advice

စိတ်မပါဘူးဆိုပြီး မလုပ်လို့မရဘူး။
ကိုယ့်တာဝန် ကိုယ်ကျေဖို့လိုတယ်။

စိတ်ပါပါ မပါပါ လုပ်စရာရှိအောင်သတ်မှတ်အချိန်တွင်းအဆင်ပြေချောမွေ့ပြီးအောင် လုပ်တာ professional ပဲ။ မပြုံးပြချင်လဲ အချိုသာဆုံးအပြုံး ပြုံးပြတာ လေယဥ်မယ်ရဲ့ တာဝန်။ စိတ်မပါဘူးဆိုပြီး မလုပ်လို့မရဘူး။ကိုယ့်တာဝန် ကိုယ်ကျေဖို့လိုတယ်။ Phyo Paing @ Derek

စိတ်မပါဘူးဆိုပြီး မလုပ်လို့မရဘူး။
ကိုယ့်တာဝန် ကိုယ်ကျေဖို့လိုတယ်။
Read More »

လောကဓံကို ကြံ့ကြံ့ခံဖို့
သိုင်းသင်ထားပါ။
လေ့ကျင့်အသုံးချပါ။

လူတွေက သိုင်းမကျင့်ကြဘူး။ဒီတော့ လူဇိုးပြဿနာတွေနဲ့ကြုံတော့ရင်ဆိုင်အနိုင်ယူဖို့ မစွမ်းနိုင်ကြဘူး။ စိတ်ပညာပိုင်း သိုင်းကျမ်းနဲ့ရုပ်ပညာပိုင်း သိုင်းကျမ်းနှစ်ပိုင်းရှိတယ်။ လောကဓံကို ကြံ့ကြံ့ခံဖို့ သိုင်းသင်ထားပါ။ လေ့ကျင့်အသုံးချပါ။ Phyo Paing @ Derek

လောကဓံကို ကြံ့ကြံ့ခံဖို့
သိုင်းသင်ထားပါ။
လေ့ကျင့်အသုံးချပါ။
Read More »

Perfect ဖြစ်ချင်စိတ်က
အလုပ်ပြီးမြောက်ဖို့အတွက်
အတားအဆီးပဲ။

တစ်ခုခုလုပ်တော့မယ်အခါအရာရာ perfect ဖြစ်လိုစိတ်များတဲ့အခါကိုယ့်ကိုကိုယ် စိတ်တိုင်းမကျဖြစ်လာမယ်။နောက်ပြီး စတင်ဖို့ အခက်အခဲဖြစ်လာမယ်။ ကိုယ့်စိတ်ကူးထဲက perfect နဲ့ လက်ရှိ အခြေအနေနဲ့ တော်တော်လေးကွာနေတဲ့အခါ အားမလိုအားမရဖြစ်လာမယ်။စတင်မည့်အလုပ်တွေ မစဖြစ်တော့ဘူး။ ဒါနဲ့ အချိန်ဆွဲမယ်။အရေးမကြီးတဲ့ အလုပ်တွေနဲ့ အာရုံလွဲမယ်။အချိန်ဆွဲတော့ ကိုယ့်ကိုကိုယ် ပိုအားမရဘူး။အားမရလေလေ ဒီအလုပ်နဲ့အဝေးကိုပြေးဖို့ ကြိုးစားလေလေ။ နောက်ဆုံး လက်လျော့လိုက်တဲ့အခါ လက်လျော့တဲ့အကျင့်ကြီးပါသွားတတ်တယ်။ ဒီတော့ Perfect ဖြစ်စဥ်စိတ်အစား၊ Progress တိုးတက်မှုအသားပေးစိတ်ထားကြည့်ကြည့်။ ဒါက ပထမ version ဖြစ်တဲ့အတွက် တိုးတက်ဖို့တော့ ထပ်လိုအုံးမယ်။ဒုတိယ version မှာ ပိုကောင်းလာလိမ့်မယ်။ ဒီလို Perfect ဖြစ်ဖို့ထက် တိုးတက်မှုအသားပေး Progress ကိုအာရုံစိုက်တဲ့စိတ်က အလုပ်ပိုပြီး မြောက်စေတယ်။ ဒါကြောင့် Progress > Perfect Perfectionist ဖြစ်တာကောင်းတယ်။Perfect ဖြစ်ချင်တဲ့စိတ်နဲ့ အလုပ်မလုပ်ဖြစ်တာ

Perfect ဖြစ်ချင်စိတ်က
အလုပ်ပြီးမြောက်ဖို့အတွက်
အတားအဆီးပဲ။
Read More »

ငါးမိနစ် ဥပဒေသ

တစ်ခုခု မလုပ်ချင်ပေမယ့်မဖြစ်မနေလုပ်ရတဲ့အခါ အချိန်ဆွဲတတ်ကြတယ်။Social Media ပွတ်သလိုလိုခြေကုန်လက်ပန်းချ ပင်ပန်းသလိုသလိုဒီလို အဖြစ်အပျက်တွေ လူတိုင်းတစ်ခါမဟုတ် တစ်ခါ ဖြစ်တတ်ကြတယ်။ အလုပ်က မလုပ်လို့ကလဲ မရဘူး။ လုပ်လဲ မလုပ်ချင်ဘူး။ မလုပ်ပြန်ရင်လဲ စိတ်က မဖြောင့်ပြန်ဘူး။အဲ့အခြေအနေမျိုးမှာ ကျွန်တော်ကျင့်သုံးဖြစ်တာကတော့ ၅ မိနစ် ဥပဒေသပဲ။ ငါးမိနစ်အရင် အာရုံစိုက်လိုက်မယ်။ alarm ပေးလိုက်တယ်။ လုပ်ရင်း စျန်ဝင်သွားတဲ့အချိန်တွေရှိတတ်တယ်။ ပထမဆုံး ငါးမိနစ် အရေးကြီးတယ်။ Phyo Paing @ Derek

ငါးမိနစ် ဥပဒေသ Read More »

ဖြစ်ချင်တာ ဖြစ်ဖို့
လုပ်ချင်တာပဲ လုပ်လို့မရဘူး။

စိတ်ပါမှ စာကျက်မယ်ဆိုဆယ်တန်းတောင် အောင်ခဲ့မှာ မဟုတ်ဘူး။လောကမှာ ဆေးခါးသောက်ရတဲ့အချိန်တွေ ရှိတယ်။ ကိုယ်ဖြစ်ချင်တဲ့ နောက်တစ်ဆင့်ရောက်ဖို့စိတ်မပါပေမယ့်၊ စိတ်ဖိစီးမှု များပေမယ့်၊ လုပ်ချင်ကိုင်ချင်စိတ်မရှိပေမယ့် လုပ်ရတဲ့ အချိန်တွေ လူတိုင်းမှာရှိတယ်။ ဒီအရာတွေက လူတွေရဲ့ဘဝကို ကွာခြားသွားစေတယ်။ Phyo Paing @ Derek

ဖြစ်ချင်တာ ဖြစ်ဖို့
လုပ်ချင်တာပဲ လုပ်လို့မရဘူး။
Read More »

ဖက်တွယ်မထားပါနဲ့။

အရင်အလုပ်ဖြစ်ခဲ့တဲ့နည်းလမ်းတွေကအခု အလုပ်ဖြစ်ချင်မှ ဖြစ်တော့မယ်။ဘဝဆိုတာ ရေလိုပဲ အမြဲစီးဆင်းနေတယ်။တချို့ကိစ္စ တွေ၊ တချို့အရာတွေက ထားခဲ့သင့်ရင် ထားခဲ့ပြီးရှေ့ဆက်ရတဲ့အချိန်တွေရှိကောင်းရှိမယ်။ဖက်တွယ်မထားပဲ ရှေ့ဆက်ရဲတဲ့ သတ္တိလိုတယ်။ Phyo Paing @ Derek

ဖက်တွယ်မထားပါနဲ့။ Read More »

ကိုယ့်ရဲ့ mental model ကို
ကိုယ်တိုင် သိပြီလား။
မသိရင် ဘဝရဲ့ တိုင်ပတ်မှုအပေါင်း
သရဖူဆောင်းတဲ့ ဝဲကယက်ထဲက
ထွက်နိုင်ဖို့ မလွယ်ဘူး။

ကျွန်တော် Derek ရဲ့ Mental Model ၁၂ ခု ၁။ ဆုံးရှုံးနိုင်ခြေ ဘယ်လောက်ရှိသလဲ။ အကောင်းဆုံးဖြစ်နိုင်ခြေဘယ်လောက်ရှိသလဲ။ ဒါက ကျွန်တော်အမြဲအသုံးပြုတဲ့mental model တစ်ခုဖြစ်တယ်။ Mental model ဆိုတာ အခြေအနေတစ်ခုကို အဓိပ္ပာယ်ဖွင့်တဲ့အချိန်ဆုံးဖြတ်ချက်ချတဲ့အချိန်အသုံးပြုတဲ့မြေပုံ တစ်ခုဖြစ်တယ်။ ဒီ downside risk ဘယ်လောက်ရှိလဲ၊upside potential ဘယ်လောက်ရှိသလဲဟာဆုံးဖြတ်ချက် ချတာတွေကို လွယ်ကူစေတယ်။ ၂။ မနက်ဖြန် ဘာပြဿနာကြုံနိုင်လဲ။ ဒါက ဒုတိယ mental model ဖြစ်တယ်။ ကျောင်းပြီးရင် အလုပ်မရတာကြုံနိုင်တယ်။ အလုပ်လုပ်တဲ့အခါ မအောင်မြင်တာကြုံနိုင်တယ်။Social Media မှာ content marketing လုပ်တဲ့အခါကိုယ့်ကို တိုက်ခိုက်တာတွေ ကြုံနိုင်တယ်။ဝန်ထမ်းရေးရာ ပြဿနာ ကြုံနိုင်တယ်။အသက်ကြီးတဲ့အခါ မကျန်မာတာကြုံနိုင်တယ်။အထီးကျန်တာ ကြုံနိုင်တယ်။ စိတ်ရဲ့ ကျက်စားရာမရှိတာ ကြုံနိုင်တယ်။သေခါနီးအချိန်

ကိုယ့်ရဲ့ mental model ကို
ကိုယ်တိုင် သိပြီလား။
မသိရင် ဘဝရဲ့ တိုင်ပတ်မှုအပေါင်း
သရဖူဆောင်းတဲ့ ဝဲကယက်ထဲက
ထွက်နိုင်ဖို့ မလွယ်ဘူး။
Read More »

ပြဿနာဖြစ်ရင် ခံစားမှုကိုမစရဘူး။

ပြဿနာသေးသေးလေးကိုအဖြေရှာမည့်အစားပုံကြီးချဲ့ စဉ်းစားတာဟာ အကြည်ဓာတ်ကို ပျက်စေတတ်တယ်။ပြဿနာဖြစ်ရင် ခံစားမှုကိုမစရဘူး။အတွေးကို စရတယ်။ဒါမှ ယုတ္တိကျကျ အကောင်းဆုံးအဖြေရမှာ။ Phyo Paing @ Derek

ပြဿနာဖြစ်ရင် ခံစားမှုကိုမစရဘူး။ Read More »

ကျွန်တော်တို့ အလုပ်၊
ကျွန်တော်တို့ဖန်တီးတဲ့
လုပ်ငန်း၊ ကုန်ပစ္စည်း၊ content တိုင်းဟာကိုယ့်ရဲ့ အတွေးအခေါ်၊ အိမ်မက်တွေ ဖော်ထုတ်ပြတဲ့ နေရာဖြစ်နေဖို့လိုတယ်။

ဒီမိုကရေစီမှာလူတွေဘာကြောင့်ပိုတိုးတက်လဲဆိုရင်ဒီ ဒီမိုကရေစီဆိုတဲ့အတွေးအခေါ်ကို အေသင်မှာစတင်ကတည်းကသူ့ရဲ့ ရည်ရွယ်ချက်ကFreedom and Liberty ကိုအခြေခံတယ်။ လွပ်လပ်စွာတွေးခေါ်နိုင်မှုကိုယ့်အတွေးကို လွတ်လပ်စွာဖော်ပြနိုင်မှု ပေါ်အခြေခံတဲ့အတွက်ကိုယ့်ကိုကိုယ် fully expressလုပ်လို့ရတယ်။ Fully express လုပ်လို့ရတဲ့ နေရာမှာအနုပညာပိုထွန်းကားတယ်။ဘဝက ပိုပြီး အနှစ်သာရရှိတယ်။လူအများစုက ငွေကြေးမှာသာယာတဲ့အဆင့်ကို ကျော်လွန်လာရင်အတွေးအခေါ်မှာ သာယာတဲ့အဆင့်ရောက်လာကြမယ်။ ငွေကြေးကော၊ အတွေးအခေါ်ပါသာယာနိုင်ဖို့ ကိုယ့်ရဲ့ အတွေးအခေါ်အယူအဆ၊ အထင်အမြင်ကိုfully express လုပ်နိုင်တဲ့ပတ်ဝန်းကျင်လိုတယ်။​ ကျွန်တော်တို့ အလုပ်၊ကျွန်တော်တို့ဖန်တီးတဲ့လုပ်ငန်း၊ ကုန်ပစ္စည်း၊ content တိုင်းဟာကိုယ့်ရဲ့ အတွေးအခေါ်၊ အိမ်မက်တွေဖော်ထုတ်ပြတဲ့ နေရာဖြစ်နေဖို့လိုတယ်။ ဒီလို ဖော်ထုတ်ဖို့ ကိုယ်ဘယ်သူလဲ၊ဘာကိုတန်ဖိုးထားလဲ၊ကိုယ့်အိမ်မက်က ဘာလဲ၊ကိုယ့်ကိုကိုယ် နားလည်မှုရှင်းလင်းပြတ်သားနေဖို့လိုတယ်။ Phyo Paing @ Derek

ကျွန်တော်တို့ အလုပ်၊
ကျွန်တော်တို့ဖန်တီးတဲ့
လုပ်ငန်း၊ ကုန်ပစ္စည်း၊ content တိုင်းဟာကိုယ့်ရဲ့ အတွေးအခေါ်၊ အိမ်မက်တွေ ဖော်ထုတ်ပြတဲ့ နေရာဖြစ်နေဖို့လိုတယ်။
Read More »