advice

Social mediaက လူတွေမြင်ပြီး ကျော်သွားတဲ့ အခွင့်အရေးကြီးတစ်ခုပဲ။

စီးပွါးရေးမကောင်းဘူး။ ဘာလုပ်ရမလဲ။ နိုင်ငံအခြေအနေမကောင်းဘူး။ အမြတ်နည်းလာပြီ။ ကြားနေကျစကားသံတွေဖြစ်တယ်။ …. Marketing ရဲ့ ရွှေကို ပြောပြမယ်။.. ကုန်ကျစရိတ်မရှိပဲ လုပ်ငန်းစချင်ရင်မြန်မြန် grow ဖြစ်ချင်ရင်“Mindset” စိတ်နေသဘောထားအရေးကြီးတယ်။….ကျွန်တော် အောင်မြင်တဲ့လူတိုင်းရဲ့ အကြံဥာဏ် တစ်ခုစီကို ကျင့်သုံးတယ်။…ဒီနေ့ခေတ် internet marketing မှာဆရာကျတဲ့ Garyvee ရဲ့ အကြံပေးချက်တစ်ခုကို ပြောပြမယ်။ ..ဖုန်းကိုထုတ်ပါ။ ကိုယ်ပြောချင်တဲ့အကြောင်းအရာတစ်ခုကိုဓာတ်ပုံရိုက်၊ Video ရိုက်၊ စာရေးပြီး Facebook, Youtube, LinkedIn, Instagram,Tik Tok မှာ အခုပဲ တင်လိုက်ပါ။..သင့်ကိုယ်သင် media company တစ်ခုလို့ယူဆပါ။ ..ဒါတွေအကုန်တင်ဖို့ ကုန်ကျစရိတ်က $0 ပါ။ ..နေ့တိုင်းတင်ပါ။ ..ထပ်ပြောမယ်.သင့်ကိုယ်သင် media company တစ်ခုလို့ခံယူပါ။ ..“တစ်နှစ်လောက်” အချိန်ပေးပြီးကိုယ်စိတ်ဝင်စားတဲ့အကြောင်းကို“နေ့တိုင်း” post သုံးခု […]

Social mediaက လူတွေမြင်ပြီး ကျော်သွားတဲ့ အခွင့်အရေးကြီးတစ်ခုပဲ။ Read More »

ညစ်တတ်တဲ့ ဖောက်သည်တွေကို စွန့်ပစ်လိုက်ပါ။

Customer is King လို့ပြောနေတဲ့ ခေတ်မှာ ဆင်းရဲဖေဖေ၊ ချမ်းသာဖေဖေ Robert T.Kiyosaki ပြောတဲ့ စဉ်းစားစရာအချက်လေးပါ။ အဆင်မပြေတဲ့ ဝန်ထမ်းတွေကို အလုပ်ကထုတ်ရသလို၊ အခွင့်အရေးယူပြီးအနိုင်ကျင့်တတ်တဲ့ ဖောက်သည်တွေကိုလည်း ရောင်းချမှု ဝန်ဆောင်မှုပေးရာက ရပ်ရပါမယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှု၊ ကုန်ပစ္စည်းဝန်ဆောင်မှုကို သုံးစွဲတဲ့အတွက် ဂုဏ်ယူမိသလို၊ ဖောက်သည်တွေအနေနဲ့လဲ ကျွန်တော်တို့ ဝန်ဆောင်မှု၊ ကုန်ပစ္စည်းကို ဝယ်ယူတဲ့အတွက် ဂုဏ်ယူမှုတစ်ခုဖြစ်အောင် ကြိုးစားသင့်ပါတယ်။ Phyo Paing @ Derek

ညစ်တတ်တဲ့ ဖောက်သည်တွေကို စွန့်ပစ်လိုက်ပါ။ Read More »

လုပ်နေကျအတိုင်းဆို ဖြစ်နေကျအတိုင်းပဲဆက်ဖြစ်နေမယ်။

ငယ်ငယ်က အိမ်မှာ သုံးမရတဲ့ငွေတွေတွေ့တယ်။ အဖွားမေးကြည့်တော့ အနှစ်နှစ်အလလရှာထားတဲ့ငွေက တစ်မနက်မှာ သုံးမရတော့ဘူးလို့ပြောတယ်။ ရန်သူမျိုးငါးပါးဆိုတာရှိတယ်ကိုး။ မနေ့က Facebook အနေနဲ့ Independent organization ဖြစ်တဲ့ Libra နဲ့ Calibra အကြောင်းပြောတယ်။ Libra က blockchain ပေါ်အခြေခံတဲ့ currency တစ်ခုဖြစ်လာပြီး ဒေါ်လာ၊ ယွမ်နဲ့ local currency တွေကို ပြန်လည် exchange လုပ်နိုင်မယ်။ Calibra ကတော့ Libra ကိုပို့ပေးနိုင်မည့် Digital wallet ဖြစ်မယ်။ Internet ဟာ လူမှုဘဝနဲ့ ပညာသင်ယူရေးမှာ first world နဲ့ third world ကွာဟချက်ကို ဆွဲငြိပေးသလို Crytocurrency ဟာလည်း အပြောင်းအလဲကြီးတစ်ခုယူဆောင်လာတော့မယ်။ မေးစရာရှိတာတစ်ခုက digital

လုပ်နေကျအတိုင်းဆို ဖြစ်နေကျအတိုင်းပဲဆက်ဖြစ်နေမယ်။ Read More »

SME လုပ်ငန်းရှင်တွေကို သိစေချင်တာလေးတွေ။

လုပ်ငန်းအများစုက Sale တက်ချင်တဲ့အခါSales promotion နဲ့စျေးလျော့ရောင်းကြတယ်။အဲ့ဒီမှာ ကျွန်တော်တို့ Marketer တွေပြောတဲ့ဆေးစွဲတာ စတင်ပေါ်လာတာပဲ။ရောင်းအားတက်ဖို့ စဥ်းစားတဲ့အခါစျေးလျော့ဖို့ အရင်စဥ်းစားကြတော့တာပဲ။Saleတက်ချင်ရင် Saleနဲ့မစပါနဲ့။Branding အမှတ်တံဆိပ်တည်ဆောက်ခြင်းနဲ့စဖို့လိုပါတယ်။Phyo Paing @ Derek

SME လုပ်ငန်းရှင်တွေကို သိစေချင်တာလေးတွေ။ Read More »

ဆိုက္ကားဘဲ ပြိုင်နင်းလို့ ပထမဖြစ်ရင်

အနင်းအမြန်ဆုံး ဆိုက္ကားသမားဘဲဖြစ်လာမယ်။Operational effectivenessကိုဘဲအာရုံစိုက်နေရင်Nokiaလိုဖြစ်သွားမယ်။ Phyo Paing @ Derek

ဆိုက္ကားဘဲ ပြိုင်နင်းလို့ ပထမဖြစ်ရင် Read More »

သူများကိုဝေဖန်တာ သင့်အပြစ်မဟုတ်ဘူး။

သူများကိုသာ ဝေဖန်ပြီးသင် အဝေဖန်မခံရတာက သင့်အပြစ်ဖြစ်သွားပြီ။ဘာကြောင့်လဲဆိုတော့အပြစ်ပြောစရာရှိလောက်အောင်အဖြစ်ရှိအောင် မကြိုးစားသေးလို့။ Phyo Paing @ Derek

သူများကိုဝေဖန်တာ သင့်အပြစ်မဟုတ်ဘူး။ Read More »

လူတစ်ယောက်ရဲ့ သက်တမ်း

လူတစ်ယောက်ရဲ့ သက်တမ်းဟာအကြမ်းဖျင်း ရက်ပေါင်း ၃၀၀၀၀ ရှိတယ်။ဒါကြောင့် ကိုယ်စိတ်မဝင်စားတဲ့ အလုပ်တစ်ခုကိုလုပ်ပြီးအချိန်ဖြုန်းနေတာထက် စိတ်ဝင်စားပြီးPassionate ဖြစ်တဲ့ အလုပ်ကိုလုပ်တာဘဝက  ပိုအဓိပ္ပာယ်ရှိမယ်ထင်တယ်။Phyo Paing @ Derek

လူတစ်ယောက်ရဲ့ သက်တမ်း Read More »

Facebook မှာကြော်ငြာတဲ့အခါ သိသင့်တဲ့အချက် ကိုးချက်

၁. ကိုယ့်ကြော်ငြာရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ? လူသိဖို့လား၊ စုံစမ်းမေးမြန်းမှုတွေယူပြီး data ယူထားချင်တာလား၊ ရောင်းချင်တာလား? ၂. ကိုယ့်ရဲ့ target audience မှန်ရဲ့လား? Demographic အရ နေရာ၊ အသက်အရွယ်၊ ဝင်ငွေ၊ စိတ်ဝင်စားမှု အစရှိသည်။ အတိုကောက်အနေနဲ့ PUDOG – Psychographic, Usage, Demographic, Occassion အခါသမရ, Geographic နေရာကိုစဉ်းစားရမယ်။ ၃. Budget ဘယ်လောက်သုံးမှာလဲ? ဘယ်အချိန်တွေမှာကြော်ငြာမလဲ? ဘယ်လောက်ကြာကြာကြော်ငြာမလဲ? မကြော်ငြာခင် ဖောက်သည်တွေရဲ့ Customer Life-time Value (CLV) ကိုတစ်ချက်ချိန်ကြည့်ရမယ်။ =====================နံပတ် ၁ က Campaign Objective နံပတ် ၂ နဲ့ ၃ ကို Ads Set လို့ခေါ်ပါတယ်။

Facebook မှာကြော်ငြာတဲ့အခါ သိသင့်တဲ့အချက် ကိုးချက် Read More »

ဘာ့ကြောင့် Coach လိုသလဲ?

အခု Singapore မှာ ကျင်းပတဲ့ Tony Robbins ရဲ့ သင်တန်းတစ်ခုကိုတက်ရောက်နေပါတယ်။ ဒီမှာ ကိုနိုင်ဝင်းအောင်နဲ့ ပြန်ဆုံကြတယ်။ 2015 Nov မှာ Bangkok က Training တစ်ခုမှာဆုံကြရင်း ညီအစ်ကိုလိုရင်းနှီးလာခဲ့ကြတယ်။ မိဘနှစ်ပါး ကျွန်တော့်ရဲ့ အမေဟာ မြန်မာကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး၊ အဖေကတော့ စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး အဖေကတော့ငယ်ကတည်းကဆုံးပါးသွားခဲ့သည်။ နှစ်ဖက်သွေးပါတဲ့ ကျွန်တော့်အနေနဲ့ စီးပွားရေးကို စိတ်ဝင်စားသလို၊ စာသင်တာကိုလည်းစိတ်ဝင်စားပါတယ်။ ပညာရေး ကျွန်တော့်အဖေနဲ့အဒေါ်ဟာ အရင်ခေတ်က FRC ဖြစ်တဲ့အတွက် ဆေးကျောင်းတက်ဖို့အမှတ်မှီခဲ့ပေမည့် တက်ခွင့်မရခဲ့ပါဘူး။ သူတို့တက်ခွင့်မရခဲ့တဲ့ ဆေးကျောင်းကို ညီအစ်ကိုနှစ်ရောက်တက်ရောက်ခဲ့ပါတယ်။ ရင်ဆိုင်မှုများ ဆေးကျောင်းတက်နေရင်းဖြင့် ကုန်သည်လုပ်ဖြစ်သလို 2011 မှာ mebook ဆိုတဲ့ iPad ပုံစံ tablet များကို ပြည်တွင်းသို့တင်သွင်းလာပြီး စျေးကွက်ဖြန့်တဲ့အခါ ပြဿနာစတင်ကြုံရပါတယ်။

ဘာ့ကြောင့် Coach လိုသလဲ? Read More »

လူတွေကို ကြင်နာပေးပါ။

စား၀တ်နေရေးအတွက် ရုန်းကန်ရတဲ့သူ။ အကြွေးတွေတင်နေသူ။ ဘ၀လုံခြုံမှုအတွက် ခိုးကိုးရာရှာဖွေနေသူ။ အထီးကျန်စိတ်ပျက်အားငယ်နေသူ။ လူတွေအသိအမှတ်ပြုခံလိုနေသူ။ အောင်မြင်မှုကို ဆာလောင်နေသူ။ ဘ၀ရဲ့ အနှစ်သာရကို ရှာဖွေနေသူ။ လူတိုင်းလူတိုင်းဟာ လိုအပ်ချက်တိုင်းကို ရှာဖွေဖြည့်ဆည်းနေရင်း တခါတခါ အတ္တချင်း ခလုတ်တိုက်မိကြတယ်။ စာနာပေးလိုက်ပါ။ နားလည်ပေးလိုက်ပါ။ ခွင့်လွှတ်ပေးလိုက်ပါ။ Phyo Paing @ Derek

လူတွေကို ကြင်နာပေးပါ။ Read More »