control

ဝတဲ့သူတွေ ဝိတ်ချပြီးသွားတဲ့အခါ
မကြာခင် ပြန်ပြီး ဝိတ်တက်လာတာ
သတိထားမိလိမ့်မယ်။

Oprah Winfrey အနေနဲ့ 237 poundကနေဝိတ်ချဖို့ ကြိုးစားလာရာမှာကိုယ်ပိုင် chef, personal trainer & coachနဲ့သွားရာက 2005-6 မှာ 160 ဖြစ်သွားတယ်။2009 မှာ pound 40 ပြန်တက်လာတယ်။ မနေ့က Dr. Jason Fung ရဲ့Obesity Code အကြောင်းဖတ်ရင်ပုံမှန်အသုံးပြုနေတဲ့ Calorie In, Calorie Outနဲ့ Diet နဲ့ Exercise နဲ့တင်အလုပ်မဖြစ်တာအယူအဆအမှား myths တွေအကြောင်းပိုနားလည်သွားတယ်။ ဝတယ်ဆိုတာ hormonal imbalance ဖြစ်တာဖြစ်ပြီး အဓိက insulin ကြောင့်ဖြစ်တယ်။သွေးထဲ Insulin များတာဟာ ဝစေတယ်။အစာစားပြီးတဲ့အချိန် သကြားဓာတ်ထိန်းပေးတဲ့ insulin ထွက်တယ်။Stress များရင် cortisol ထွက်တယ်။Insulin ကိုများစေပြီး ဝစေတယ်။အိမ်ရေးပျက်ရင် stress […]

ဝတဲ့သူတွေ ဝိတ်ချပြီးသွားတဲ့အခါ
မကြာခင် ပြန်ပြီး ဝိတ်တက်လာတာ
သတိထားမိလိမ့်မယ်။
Read More »

mental preparation

Social Media မှာ နာမည်ဖျက်ခံရတဲ့အခါစီးပွားရေး မလည်ပတ်တော့တဲ့အခါaccident ဖြစ်ပြီး ဒုက္ခိတဖြစ်တဲ့အခါကိုယ်အချစ်ဆုံးသူသေဆုံးသွားတဲ့အခါဘဝမှာ lowest point ရောက်တဲ့scenario တွေ အကုန် စဥ်းစားပြီးစိတ်ကြိုတင်ပြင်ဆင်မှုပြုလုပ်ထားခြင်းကိုmental preparation လို့ခေါ်တယ်။ ဒီလို negative visualization လုပ်ထားတာကလောကဓံကို ကြံ့ကြံ့ပိုခံနိုင်စေတယ်။ ဘဝကို ခရီးဆက်နှင်ရအုံးမှာ။​ထိန်းချုပ်ရ အခက်ဆုံးက“ကိုယ့်စိတ်” ပဲ။ဒါကို နိုင်ရင် ကျန်တာက အေးဆေး။ Phyo Paing @ Derek

mental preparation Read More »

ဒါကို Looping ပတ်တယ်လို့ခေါ်တယ်။

ကြုံဖူးလားတော့ မသိဘူး။တစ်ယောက်ကို လွမ်းတဲ့အခါဒီအတွေးနဲ့ အလုပ်မလုပ်နိုင်တာမျိုး။တခါတလေ ကြည်နူးမှုတွေနဲ့တစ်ရက်တာလုံး ဖြတ်သန်းရတာလတ်ဆတ်နေတာမျိုး။ တခါတလေတစ်ခုခုကို ဒေါသထွက်တဲ့အခါ၊စိတ်အနှောက်အယှက်ဖြစ်တဲ့အခါအဲ့ဒီပုံစံမျိုးပဲ တစ်ရက်တာလုံး၊ရက်ရှည်လများ လွမ်းမိုးနေတာမျိုးဖြစ်တတ်ကြတယ်။​ ဒါကို Looping ပတ်တယ်လို့ခေါ်တယ်။ကောင်းတဲ့အတွေးအခေါ်looping ပတ်ရင် ဘဝကဖြတ်သန်းရတာ လတ်ဆတ်အထာကျပေမယ့်မကောင်းတဲ့ looping ပတ်ရင်တော့တိုင်ပတ်ပြီးသာမှတ်။ မကောင်းတဲ့ခံစားချက်၊ အတွေးအခေါ်looping မပတ်အောင်control လုပ်တဲ့ စနစ်လေးကိုယ့်စိတ်မှာ ထည့်ထားတတ်ဖို့လိုတယ်။ဒါကို အာရုံလွဲခြင်းလို့ခေါ်တယ်။ စိတ်ညစ်စရာတွေကို အကြာကြီးတွေးပြီး တိုင်မပတ်လိုက်ပါနဲ့။Looping ပတ်ပြီး ဘဝတစ်ခုလုံးပါတိုင်ပတ်သွားမယ်။​ဂျွင်းထဲဝင်ပြီး ပြန်မထွက်နိုင်ဖြစ်လိမ့်မယ်။ Phyo Paing @ Derek

ဒါကို Looping ပတ်တယ်လို့ခေါ်တယ်။ Read More »

ကံကို control လုပ်လို့မရဘူး

Law of attraction သာတကယ်အလုပ်ဖြစ်စဥ်းစားစိတ်ကူးလိုက်တိုင်းဖြစ်နေရင် နိုင်ငံ့အသင်းတိုင်းကမ္ဘာ့ဖလားရနေပြီ။ လိုချင်တာတစ်ခုရဖို့ဆုတောင်းတိုင်းသာဖြစ်နေရင်အလုပ်လုပ်စရာမလိုတော့ဘူး။Dreams Don’t Work Unless You Do ဆိုတာအလကားထားတာမှ မဟုတ်တာ။ ကံကို control လုပ်လို့မရဘူး။အလုပ်ကို control လုပ်လို့ရတယ်။လိုချင်တာတစ်ခုရှိရင်သေချာစဥ်းစားပြီးစည်းကမ်းရှိရှိနဲ့ အလုပ်လုပ်ရမှာကိုယ့်တာဝန်ပဲ။ Phyo Paing @ Derek

ကံကို control လုပ်လို့မရဘူး Read More »

ဘာပဲဖြစ်ဖြစ် အကောင်းဆုံး
လုပ်ဆောင်ပါ။

လောကကြီးက မတရားဘူး။$ရမ်းကို မတရားတာ။မွေးကတည်းက သာတူညီမျှမရှိဘူး။တချို့တွေက မွေးကတည်းကအခွင့်ထူးခံ။ တချို့က မျက်နှာမွဲ။တချို့က ဘားမှ လုပ်စရာမလိုပဲနဲ့ကိုကံအကြောင်းလှပြီး ပြည့်စုံနေတယ်။တချို့ကျတော့လဲ ကျောပူအောင်အလုပ်လုပ်ပြီးသမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်ရုန်းရင်းကန်ရင်း ဘယ်မှခရီးမရောက်ဘူး။ တချို့အတွက် တစ်သောင်းနှစ်သောင်းနဖူးမှချေွးခြေကျအောင် လုပ်ရပေမယ့်တချို့က ပြောလိုက်တဲ့စကားလေးငါးဆယ်ခွန်းနဲ့ တစ်သောင်းနှစ်သောင်းရှေ့မှာ စကားလုံးတစ်လုံးထည့်လိုက်လို့ရတယ်။ ဒါတွေက ကျွန်တော်တို့လူအများစုထိန်းချုပ်မှုအောက်မှာ မရှိဘူး။ဒါတွေကို အပစ်တင်ပြီးမိုက်ဖက်လိုက်ရင်လဲသံသရာခြားလပတ်ထဲကတိုင်ပတ်ပြီးရင် ပတ်နေမှာ။ လူတွေထိန်းချုပ်လို့ရတာတစ်ခုပဲ။ဒါကတော့ ဘာပဲလုပ်လုပ်အကောင်းဆုံးလုပ်။ဒီဆောင်ပုဒ်က လူတိုင်းလုပ်လို့ရတယ်။ကိုယ့်ရဲ့ ဘဝပေးထားချက်နေ့ရက်တိုင်းကို အကောင်းဆုံးအသုံးချတာဟာ အားလုံးထိန်းချုပ်မှုအောက်မှာ ရှိတယ်။ မဟုတ်ရင် နှိုင်းယှဥ်ပြီးတစ်တောင်ထက် တစ်တောင်မြင့်ဘဝမှာ ငြိမ်းချမ်းမှုရမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်ဆောင်ပါ။ဒီဆောင်ပုဒ်ပဲ လက်ကိုင်ထားလိုက်တယ်။ Phyo Paing @ Derek

ဘာပဲဖြစ်ဖြစ် အကောင်းဆုံး
လုပ်ဆောင်ပါ။
Read More »

ဘဝမှာ ဒုက္ခမရှိရင် သုခဆိုတာကို
သိဖို့ မလွယ်ဘူး။

ဘဝမှာ ခံစားချက်ဆိုတာ နှိုင်းယှဉ်ဖို့ကနေလာတဲ့အတွက်အနာဂတ်အတွက် မျှော်မှန်းချက်ကို အနိမ့်ဆုံးထားထားပြီး ကိုယ်လုပ်နိုင်တာကိုပဲ အားထည့်လုပ်လိုက်တယ်။ ကိုယ့်ဘဝ ကိုယ့် control အောက်မရှိရင်တိုင်ပတ်ပြီသာမှတ်။ အနည်းဆုံးတော့ ကိုယ့်အချိန်ကို ဘယ်လိုအသုံးချရမယ်ဆိုတဲ့ control လေးတော့ရှိဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ ဒုက္ခမရှိရင် သုခဆိုတာကို
သိဖို့ မလွယ်ဘူး။
Read More »

စမှတ် မတူလို့ စိတ်ဓာတ်မကျပါနဲ့။

လူတိုင်းမှာ ဘဝ စမှတ်ချင်းမတူကြဘူး။တချို့တွေက အားသာမှုတွေနဲ့မွေးကြတယ်။တချို့က ချမ်းသာတဲ့မိသားစုကပေါက်ဖွားတယ်။တချို့က ပညာတတ်မိသားစုက။တချို့က ငယ်ငယ်က ကျောင်းကောင်းကောင်းတတ်ရတယ်။တချို့ကလဲ ဘဝပေးကံ မကောင်းခဲ့ဘူး။ ဘဝပေးကံဆိုတာ ပေးထားချက်ပဲ။ ပေးထားချက် ပုစ္ဆာပေါ်မူတည်ပြီးသွားချင်တဲ့ပန်းတိုက်ရောက်အောင်သွားနိုင်တာက ပညာပဲ။ တချို့က လုပ်ငန်းစကတည်းက အိမ်က သိန်းသောင်းဂဏန်းထုတ်ပေးတာလဲရှိမယ်။တချို့က ချေးငှါးပြီးစရတာလဲရှိမယ်။အတွေ့အကြုံတွေမတူကြဘူး။ ဒါကလဲ ပြောသလောက်အရေးမကြီးဘူး။ လူအများစုက သူကတော့ ဝတ်ကောင်းစားလှနဲ့ ဓာတ်ပုံလှလှရိုက်ကားကောင်းကောင်းနဲ့ အိမ်ကောင်းကောင်းမှာနေတယ်။သူပျော်နေမှာပဲလို့ ဘေးလူအမြင်နဲ့မြင်တယ်။ ကိုယ့်ဘေးမှာ supermodel ငါးယောက်လောက်ဝိုင်းနေပြီးbeach မှာ လေပြည်လေးခံနေပေမယ့်ဗိုက်အောင့် ဝမ်းလျှောနေတဲ့အခါ သာယာမှုဆိုတဲ့ experience ခံစားဖို့မလွယ်ကူဘူး။ ဘဝဆိုတာ အဲ့လိုပဲ။ Supermodel ငါးယောက်နဲ့ သာယာနေတာပဲအပြင်လူတွေက မြင်ကောင်းမြင်မယ်။ဗိုက်အောင့်ဝမ်းလျှောနေတာ မြင်ချင်မှ မြင်လိမ့်မယ်။ ဒါကြောင့် စမှတ်တွေမတူတဲ့အတွက်နှိုင်းယှဉ်ပြီး ဘဝကို အပြစ်မပုံချလိုက်မိဖို့လိုတယ်။စမှတ်ကို ကိုယ်သတ်မှတ်လို့မရပေမယ့်ဆုံးမှတ်ကိုတော့ ကိုယ်ထိန်းချုပ်လို့ရနိုင်တယ်။ Phyo Paing @ Derek

စမှတ် မတူလို့ စိတ်ဓာတ်မကျပါနဲ့။ Read More »

အရာရာ ကိုယ့် control အောက်ရှိဖို့လိုတယ်။

ကိုယ့်ခန္ဓာကိုယ် ပုံစံ၊ကိုယ့်တိုးတက်ရေး၊ ကိုယ့် စိတ်အခြေအနေ၊ကိုယ့်ငွေရေးကြေးရေး၊ ကိုယ့် အချစ်ရေးနဲ့ မိသားစုအရေး၊ကိုယ့် အလုပ်အကိုင်၊ကိုယ့်လုပ်ငန်း အရာရာ ကိုယ့် ထိန်းချုပ်မှုအောက်မှာ ရှိနေဖို့လိုတယ်။ တခြားသူ ထိန်းချုပ်မှုအောက်မှာပဲရှိနေရင် တိုင်ပတ်ပြီသာမှတ်။ ဒါကြောင့် မငြီးနဲ့လို့ပြောတာ။ ခိုလိုငြီးနေရင် ကိုယ့် control ကိုလက်လွတ်လိုက်ရာကျတယ်။ ကိုယ်ဘာလိုချင်တာလဲ မေးကြည့်။တကယ်လိုချင်တာလားမေးကြည့်။ အရင်က ဒါနဲ့ပတ်သတ်လို့ ဘာတွေလုပ်ခဲ့ဖူးလဲ။ဘယ်အရာက အဆင်ပြေလဲ၊ ဘယ်အရာက အဆင်မပြေဘူးလဲ မေးကြည့်။ အဆင်မပြေတာကို မလုပ်နဲ့တော့။ အဆင်ပြေတာကို လုပ်။ ကိုယ့်ထိန်းချုပ်မှုအောက်ကို ရောက်အောင်လုပ်။ လောကီရေးရာဖြတ်သန်းတဲ့အခါကိုယ်နဲ့ဆိုင်တဲ့ အရာတွေကိုယ့်ထိန်းချုပ်မှုအောက်မှာ ရှိနေဖို့လိုတယ်။ Phyo Paing @ Derek

အရာရာ ကိုယ့် control အောက်ရှိဖို့လိုတယ်။ Read More »