဲ။ ဒီလို reset လုပ်ဖို့ structure လိုတယ်။ဘဝမှာ structure

လဲပြို မသွားဖို့ Structure လိုတယ် Read More »

ဘဝမှာ လူအများနဲ့ မတူချင်ရင်
လျှို့ဝှက်ချက်တွေရှာရမယ်လို့မြင်တယ်

ဥပမာ လူအများစုမသိတဲ့ကိုယ့်ရဲ့ စိတ်ကို စီမံခန့်ခွဲတဲ့နည်းသိတဲ့အခါ။လူအများစု မသိတဲ့ စီးပွားရေးလမ်းကြောင်းသိတဲ့အခါ။လူအများစု မသိတဲ့ မားကတ်တင်းနည်းစနစ်ကို သိရှိအသုံးချမိတဲ့အခါ။ လောကမှာ လျှို့ဝှက်ချက်တွေရှိတယ်။တချို့က open secretsကျင့်သုံးရုံပဲ။​ တချို့က လူသိနည်းတဲ့ လျှို့ဝှက်ချက်။​ကိုယ့်မှာလူသိနည်းပြီး ကိုယ့်ကိုအပြောင်းအလဲ​လုပ်ပေးမည့်လျှို့ဝှက်ချက်တွေ ရှိပြီလား? ဒီလျှို့ဝှက်ချက်က အချိန်ကုန်တာတွေကိုခြွေတာပေးနိုင်တယ်။​ဒီလျှို့ဝှက်ချက်က ကိုယ့်ရဲ့အစွမ်းအစငွေကြေး၊​ ရည်မှန်ချက်ပန်းတိုင်ရောက်အောင်မြန်မြန် ဆောင်ရွက်ပေးစေနိုင်တယ်။ Phyo Paing @ Derek

ဘဝမှာ လူအများနဲ့ မတူချင်ရင်
လျှို့ဝှက်ချက်တွေရှာရမယ်လို့မြင်တယ်
Read More »

ဒါကို ဆပွား concept လို့ခေါ်တယ်။

စာအုပ်ဖတ်တယ်။ video ရိုက်ထားလိုက်တယ်။ income stream ရှာပေးတဲ့Product တစ်ခုဖြစ်လာတယ်။ Online Learning Website လုပ်တယ်။လုပ်ငန်းအတွက် app တွေလုပ်တယ်။ တခြားသူတွေကို ပြန်လည်လုပ်ပေးတယ်။Income stream တစ်ခုဖြစ်လာတယ်။ လုပ်ငန်းလုပ်တဲ့အခါတိုင်းအသုံးပြုတဲ့ထိရောက်တဲ့ မားကတ်တင်းနည်းစနစ်တွေတွေ့ရှိတယ်။ပြန်လည်သင်ကြားပေးတယ်။ဒီကတစ်ဆင့် income stream တစ်ခုဖြစ်လာတယ်။ Social media မှာ Blogging လုပ်တယ်။တခြားသူတွေလဲ အချိန်တိုအတွင်းကိုယ်ရထားတဲ့ရလဒ်ရချင်တယ်။စနစ်ထုတ်ပြီး coach လုပ်ပေးလိုက်တယ်။ဒီကတစ်ဆင့် income stream တစ်ခုဖြစ်လာတယ်။ အရင် သင်တန်းကျောင်းတွေတစ်ခုပြီးတစ်ခု လိုက်စုံစမ်းတယ်။ သင်တန်းတွေတက်တယ်။ လေ့လာတယ်။ဒီကတစ်ဆင့် income stream တစ်ခုဖြစ်လာတယ်။ မှတ်ဥာဏ်ကောင်းအောင် လေ့လာကျင့်ယူတယ်။နည်းစနစ်ကို ကလေးတွေအတွက် methodology ထုတ်ပြီး ဦးစီးနိုင်တဲ့သူကိုပေးတယ်။% တစ်ခုရတယ်။income stream တစ်ခုဖြစ်လာတယ်။ လုပ်ငန်းစလုပ်ကတည်းက ကြုံတွေ့ရတဲ့ပြဿနာတွေကို ဖြေရှင်းခဲ့ပုံနဲ့planning လုပ်တဲ့စနစ်ကို website

ဒါကို ဆပွား concept လို့ခေါ်တယ်။ Read More »

ကိုယ့်ရဲ့ ဘဝအဓိပ္ပာယ်ဖွင့်ဆိုချက်ကဘာလဲ?

တချို့တွေက ဘဝဆိုတာ တိုက်ပွဲတဲ့။ တချို့ကျတော့ ဘဝဆိုတာ ဒုက္ခတဲ့။ တချို့ကျ ဘဝဆိုတာ ရထားလိုပဲတဲ့။ တချို့ကျတော့လဲ ဘဝဆိုတာ ရေပွက်ပမာတဲ့။ လက်ရှိကျွန်တော် သဘောကျနေတဲ့ဘဝကို မြင်တဲ့အမြင်က ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။ ဘဝက ကိုယ့်ကို ပြဿနာတစ်ခုပြီးတစ်ခုပေးမယ်။ကိုယ် ဘယ် level ရောက်နိုင်လဲစမ်းသပ်မယ်။ကိုယ်ကပြဿနာဖြေရှင်းနိုင်လေ level မြင့်လေပဲ။ ပြဿနာဆိုတဲ့နေရာမှာ ကျန်းမာရေး၊ လူမှုရေး၊ စီးပွါးရေး၊အိမ်ထောင်ရေး၊ ငွေရေးကြေးရေး၊အလုပ်အကိုင်၊ စိတ်ငြိမ်းချမ်းမှုအစရှိတာတွေ ပါတယ်။ တချို့အပိုင်းတွေမှာ ကိုယ့်စမ်းသပ်မှုအောင်မြင်ချင် အောင်မြင်မယ်။တချို့အပိုင်းတွေမှာ အောင်မြင်ချင်မှ အောင်မြင်မယ်။ဘယ်လိုပဲဖြစ်ဖြစ် ဒီစမ်းသပ်မှုတွေကသင်ခန်းစာယူ ရှေ့ဆက်လို့ရတယ်။ ကြုံနေတဲ့ ပြဿနာကို ရှောင်ဖယ်ပြေးလို့မရဘူး။နဖူးတွေ့ဒူးတွေ့ ရင်ဆိုင် နောက်တစ်ဆင့်တက်အောင်လုပ်ရမှာကိုယ့်တာဝန်ပဲ မဟုတ်လား။ ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။ တချို့စမ်းသပ်မှုတွေ မအောင်မြင်ဘူး။ဒါသဘာဝပဲ။ သင်ခန်းစာယူ ရှေ့ဆက်ရင်တချိန် အောင်မြင်သွားမှာပဲ။ Phyo Paing @

ကိုယ့်ရဲ့ ဘဝအဓိပ္ပာယ်ဖွင့်ဆိုချက်ကဘာလဲ? Read More »