behavior

ဒီနေ့ကို ဒုက္ခခံပြီး မနက်ဖြန်မှာ
ပိုကောင်းတာတွေကိုခံစားမယ်။

စားစရာအကောင်းနဲ့ သိပ်မကောင်းတာဆိုသိပ်မကောင်းတာကို အရင်စားပြီးပိုကောင်းတာကို နောက်နေ့အတွက်ထားတယ်။ ပိုခက်တဲ့အလုပ်ကို အရင်လုပ်ပြီးလေပြေလေးတွေကို နောက်မှခံစားတယ်။ ဒီနေ့ကို ဒုက္ခခံပြီး မနက်ဖြန်မှာပိုကောင်းတာတွေကိုခံစားမယ်။ ဒါကို delayed gratification လို့ခေါ်တယ်။ဒီနေ့ကို ဒုက္ခခံပြီး ပိုကောင်းတဲ့မနက်ဖြန်တည်ဆောက်သူတွေဖြစ်တယ်။ ဒီလိုလူတွေက ပိုအောင်မြင်တယ်ဆိုတာ1972 မှာ Stanford တက္ကသိုလ်ကprofessor Walter Mischel ကMarshmallow experiment ဆိုပြီးနှစ်ပေါင်းဆယ်စုနှစ် နှစ်ခုကြာသုတေသနလုပ် တွေ့ရှိခဲ့တယ်။ အခုပြဿနာတွေကို ခါးစီးခံပြီး၂၀၃၀ အလွန်အတွက်ပဲ ပြင်ဆင်စို့။ Phyo Paing @ Derek

ဒီနေ့ကို ဒုက္ခခံပြီး မနက်ဖြန်မှာ
ပိုကောင်းတာတွေကိုခံစားမယ်။
Read More »

Customer > Product

သင်တော်လွန်းလို့ clients တွေကသင့်ကိုရွေးချယ်တာ မဟုတ်ဘူး။သူတို့ ပြဿနာတွေကိုဖြေရှင်းနိုင်မယ်ယုံကြည်လို့သင့်ကိုရွေးချယ်တာ ဖြစ်တယ်။Product ထက် Customer ကိုပိုတန်ဖိုးထားပါ။ Phyo Paing @ Derek

Customer > Product Read More »

အိမ်မက်တွေရှိရုံနဲ့ ဖြစ်မလာဘူး

အိမ်မက်တွေရှိရုံနဲ့ ဖြစ်မလာဘူး။အိမ်မက်ဆိုတဲ့ dream တွေကိုအကောင်အထည်ဖော်ဖို့desire (burning desire) ပြင်းပြတဲ့စိတ်ဆန္ဒလိုတယ်။ပြင်းပြတဲ့စိတ်ဆန္ဒတွေကိုပုံမှန်လည်ပတ်တဲ့ daily habits အဖြစ်ပြောင်းလဲဖို့လိုတယ်။ အိမ်မက်တွေဘယ်လောက်ကြီးကြီး၊စိတ်ဆန္ဒဘယ်လောက်ပြင်းပြပြနေ့စဥ် Daily habits တစ်ခုမဖြစ်သမျှဖြစ်ချင်တာတွေအားလုံး ဆုတောင်းList ထဲမှာပဲ ရှိနေမှာပဲ။Dream -> Desire -> Daily Habits Phyo Paing @ Derek

အိမ်မက်တွေရှိရုံနဲ့ ဖြစ်မလာဘူး Read More »

အဆက်အသွယ်ဖြတ်ရတဲ့အခိုက်အတန့်

ကြီးကျယ်တဲ့အပြောင်းအလဲလုပ်ဖို့အများကြီးလိုချင်မှ လိုလိမ့်မယ်။တစ်ခုခု၊ တစ်ယောက်ယောက်ကိုကိုယ့်ဘဝထဲက ခဏဖြစ်ဖြစ်အဆက်အသွယ်ဖြတ်ထားဖို့ပဲလိုတာ ဖြစ်နိုင်တယ်။ အလုပ်ထွက်ပြီး ကိုယ်တိုင်စတော့အိမ်နဲ့သုံးလ အဆက်အသွယ်မလုပ်ဘူး။ရစေချင်တဲ့ဘွဲ့ ကတိအတိုင်းယူပေးခဲ့ပြီးပြီ။ ရှေ့ဆက်မည့် ဘဝကတော့ကိုယ်သွားချင်တဲ့ဘဝ၊ ကိုယ့်အတွေးနဲ့ယုံကြည်မှုနဲ့တည်ဆောက်မှာဖြစ်တဲ့အတွက်Instruction တွေ၊ အထင်အမြင်တွေနဲ့လမ်းမလွဲချင်ဘူး။ တခါတလေ ပိုကောင်းတဲ့အပြောင်းအလဲတစ်ခုအတွက်ကိုယ်ချစ်တဲ့သူတွေကို ခဏဖြစ်ဖြစ်အဆက်အသွယ်ဖြတ်ရတဲ့အခိုက်အတန့်တွေရှိကောင်းရှိရနိုင်တယ်။ Phyo Paing @ Derek

အဆက်အသွယ်ဖြတ်ရတဲ့အခိုက်အတန့် Read More »

Messenger

ငယ်ငယ်က အလွတ်ကျက်ထားတဲ့အတိုင်း“ယဿာနုဘာဝတော ယက္ခာ၊နဝေ ဒဿန်ေတိ ဘီသနံ။”ဆိုပြီး မေတ္တာသုတ်ကို ရွတ်တယ်။ လူချစ်လူခင်ပေါအောင်ရယ်၊အန္တရာယ်ကင်းအောင်ရယ်ဆိုပြီးရွတ်တဲ့နေ့နဲ့ မရွတ်တဲ့နေ့ကွာခြားချက် effectiveness ကိုမှတ်တမ်းတင်ခဲ့ဖူးတယ်။ နောက်ပိုင်းတဖြည်းဖြည်းနားလည်လာတာမေတ္တာဆိုတာ အဲ့လိုရွတ်ရတာတစ်ခုတည်းမဟုတ်ဘူး။Compassion ဆိုတာ နှလုံးသားထဲကလာတယ်ဆိုတာ ဆရာတော်Thich Nhat Hanh ရဲ့ စာအုပ်တွေဖတ်ရင်း အမြင်တွေပိုပွင့်လာတခဲ့တယ်။ Messenger ကွာသွားရင်ပေးတဲ့ message ကွာသွားတတ်တယ်။ဒါကြောင့် ကိုယ့်ကို message ပေးတဲ့သူကိုသေချာရွေးဖို့လိုသလိုခေါင်းထဲမထည့်ခင် ပြန်ဆန်းစစ်ဖို့လိုတယ်။ Phyo Paing @ Derek

Messenger Read More »

Energy Management လုပ်ရမယ်။

Time Management ထက်Energy Management လုပ်ရမယ်။တခါတလေ အချိန်ရှိပြီးအလုပ်လုပ်ဖို့ အားမရှိတာဖြစ်တတ်တယ်။Energy ထွက်ဖို့ Emotion ကအရေးကြီးတယ်။ဒေါသ၊ ကြောက်စိတ်၊ ပူဆွေးဝမ်းနည်း၊အားငယ်၊ စိတ်ဓာတ်ကျ ဒီခံစားချက်တွေကအလုပ်လုပ်ဖို့ Energy မထွက်စေဘူး။ပျော်ရွင်စိတ်၊ ရင်ခုန်စိတ်၊ ဂုဏ်ယူစိတ်၊ကျေးဇူးတင်စိတ်၊ စူးစိုက်မှုအပြည့်တဲ့စိတ်၊အချစ်၊ မေတ္တာတရား အစရှိတဲ့စိတ်ခံစားချက်တွေက Energy ကိုထွက်စေတယ်။ From Time Management toEmotional Management Phyo Paing @ Derek

Energy Management လုပ်ရမယ်။ Read More »

Power ရဲ့ အရသာကြောင့်လူတွေ
ပြောင်းလဲသွားကြတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ထောင်လောက်ကCalendar ကိုအသစ်ပြန်တီထွင်ခဲ့တဲ့Julius Caesar ဟာ ရောမရဲ့Consul ဖြစ်ဖို့အတွက်ကိုSenate ရဲ့ လက်ခံမှုရဖို့သူ့ရန်သူ Pompey ကိုသူ့သမီးဆက်သခဲ့တယ်။ အီဂျစ်မှာ Cleopatra ကလီယိုပက်ထရာကသူ့မောင်အရင်းဖြစ်တဲ့Ptolemy XIII နဲ့ လက်ထပ်ထားပြီးအီဂျစ်ကိုအုပ်ချုပ်တယ်။ Cleopatra ဟာ သူ့မောင် အရင်းဘုရင်Ptolemy XIII ကိုသတ်ခဲ့သလိုCaesar နဲ့ရတဲ့ ကလေး Caesarion မွေးတဲ့အခါPower ကို သားတော်ကိုပေးဖို့သူ့နောက်မောင်တစ်ယောက်ဖြစ်တဲ့Ptolemy XIV ကိုအဆိပ်ခပ်သတ်လုပ်ကြံခဲ့တယ်။ အီဂျစ်မှာ ၆ နှစ်ကြာပြီးCaesar ရောမပြန်ရောက်ချိန်မှာတိုင်းပြည်ကရစရာမရှိဖြစ်နေတယ်။တိုင်ပြည်ပြန်လည်ထူထောင်ချင်တယ်။ဒါကြောင့် ဆယ်နှစ်တာ အာဏာရှင်အဖြစ်ရှိနေဖို့Senate ရဲ့ ထောက်ခံမှုယူတယ်။​ ဆယ်နှစ်ပြည့်တော့ ထာဝရ ဘုရင်အဖြစ်ရှိနေဖို့Senate ရဲ့ထောက်ခံချက်ရယူရာမှာဓားဒဏ်ရာ ၂၃ ချက်နဲ့ Senate မှာလုပ်ကြံသတ်ဖြတ်ခံရတယ်။ Caesar သေဆုံးတဲ့နောက်ပိုင်းမှာCleopatra နဲ့ Caesar ရတဲ့ကလေးကတော့အီဂျစ်မှာ နှစ်ပတ်ပဲ နန်းတက်ရပြီး လုပ်ကြံခံရတယ်။(မြန်မာပြည်ရဲ့

Power ရဲ့ အရသာကြောင့်လူတွေ
ပြောင်းလဲသွားကြတယ်။
Read More »

လူတွေမမှတ်မိလောက်အောင်တိုးတတ်ရောက်ပြောင်းလဲဖို့နေ့စဉ်မဖြစ်မနေလုပ်မည့် list ထားပါ။

Non-negotiable set point တစ်ရက်စာတစ်အုပ်ပြီးအောင်ဖတ်ရမယ်။တစ်ရက် video တစ်ခု ဖန်တီးရမယ်။တစ်ရက် စာတစ်ပိုဒ်ရေးရမယ်။​တစ်ရက် pushups တစ်ရာလုပ်ရမယ်။မနက်တိုင်း ၁၅ မိနစ် တရားထိုင်ရမယ်။စိတ်ညစ်စရာတိုင်း ၁ မိနစ်ထက် ပိုမခံစားဘူး။နေ့တိုင်း ၁၅ မိနစ် အလုပ်အကြောင်း plan ရမယ်။Learning App နှစ်ခုအတွက် တစ်ရက်၃၅ မိနစ်အထက် အချိန်ပေးတယ်။ဒါတွေက ကိုယ့်ရဲ့ non-negotiable setpoint ပဲ။ ဒီနေ့ Vishen Lakhiani ရဲ့The Codes of Extraordinary Mind ကိုVideo လုပ်ဖို့ သူ့စာအုပ်ဖတ်နေရင်းကိုယ်နဲ့တူတဲ့ idea တစ်ခုတွေ့တယ်။ဒါကိုတော့ Vishen က non-negotiable setpointလို့ခေါ်တယ်။ ကျွန်တော်ကတော့Daily Feel-Good List လို့သုံးတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့တစ်ရက်တာအဓိပ္ပာယ်ရှိဖို့ အဲ့အချက်တွေက မရှိမဖြစ်လိုလို့။ Phyo

လူတွေမမှတ်မိလောက်အောင်တိုးတတ်ရောက်ပြောင်းလဲဖို့နေ့စဉ်မဖြစ်မနေလုပ်မည့် list ထားပါ။ Read More »