advice

ဒီနေ့ကို အာရုံပြုပါ။

အနာဂတ်ကို ဘယ်လောက်ပဲ စီမံကိန်းချချကိုယ်အစိုးရတာ “ဒီနေ့”ပဲ။ ဒီ “၂၄ နာရီ” က လူတစ်ယောက်ရဲ့အသက်ဆိုလဲ မမှားဘူး။ ဒီနေ့ကို ဘယ်လို အကောင်းဆုံးအသုံးချမလဲ။ ဒီမေးခွန်းက အရေးကြီးတယ်။ ဘာလိုလိုနဲ့ နောက်လေးလဆို ၂၀၂၄ က ကုန်ပြန်ပြီ။ ခေတ်ကာလအပြောင်းအလဲနဲ့အမီလိုက်နိုင်ပြီး ကိုယ်လုပ်တဲ့ နယ်ပယ်မှာ ရှေ့ကပြေးနေဖို့ စဥ်ဆက်မပြတ်လေ့လာမှုလုပ်နေဖို့လိုတယ်။ ကိုယ်စိတ်နဲ့ ခန္ဓာအတွက်ဂရုစိုက်ဖို့လိုသလို ဘဝက ပေးလိုက်တဲ့ သင်ခန်းစာတွေကိုသင်ယူပြီး တွေ့ရှိချက်အသစ်အသိပညာအသစ်တွေနဲ့နေ့စဥ် ရှေ့ဆက်နေရမှာပဲ။ မဖြစ်သေးတဲ့အနာဂတ်ကို စဥ်းစားပြီး နှိုင်းယှဥ်တဲ့အခါရင်မောမယ်။ တခြားသူတွေပြီးလုနီးပါးဖြစ်တဲ့ပန်းချီကားနဲ့ ကိုယ်ခြယ်သနေတဲ့ ပန်းချီကားနဲ့နှိုင်းယှဥ်ရင်ရင်မောမယ်။ အရေးကြီးတာ “ဒီနေ့”ဟာကိုယ်ဂုဏ်ယူတဲ့အရာတွေလုပ်လိုက်တဲ့နေ့။ ကိုယ့်ဒီနေ့နဲ့ အနာဂတ်အတွက်အကောင်းဆုံးအသုံးချလိုက်တဲ့နေ့တစ်နေ့ဖြစ်ဖို့လိုနိုင်တယ်။ ဒီနေ့ကို အာရုံပြုပါ။ Phyo Paing @ Derek

ဒီနေ့ကို အာရုံပြုပါ။ Read More »

ခေတ်စနစ်နဲ့ အတူ လိုအပ်တဲ့စကေးမရှိရင်
သူများလုပ်တာပဲ ထိုင်ငေးနေရမယ်။

ကျွန်တော်ယုံကြည်တာက ကံကောင်းရင် ပိုက်ဆံကမြန်မြန်ချမ်းသာနိုင်တယ်။ ကျွမ်းကျင်မှုက ချက်ချင်းကျွမ်းကျင်သွားဖို့မလွယ်ဘူး။ဒါကြောင့် မိဘတွေကကလေးတွေကို ငွေကုန်ကြေးကျအကုန်ခံပြီး ငယ်စဥ်အခါပညာသင်ပေးကြတယ်။ အသက်ကြီးတော့လဲအလားတူပဲ။ ခေတ်စနစ်နဲ့ စကေးနဲ့ ကိုက်တဲ့အခါရေကန်သင့် ကြာသင့်ဖြစ်တတ်ကြတယ်။ ခေတ်စနစ်နဲ့ အတူ လိုအပ်တဲ့စကေးမရှိရင်သူများလုပ်တာပဲ ထိုင်ငေးနေရမယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်တော့အမြဲဆုံးမတယ်။အချိန်မဖြုန်းနဲ့။ ကိုယ့်ကိုထမင်းကြွေးတဲ့အလုပ်ကိုတစ်ဖက်ကမ်းခပ်ကျွမ်းကျင်ဖို့နေ့စဥ် ဝမ်းစာဖြည့်နေဖို့လိုတယ်။ Phyo Paing @ Derek

ခေတ်စနစ်နဲ့ အတူ လိုအပ်တဲ့စကေးမရှိရင်
သူများလုပ်တာပဲ ထိုင်ငေးနေရမယ်။
Read More »

လမ်းစဥ်လိုတယ်။

ကိုယ်ပိုင်ချမှတ်ထားတဲ့လမ်းစဥ်က “လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲပါ။”“နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေပါနဲ့။”“ဘူကောင်တွေကိုရှောင်။”“ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ပါ။”“အိပ်နေလဲငွေဝင်နိုင်တဲ့ လုပ်ငန်းတည်ဆောက်ပါ။”“ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေ နေ့စဥ်လုပ်ပါ။”“လုပ်ရင်းသိသွားလိမ့်မယ်။”“အတွေးအခေါ်ဘေးချော်ရင် အရေးပေါ်ပြင်ဖို့လိုတယ်။”“မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတယ်။”“ဘဝမှာ အရေးအကြီးဆုံးက စိတ်ချမ်းသာဖို့။”“အတွေး၊ အကြံ၊ အလုပ်ကို ဂရုစိုက်။”“အရေးမပါတာတွေကို အရာမပေးနဲ့။”“အမြင်မတူရင် အမြင့်မတူနိုင်ဘူး။”“ဘဝဆိုတာ စမ်းသပ်မှုတွေလုပ်တဲ့နေရာတစ်ခုပဲ။”“ကိုယ်ထိန်းချုပ်နိုင်တဲ့ ၂၄ နာရီပဲ။ ဒါကိုဂရုစိုက်။”“ကိုယ့်ဘဝကို ကန့်သတ်ထားတာ ကိုယ်ပဲ။”“ကိုယ့်စိတ်ကိုပြောင်းနိုင်ရင် ကျန်တာလွယ်သွားပြီ။”“ခံယူချက်က ခံစားချက်ကိုကျော်နိုင်ဖို့လိုတယ်။” လမ်းမြင်ဖို့ လမ်းစဥ်လိုတယ်။မြန်မာလိုဆို လောကနီတိရှိတယ်။အင်္ဂလိပ်လိုဆို principle လို့ခေါ်ပြီးတရုတ်လိုဆို “道理” (Dàolǐ) သောက်လီလို့ခေါ်တယ်။ သူက လူတစ်ယောက်ရဲ့ ကမ္ဘာလောကကြီးကိုအဓိပ္ပာယ်ဖွင့်ဆိုမှုအပေါ် လွမ်းမိုးထားတယ်။ ဥပမာ လောကနီတိမှာဆို အတတ်နှင့်တူသော ဥစ္စာသည်မရှိ။ အတတ်ကိုခိုးသူတို့သည် မယူနိုင်ကုန်။သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖက်ရာ၏။ သူယုတ်တို့နှင့် ပေါင်းသင်းခြင်းကို စွန့်လော့။ ဒါကိုတော့ စတုရင်္ဂဗလ အမတ်ကြီးရေးခဲ့တယ်။ အနောက်တိုင်းမှာ ယုတ္တိကျကျစဥ်းစားတွေးတောတတ်ဖို့  Rationalism. လူတစ်ယောက်ရဲ့လွတ်လပ်မှု Individualism. ကျားမလိင်အင်္ဂါမရွေးတန်းတူ Equality. တရုတ်မှာတော့ ကိုယ့်မိဘဘိုးဘေးကိုစောင့်ရှောက်ဖို့

လမ်းစဥ်လိုတယ်။ Read More »

“လေ့လာအဖြေရှာ”

ဒုက္ခကြုံတိုင်း၊ လမ်းသစ်ရှာတိုင်းလုပ်ဆောင်လို့ရတာ “လေ့လာအဖြေရှာ”တာပဲ။ လူသစ်တွေနဲ့တွေ့၊စာအုပ်တွေဖတ်၊ သတင်းအချက်အလက်ရှာဖွေ၊သင်တန်းတွေတက်၊ ခရီးတွေသွား၊ ကျွမ်းကျင်မှုအသစ်တွေသင်၊ ပညာရပ်အသစ်တွေ လေ့လာ၊ကိုယ်တိုင်စမ်းသပ်ကြည့်။ ဒီလိုလုပ်နိုင်ဖို့ ဘဝမှာ ငွေကြေးစီမံတဲ့အဆင့် ငါးဆင့်လိုတယ်။ငါးနှစ်၊ ဆယ်နှစ်လောက်အချိန်ပေးပြီးဒီအဆင့် ငါးဆင့်ကို တည်ဆောက်ကြည့်။ ၁။ နောက်နှစ် သုံးလေးငါးဆယ်အတွက်ရင်းနှီးမြုပ်နှံထားမှု။ Retirement fund၂။ ပြဿနာတစ်ခုခုဖြစ် အရင်လိုသုံးဖို့ငွေEmergency fund ၃။ လစဥ်ဝင်ငွေရှာပေးနေတဲ့ရင်းနှီးမြုပ်နှံမှု Fund for monthly Cash flow ၄။ အဆောင်ထားဖို့ငွေEnergy fund ၅။ လစဥ်အသုံးငွေ Monthly income/ expense budget ကျန်မာရေး၊အလုပ်နဲ့ စီးပွား၊ ငွေကြေးပိုင်ဆိုင်မှု၊ အချစ်နဲ့ မိသားစု၊ စိတ်အေးချမ်းမှုဒါတွေအဆင့်လိုက်လာတယ်။ ဘဝမှာ ကိုယ့်ကိုယ်ကိုယ်မကယ်တင်ရင်လာကယ်တင်မည့်သူ မရှိသလောက်ရှားတယ်။ Phyo Paing @ Derek

“လေ့လာအဖြေရှာ” Read More »

ဖြစ်နိုင်ခဲ့မယ်ဆိုရင်ပေါ့။

အနာဂတ်မရှိတဲ့ သူတွေနဲ့ မပေါင်းနဲ့။အနာဂတ်မရှိတဲ့ အလုပ်မလုပ်နဲ့။အနာဂတ်မရှိတဲ့နေရာ မနေနဲ့။ဖြစ်နိုင်ခဲ့မယ်ဆိုရင်ပေါ့။ Phyo Paing @ Derek

ဖြစ်နိုင်ခဲ့မယ်ဆိုရင်ပေါ့။ Read More »

ကိုယ့်ဘဝ ကိုယ်နဲ့ပဲဆိုင်တယ်။

ခေါင်းထဲမှာ ကိုယ်မဖြစ်ချင်တာတွေမေ့လိုက်။ ကိုယ်ဖြစ်ချင်တာတွေ ချရေး။ ကိုယ်အဖြစ်ချင်ဆုံးကိုပဲ နေ့တိုင်းတွေး။ နေ့တိုင်း အဖြေရှာ။ ကိုယ်အဖြစ်ချင်ဆုံးအရာကိုအကောင်အထည်ဖော်ဖို့ နေ့တိုင်းကြံစည်။နေ့တိုင်းလုပ်ဆောင်။ ပိုကောင်းတဲ့နည်းလမ်းရှာ။ ကိုယ့်ဘဝ ကိုယ်နဲ့ပဲဆိုင်တယ်။ Phyo Paing @ Derek

ကိုယ့်ဘဝ ကိုယ်နဲ့ပဲဆိုင်တယ်။ Read More »

မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတယ်။

တစ်နှစ်၊ နှစ်နှစ် သူတို့နိုင်လိမ့်မယ်။ဆယ်နှစ်၊ နှစ်နှစ်ဆယ် ကိုယ်နိုင်လိမ့်မယ်။သူတို့ဇွဲအဲ့လောက် မရှိဘူး၊စည်းကမ်းအဲ့လောက်မရှိဘူး၊စိတ်အဲ့လောက်မနိုင်ဘူး၊ရည်မှန်းချက်အဲ့လောက်မကြီးဘူး၊အဲ့လောက်မဝေးကြီးမတွေးနိုင်ဘူးဆိုတာ ကိုယ်သိတယ်လေ။ ဘဝမှာ အဲ့စိတ်ပဲထားတယ်။ ပြိုင်စရာမလိုဘူး။ကိုယ့်အနာဂတ် ဆယ်နှစ်၊ နှစ်နှစ်ဆယ်အနာဂတ်အမြင်ကိုသာ အကောင်အထည်ဖော်နေ။မသေသေးရင် ကိုယ်နိုင်မှာပဲ။မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတယ်။ Phyo Paing @ Derek

မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတယ်။ Read More »

ဘယ်နေရာရောက်ရောက်

၁။ ဘာသာစကားလိုတယ်။၂။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရမယ်။၃။ လူရှေ့သူရှေ့ အိုင်ဒီယာချပြရမယ်။၄။ နည်းပညာအသုံးပြုရမယ်။ ၅။ ပိုက်ဆံရှာရမယ်။ ၆။ လူတွေကို အုပ်ချုပ်ဦးဆောင်နိုင်ရမယ်။၇။ အချိန်စီမံခန့်ခွဲနိုင်ရမယ်။ ၈။ အသစ်တွေ မြန်မြန်သင်ယူနိုင်ရမယ်။ Phyo Paing @ Derek

ဘယ်နေရာရောက်ရောက် Read More »

“အဖြေရှာဖို့”

အချစ်ရေးမှာ ဒုက္ခတွေကြိမ်ကြိမ်ရောက်တယ်။စာအုပ်တွေထဲက အဖြေရှာတယ်။ အချစ်ရေးအဆင်ပြေသွားတယ်။ ဝိတ်အကြိမ်ကြိမ်ချတယ်။မကျဘူး။ စာအုပ်တွေထဲက အဖြေရှာတယ်။နောက်ပိုင်း အပြောင်းအလဲဖြစ်သွားတယ်။ ငွေကြေးနဲ့ ကိုယ်နဲ့က အတူမနေဘူး။ငွေကြေးအကြောင်းအဖြေရှာတယ်။ ဘဝမှာ ငွေကြောင့်စိတ်မညစ်ရတော့ဘူး။ ဝန်ထမ်းတွေ စီမံခန့်ခွဲရတာပြဿနာ အကြိမ်ကြိမ်တက်တယ်။ စာအုပ်တွေဖတ်ပြီး အဖြေလိုက်ရှာတယ်။အရာရာလွယ်ကူချောမွေ့သွားတယ်။ မှတ်ဥာဏ်မကောင်းလို့ စိတ်ညစ်တယ်။စာအုပ်တွေထဲ အဖြေရှာတယ်။ မြန်နှုန်းမြင့်လေ့လာလို့ရလာတယ်။ လောကမှာ အဖြေရှာဖို့ ကိုယ်တိုင် သုတေသနလုပ်နေစရာမလိုတဲ့အပိုင်းတွေရှိတယ်။ နေ့တိုင်းတစ်ရက်တစ်အုပ်လေ့လာလာတာသုံးနှစ်တိတိ ပြည့်တော့မယ်။ ဒီသုံးနှစ်အတွင်း သိထား၊ တတ်ထားတာတွေနဲ့လူတွေကို ကူညီခွင့်ရတဲ့အတွက်လဲကျေးဇူးတင်မိတယ်။ ပြဿနာအဖြေရှာဖို့ စာဖတ်ဖို့လိုတယ်။ စာအုပ်ကောင်းတွေက အမြင်ပြောင်းပေးတယ်။တွေးပုံပြောင်းပေးတယ်။တွေးတာပြောင်းရင် ကြံစီတာလဲပြောင်းပြီလုပ်ဆောင်တာလဲပြောင်းပြီ။ဘဝရလဒ်လဲပြောင်းပြီ။ ဘာကြောင့် စာအုပ်ဖတ်သလဲ?“အဖြေရှာဖို့”။ Phyo Paing @ Derek

“အဖြေရှာဖို့” Read More »

ပျော်အောင်ပဲနေလိုက်တာ
ရွေးချယ်မှုတစ်ခုဖြစ်လာတယ်။

ကိုယ်တစ်ယောက်တည်း ဒုက္ခရောက်နေတာမဟုတ်တော့ငြီးနေလဲ ပိုအားလျော့နေမှာပဲ။ ဒုက္ခတွေကြားထဲ ပျော်အောင်ပဲနေလိုက်တာရွေးချယ်မှုတစ်ခုဖြစ်လာတယ်။ အခြေအနေကိုရွေးချယ်လို့ရချင်မှရမယ်။ဘယ်လိုတုန့်ပြန်မလဲတော့ရွေးချယ်လို့ရနိုင်တယ်။ ဒုက္ခကို ကော်ဖီခွက်ထဲထည့်ကော်ဖီခါးခါးအရသာနဲ့နိုးကြားပြီး ရှေ့ဆက်ရမှာပဲ။ Phyo Paing @ Derek

ပျော်အောင်ပဲနေလိုက်တာ
ရွေးချယ်မှုတစ်ခုဖြစ်လာတယ်။
Read More »