advice

လူတွေ အနာဂတ်ကိုပုံဖော်တာ
မှားနေတတ်တာများတယ်။

ပစ္စုပ္ပန်ပေါ်မူတည်ပြီးအနာဂတ်ကို projection လုပ်ပုံဖော်ကြတာများတယ်။လက်ရှိမှာ စိတ်ညစ်နေရင်အနာဂတ်က စိတ်ညစ်စရာကောင်းနေတာမျိုး၊ လက်ရှိမှာပျော်ရွင်ကြည်နူးစရာကောင်းနေရင် အနာဂတ်ကလဲကောင်းနေမယ်ထင်တာမျိုး။ ဒါကြောင့်လူတွေထီပေါက်တဲ့အချိန်၊ ဝင်ငွေအရမ်းကောင်းတဲ့အချိန်အနာဂတ်မှာလဲ အတူတူပဲထင်ပြီးသုံးကြ၊ ဖြုန်းကြလုပ်တတ်သလို၊ စိတ်ညစ်စရာကောင်းရင်လဲ အနာဂတ်မှာ အဲ့လိုပဲလို့ထင်တတ်ကြတာမမှန်ပါဘူး။ မုန်တိုင်းပြီးရင် လေပြေလာတတ်ပါတယ်။ ပစ္စုပ္ပန်မှာ အခက်အခဲဖြစ်နေရင်အနာဂတ်အတွက်ပြင်ဆင်ဖို့ပဲလိုမှာမဟုတ်လား။ Phyo Paing @ Derek

လူတွေ အနာဂတ်ကိုပုံဖော်တာ
မှားနေတတ်တာများတယ်။
Read More »

လူတွေလုပ်ရပ်တိုင်းရဲ့နောက်ကွယ်မှာ
ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။

Every behavior has a positive intention. ဒါကတော့ NLP ရဲ့ presupposition တစ်ခုပဲ။ ဒီအချက်က လူတွေအပေါ်ခွင့်လွတ်နားလည် နိုင်စွမ်းကို အားဖြည့်ပေးတဲ့အချက်တစ်ချက်ဖြစ်တယ်။ Oxygen ကိုစျေးကစားတဲ့သူတွေ၊စျေးတက်လိုက်တဲ့ဆေးဆိုင်တွေ၊တွေ့သမျှလူ blame သူတွေ၊ သူတို့ဟာ သူတို့မှာရှိတဲ့ အသိဥာဏ်နဲ့အကောင်းဆုံးဆိုတာကို လုပ်ဆောင်နေတာပဲ။ ဗုဒ္ဓကတော့ ဘဝဆိုတာ ဒုက္ခလို့ဟောခဲ့တာပဲ။သံသရာဝဠ်ဆင်းရဲလို့ ဟောခဲ့ပေမယ့်ကျွန်တော်တို့လူသားတွေကဒါကို ပျော်ပျော်ကြီးဖြတ်သန်းဖို့နည်းလမ်းမျိုးစုံကြိုးစားကြတယ်။ပုထုဇဉ်ဥာဏ်နဲ့ပေါ့။ ဒီ ဘဝမှာ Kleshas (ကိလေသာ) ၁၀ပါးလောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ ဝိစိကိစ်ဆာ၊ ထိနမိဒ်ဓ၊ ဥဒ်ဓစ်စ၊ အဟိရိက၊ အနောတ်တပ်ပ အစရှိတာတွေဖုံးလွမ်းပြီး အမှန်မမြင်တဲ့ကာလတွေလဲရှိခဲ့ကြမှာပဲ။ အနောက်တိုင်းမှာ Christian Values တွေရှိသလို၊ဂျပန်မှာ Harmony, order, and self-development ဆိုတဲ့ တန်ဖိုးထားမှု ဂျပန်လူ့အဖွဲ့အစည်းမှာရှိတယ်။ကျွန်တော်တို့

လူတွေလုပ်ရပ်တိုင်းရဲ့နောက်ကွယ်မှာ
ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။
Read More »

ဒီနေ့မှာ ကြုံတွေ့ဖြတ်ကျော်ခဲ့တဲ့
ပြဿနာတွေက
အနာဂတ်အတွက် အကောင်းဆုံး
ပုံပြင်တွေဖြစ်လာမယ်။

ဒီပုံပြင်တွေ ပြန်ပြောဖို့ ကိုယ်အသက်ရှင် ကျန်းမာနေမှ ရမယ်။ Phyo Paing @ Derek

ဒီနေ့မှာ ကြုံတွေ့ဖြတ်ကျော်ခဲ့တဲ့
ပြဿနာတွေက
အနာဂတ်အတွက် အကောင်းဆုံး
ပုံပြင်တွေဖြစ်လာမယ်။
Read More »

လောကဓံက သိပ်ကြောက်ဖို့ကောင်းတယ်။

ကြောက်စရာကောင်းတဲ့ လောကဓံကို အရှုံးမပေး ရင်ဆိုင်အနိုင်ယူဖို့ ခံယူချက် အရေးကြီးတယ်။ ဒီနေ့ခတ်မှာ စိတ်မထားတတ်ရင် ဒုက္ခခပ်ကြီးကြီးကြုံတိုင်း သွေးပျက်နေနိုင်တယ်။ ကျွန်တော်ကတော့ ဘဝကိုအမြင်နှစ်မျိုးထားတယ်။ ၁။ ဘဝမှာ အခြေအနေကောင်းတဲ့အချိန်၂။ အခြေအနေမကောင်း ဒုက္ခရောက်တဲ့အချိန် ဘဝမှာ အခြေအနေကောင်းတဲ့အခါ ဘဝဆိုတာ ကိုယ့်အတွက်ဖြစ်လာတာ။ ကောင်းသထက်ကောင်းအောင် တည်ဆောက်ပြီးကျေးဇူးတင်တတ်တဲ့ စိတ်နဲ့နေတယ်။ အလုပ်ကို ကိုယ့်တန်ဖိုးထားမှုနဲ့ အညီရူးရူးမူးမူးလုပ်တယ်။ ဘဝမှာ နေမသာတဲ့နေ့တွေအတွက်သစ္စာလေးပါးကို နှလုံးသွင်းထားတယ်။ ဘဝဆိုတာ ဒုက်ခ ။ဒီဒုက္ခကို ဖြစ်စေတာ attachmentတပ်မက်စွဲလမ်းမှုလို့နှလုံးသွင်းတယ်။ ဒီတပ်မက်စွဲလမ်းမှုကို ဖယ်ရှားပြီးဘဝနေထိုင်ဖို့ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်အာရုံနဲ့ အသက်မွေးဝမ်းကြောင်းမှုပေါ်အာရုံပြုထားလိုက်တယ်။ နေ့စဥ်ဘဝမှာ အသုံးချ secular buddhism ကိုကျင့်သုံးသူ များသထက်များလာတယ်။ ဒါကတော့ နေ့စဥ်ဘဝနေထိုင်မှုအတွက်buddhism in daily life အတွက်ပေါ့။ နောက်တစ်ဆင့်ကျမှ နိဗ္ဗာန်ပေါ့။ Phyo

လောကဓံက သိပ်ကြောက်ဖို့ကောင်းတယ်။ Read More »

လူအများစုက ကိုယ့်မှာရှိတာကိုပဲ စဥ်းစားပြီးတိုင်ပတ်ကြတယ်။

1.What do I have? အာဏာသိမ်းထားတဲ့နေရာမှာနေနေရတယ်။ ဘာလုပ်လုပ် မမျှတတဲ့ လူ့အဖွဲ့အစည်းမှာနေနေရတယ်။ မြန်မာပြည်မှာလူလာဖြစ်တာကိုက ကံဆိုးတာ။ ဘုန်းဘုန်းတွေဟောနေတဲ့ မြန်မာပြည်မှာ လူလာဖြစ်တာ ကံကောင်းတယ်ဆိုတာ ဂျင်း။ ဒေါ်မီမီအောင်သာ မြန်မာပြည်မှာပဲ နေခဲ့ရင် ဘားမှဖြစ်မှာ မဟုတ်ဘူး။ အစရှိတာတွေ ခဏခဏ ကြားလာရတာမှာ အောက်ဆုံး level ဖြစ်တဲ့ What do I have? ကိုပဲ စဥ်းစားနိုင်လို့ဖြစ်ပါတယ်။ ဒါကတော့ Robert Dilts ရဲ့ logical model ကို လူတိုင်းနားလည်တဲ့ format ပြောင်းထားတာဖြစ်ပါတယ်။ ဒီစဉ်းစားမှုဟာ အနိမ့်ဆုံး level စဉ်းစားမှုဖြစ်ပါတယ်။ 2.What do I do? ဘဝရဲ့ပေးထားချက်ပေါ်မူတည်ပြီး ဆက်လုပ်စရာရှိတာ လုပ်တာကတော့ What do

လူအများစုက ကိုယ့်မှာရှိတာကိုပဲ စဥ်းစားပြီးတိုင်ပတ်ကြတယ်။ Read More »

ကိုယ့် profession ကို ကိုယ်တန်ဖိုးမထားရင် တခြားသူလဲ တန်ဖိုးထားမှာ မဟုတ်ဘူး။

ကိုယ်လုပ်တဲ့အလုပ်အတွက် ဂုဏ်ယူသလိုအလုပ်လုပ်နေတိုင်းလဲ ပျော်တယ်။ စိတ်မပျော်ရွင်စရာရှိရင်တောင် ကိုယ့်အလုပ်က ကိုယ့်စိတ်ထွက်ပေါက်ပဲ။ ကိုယ်ကျွမ်းကျင်တဲ့ profession ရှိတဲ့အတွက်ဘယ်နေရာသွားသွား မျက်နှာမငယ်ရသလိုဘယ်နေရာရောက်ရောက် သုညက ပြန်စရမှာကိုယ့်အတွက် အပန်းမကြီးဘူး။ ခံယူချက် အရေးကြီးတယ်။ ဘဝမှာ ခံယူချက်ပြည့်ဝတဲ့ဆရာတွေဆီကပဲ ရွေးချယ်လေ့လာခဲ့တာမှန်ကန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့တယ်။ Phyo Paing @ Derek

ကိုယ့် profession ကို ကိုယ်တန်ဖိုးမထားရင် တခြားသူလဲ တန်ဖိုးထားမှာ မဟုတ်ဘူး။ Read More »

ကိုယ့်ရဲ့ Belief system ကို ပြန်လည်ဆန်းစစ်ဖို့။ Fact ပေါ်မူတည်ပြီး အကောင်းဆုံးရလဒ် the best outcome (consequence) ရဖို့
belief system ကို ပြန်ဆန်းစစ်ရမယ်။

ပျော်စရာရှိရင် အရမ်းမပျော်အောင်စိတ်ထိန်းသလိုစိတ်ညစ်စရာရှိရင်လဲ စိတ်အရမ်းမညစ်ကောင်းလှတဲ့သာယာတပ်မက်မှုတွေကိုတမင်တကာ ရှောင်တဲ့ ဘဝနေထိုင်နည်းကိုStoic philosophy လို့ခေါ်တယ်။ တစ်နည်းအားဖြင့် attachment အနည်းဆုံးနဲ့နေထိုင်နည်းဖြစ်ပါတယ်။ အခက်အခဲ သို့ စိန်ခေါ်မှုများတဲ့ ကာလတွေဖြစ်တဲ့ကမ္ဘာ့ကပ်ရောဂါ၊ ကမ္ဘာစစ် တွေမှာလွန်ခဲ့တဲ့နှစ်ပေါင်း ၂၃၀၀ ကျော်က အတွေးအခေါ်က အထောက်အကူအလွန်ပြုတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကရောမဘုရင် အင်ဘာယာMarcus Aurelius ရဲ့ ABC model Adversity, belief and consequences အရ ဥပမာ “Adversity” စစ်တပ်က အာဏာသိမ်းလိုက်တယ်။ ဒီနောက်ကွယ်မှာ “Belief” မျိုးစုံရှိမယ်။ တချို့က ငါ့အနာဂတ်သွားပြီ။ တချို့က ဒါမတရားဘူး။လူအများစုက ငါတို့ တိုင်းပြည်အတွက် အနာဂတ်အတွက် တွန်းလှန်မှရမယ်။ တချို့က ဒါ Federal democracy ဖြစ်ဖို့ ဖြစ်လာတာ။

ကိုယ့်ရဲ့ Belief system ကို ပြန်လည်ဆန်းစစ်ဖို့။ Fact ပေါ်မူတည်ပြီး အကောင်းဆုံးရလဒ် the best outcome (consequence) ရဖို့
belief system ကို ပြန်ဆန်းစစ်ရမယ်။
Read More »

တခြားသူတွေကို ပြင်ဖို့မကြိုးစားပါနဲ့။

တခါတလေ လောကမှာ ပြင်လို့ရတဲ့အရာတွေရှိသလို တချို့အရာတွေက ပြင်လို့မရဘူး။ တခါတလေ ကိုယ့်မိဘကို၊ကိုယ့်သားသမီးကို၊ကိုယ့်ချစ်တဲ့သူတွေ၊ သမီးရည်းစား၊ပြင်မရတဲ့သူတွေကို ပြင်လို့မရရင် စိတ်ဆင်းရဲခံပြီးပြင်မနေပါနဲ့တော့။ Vicktor Franklr ကတော့ လူတွေက ပတ်ဝန်းကျင်ကို ပြောင်းလို့မရတဲ့အခါကိုယ့်ကိုကိုယ် ပြောင်းဖို့ကြိုးစားကြတယ်တဲ့။ ကိုယ့်ကိုကိုယ်ပဲ ပြောင်းဖို့ကြိုးစားပါ။ Phyo Paing @ Derek

တခြားသူတွေကို ပြင်ဖို့မကြိုးစားပါနဲ့။ Read More »

တခြားသူတွေကို ပြင်ဖို့မကြိုးစားပါနဲ့။

တခါတလေ လောကမှာပြင်လို့ရတဲ့အရာတွေရှိသလိုတချို့အရာတွေက ပြင်လို့မရဘူး။ တခါတလေ ကိုယ့်မိဘကို၊​ကိုယ့်သားသမီးကို၊​ကိုယ့်ချစ်တဲ့သူတွေ၊ သမီးရည်းစား၊ပြင်မရတဲ့သူတွေကိုပြင်လို့မရရင် စိတ်ဆင်းရဲခံပြီးပြင်မနေပါနဲ့တော့။ Vicktor Franklr ကတော့လူတွေက ပတ်ဝန်းကျင်ကို ပြောင်းလို့မရတဲ့အခါကိုယ့်ကိုကိုယ် ပြောင်းဖို့ကြိုးစားကြတယ်တဲ့။ ကိုယ့်ကိုကိုယ်ပဲ ပြောင်းဖို့ကြိုးစားပါ။ Phyo Paing @ Derek

တခြားသူတွေကို ပြင်ဖို့မကြိုးစားပါနဲ့။ Read More »