ဒါကြောင့် ကိုယ့်ကိုဝေဖန်
အပြစ်ပြောတဲ့သူတွေကို ဝေးဝေးရှောင်ပါ။
ကိုယ့်ကိုကိုယ် ဘယ်တော့မှ မပြစ်မတင်နဲ့။ကိုယ့်ကို အမြဲအပြစ်တင်တတ်တဲ့သူတွေနဲ့လဲဘယ်တော့မှ အပေါင်းအသင်မလုပ်နဲ့။သမီးရည်းစားမလုပ်နဲ့။ ဒီအတွေးအခေါ်က radical နည်းနည်းဆန်တယ်။လူတွေဘဝဘာကြောင့်အပြောင်းအလဲဖြစ်လဲ?ကိုယ့်ကို နားလည်ပေးတဲ့သူတွေကြောင့်ပဲ။ ဒါကြောင့် ကိုယ့်ရဲ့ဖြစ်တည်မှုကိုယ့်ကိုကိုယ် ဂုဏ်ယူပြီးကိုယ်ဘာပဲလုပ်လုပ် ခွင့်လွတ်နားလည်အားပေးတဲ့ အသိုင်းအဝိုင်းတစ်ခုရှိတဲ့အခါကိုယ်ပိုတိုးတက်တယ်။ပိုအောင်မြင်တယ်။ တချို့သားသမီးတွေမအောင်မြင်တာမိဘတွေက toxic ဖြစ်လို့။ ကိုယ့်သားသမီး ဘာလိုဖြစ်ဖြစ်ချစ်နေမယ်ဆိုတဲ့ စိတ်မထားပဲသားသမီးကို ခိုင်းစားစရာ၊ကိုယ့်ဂုဏ်အတွက် ကြွားစရာစဉ်းစားပြီး သူတို့ပေတံနဲ့တိုင်းသူတို့ဖြစ်စေချင်တဲ့အတိုင်းဖြစ်အောင်လုပ်မဖြစ်တဲ့အခါ စိတ်ဆိုး၊ analyze လုပ်ဝေဖန်တဲ့အတွက် တချို့ကလေးတွေခမျာဒုက္ခခဏခဏ ရောက်တတ်ကြတယ်။ ဒါကြောင့် ကိုယ့်ကိုဝေဖန် အပြစ်ပြောတဲ့သူတွေကို ဝေးဝေးရှောင်ပါ။ Phyo Paing @ Derek
ဒါကြောင့် ကိုယ့်ကိုဝေဖန်
အပြစ်ပြောတဲ့သူတွေကို ဝေးဝေးရှောင်ပါ။ Read More »
