advice

မပျော်တဲ့အရာတွေ၊
စိတ်ညစ်စေတဲ့ အဖြစ်အပျက်တွေကိုပဲထပ်ခါထပ်ခါ စဥ်းစားပြီး
ဖျက်မပစ်နိုင်တဲ့အခါ
စိတ်ညစ်မှုကင်ဆာစွဲကပ်လာတတ်တယ်။

ခန္ဓာကိုယ်မှာ apotosisဆိုတဲ့ ဖြစ်စဥ်တစ်ခုရှိတယ်။အဟောင်းအနွမ်း၊ မလိုအပ်၊ပုံမမှန်တဲ့ ဆဲလ်တွေကိုအလိုအလျောက်သေအောင်စနစ်ချထားတဲ့ ဖြစ်စဥ်တစ်ခုဖြစ်တယ်။ ဒီဖြစ်စဥ် ပျက်တဲ့အခါပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကြီးလာပြီးကင်ဆာတို့လို ရောဂါတွေပေါ်လာတတ်တယ်။ ဘဝမှာလဲ အလားတူပဲ။လိုအပ်တဲ့အရာတွေပဲ မှတ်ပြီးမလိုအပ်တဲ့အရာတွေ မေ့လို့ရအောင်ဦးနှောက်က ဖန်တီးထားပေးတယ်။ ဒါကိုလွန်ဆန်ပြီး မပျော်တဲ့အရာတွေစိတ်ညစ်စေတဲ့ အဖြစ်အပျက်ကိုပဲထပ်ခါထပ်ခါ စဥ်းစားပြီးဖျက်မပစ်နိုင်တဲ့အခါစိတ်ညစ်မှုကင်ဆာစွဲကပ်လာတတ်တယ်။ Phyo Paing @ Derek

မပျော်တဲ့အရာတွေ၊
စိတ်ညစ်စေတဲ့ အဖြစ်အပျက်တွေကိုပဲထပ်ခါထပ်ခါ စဥ်းစားပြီး
ဖျက်မပစ်နိုင်တဲ့အခါ
စိတ်ညစ်မှုကင်ဆာစွဲကပ်လာတတ်တယ်။
Read More »

ဘဝမှာ သေချာတဲ့အရာတစ်ခုက
ဘယ်မှာပဲနေနေ၊
ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်
ပြဿနာ ဆိုတာရှိနေမှာပဲ။

တောင်ပေါ်မြို့လေးမှာအပင်လေးစိုက်ပြီး အေးဆေးနေမယ်စဥ်းစားပြီး ပြဿနာ မရှိတော့ဘူးမထင်လိုက်နဲ့။သူ့မှာလဲ သူ့ပြဿနာနဲ့သူရှိတာပဲ။ တရားအားထုတ်ရင်ပြဿနာမရှိတော့ဘူးလို့ မထင်လိုက်နဲ့။တရားအားထုတ်တဲ့အချိန်ခန္ဓာကိုယ်အဖြစ်အပျက်ရှုရင်းဝေဒနာတွေကိုတွေ့ရမှာပဲ။ အဲ့တော့ ဘဝနဲ့ ပြဿနာနဲ့ဒွန်တွဲနေတဲ့အတွက်ပြဿနာတွေရှိနေတယ်ဆိုတာသာမာန်ပဲဆိုတဲ့ စိတ်ထားပြီးကိုယ်က ပြဿနာထက်ပိုကြီးနေဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ သေချာတဲ့အရာတစ်ခုက
ဘယ်မှာပဲနေနေ၊
ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်
ပြဿနာ ဆိုတာရှိနေမှာပဲ။
Read More »

ပတ်ဝန်းကျင်ကို မကြိုက်ရင်
ပြောင်းလို့ရတယ်။
Relationship တစ်ခုကိုမကြိုက်ရင်ပြောင်းလို့ရတယ်။
ကိုယ့်ကိုကိုယ်မကြိုက်ရင်လဲ
ပြောင်းလို့ရတယ်။

တည်ဆောက်ခဲ့သမျှ စွန့်လွတ်ရဲဖို့ဆိုတာကိုယ့်ကိုကိုယ် အဖိုးတန်အောင်တည်ဆောက်ယူထားမှ ရမှာ။ဒီနေ့လေ့လာထားသမျှကိုယ့်ကိုကိုယ် ရင်းနှီးထားသမျှကဘယ်နေရာရောက်ရောက် ကိုယ်နဲ့ပါသွားမှာ။ ဒါကြောင့် ဝါရင်ဘူဖေးကအကောင်းဆုံးရင်းနှီးမြုပ်နှံမှုကကိုယ့်ကိုကိုယ်ပဲတဲ့။ဒါက ကမ္ဘာ့ပထမ ရင်းနှီးမြုပ်နှံတဲ့ဂုရုသူကြွယ် ပြောတာနော်။ကိုယ့်ကိုကိုယ် တိုးတက်အောင်တစ်ရက်ဘယ်နှစ်နာရီ ရင်းနှီးမြုပ်နှံဖြစ်လဲ။ ပတ်ဝန်းကျင်ကို မကြိုက်ရင်ပြောင်းလို့ရတယ်။Relationship တစ်ခုကိုမကြိုက်ရင်ပြောင်းလို့ရတယ်။ကိုယ့်ကိုကိုယ်မကြိုက်ရင်လဲပြောင်းလို့ရတယ်။ အပြောင်းအလဲတစ်ခုအတွက်အချိန်ပေးပြင်ဆင်ဖို့လိုသလိုနေ့စဉ်ဖြေးဖြေးပြောင်းလဲရတာဖြစ်တဲ့အတွက် တစ်ရက်ရဲ့စွမ်းပကားကို လျော့တွက်လို့မရဘူး။ Phyo Paing @ Derek

ပတ်ဝန်းကျင်ကို မကြိုက်ရင်
ပြောင်းလို့ရတယ်။
Relationship တစ်ခုကိုမကြိုက်ရင်ပြောင်းလို့ရတယ်။
ကိုယ့်ကိုကိုယ်မကြိုက်ရင်လဲ
ပြောင်းလို့ရတယ်။
Read More »

စိတ်ပညာအရ တစ်ဖက်လူကို
တစ်ခုခု ပေးဆပ်ခိုင်းတဲ့အခါ
တစ်ခုခုအပေါ် ပိုတန်ဖိုးထားကြတယ်။ အချိန်၊ ငွေကြေး၊ စိတ်အား
တစ်ခုခုပေါ့။

App တွေကိုစွဲလမ်းစေချင်ရင်Investment လုပ်ခိုင်းကြတယ်။ဥပမာ ခု Facebook ဆို ဓာတ်ပုံ၊ စာ၊Video နဲ့ ရင်းနှီးမှုတွေ investmentလုပ်ထားတဲ့အတွက်ဒီ platform က မခွါနိုင်ကြဘူး။ အမျိုးသမီးအများစု လုပ်မိတဲ့အမှားကကိုယ့်ရည်းစား၊ အမျိုးသားကိုငွေကုန်ကြေးကျများမှာစိုးပြီးကိုယ့်အပေါ် Investment မလုပ်ခိုင်းတာပဲ။ စိတ်ပညာအရ တစ်ဖက်လူကိုတစ်ခုခု ပေးဆပ်ခိုင်းတဲ့အခါတစ်ခုခုအပေါ် ပိုတန်ဖိုးထားကြတယ်။အချိန်၊ ငွေကြေး၊ စိတ်အားတစ်ခုခုပေါ့။ သင်တန်းတွေလဲ အတူတူပဲ။အလကားတက်ရတဲ့ သင်တန်းနဲ့သိန်းရာဂဏန်းပေးရတာနဲ့ဆိုရာဂဏန်းက အပြောင်းအလဲပိုဖြစ်စေတယ်။ကိုယ်က Investment တွေအများကြီးလုပ်ထားပြီးသားဆိုတော့မလုပ်လို့ မရတော့ဘူးလေ။ Phyo Paing @ Derek

စိတ်ပညာအရ တစ်ဖက်လူကို
တစ်ခုခု ပေးဆပ်ခိုင်းတဲ့အခါ
တစ်ခုခုအပေါ် ပိုတန်ဖိုးထားကြတယ်။ အချိန်၊ ငွေကြေး၊ စိတ်အား
တစ်ခုခုပေါ့။
Read More »

အလုပ်ဆိုတာ ထွက်ပေါက်ပဲ။

အလုပ်ဆိုတာ စိတ်ကြွဆေးပဲ။အလုပ်ဆိုတာ တွန်းအားပဲ။အလုပ်ကိုစွဲလမ်းသွားတဲ့အခါပြဿနာတချို့ကိုမေ့သွားတယ်။အလုပ်ဆိုတာထွက်ပေါက်ပဲ။အလုပ်ဆိုတာ လွတ်မြောက်ရာနယ်မြေ။ ဒီလိုဖြစ်ဖို့ ကိုယ်ရင်ခုန်တဲ့အလုပ်လုပ်ဖို့လိုတယ်။ကိုယ်မကြိုက်တဲ့အလုပ်ကို စိတ်ညစ်ခံလုပ်ပြီးကိုယ့်ကိုကိုယ် မညှင်းဆဲတော့တာ၂၀၁၂ Jan ဘွဲ့ရပြီးကတည်းကပဲ။ တစ်ရက်မှ အလုပ်မလုပ်ချင်ရင်ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်ပါလို့ကွန်ဖြူးရှပ်လဲ ပြောခဲ့တာပဲ။ အလုပ်ကို ဂိမ်းတစ်ခုလိုစွဲစွဲလမ်းလမ်းလုပ်ဖို့လိုတယ်။ Phyo Paing @ Derek

အလုပ်ဆိုတာ ထွက်ပေါက်ပဲ။ Read More »

စနစ်ကျဖို့ စနစ်ချပါ။

စနစ်ကျဖို့ စနစ်ချပါ။ ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ဖို့ လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်လုပ်ငန်းကို စနစ်ချဖို့ လိုပါတယ်။ လုပ်ငန်းတစ်ခုကို စနစ်ချတယ်ဆိုတာ ကိုယ့်လုပ်ငန်းမှာ နေ့တဓူဝလုပ်နေရတဲ့ အလုပ်တွေကို ဘာပြီးရင် ဘာလုပ်မယ် ဆိုတဲ့ လုပ်ငန်းဆောင်တာ အဆင့်ဆင့်ကို အတိအကျသတ်မှတ်ပြီး လုပ်ဆောင်တာပါ။ ကမ္ဘာကျော် E-Myth စာအုပ်ရဲ့ စာရေးဆရာ Michael Gerber က “လူတွေအပေါ် မှီခိုတဲ့ လုပ်ငန်းအစား စနစ်အပေါ် မှီခိုတဲ့ လုပ်ငန်း တည်ဆောက်ပါ။” လို့ ပြောပါတယ်။ ကိုယ့်လုပ်ငန်းကို စနစ်ချခြင်းအားဖြင့် လူတစ်ဦးတစ်ယောက်အပေါ် အမြဲမှီခိုနေစရာမလိုဘဲ customer တွေကို အရည်အသွေးတည်ငြိမ်တဲ့ ဝန်ဆောင်မှု ပေးနိုင်လာမယ်။ ကိုယ်မပါဘဲ လည်ပတ်တဲ့ လုပ်ငန်း စတင် တည်ဆောက်နိုင်လာမယ်။ မိတ်ဆွေအနေနဲ့ ကိုယ့်လုပ်ငန်းမှာ စနစ်တစ်ခုရှိနေပြီလား ?

စနစ်ကျဖို့ စနစ်ချပါ။ Read More »

အဓိက ‘အ’ သုံးလုံးကို အသုံးပြုနိုင်တဲ့အခါ ဘယ်မှာနေနေလူတွေမမှတ်မိလောက်အောင်တိုးတတ်ပြောင်းလဲနိုင်ပါတယ်။

ငယ်ငယ်က မြန်မာဇာတ်ကားတွေမှာအနောက်တိုင်းက ပြန်လာတဲ့အခါလူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလာတာကိုတွေ့ရမှာ ဖြစ်သလိုငယ်ငယ်က မြန်မာ့စာပေတွေမှာမောင်လူအေး ဘိလပ်ကပြန်လာတော့မြန်စာစကားမပြောတတ်တော့ပဲ“ရေချမ်းချမ်းတစ်ခွက်ပေးပါ” ဆိုတဲ့ဝတ္တုထဲကအကြောင်းအရာမျိုးလေးတွေဖတ်ဖူးလိမ့်မယ်။ ဆယ်တန်းပြီးတော့ Thomas Friedman ရဲ့The world is flat ဆိုတဲ့စာအုပ်ဖတ်လိုက်ရတဲ့အခါ အနာဂတ်အကြောင်းဘယ်လိုတွေ ဖြစ်နိုင်လဲဆိုတာခပ်ရေးရေးပုံဖော်လို့ရလာတယ်။ ၂၀၀၅ မှာ Internet ကို မန္တလေးမှာသုံးလို့ရတဲ့နေရာ KMD နဲ့ဆေးကျောင်းရှေ့က Japan Store ပဲရှိတယ်။KMD က တစ်နာရီ လေးရာ။စောင့်ပြီးသုံးရတယ်။asl pls ဆိုတဲ့ MIrc နဲ့ Meboo ခေတ်ကပေါ့။KMD က ညနေ ၆ နာရီပိတ်တော့Japan Store ညနေသွားတဲ့အခါတစ်နာရီငါးထောင်နဲ့ သွားသုံးခဲ့ရတဲ့ အချိန်တွေ။ YouTube သုံးနိုင်ဖို့အတွက်ဆိုတာDtunnel တို့လို Freedom VPN နဲ့မကောင်းတဲ့ line ကြားကဘာညာကျော်ခွရတဲ့အချိန်။ Metaverse ခေတ်မှာသူများတွေ Unreal

အဓိက ‘အ’ သုံးလုံးကို အသုံးပြုနိုင်တဲ့အခါ ဘယ်မှာနေနေလူတွေမမှတ်မိလောက်အောင်တိုးတတ်ပြောင်းလဲနိုင်ပါတယ်။ Read More »

ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ ဥပဒေသတွေဟာ
ဘဝဖြတ်သန်းရေးကို လွယ်ကူစေတယ်။

အသည်းနာရတဲ့အချိန်တွေလူတိုင်းမှာရှိတတ်ကြတယ်။အများစုက ကိုယ်ချစ်တဲ့သူတွေကိုယ်မျှော်မှန်းထားသလိုမဟုတ်ပဲတလွဲတွေးပြီး၊ တလွဲလုပ်တဲ့အချိန်တွေဖြစ်ကောင်းဖြစ်နိုင်သလို၊ကိုယ်ထင်ထားတဲ့ လုပ်နိုင်စွမ်းမရောက်တဲ့အချိန်တွေဖြစ်ကောင်းဖြစ်နိုင်တယ်။ အစပိုင်းမှာ ပြောမယ်။နောက်ပြောပါများ မောလာတော့တွေ့တိုင်း အကြည်ဓာတ်ပျောက်မယ်။နောက် လျစ်လျူရှုလိုက်မယ်။နောက် တဖြည်းဖြည်း connectionမမိဖြစ်လာမယ်။​ဒါက သဘာဝ ဖြစ်လေ့ဖြစ်ထရှိတဲ့ဖြစ်စဥ် တစ်ခုဖြစ်တယ်။ ဒီလို အချိန်နေကြုံတိုင်းဘဝနေထိုင်ရေး ဥပဒေသအသစ်တွေထုတ်ပြီး နေထိုင်ခြင်းအားဖြင့်နောက်ဖြတ်သန်းရမည့်ဘဝကပိုကောင်းလာနိုင်တယ်။ ဥပမာတွယ်တာစိတ် attachment ဆိုတဲ့အစားaffection ချစ်ခင်စိတ််နဲ့ ပေးဆပ်ဖို့ကြည့်တာမျိုး။ ဒါမှ မဟုတ် တခြားသူအပေါ်ထားတဲ့expectation တွေလျော့ပြီးကိုယ့်ကိုကိုယ်ပဲ မျှော်လင့်ချက်ထားထားမျိုး။ ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ ဥပဒေသတွေဟာဘဝဖြတ်သန်းရေးကို လွယ်ကူစေတယ်။ လူတိုင်းတစ်နေ့သေရမှာဖြစ်တဲ့အတွက်တွယ်တာမှုတွေထားပြီး ကိုယ့်လိုအပ်ချက်ကိုသူ့ကို ဖြည့်ဆည်းခိုင်းမည့်အစားကိုယ်ချစ်တဲ့သူတွေကိုအရှိကိုအရှိအတိုင်း လက်ခံတာက ပိုကောင်းတဲ့နည်းလမ်းတစ်ခုပဲလို့ ခံယူထားလိုက်တယ်။ Phyo Paing @ Derek

ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ ဥပဒေသတွေဟာ
ဘဝဖြတ်သန်းရေးကို လွယ်ကူစေတယ်။
Read More »

လူကြောနပ်ဖို့လိုတယ်။

ပန်းသီးတစ်လုံးကြွေကျလာတာကြည့်ပြီး ဘာကြောင့် “လ” ကကြွေကျမလာသလဲဆိုတဲ့မေးခွန်းမေးပြီး ကမ္ဘာ့ဆွဲအားlaw of gravity ကိုတွေ့ရှိခဲ့သူ၊ဒီဥပဒေသကို သက်သေပြဖို့သင်္ချာပညာ Calculus ကို တည်ထွင်ခဲ့သူSir Isaac Newton နယူတန်ကMulti-level marketing (MLM) နဲ့သိပ်မကွာတဲ့ Ponzi scheme ကြောင့်သူ့ဘဝနေဝင်ချိန်မှာ ငွေကြေးတွေဆုံးရှုံးခဲ့ရတယ်။​ ဒါကြောင့် စာပဲတတ်နေလို့မရဘူး။လူကြောလဲ နပ်ဖို့လိုတယ်။မားကတ်တင်းနဲ့ စီးပွားရေးလုပ်တဲ့အခါလူကြောနပ်ဖို့ အရမ်းအရေးကြီးတယ်။ Phyo Paing @ Derek

လူကြောနပ်ဖို့လိုတယ်။ Read More »