advice

ကိုယ့်ကိုကိုယ် နားလည်ဖို့
အရေးကြီးတယ်။

ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာအကောင်းဆုံးလူကကိုယ်ကိုယ်တိုင်ပဲ။ ကိုယ့်ကိုကိုယ် နားလည်အောင်လေ့လာနေတာနှစ်ပေါင်း ၃၀ ကျော်ပြီ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နားလည်ဖို့
အရေးကြီးတယ်။
Read More »

လုပ်ငန်းရှင်တွေအနေနဲ့ အရာရာကို ကိုယ်တိုင်လုပ်မှစိတ်ကျေနပ်တဲ့ အကျင့်ဖယ်ဖို့လိုတယ်။

ကိုယ်တိုင်လုပ်ရင် ၁၅ မိနစ်လောက်နဲ့ပြီးနိုင်တာသိတယ်။ဒါပေမယ့် တခြားသူတွေလုပ်တတ်အောင်၂ ရက် ၃ ရက်လောက် အချိန်ပေးရတယ်ဆိုတာတချိန်သူတို့ကို delegation တာဝန်လွဲလို့ရအောင်ပါ။ဘယ်အလုပ်မဆို learning curve ဆိုတာရှိတယ်။လုပ်ငန်းရှင်တွေအနေနဲ့ အရာရာကို ကိုယ်တိုင်လုပ်မှစိတ်ကျေနပ်တဲ့ အကျင့်ဖယ်ဖို့လိုတယ်။မှားပါစေ။ မဆဲနဲ့။ သူတို့ လေ့လာသင်ယူနေတာကိုစိတ်ရှည်ရှည်ထားဖို့တော့ လိုတယ်။ Phyo Paing @ Derek

လုပ်ငန်းရှင်တွေအနေနဲ့ အရာရာကို ကိုယ်တိုင်လုပ်မှစိတ်ကျေနပ်တဲ့ အကျင့်ဖယ်ဖို့လိုတယ်။ Read More »

ရေလိုပဲ ဘဝကို စီးဆင်းသွားဖို့ ကြိုးစားကြည့်ပါ။

နေဝင်ပြီး မိုးချုပ်သွားတယ်။မနက်ကျ နေပြန်ထွက်မယ်။ဥတုသုံးပါး ပြောင်းလဲနေသလိုအရာရာသူ့အလိုလိုစီးဆင်းနေတယ်။ ဘဝဆိုတာ လူကောင်းတွေပဲနောက်ဆုံးအနိုင်ရတဲ့ ဟောလိဝုဇာတ်လမ်းမှမဟုတ်တာ တဖြည်းဖြည်းနားလည်လာတယ်။ တရုတ်ပညာရှိ လောင်ဇူး 老子 ပြောသလိုဘဝကို ရေလိုနေဖို့ တခါတလေ ကြိုးစားကြည့်တယ်။无为 Nothingness ထဲကို သွားကြည့်တယ်။ တခါတလေ ကိုယ်သေဆုံးသွားမှsimulation ထဲက နိုးလာတာလဲဖြစ်နေနိုင်တာပဲ မဟုတ်လား။ ရေလိုပဲ ဘဝကို စီးဆင်းသွားဖို့ ကြိုးစားကြည့်တယ်။ Phyo Paing @ Derek

ရေလိုပဲ ဘဝကို စီးဆင်းသွားဖို့ ကြိုးစားကြည့်ပါ။ Read More »

မနက်ထထချင်း coffee မသောက်ပါနဲ့။

မနက်ပိုင်း coffee သောက်တဲ့အခါ exercise performance ကိုတိုးတက်စေပေမယ့်overall daily performance ကျသွားတာသတိထားမိတာနဲ့ စာလိုက်ဖတ်ကြည့်တော့အဖြေကိုသွားတွေ့တယ်။Circadian rhythm အရ မနက်ထထချင်းမှာ cortisol level မြင့်တယ်။ cortisol ဆိုတာ stress hormone ဖြစ်တယ်။ လူကိုနိုးကြားစေတယ်။အဲ့အချိန် coffee သောက်တဲ့အခါ သူ့ရဲ့အကောင်းဆုံး effect ကိုမရဘူး။ အကောင်းဆုံးအချိန်က cortisol level ကျတဲ့နေ့လည်ဖြစ်တယ်။ နောက်တစ်ခုက Nappuccino ဆိုတဲ့ နည်းစနစ်ဖြစ်တယ်။နေ့လည် ဦးနှောက်ပင်ပန်းတဲ့အခါ ၁၅ မိနစ်လောက်alarm ပေးပြီး ခဏအိပ်လိုက်။ မအိပ်ခင် coffee သောက်လိုက်။ coffee effect သွေးထဲရောက်ဖို့ မိနစ်နှစ်ဆယ်ခန့်ကြာတဲ့အခါ နိုးလာတဲ့အခါ ကွက်တိပဲ။Daniel H. Pink ကတော့ သုတေသနလုပ်ပြီးဒီနည်းစနစ်ကို popularize လုပ်တယ်။

မနက်ထထချင်း coffee မသောက်ပါနဲ့။ Read More »

နည်းစနစ်မှန်ရင် အရာရာအရမ်းလွယ်ပါတယ်။

ဘာလို့ Body Transformation လုပ်လဲ မေးကြတယ်။ အဓိကကတော့ ToeTet – တိုးတက်Tagline ကို “လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါ” လို့ ပြောင်းထားတယ်။ကိုယ်ပေးထားတဲ့ ကတိကိုယ်တည်အောင်တကယ်လုပ်ခဲ့တယ်။ နည်းစနစ်မှန်ရင် အရာရာအရမ်းလွယ်ပါတယ်။အများစုက စနစ်ကိုမလေ့လာပဲရမ်းသမ်းလုပ်နေလို့သာ လိုရာခရီးရောက်ဖို့ကြာနေတာလို့ မြင်တယ်။ Phyo Paing @ Derek

နည်းစနစ်မှန်ရင် အရာရာအရမ်းလွယ်ပါတယ်။ Read More »


idea တွေသိမ်းမထားပါနဲ့။
Test လုပ်ပါ။ Share လုပ်ပါ။ Discuss လုပ်ပါ။

Oct 1 လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်လောက်ကပုံပြန်တက်လာတယ်။ အိုင်ဒီယာတွေအပေါ် ရူးသွပ်တာကတော့ ငယ်ငယ်ကတည်းကရူးတာ။ ဆေးကျောင်းဒုတိယနှစ်က idea box ဆိုတာထားတယ်။ ရှိတဲ့ idea တိုင်းကို စာရေးပြီး အဲ့ဒီ box ထဲထည့်တယ်။ နောက်ပိုင်းတော့ Friendster တို့ renren တို့မှာရေးတယ်။နောက်ပိုင်း diary grid မှာရေးတယ်။ နောက်ပိုင်း Facebook မှာရေးတယ်။ တွေးမိတဲ့အတိုင်းရေးတယ်။ ရေးရင်းနဲ့ ကိုယ့်လိုတွေးမိတဲ့သူတွေရှိတယ်။ အဲ့ကမှတဆင့် အိမ်လာလည်ကြ၊ မိတ်ဆွေဖြစ်ကြရင်းတချို့ဆို အလုပ်တွေဖြစ်လာတယ်။ ဟိုးအရင်ကတည်းကသုံးနေကျ accont တစ်ခုကို၂၀၁၄ March မှာ ကိုယ်ဖြစ်ချင်တဲ့ identity ပြောင်းမယ်ဆိုပြီးဒီ Facebook account စဖွင့်ဖြစ်တယ်။ ကိုယ်စဥ်းစားမိတာရေးတယ်။ နောက်ပိုင်း Facebook Page မှာ Blog ဆိုပြီးရေးတယ်။ စလုပ်တုန်းက


idea တွေသိမ်းမထားပါနဲ့။
Test လုပ်ပါ။ Share လုပ်ပါ။ Discuss လုပ်ပါ။
Read More »

လုပ်ငန်းဘယ်လောက်ကြီးကြီးလုပ်ထားထား

တခါတလေ လုပ်ငန်းရှင်တိုင်းဟာ“ငါလုပ်နေတာ မှန်ကောမှန်ရဲ့လား မသိဘူး”ဆိုတာမျိုး ဖြစ်တတ်ကြတယ်။ဒီလိုမေးခွန်းကိုယ့်ကိုကိုယ် ပြန်မေးတာကောင်းတဲ့ အလေ့အကျင့်ဖြစ်တယ်။ Phyo Paing @ Derek

လုပ်ငန်းဘယ်လောက်ကြီးကြီးလုပ်ထားထား Read More »

လူတိုင်း သင့်ကိုသဘောကျမှာမဟုတ်ဘူး။

Steve Jobs ကိုတောင် engineer တစ်ယောက်ကခင်ဗျားက ကုန်ပစ္စည်းတည်ဆောက်မှုEngineering ပိုင်းမပါပဲ အလကားနာမည်ကြီးနေတယ်ဆိုတဲ့ သဘောနဲ့ပွဲတစ်ခုမှာ ပြောဖူးတယ်။ Steve Jobs က လဲကုန်ပစ္စည်းထုတ်တယ်ဆိုတာထက်လူတွေ သန်းပေါင်းများစွာရဲ့ ပြဿနာကိုဖြေရှင်းပြီးBillion ပေါင်းများစွာ ဝင်ငွေရှိအောင်လုပ်တာဖောက်သည်တွေရဲ့ ပြဿနာကိုဖြေရှင်းဖို့ မလွယ်တဲ့အကြောင်း ဒါက engineering တစ်ခုထက်ပိုအရေးကြီးအကြောင်းဖြေသွားတယ်။ မေးတဲ့လူကြီးမင်းက သိပ်သဘောတွေ့ပုံမရဘူး။ပြောချင်တာ ကဗျာဆရာတွေက စီးပွားရေးသမားကိုအားကျမှာ မဟုတ်ဘူး။ စီးပွားရေးသမားတွေကလဲ အနုပညာရှင်တွေကို အားကျချင်မှ အားကျလိမ့်မယ်။ လူတိုင်းက သူ့အတွေးနယ်ပယ်ထဲမှာ ကန့်သတ်ထားတဲ့ နယ်မြေလေးတွေရှိကြတယ်။ လူတိုင်းကိုယ့်ကို သဘောကျမှာ မဟုတ်ဘူး။ဒါကြောင့် core audience ရွေးတဲ့အခါ ပထမဆုံး ၁၀၀၀ true fans ကို အရင်ရွေးရတယ်။ Phyo Paing @ Derek

လူတိုင်း သင့်ကိုသဘောကျမှာမဟုတ်ဘူး။ Read More »

ကိုယ့်ကိုကိုယ် product တစ်ခုလို
စဥ်းစားကြည့်လိုက်။

Version 1.0, 2.0, 3.0 အစရှိသည်update လုပ်နေရမှာပဲ။ ဘယ်တော့မှလဲ ပြီးပြည့်စုံတယ်ဆိုတာရှိမှာမဟုတ်ဘူး။အရေးကြီးတာ ပြီးပြည့်စုံဖို့ထက်အရင် version ထက် ပိုကောင်းနေဖို့ပဲ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် product တစ်ခုလို
စဥ်းစားကြည့်လိုက်။
Read More »