advice

Chiasmas

ကိုယ်က ပြဿနာကို အရင်ရှာမှာလား၊ပြဿနာက ကိုယ့်ကိုအရင်လာရှာမှာလား။Contingency Plan ဆိုတာ အဲ့ဒါပဲလို့ပြောလို့ရတယ်။ ပြဿနာကိုယ့်ကို လာရှာမှဖြေရှင်းတဲ့အခါ ပိုကြာနိုင်တယ်။ကိုယ်က ဖြစ်နိုင်တဲ့ပြဿနာကို ကြိုရှာထားတဲ့အခါရလဒ်ပိုင်းမှာ ပိုသာနိုင်တယ်။ ဒါကတော့ “ကိုယ့်နိုင်ငံက ကိုယ့်အတွက်ဘာလုပ်ပေးနိုင်လဲ မကြည့်နဲ့။ကိုယ်က ကိုယ့်နိုင်ငံအတွက် ဘာလုပ်ပေးနိုင်လဲကြည့်။”ဆိုတဲ့ John F Kennedy သုံးခဲ့တဲ့Rhetoric နည်းလမ်းတွေထဲကchiasmas နည်းလမ်းဖြစ်ပါတယ်။ ငါတို့က အသုံးစရိတ်တွေကို ထိန်းချုပ်မလား၊အသုံးစရိတ်တွေ ငါတို့ကို ထိန်းချုပ်တာခံမလား။ဒါက နောက်ဥပမာတစ်ခု။ Are we going to seek out the problem first, or will the problem find us first? That’s essentially what Contingency Planning is all about. […]

Chiasmas Read More »

self-taught ဆိုတဲ့ စကားလုံးက
အရေးကြီးသထက် အရေးကြီးလာပြီ။

DIY (Do-it-yourself) ကိုယ်ထူကိုယ်ထဆိုတာ ကျွမ်းကျင်မှုတစ်ခုမဟုတ်ဘူး။စိတ်နေစိတ်ထားတစ်ခုပဲ။ DIY စိတ်နေစိတ်ထားရှိတဲ့သူတွေအလုပ်ခန့်တဲ့အခါ အလုပ်ပြီးတာပိုမြန်တယ်။ ကွန်ပြူတာတစ်လုံးပေးလိုက်တယ်။ Video editing ကို အင်တာနက်ကကြည့်ပြီးလေ့လာဖို့ပြောလိုက်တယ်။ ၂ ပတ်ကြာတော့ ကိုယ်တိုင်ဖန်တီးထားတဲ့ကြော်ငြာတစ်ခုထွက်လာပြီ။ ဒီနေ့ခေတ် သတင်းအချက်အလက်အကုန်နီးပါးအင်တာနက်မှာရှိတဲ့ခေတ်မှာself-taught ဆိုတဲ့ စကားလုံးကအရေးကြီးသထက် အရေးကြီးလာပြီ။ DIY (Do-it-yourself) is not just a skill; it’s a mindset. People with a DIY mindset complete tasks faster when hired because they are proactive and willing to learn on their own. For instance, if given

self-taught ဆိုတဲ့ စကားလုံးက
အရေးကြီးသထက် အရေးကြီးလာပြီ။
Read More »

Work + Study = Solution

အိမ်က ငွေကြေးမတတ်နိုင်တဲ့လူငယ်တွေအတွက်ကWork + Study ဒီနှစ်ခုကိုစဥ်းစားရမှာဖြစ်ပြီးကျောင်းပြီးတာနဲ့အလုပ်ရှာလို့လွယ်ပြီးအမြဲတမ်းနေထိုင်ခွင့်ရနိုင်တဲ့နေရာမျိုးကို စဥ်းစားရမှာဆိုပိုမှန်လိမ့်မယ်။ ဒီလိုလုပ်ဖို့ ကျွန်တော်ရောက်ဖူးတဲ့နေရာတွေကို ကြည့်မယ်ဆိုရင်အများစုက ဂျပန်၊ ကနေဒါ၊အမေရိကား၊ နယူးဇီလန် နိုင်ငံကြီးရှိမယ်။တခြားနိုင်ငံတွေထဲမှာထိုင်ဝမ်ဆို လူသိမများပဲအလုပ်ဝင်ငွေ အများကြီးမဟုတ်ပေမယ့်မဆိုးတဲ့နိုင်ငံတစ်ခုဖြစ်တယ်။ထိုင်းမှာကတော့ ကျောင်းပြီးအလုပ်ဝင်မယ်ဆိုရင်တော့ထိုင်းစကားပါသင်ထားမှ အဆင်ပြေနိုင်မယ်။ မလေးက ပညာရေးစျေးမကြီးပဲ ကွာလတီကောင်းတဲ့ ပညာရေးတော့ရတယ်။ ကျောင်းပြီး အလုပ်ရှာတဲ့အခါတော့ နည်းနည်း challenging ဖြစ်နိုင်တယ်။  သူကလဲ ထည့်စဥ်းစားထားလို့ရတယ်။  နေထိုင်မှု ကုန်ကျစရိတ်က သိပ်မများဘူး။ ထိုင်းထက်တောင်နည်းသေးတယ်။  ဒီလိုကျောင်းသွားတက်ဖို့အတွက် အချိန်တစ်ခုတော့ပေးရတတ်တယ်။  ၃ – ၆ လ လောက်တော့ အနည်းဆုံးပြင်ဆင်သင့်တယ်လို့မြင်တယ်။

Work + Study = Solution Read More »

မသေချာ မရေရာတဲ့ အနာဂတ်

လူငယ်တွေအနေနဲ့ ဒီနေ့လို အခြေနေမျိုးမှာ ဘယ်လိုခံစားနေရမလဲ နားလည်ပါတယ်။  အတိတ်အခြေအနေ  ၁။ Covid-19 နဲ့ Coup ကြောင့် ပညာရေးရပ်တံ့ခဲ့ရတဲ့အချိန်တွေ ၂။ အစိုးရကျောင်းတွေ တက်မရ၊ မတက်ချင်တော့တာကြောင့် ကျောင်းပြောင်းရ၊ ရွေ့ရကြောင့် ပညာရေး ကွင်းဆက်ပြတ်မှုတွေ ၃။ အလုပ်အကိုင်အခွင့်အလမ်းမသေချာမှုတွေကြောင့်  အနာဂတ်က မသေချာမရေရာဖြစ်နေရတာ နားလည်ပါတယ်။ ဘယ်လို ခံစားရမလဲဆိုတာလဲ ကောင်းကောင်းကြီးနားလည်တယ်။  လက်ရှိအခြေအနေ တချို့တွေကျတော့လဲ ထိုင်းဖက်ကိုပြောင်းလာဖို့စဥ်းစားနေကြတယ်။ တချို့ကလဲ အရင်ကတည်းက ဂျပန်မှာကျောင်းသွားတက်ဖို့ပြင်ဆင်နေကြတယ်။ တချို့ကလဲ ဒူဘိုင်းသွားရင်ကောင်းမလား၊ တခြားနိုင်ငံကိုလဲ migrate လုပ်ချင်တယ်။  လုပ်ဖို့ရန်အဆင်ပြေတဲ့သူတွေရှိသလို၊  ငွေကြေးကြောင့် အခက်အခဲဖြစ်နေတဲ့သူတွေလဲ အများကြီးရှိတယ်။  စစ်မှုထမ်းဥပဒေကြောင့် တော်ပြီ ဒီနိုင်ငံမှာ တစ်သက်လုံးမနေတော့ဘူး ခါးခါးသီးသီးခံစားရပြီး ဘဝကို အသစ်ပြန်စချင်တဲ့ လူငယ်တွေရှိတာ နားလည်ပါတယ်။  အနာဂတ်အတွက် ပြင်ဆင်ဖို့အတွက် ၁။

မသေချာ မရေရာတဲ့ အနာဂတ် Read More »

မပျော်တဲ့အရာကို
ပျော်တဲ့လုပ်ငန်းဆောင်တာနဲ့ အစားထိုးကြည့်။

မနေ့က စာအုပ်တစ်အုပ် ဖန်တီးဖြစ်တယ်။Dream Lab အတွက် Mini Booklet လေး။အဲ့မှာ Framework တစ်ခုထုတ်ထားတယ်။DEAL framework ဆိုပါတော့။ ကျွန်တော် ထုတ်ထားတဲ့ framework လေးတွေရှိတယ်။စီးပွါးရေးမှာဆို 5S Roadmap တို့။နောက် EATER တို့ပေါ့။ ဒီတစ်ခုကတော့ ရေရှည်တိုးတက်ဖို့DEAL framework ပါ။ ဒါကတော့ Daily Enjoyable Activities forLong-term Achievement ပါ။ Daily နေ့စဉ်လဲလုပ်ရမယ်။ Enjoyable ပျော်လဲပျော်ရမယ်။Activities ပြီးလဲပြီးမြောက်ရမယ်။Long-term achievement ရေရှည်ဆွတ်ခူးမှုအတွက်လဲအထောက်အကူလုံးဝပြုရမယ်။ ဥပမာ စာဖတ်ရတာကြိုက်တယ်။နေ့စဉ်စာဖတ်မယ်။ဖတ်ထားတာကို မှတ်စုထုတ်မယ်။ရေရှည်အတွက် ကုန်ပစ္စည်းတစ်ခုအနေနဲ့ပြောင်းမယ်။ မပျော်တဲ့အရာကိုပျော်တဲ့လုပ်ငန်းဆောင်တာနဲ့ အစားထိုးကြည့်။ ဥပမာ Gym သွားရတာမပျော်ဘူးဆိုGym အစား တခြား workout enjoyable activities နဲ့အစားထိုးရေရှည်ရောက်ဖို့ လုပ်ဆောင်တာမျိုး။

မပျော်တဲ့အရာကို
ပျော်တဲ့လုပ်ငန်းဆောင်တာနဲ့ အစားထိုးကြည့်။
Read More »

အကောင်းဆုံးတည်ဆောက်

အဘိုးက ဆုံးမဖူးတယ်။ ငါတို့ ရေကြည်ရာမြတ်နုရာကိုပြောင်းလာတာ။ဘယ်နေရာမှာ နေနေကိုယ်နေတဲ့နေရာကို အကျိုးပြု။ကိုယ့်ကိုယ်ကို၊ ကိုယ့်အမျိုးကို အကောင်းဆုံးတည်ဆောက်တဲ့။ ကိုယ့်အမျိုးကိုယ်ချစ်မှ သူများ အနိုင်မကျင့်မှာတဲ့။ Grandfather told me we’ve moved to new places in search of green pastures. Wherever you live,make it beneficial to your surroundings.Build the best for yourself and your kin.Only by loving your own peoplewill others not oppress them. Phyo Paing @ Derek

အကောင်းဆုံးတည်ဆောက် Read More »

ကိုယ့်အထင်အမြင်ကို
အမှန်လို့ တရသေ မယူဆမိဖို့လိုတတ်တယ်။

ကမ္ဘာကို မြင်တဲ့အမြင်၊ ပိုက်ဆံကို မြင်တဲ့ အမြင်၊ပညာရေးကို မြင်တဲ့အမြင်၊လူတွေကို မြင်တဲ့အမြင်ဒီ မိဘတွေရဲ့ World view တွေကသားသမီး အများစုကို လွမ်းမိုးမှုရှိတယ်။ ဆင်းရဲဖေဖေ၊ ချမ်းသာဖေဖေစာအုပ်မှာပဲ ကြည့်ကြည့်။ ချမ်းသာတဲ့သူ ငွေကြေးကိုမြင်တဲ့ပုံနဲ့ဆင်းရဲတဲ့သူ မြင်တဲ့ပုံမတူဘူး။ စာအုပ်က ပုံပြင်ပဲ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်တကယ့်လောကမှာလဲ အဲ့လိုပဲ။ ဒီအမြင်ပြောင်းနိုင်ဖို့ကိုယ့်အထင်အမြင်ကို အမှန်လို့ တရသေ မယူဆမိဖို့လိုတတ်တယ်။ The perspectives from which parents view the world, money, education, and people often deeply influence the majority of their children. Take a look at Rich Dad Poor Dad

ကိုယ့်အထင်အမြင်ကို
အမှန်လို့ တရသေ မယူဆမိဖို့လိုတတ်တယ်။
Read More »

လမ်းမှားပြီး ဇွတ်ပြေးနေရင်
ပြေးလေ ဝေးလေ ဖြစ်နေမှာပဲ။

ပြင်းပြင်းထန်ထန်ကြိုးစားမှုတွေမလုပ်ခင်မှာ ရွေးချယ်မှု မှန်ကုန်ဖို့လိုတယ်။ လမ်းမှားပြီး ဇွတ်ပြေးနေရင်ပြေးလေ ဝေးလေ ဖြစ်နေမှာပဲ။ မှန်ကန်တဲ့ရွေးချယ်မှုလုပ်နိုင်ဖို့ သတင်းအချက်အလက် များများလိုတယ်။ စမ်းသပ်မှု များများလုပ်ရတယ်။ အလုပ်အကိုင်ဆိုလဲ များများမြည်းစမ်းရတယ်။ဒီကမှ ကိုယ်နဲ့ ကိုက်ညီ၊အံဝင်ဂွင်ကျဖြစ်တဲ့ အလုပ်၊business model နောက်ဘဝနေထိုင်မှု၊ကျန်တာအကုန်ရွေးချယ်လုပ်ဆောင်တာကောင်းတယ်။ Before making intense efforts, it’s necessary to make the right choice. If you run in the wrong direction, no matter how far you run, you’ll still be off course. To make the right choice, you need

လမ်းမှားပြီး ဇွတ်ပြေးနေရင်
ပြေးလေ ဝေးလေ ဖြစ်နေမှာပဲ။
Read More »

ဒါတွေရဲ့အရင်းအဖြစ်က
“ချင်”၊ “ငါ့”၊ “မသိ” တာ

ဥပေက္ခာ ဘဝဆိုတာ ဒုက္ခဆိုရင်ဒီဒုက္ခကို တုန့်ပြန်တာတွေကိုမသိတာကိုအဝိဇ္ဇာလို့ခေါ်တယ်တဲ့။ လိုချင်တာ ရတာ သုခဖြစ်သွားနိုင်ပေမယ့်၊လိုချင်တာ မရတဲ့အခါ ဒုက္ခဖြစ်သွားနိုင်တယ်။ လူတွေ အထင်ကြီးတာ ခံရတဲ့အခါသုခဖြစ်သွားနိုင်ပြီး၊အထင်သေးတဲ့အခါ ဒုက္ခဖြစ်သွားနိုင်တယ်။ ဒါတွေရဲ့အရင်းအဖြစ်က“ချင်”၊ “ငါ့”၊ “မသိ” တာ။ ဒါတွေကိုသိရှိနားလည်ဖို့ အာရုံစူးစိုက်တဲ့ သမာဓိနဲ့ ဥာဏ်ပညာနဲ့ ထိုးထွင်းကြည့်နိုင်တဲ့အခါဥပေက္ခာ (u.pekhka) တရားထားနိုင်လာမယ်တဲ့။ Equanimity ဆိုတာ တော်တော်အရေးကြီးတဲ့စကားလုံးတစ်လုံးပဲ။ အရှင်လတ်လတ်နဲ့ ဒုက္ခတွေကိုတုန့်ပြန်နေတာကို သိမယ်၊လက်ခံနိုင်မယ်၊ စိတ်ပိုင်းဆိုင်ရာအရဖြတ်ထားနိုင်မယ်ဆိုရင်ဘဝမှာ ဒုက္ခတချို့ကို ကောင်းကောင်းရင်ဆိုင်လာမယ်လို့ထင်တယ်။ ဥပေက္ခာ ဆိုတာ ဂရုမစိုက်တာ၊ လျစ်လျူရှုတာ ignorance နဲ့ neglect လုပ်တာမျိုးကိုပြောတာ မဟုတ်ပဲမတုန်မလှုပ်ပဲ လောကဓံကိုခံနိုင်လာတာကို ဆိုလိုတာဖြစ်တယ်။ တခါတလေ နေ့စဥ်သုံးနေတဲ့စကားလုံးအဓိပ္ပာယ်တွေကလက်ရှိစွဲစကားလုံးတွေရဲ့အဓိပ္ပာယ်ကိုအယူမှားသွားစေနိုင်တယ်။ “Upekkhā” in life means understanding and accepting the duḥkha

ဒါတွေရဲ့အရင်းအဖြစ်က
“ချင်”၊ “ငါ့”၊ “မသိ” တာ
Read More »

နားလည်ရအခက်ဆုံးလူက
“ကိုယ်”ပဲ။

နားလည်ရအခက်ဆုံးလူက“ကိုယ်”ပဲ။ဒီနေ့ထိ ကိုယ့်ကိုယ်ကိုနားလည်အောင် တော်တော်ကြိုးစားနေရတုန်း။လူတွေက အမြဲမတွေးပဲ မနေနိုင်တဲ့အတွက်ကိုယ့်အတွေးတွေကိုသတိ၊ အသိနဲ့ တော်တော်ဂရုစိုက်တဲ့အခါထူးခြားတဲ့ ပက်တန်တွေကို တွေ့လာရမယ်။ဒီ ပက်တန်တွေ လှုံ့ဆော်မှုကြောင့်ဖြစ်လာတဲ့တုန့်ပြန်မှုတွေကို ဂရုစိုက်လေ့လာတဲ့အခါလှုံဆော်မှုတိုင်းကြောင့်ဖြစ်လာတဲ့ဖန်တစ်ရာမက ပရိုဂရမ်တွေကိုစိတ်ခံစားမှု အရှင်လတ်လတ်အနေနဲ့တွေ့လာရမယ်။ The hardest person to understandIs ‘myself’, no less grand.To this day, I striveTo comprehend my own life. People seldom think,Unable to withstand the brink,But when they focus on their thoughts,Care and awareness brought,They find peculiar patterns start to link. These patterns,

နားလည်ရအခက်ဆုံးလူက
“ကိုယ်”ပဲ။
Read More »