advice

အသက်ရှင်ပြီး အသက်ဝင်စေတဲ့အရာကအချစ်။

ဘဝကို ပြည့်စုံစေတာကတော့အချစ်ပဲ။နက်နက်နဲနဲအပြန်အလှန်နားလည်၊နက်နက်နဲနဲဆက်သွယ်လို့ရတဲ့အချစ်က အရာရာကိုကုစားပေးနိုင်တယ်။ တချို့က အိမ်ထောင်ဖက်တောင်မလိုဘူး။မိဘက ကိုယ့်ကို နက်နက်နဲနဲနားလည်ပြီးချစ်တယ်။တချို့က ညီအစ်ကိုမောင်နှမ။တချို့က သူစိမ်းတွေကအရင်းနှီးဆုံးသူတွေဖြစ်လာတယ်။တချို့က ပညာရပ်တစ်ခုနဲ့နက်နဲတဲ့ ရင်းနှီးမှုအချစ်ရှိတယ်။ Phyo Paing @ Derek

အသက်ရှင်ပြီး အသက်ဝင်စေတဲ့အရာကအချစ်။ Read More »

ဘဝက စိတ်ညစ်စရာအရမ်းများခဲ့တာ။

စိတ်ညစ်တိုင်း အလုပ်လုပ်။စိတ်ညစ်တိုင်း လေ့လာ။ အလုပ်ဆိုတာ လွတ်မြောက်ခြင်း။လေ့လာမှုဆိုတာ လွတ်မြောက်ခြင်းလုပ်ဆောင်ရင်းဘဝက အသက်ကြီးလာလေပိုပျော်လာလေ ဖြစ်လာတယ်။ တစ်ခုပဲ လေ့လာစမ်းသပ်တာနဲ့အလုပ်လုပ်တာကကြာလေ ဆေးစွဲသလိုဖြစ်လာလေ။ သူများက အလုပ်လုပ်ဖို့မော်တီဗေးရှင်းယူရတယ်။ကိုယ်က အလုပ်မလုပ်ဖို့မော်တီဗေးရှင်းပြန်ယူနေရတယ်။အဲ့လိုလူတွေရှိလားမသိဘူး။ Phyo Paing @ Derek

ဘဝက စိတ်ညစ်စရာအရမ်းများခဲ့တာ။ Read More »

ကိုယ့်ရွေးချယ်မှုပဲ။

လူတော်တော်များများမှာဖြစ်ချင်ပြီး မဖြစ်သေးတဲ့အရာတွေရှိတယ်။အိမ်မက်ရှိတယ်။တိတိကျကျ ချရေးပုံဖော်ထားတာရှိတာနဲ့ မရှိိတာပဲ ကွာရင်ကွာမယ်။​ အိမ်မက်ရှိ ရည်မှန်းချက်တွေရှိရင်ကြံဆမှုတွေ ပြုလုပ်ရပြီ။ ကိုယ့်အိမ်မက်တွေဆီရောက်အောင်ဘယ်လိုသွားမလဲ။ကိုယ့်ကိုကိုယ် နားမလည်သေးတဲ့သူတွေကတော့အိမ်မက်တွေ ခဏခဏ ပြောင်း၊တန်ဖိုးထားမှုတွေ ခဏခဏပြောင်းမယ်။​ ကိုယ့်ကိုကိုယ် သိဖို့က၁။ ကိုယ့်ရဲ့ ထူးချွန်မှု talent၂။ ကိုယ့်ရဲ့ ဝါသနာ passion၃။ ကိုယ့်ရဲ့ ကျွမ်းကျင်မှု skill၄။ တန်ဖိုးထားမှု core values၅။ ဘဝရည်ရွယ်ချက် purpose၆။ ပေါင်းသင်းဆက်ဆံချင်တဲ့ အသိုင်းအဝိုင်း network၇။​ လောကအတွက်ဖြေရှင်းချင်တဲ့ ပြဿနာ need/ wantဒီအချက်တွေကိုသိဖို့လိုတယ်။ ဒါတွေကို မသိရင် လေတိုက်ရင်ယိမ်းနေမှာပဲ။ အိမ်မက်တွေအတွက် ကြံဆမှုပြုလုပ်ဖို့မဟာဗျူဟာ strategy လိုပြီ။ဘဝကို ဘယ်လိုပုံစံနေထိုင်မလဲ။နေ့စဉ် ဘာအလုပ်တွေ လုပ်ပြီးတစ်ဆင့်ချင်း ဘယ်လိုလှမ်းမလဲ။ဘယ်လိုလူတွေနဲ့တွေ့ရမလဲ၊ဘယ်လို နေရာမှာ နေရမလဲ၊ဘယ်လို အိုင်ဒီယာတွေ ခေါင်းထဲထည့်ရမလဲစဉ်းစားရပြီ။ ဒီ မဟာဗျူဟာကို နေ့စဉ်ဘဝမှာအသုံးချနိုင်ဖို့ စနစ်

ကိုယ့်ရွေးချယ်မှုပဲ။ Read More »

အနောက်တိုင်းလို အိုင်ဒီယာအသစ်တွေတူးဖော်။
တရုတ်တွေလို အလုပ်ကိုလုပ်။
မြန်မာလို စေတနာထား။

တရုတ်ယဉ်ကျေးမှုမှာကြီး၊ မြန်မာယဉ်ကျေးမှုမှာနေ၊နိုင်ငံခြားအတွေးအခေါ်စာအုပ်တွေဖတ်ဆိုတော့ကမ္ဘာ့အမြင်က သုံးခုဖြစ်နေတယ်။ တရုတ်တွေက လောကကြီးတရားမျှတတယ်လို့ အများစုမစဉ်းစားကြဘူး။လောကကြီးမတရားတာ မွေးကတည်းကလက်ခံပြီးသား။အရာရာဟာ ပြိုင်ဆိုင်မှုတစ်ခုလို့အများစု စဉ်းစားကြတယ်။ ဘာကြောင့်လဲဆို လူဦးရေအများကြီးကြားမှာပြိုင်ဆိုင်နေကြရတယ်။ နည်းပညာအသစ်ထွက်ရင်သူများသုံး ကိုယ်မသုံးရင်ကျန်ခဲ့မှာ။ အလုပ်ဖြစ်ရင် မြန်မြန်လုပ်။နောက်ကလိုက်လုပ်။ မဟုတ်ရင် ကျန်ခဲ့မှာ။ အလုပ်ဖြစ်တာလုပ်အများကြီး မစဉ်းစားနေနဲ့။ ဒီလိုသွားကြတယ်။ မိဘကို ပြန်လည်စောင့်ရှောက်။သားသမီးနောင်ရေးအတွက် ပြုစုပျိုးထောင်ပေး။ ဒါတွေနဲ့ကြီးလာတယ်။ မြန်မာယဉ်ကျေးမှုမှာ ဗုဒ္ဓအဆုံးအမတွေနဲ့ ရင်းနှီးခွင့်ရတယ်။ မြန်မာဘာသာစကားကပါဠိလိုတချို့အပိုင်းတွေကိုပိုနားလည်စေတယ်။ လူတွေကလောကအမြင်ရိုးသားတယ်။ ကောင်းသာလုပ်ရင် ကောင်းတာဖြစ်မယ်ယုံကြည်ကြတယ်။ ဘဝအခြေအနေအရသာ လုပ်တဲ့အလုပ်က မကောင်းရင်မကောင်းမယ်။စေတနာကောင်း ကံကောင်းတယ်လို့ယုံတယ်။မိဘကိုရိုသေ၊ ဆရာကိုလေးစားတယ်။ ပရဟိတစိတ်ရှိတယ်။ အမြဲ ကိုယ်ကကြီး အမြတ်ထုတ်ခံနေရတယ်လို့ထင်တတ်တာမျိုးလဲရှိတယ်။ဒါက textbook တွေမှာ ကိုလိုနီနယ်ချဲ့ဆိုတဲ့အပိုင်းတွေကို ငယ်ငယ်ကတည်းက သင်ခဲ့ရတာလဲပါနိုင်တယ်။ အနောက်တိုင်းရဲ့ပုံစံက မတူညီတဲ့အတွေးအခေါ်အများကြီးကိုတစ်ပြိုင်တည်းလက်ခံနိုင်စွမ်းရှိတယ်။ ရှိနေကျ norm လက်ကိုင်ထားတဲ့အရာတွေကိုစိန်ခေါ်ရဲတယ်။ အဓိက အတွေးအခေါ်စိန်ခေါ်မှုနဲ့အပြောင်းအလဲကြီးကိုလုပ်ရဲတယ်။ တရုတ်တွေက operational efficiency

အနောက်တိုင်းလို အိုင်ဒီယာအသစ်တွေတူးဖော်။
တရုတ်တွေလို အလုပ်ကိုလုပ်။
မြန်မာလို စေတနာထား။
Read More »

လူတိုင်းမှာ Dark Side ရှိတယ်

လူတိုင်းမှာ အမှောင်ဖက်ခြမ်းရှိတယ်။ကိုယ်တိုင်လည်း သိတယ်။ဝန်မခံချင်တာပဲရှိမယ်။ တစ်ခါတလေ –လူတစ်ယောက် အဆင်မပြေတာမြင်ရင် ကျေနပ်မိတာမျိုး။ကူညီချင်တဲ့ဟန်ဆောင်ပြီး ကိုယ့်အကျိုးအတွက် လုပ်မိတာမျိုး။ချစ်တယ်ပြောပြီး ထိန်းချုပ်ချင်တာ ဖြစ်နေတာမျိုး။ ဒါတွေ လူတိုင်းမှာ ရှိတတ်တယ်။ကိုယ့်မှာလည်း ရှိတယ်။ Carl Jung က Shadow လို့ ခေါ်တယ်။ကိုယ့်အထဲက ဖုံးကွယ်ထားတဲ့ အပိုင်း။ ပြဿနာက –Dark side ရှိတာ မဟုတ်ဘူး။မသိချင်ယောင်ဆောင်တာ။ “ငါက ဒီလိုလူမျိုးမဟုတ်ဘူး” လို့ ပြောလေ –Shadow က ပိုကြီးလာလေပဲ။ ဘာလုပ်ရမလဲ။ ဝန်ခံလိုက်။ “ငါ့မှာလည်း ဂုဏ်ပြိုင်စိတ် ရှိတယ်။”“ငါလည်း တစ်ခါတလေ အတ္တကြီးတယ်။”“ငါလည်း လူကို judge လုပ်မိတယ်။” ဝန်ခံလိုက်ရင် –အင်အားပျောက်သွားတယ်။ထိန်းချုပ်လို့ ရလာတယ်။ အမှောင်ကို ဖျောက်လို့မရဘူး။ဒါပေမယ့် အလင်းနဲ့ ဟန်ချက်ညီအောင် နေလို့ရတယ်။ လူကောင်းဆိုတာ –Dark

လူတိုင်းမှာ Dark Side ရှိတယ် Read More »

Synchronicity လို့ ခေါ်တယ်။

လူတစ်ယောက်အကြောင်း စဥ်းစားနေတုန်းသူ့ဆီက ဖုန်းလာတယ်။စာအုပ်တစ်အုပ်အကြောင်း တွေးနေတုန်းတစ်နေရာမှာ အဲ့စာအုပ် တွေ့တယ်။“တိုက်ဆိုင်တာပါ” လို့ ပြောကြတယ်။Carl Jung က မတူဘူး။Synchronicity လို့ ခေါ်တယ်။ Synchronicity ဆိုတာအဓိပ္ပာယ်ရှိတဲ့ တိုက်ဆိုင်မှု။Cause and Effect မဟုတ်ဘူး။သူ စဥ်းစားလို့ ဖုန်းလာတာ မဟုတ်ဘူး။ဒါပေမယ့် ဆက်စပ်နေတယ်။အဓိပ္ပာယ် ရှိတယ်။Jung ပြောတာက –အတွင်းစိတ်နဲ့ အပြင်လောကကတစ်ခါတစ်လေ ထပ်တူကျတယ်။ Jung ရဲ့ နာမည်ကျော် ဥပမာလူနာတစ်ယောက် အိပ်မက်ပြောပြတယ်။ရွှေရောင် Scarab Beetle အကြောင်း။ပြောနေတုန်းပြတင်းပေါက်မှာ Scarab Beetle တစ်ကောင်လာနားတယ်။တိုက်ဆိုင်မှုလား။Jung က Synchronicity လို့ ခေါ်တယ်။ ဘာကြောင့် ဖြစ်လဲJung ရဲ့ အဖြေ –Collective Unconsciousလူသားအားလုံးမှာ မသိစိတ် ရှိတယ်။အဲ့မသိစိတ်က ချိတ်ဆက်နေတယ်။ကိုယ် သူ့အကြောင်း စဥ်းစားနေတယ်။သူလည်း ကိုယ့်အကြောင်း

Synchronicity လို့ ခေါ်တယ်။ Read More »

လူတစ်ယောက်ရဲ့ အောင်မြင်မှုနောက်မှာ

ဘယ်သူတွေ ရှိသလဲဆိုတာ အရေးကြီးတယ်။Liu Bang ဆိုတာ တရုတ်သမိုင်းမှာHan မင်းဆက်ကို တည်ထောင်ခဲ့တဲ့ ဘုရင်။သူက မူလက တောသားလေးတစ်ယောက်ပဲ။ပညာတတ်လည်း မဟုတ်ဘူး။စစ်ပညာလည်း သိပ်မတတ်ဘူး။ဒါပေမယ့် တရုတ်နိုင်ငံတစ်ခုလုံးကို အုပ်ချုပ်ခဲ့တယ်။ဘာကြောင့်လဲ။သူ့မှာ ဉာဏ်ရှိတဲ့သူတွေကို နားထောင်တတ်တဲ့စိတ်ရှိတယ်။အထူးသဖြင့် သူ့မိန်းမ Lü Zhi။ Liu Bang ဘုရင်ဖြစ်ပြီးတဲ့နောက်သူ့ရဲ့ မိဖုရား Lü Zhi ကို လျစ်လျူရှုလာတယ်။အသစ်ရတဲ့ မယားငယ် Consort Qi ကို ပိုချစ်လာတယ်။မယားငယ်ရဲ့သားကို သားဦးအစား အမွေဆက်ခံခိုင်းချင်လာတယ်။နန်းတွင်းရေးမှာ ဒါက သေရေးရှင်ရေးပဲ။အမွေဆက်မရရင် သားအမိနှစ်ယောက်လုံး အသက်မရှင်ရတော့တတ်တာ သမိုင်းထဲမှာ အများကြီး။Lü Zhi ဘာလုပ်လဲ။ငိုမနေဘူး။တောင်းပန်မနေဘူး။strategy ရှာတယ်။ သူ ဘုရင့်ထံ တိုက်ရိုက်မသွားဘူး။Zhang Liang ဆိုတဲ့ ဗျူဟာရှင်ကြီးဆီ သွားတယ်။Zhang Liang က Liu Bang

လူတစ်ယောက်ရဲ့ အောင်မြင်မှုနောက်မှာ Read More »

ကိုယ့်လမ်းကိုယ်ဖောက်။

တချို့သူတွေဘယ်လောက် အောင်မြင်မြင်ဘယ်လောက်ချမ်းသာသာကျွန်တော်တို့ တစ်စက်မှ အထင်မကြီးသလိုစိတ်လဲမဝင်စားဘူး။ ကိုယ့်ကိုလဲကိုယ်ဘယ်လောက် အောင်မြင်မြင်ဘယ်လောက်ချမ်းသာသာအထင်မကြီးသလိုစိတ်လဲမဝင်စားတဲ့သူတွေရေတွက်လို့တောင်မရဘူး။ ဒါကြောင့် တခြားသူတွေအမြင်ကိုလိုတာထက်ပို ဂရုစိုက်မနေနဲ့။ကိုယ်လုပ်စရာရှိတာလုပ်။ကိုယ့်လမ်းကိုယ်ဖောက်။ Phyo Paing @ Derek

ကိုယ့်လမ်းကိုယ်ဖောက်။ Read More »

နေ့ရက်တိုင်းက သံသရာအတွက်
ပါရမီဖြည့်လို့ရတဲ့ အခွင့်အလမ်းပဲ။

အချိန်တွေ ဘယ်လောက်ကုန်မြန်လဲဆိုကြည့်။ အခုပဲ ၂၃ ရက်ရှိသွားပြီ။ မကြာမီ Jan ကုန်၊ Feb ကုန်။ နောက် ၂၀၂၆ ကုန်မယ်။ နေ့ရက်တိုင်းက သံသရာအတွက်ပါရမီဖြည့်လို့ရတဲ့ အခွင့်အလမ်းပဲ။ ပါရမီဆိုတာ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့မြတ်သောအသိဉာဏ် (မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်) ရရှိဖို့ကျင့်ကြံအားထုတ်ရသော မြင့်မြတ်သောအကျင့်တွေဖြစ်တယ်။ ပါရမီပါရင် ဘုရားရှင်ဆီ တရားတစ်ခွန်းပဲနာပြီး ရဟန္တာဖြစ်သွားတဲ့ ဥပမာတွေအများကြီးကြားဖူးသိဖူးလိမ့်မယ်။ သံသရာအတွက် ရိက္ခာအနေနဲ့စုဖို့ပါရမီဖြည့်။ကိလေသာမီးငြိမ်းပြီးဉာဏ်အလင်းရစေတယ်။ ပါရမီဆယ်ပါးက ဘဝကို ဖြတ်သန်းဖို့ လမ်းပြမြေပုံလိုပဲ။ဒါကို ဘယ်လိုဖြည့်ဆည်းကြမလဲ။ ၁။ ဒါနပါရမီ (Generosity)ပေးကမ်းလှူဒါန်းခြင်း။ကိုယ်မှာရှိတာ ပေးလိုက်ပါ။ ပစ္စည်းဖြစ်ဖြစ်၊ အချိန်ဖြစ်ဖြစ်၊ အသိပညာဖြစ်ဖြစ်။စေတနာသန့်ရင် တန်ဖိုးရှိတယ်။ ၂။ သီလပါရမီ (Morality)ကိုယ်ကျင့်တရားစောင့်ထိန်းခြင်း။ငါးပါးသီလ မြဲမြံအောင်ထိန်းပါ။ကိုယ်၊ နှုတ်၊ စိတ် သုံးခုလုံးကို ထိန်းနိုင်မှ တကယ့်သီလပဲ။ ၃။ နိက္ခမ္မပါရမီ (Renunciation)ကာမဂုဏ်တို့မှ

နေ့ရက်တိုင်းက သံသရာအတွက်
ပါရမီဖြည့်လို့ရတဲ့ အခွင့်အလမ်းပဲ။
Read More »

ကိုယ်ပျော်တာကိုယ်လုပ်။ကိုယ့်လိုလူကိုယ့်ဆီဝယ်လိမ့်မယ်။

ကျွန်တော်ကတော့ဒီအယူအဆနဲ့ပဲ ဘဝကိုဖြတ်သန်းတယ်။ ဘဝဆိုတာ အသက် ၈၂ နှစ်ကျော်လောက်နေရမှရက်ပေါင်း ၃၀၀၀၀ လောက်နေရတဲ့ရှင်သန်မှုဖြစ်စဥ်လေးပဲ။ တချို့လူတွေ ဘယ်လောက်မြင်မြင်ကျွန်တော်တို့အထင်မကြီးဘူး။အဲ့လိုပဲ ကိုယ်ဘယ်လောက်အောင်မြင်မြင်ကိုယ့်ကိုအထင်မကြီးတဲ့သူတွေအများကြီးပဲ။ အရေးကြီးတာ အသက်ရှင်တုန်းကိုယ့်ကိုကိုယ် စိတ်ကျေနပ်မှုရှိရှိ၊အဓိပ္ပာယ်ရှိရှိနဲ့ ဖြတ်သန်းသွားနိုင်ဖို့။ ဒါကြောင့် ကိုယ်ပျော်တာကိုယ်လုပ်တယ်။ကိုယ့်လိုလူကိုယ့်ဆီဝယ်လိမ့်မယ်။ အများကြီး သိပ်ခေါင်းစားမနေဘူး။အရေးမပါတာကို အရာပေးမနေဘူး။ ပြိုင်ဆိုင်မှုဆိုတာ အဆင့်နိမ့်လေပိုလုပ်ရလေပဲ။မပြိုင်ဘဲနိုင်အောင် လုပ်နိုင်ဖို့ကိုယ့်အထာနဲ့ကိုယ်၊ကိုယ့်မဟာဗျူဟာနဲ့ကိုယ်၊ကိုယ့်အတွေးအခေါ်နဲ့ကိုယ်လိုတယ်။ Phyo Paing @ Derek

ကိုယ်ပျော်တာကိုယ်လုပ်။ကိုယ့်လိုလူကိုယ့်ဆီဝယ်လိမ့်မယ်။ Read More »