advice

တချို့သေးသေးလေးတွေက ကြီးမားတဲ့ ရလဒ်ကောင်းတွေ ရစေနိုင်တယ်။

ကိုးတန်းတုန်းက ဆရာမြောက်ပေးတာနဲ့English – Myanmar သာလွန်Dictionary ကြီးကို သူငယ်ချင်းပေးလိုက်တယ်။Oxford English – English Dictionaryဝယ်ပြီး စလေ့လာတယ်။အဲ့မှာစ တိုင်ပတ်ပါလေရော။ ၈ တန်းထိက ကျောင်းပြေးလိုက်၊game နှိပ်လိုက်လုပ်ခဲ့တော့အခြေခံမရှိတဲ့အခါ တော်တော်ခက်တယ်။ဒါနဲ့ အလွယ်ဆုံးနည်းလမ်းရှာတော့ပထမဆုံးစကားလုံးတွေက အဓိကပဲ။ဒီ hack လေးကို apply လုပ်လိုက်တော့အရမ်းလွယ်သွားတယ်။ စာအုပ်ဖတ်ရင်လဲအလားတူပဲစာရေးဆရာတွေက ပထမအပိုဒ်ကိုအကောင်းဆုံး လက်စွမ်းပြလေ့ရှိတယ်။ဒါမှ သူ့စာဆက်ဖက်မှာကိုး။ တချို့သေးသေးလေးတွေကကြီးမားတဲ့ ရလဒ်ကောင်းတွေရစေနိုင်တယ်။​ Phyo Paing @ Derek

တချို့သေးသေးလေးတွေက ကြီးမားတဲ့ ရလဒ်ကောင်းတွေ ရစေနိုင်တယ်။ Read More »

ဘူကောင်တိုက်ဖျက်ရေး = Mission (ဘူကောင် = unhappy and unlucky)

ဒီ Page ရဲ့ ရည်ရွယ်ချက်ကဘူကောင်တိုက်ဖျက်ရေးဖြစ်တဲ့အတွက်ဘူကောင်တွေကို ban တာ အမြဲလုပ်တယ်။ဒါကြောင့် Page မှာရောAccount မှာပါ ဘူကောင်ကင်းစင်နယ်မြေဖြစ်နေခြင်းဖြစ်တယ်။ အကြည်ဓာတ်တွေပဲ ပေးချင်တယ်။ဘာကြောင့်လဲဆိုတော့ဓာတ်ဆိုတာ ကူးစက်တတ်တဲ့သဘောရှိတယ်။ ဘူကောင်တွေက အမြဲမပျော်၊ကံမကောင်းဖြစ်နေပြီးပြစ်တင်ပြောဆို Blameငြီးထွား Complain လုပ်တတ်တဲ့သဘာဝတွေရှိသလိုအကျိုးမရှိပဲ အငြင်းသန်တဲ့သဘောသဘာဝတွေရှိတယ်။ကိုယ်လိုချင်တာကို သေချာမသဲကွဲဘူး။မလိုချင်တာတွေကိုပဲပြောတတ်တဲ့သဘာဝရှိတယ်။အလုပ်ကိုလက်ကြောတင်းအောင်မလုပ်ချင်ဘူး။ရလဒ်ကိုတော့ အများကြီးရချင်တယ်။ဒါကို work smart ဆိုပြီးခဏခဏပြောတတ်လေ့ရှိတယ်။ အားလုံးရဲ့ productivity စွမ်းဆောင်ရည်နဲ့profit အမြတ်ငွေ တိုးတက်ဖို့အကြည်ဓာတ်လိုတယ်။ဒီအကြည်ဓာတ်တွေ ထုတ်လွင့်ပြီးအားကောင်းစေဖို့ဘူကောင်တိုက်ဖျက်ရေးကိုစတင်ခဲ့တယ်။ Phyo Paing @ Derek

ဘူကောင်တိုက်ဖျက်ရေး = Mission (ဘူကောင် = unhappy and unlucky) Read More »

တစ်ရက်တစ်ရက် ကိုယ့်အတွက်ကိုယ် လေးငါးနာရီလောက်တော့
အချိန်ပေးဖို့လိုတယ်။

4-9 AM က တစ်ရက်တာအလုပ်တွေ မလုပ်ခင်ကိုယ့်ကိုကိုယ် training ဆင်းတဲ့အချိန်ပဲ။ စာဖတ်၊ တရားထိုင်၊ ဘာသာစကားလေ့ကျင့်၊သက်ဆိုင်ရာပညာရပ်လေ့လာ၊လေ့ကျင့်ခန်းလုပ်၊ကိုယ့်လုပ်ရပ်တွေကို ပြန်လည်သုံးသပ်၊အနာဂတ်အတွက်အချိန်ပေးစဉ်းစားတဲ့အချိန်ပဲ။ တစ်ရက်တစ်ရက် ကိုယ့်အတွက်ကိုယ်လေးငါးနာရီလောက်တော့အချိန်ပေးဖို့လိုတယ်။ ဒီလိုအချိန်ပေးနိုင်ဖို့ အလုပ်ကိုသေချာစနစ်ချ design လုပ်ဖို့လိုတယ်။ဒါကို lifestyle design လို့ခေါ်တယ်။ Phyo Paing @ Derek

တစ်ရက်တစ်ရက် ကိုယ့်အတွက်ကိုယ် လေးငါးနာရီလောက်တော့
အချိန်ပေးဖို့လိုတယ်။
Read More »

Learning and Growth

အဖြစ်လုပ်တာနဲ့အလုပ်ဖြစ်အောင်လုပ်တာ မတူဘူး။အလုပ်ဖြစ်အောင်လုပ်ဖို့ဘယ်အရာက အလုပ်ဖြစ်တယ်၊ဘယ်အရာက အလုပ်မဖြစ်ဘူးပြန်လည်သုံးသပ်ပြီးပြုပြင်သွားဖို့လိုတယ်။ လိုအပ်တဲ့ Learning & Growth လုပ်မနေပဲ၊ငွေရေးကြေးရေး၊ စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေးအလိုလို တိုးတက်မလာဘူး။ စီမံခန့်ခွဲမှုမှာ ပြောနေကျစကားလိုအလိုလိုပေါက်တာဆိုလို့အများဆုံးကတော့ မြက်ပင်ပဲရှိတယ်။လှပတဲ့သစ်ပင်ပန်းမံတွေပွင့်ဖို့တော့စနစ်တကျ ပြုစုပျိုးထောင်ရတယ်။ Phyo Paing @ Derek

Learning and Growth Read More »

အိမ်မက်တွေရှိရုံနဲ့ ဖြစ်မလာဘူး

အိမ်မက်တွေရှိရုံနဲ့ ဖြစ်မလာဘူး။အိမ်မက်ဆိုတဲ့ dream တွေကိုအကောင်အထည်ဖော်ဖို့desire (burning desire) ပြင်းပြတဲ့စိတ်ဆန္ဒလိုတယ်။ပြင်းပြတဲ့စိတ်ဆန္ဒတွေကိုပုံမှန်လည်ပတ်တဲ့ daily habits အဖြစ်ပြောင်းလဲဖို့လိုတယ်။ အိမ်မက်တွေဘယ်လောက်ကြီးကြီး၊စိတ်ဆန္ဒဘယ်လောက်ပြင်းပြပြနေ့စဥ် Daily habits တစ်ခုမဖြစ်သမျှဖြစ်ချင်တာတွေအားလုံး ဆုတောင်းList ထဲမှာပဲ ရှိနေမှာပဲ။Dream -> Desire -> Daily Habits Phyo Paing @ Derek

အိမ်မက်တွေရှိရုံနဲ့ ဖြစ်မလာဘူး Read More »

ကိုယ်အလုပ်လုပ်တဲ့ နယ်ပယ်မှာနေရာတစ်ခုရဖို့

ကိုယ်အလုပ်လုပ်တဲ့ နယ်ပယ်မှာနေရာတစ်ခုရဖို့ဆိုတာ ၁။ ဦးနှောက်ဘယ်လောက်သုံးနိုင်လဲ?၂။ အမှားဘယ်လောက်လုပ်ခဲ့ဖူးလဲ?၃။ အမှားက သင်ခန်းစာဘယ်လိုယူသလဲ?၄။ အလုပ်မှာ ဘယ်လောက်စူးစိုက်နိုင်သလဲ?၅။ အလုပ်ကို အလေးအနက်ထားလုပ်လဲ?ဒီငါးချက်ပေါ်မှာ မူတည်တာပဲ။ အလုပ်တစ်ခုကို တစ်ဖက်ကမ်းခက်မကျွမ်းခင်မှာတော့ ဟိုဟာစိတ်ဝင်စားသလိုလိုဒီဟာပဲ စိတ်ဝင်စားသလိုလိုဖြစ်တတ်တယ်။အလုပ်တစ်ခုကို တစ်ဖက်ကမ်းခက်ကျွမ်းကျင်သွားရင် passion ပျောက်တယ်ဆိုတာဖြစ်မှာ မဟုတ်ဘူး။ Phyo Paing @ Derek

ကိုယ်အလုပ်လုပ်တဲ့ နယ်ပယ်မှာနေရာတစ်ခုရဖို့ Read More »

Creative Visualization

တကယ်မဟုတ်သေးတဲ့အရာတစ်ခုကိုစိတ်ကူးယဉ်တာဟာ လူတွေပိုင်ဆိုင်ထားတဲ့အကြီးဆုံး super power တစ်ခုဖြစ်တယ်။ စိတ်ကူးယဉ်တဲ့အခါ ပုံဖော်ရတယ်။ကိုယ်ဖြစ်တဲ့အရာတွေ၊ ပိုင်ဆိုင်ချင်တဲ့အရာတွေစိတ်ကူးယဉ်ပုံဖော်၊ ကြားယောင်၊ ခံစားတဲ့အခါမသိစိတ်က မှတ်တမ်းတင်ပေးတယ်။ ဒီစိတ်ကူးယဉ်ပုံဖော်တဲ့အပိုင်းကိုဦးနှောက်ရဲ့ neocortex နဲ့ thalamus ကထိန်ချုပ်ပြီး စိတ်ကူးယဉ်တဲ့ ပုံရိပ်သတင်းအချက်အလက်ဟာnerve တွေ ကတစ်ဆင့်စီးဆင်းပြီးdendritic connection တွေဖြစ်တယ်။ ဒီအဖြစ်အပျက်တစ်ခု အရင်ကလဲဖြစ်ဖူးသလိုလိုပဲ၊ အိမ်မက်ထဲမှာထင်တယ်ဆိုတာDéjà vu လို့ခေါ်တယ်။ လိုချင်တာရဖို့ Law of attraction ဆိုတာရှိတယ်။ကိုယ်လိုချင်တဲ့အရာတွေကို ပိုင်ဆိုင်ဖို့ကိုယ့်ဖက်က ready ဖြစ်နေဖို့လိုတယ်။Ready ဖြစ်နေဖို့အတွက် ကိုယ်ပိုင်ဆိုင်ချင်တဲ့အရာကိုပိုင်ဆိုင်တဲ့အခါ ရှိတဲ့ feeling ကိုကြိုတင်ခဲစားထားဖို့လိုတယ်။ ဥပမာ ကိုယ်က ပေါင် ၅၀ ချချင်တယ်ဆိုဒီပေါင် ၅၀ ကျသွားတဲ့အခါနေလို့ထိုင်လို့ကောင်းပြီးတက်ကြွလန်းဆန်းနေတဲ့ feeling ကိုcreative visualization လုပ်ကြည့်ဖို့လိုတယ်။ Mind Power အရမ်းအရေးကြီးတယ်။ဒီ စိတ်စွမ်းအားကို

Creative Visualization Read More »

ဘဝ ဥပဒေသ သုံးခု

၁။ အရှူံးကို သတ်မှတ်ထားပါ။ လောင်းကစားလုပ်တဲ့အခါကျွန်တော့်ရဲ့ ပထမဆုံးဥပဒေသက limit your lossဘယ် casino သွားသွားငါဘယ်လောက်ရှုံးရင် ပြန်မယ်ဒီ စိတ်နဲ့ အမြဲသွားတယ်။မဟုတ်ရင် Marina Bay Sands Casino မှာကိုယ့်ကိုကိုယ် မသတ်သေအောင်ပညာပေးစာတွေ ဘယ်ကပ်မလဲ။ ဘဝဆိုတာ Casino လိုပဲ။ဘဝကို အရှင်ပြန်ထွက်သွားလို့ မရဘူး။ဒါကြောင့် ဘဝမှာ ဘယ်လောက်ထိအရှုံးခံမလဲဆိုတဲ့ စိတ်ကဘဝအတွက်၊ အလုပ်အတွက်၊စီးပွါးရေးလုပ်ငန်းအတွက်ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ ၂။ ဖြစ်နိုင်ခြေကို ကြိုတွက်ပါ။ ကျွန်တော့်ဒုတိယ ဥပဒေသကDownside risk အနည်းဆုံးနဲ့Upside potential အကောင်းဆုံးကိုရွေးချယ်ခြင်းပါ။ Russian roulette ကစားသလိုပဲ။သုံညတစ်လုံးပါတာနဲ့ နှစ်လုံးပါတာဖြစ်နိုင်ခြေ probability မတူတော့ဘူး။ဘဝမှာလဲ အတူတူပဲ ငါတော့ထင်တယ်။ယုံကြည်တယ်ဆိုတာ တစ်ခုတည်းနဲ့မရဘူး။ယုတ္တိကျကျ ဘဝကို approachလုပ်တတ်ဖို့လိုတယ်။ ၃။ ကိုယ့်ကိုကိုယ် အမြဲလေ့လာနေပါ။ တတိယဥပဒေသကကမ္ဘာပေါ်မှာ ကိုယ့်အကြောင်းအသိဆုံးသူကကိုယ်ဖြစ်ဖို့ပါ။ လူတွေက

ဘဝ ဥပဒေသ သုံးခု Read More »

လူတွေမမှတ်မိလောက်အောင်တိုးတတ်ရောက်ပြောင်းလဲဖို့နေ့စဉ်မဖြစ်မနေလုပ်မည့် list ထားပါ။

Non-negotiable set point တစ်ရက်စာတစ်အုပ်ပြီးအောင်ဖတ်ရမယ်။တစ်ရက် video တစ်ခု ဖန်တီးရမယ်။တစ်ရက် စာတစ်ပိုဒ်ရေးရမယ်။​တစ်ရက် pushups တစ်ရာလုပ်ရမယ်။မနက်တိုင်း ၁၅ မိနစ် တရားထိုင်ရမယ်။စိတ်ညစ်စရာတိုင်း ၁ မိနစ်ထက် ပိုမခံစားဘူး။နေ့တိုင်း ၁၅ မိနစ် အလုပ်အကြောင်း plan ရမယ်။Learning App နှစ်ခုအတွက် တစ်ရက်၃၅ မိနစ်အထက် အချိန်ပေးတယ်။ဒါတွေက ကိုယ့်ရဲ့ non-negotiable setpoint ပဲ။ ဒီနေ့ Vishen Lakhiani ရဲ့The Codes of Extraordinary Mind ကိုVideo လုပ်ဖို့ သူ့စာအုပ်ဖတ်နေရင်းကိုယ်နဲ့တူတဲ့ idea တစ်ခုတွေ့တယ်။ဒါကိုတော့ Vishen က non-negotiable setpointလို့ခေါ်တယ်။ ကျွန်တော်ကတော့Daily Feel-Good List လို့သုံးတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့တစ်ရက်တာအဓိပ္ပာယ်ရှိဖို့ အဲ့အချက်တွေက မရှိမဖြစ်လိုလို့။ Phyo

လူတွေမမှတ်မိလောက်အောင်တိုးတတ်ရောက်ပြောင်းလဲဖို့နေ့စဉ်မဖြစ်မနေလုပ်မည့် list ထားပါ။ Read More »

သက်လုံမကောင်းတဲ့
သင့်ပြိုင်ဖက်တွေက
ကျန်ခဲ့လိမ့်မယ်။

ဆယ်နှစ်၊ နှစ်နှစ်ဆယ်မှာ သက်လုံမကောင်းတဲ့ သင့်ပြိုင်ဖက်တွေကကျန်ခဲ့လိမ့်မယ်။တစ်နှစ်၊ နှစ်နှစ် မစဉ်းစားနဲ့ဆယ်နှစ်၊ နှစ်နှစ်ဆယ်အနည်းဆုံးစဉ်းစားထားဖို့လိုတယ်။ Phyo Paing @ Derek

သက်လုံမကောင်းတဲ့
သင့်ပြိုင်ဖက်တွေက
ကျန်ခဲ့လိမ့်မယ်။
Read More »