future

အနာဂတ် plan ချတဲ့ ၁၀ ဆင့်

ပေးထားချက်နဲ့ အတိတ်ကို ပြန်လည်ဆန်းစစ်မှု ၁။ လက်ရှိအခြေအနေရဲ့ပေးထားချက်တွေချရေး၂။ ကိုယ့်မှာရှိတဲ့ အရင်းအမြစ်တွေ၊လုပ်ခဲ့တဲ့ အတွေ့အကြုံတွေ၊ လုပ်နိုင်စွမ်းတွေ ချရေးကြည့်၃။ အတိတ်က အောင်မြင်တယ်လို့ ယူဆတဲ့မိုင်တိုင် milestone တွေ ချရေးကြည့်၄။ ကိုယ့်ကိုအောင်မြင်အောင်လုပ်ပေးခဲ့တဲ့အောင်မြင်ရေးဖော်မြူလာ winning formula တွေချရေးကြည့်၅။ ဒီပေါ်မူတည်ပြီး ရွေးချယ်လို့ရတဲ့ လမ်းကြောင်းတွေ အကုန်စဥ်းစားပြီးချရေးကြည့်။ သွားမည့်အနာဂတ်နဲ့ အတိတ်ကို ချိပ်ဆက််မှု ၆။ ကိုယ်သွားချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ချရေးကြည့်။ဒါကို အဆင့်သုံးဆင့်ခွဲလိုက်။ ရေတို၊ ရေလတ်၊ ရေရှည် အနာဂတ်ရည်မှန်းချက်တွေချရေးကြည့်။၇။ ရောက်နေတဲ့နေရာက အနာဂတ်ပန်းတိုင်တွေရောက်အောင်လာလို့ရတဲ့ လမ်းကြောင်းတွေအကုန်စဥ်းစားကြည့်။ ၈။ ကိုယ့်ရဲ့ အောင်မြင်ရေး ဖော်မြူလာ winning formulaနောက် ပေးထားချက်၊ အခြေအနေတွေနဲ့ရည်မှန်းချက် ရောက်အောင်သွားလို့ရတဲ့အလွယ်ဆုံး၊ အမြန်ဆုံး၊ အထိရောက်ဆုံး လမ်းကြောင်း တွေကိုချရေး။၉။ တစ်ခုချင်းစီကို try ကြည့်။ အလုပ်ဖြစ်ရင် […]

အနာဂတ် plan ချတဲ့ ၁၀ ဆင့် Read More »

ချမ်းသာကြွယ်ဝမှုဆိုတာ

သင့်ရဲ့ဝင်ငွေကချမ်းသာကြွယ်ဝမှုမဟုတ်ပါဘူး။ချမ်းသာကြွယ်ဝမှုဆိုတာမာရသွန်ပြေးပွဲပဲ။ရသမျှသုံးနေတာနဲ့ချမ်းသာကြွယ်ဝမှုတည်ဆောက်လို့မရဘူး။စာတော်တာ ဥာဏ်ကောင်းတာနဲ့လဲမဆိုင်ဘူး။ထိပ်တန်းကျောင်းတတ်ထားတာနဲ့မဆိုင်ဘူး။ငွေပေါ်တန်ဖိုးထားတတ်မှုနဲ့ဆိုင်တယ်။လူနေမှုပုံစံ၊ သုံးတဲ့ပုံစံ၊ စီမံခန့်ခွဲတဲ့ပုံစံနဲ့ဆိုင်တယ်။ချမ်းသာကြွယ်ဝသူတွေကမှန်ကန်တဲ့ အလုပ်ကိုရွေးချယ်တယ်။ဟောင်းနေပြီဖြစ်တဲ့The Millionaire Next Dollar စာအုပ်ဖတ်ရင်း။ Phyo Paing @ Derek

ချမ်းသာကြွယ်ဝမှုဆိုတာ Read More »

dream list

ဘဝမှာ မသေခင်လုပ်ချင်တဲ့၊ဖြစ်ချင်တဲ့အရာတွေ ချရေးထားတယ်။ဒါတွေကို dream list လို့ခေါ်လိုက်တယ်။ ၁။ ဘဝကို နေ့စဉ်ဖြတ်သန်းချင်တဲ့ပုံစံ၂။ လည်ချင်ရောက်ဖူးချင်တဲ့နေရာတွေ၃။ ရချင်တဲ့ အတွေ့အကြုံ၄။ ပိုင်ဆိုင်ချင်တဲ့အရာတွေ၅။ ရှိချင်တဲ့ ကျွမ်းကျင်မှု ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်အောင်တားဆီးထားတဲ့သူက ကိုယ်ကိုယ်တိုင်ပဲ။ ၁။ စိတ်ရှည်ဖို့လိုတယ်။၂။ ဓမ္မဓိဋ္ဌာန်ကျကျမြင်တတ်ဖို့လိုတယ်။၃။ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ဖို့လိုတယ်။၄။ ဘဝကို မဟာဗျူဟာကျကျ ဖြတ်သန်းဖို့လိုတယ်။၅။ ကိုယ့်ရဲ့ဘဝပေး ခေါ်သံကို နားထောင်ဖို့လိုတယ်။၆။ စည်းကမ်းလိုတယ်။ Phyo Paing @ Derek

dream list Read More »

အရေးမပါတာတွေကို အရာပိုပေးဖြစ်လိမ့်မယ်

မင်းရဲ့ ၂၀၂၄ ရဲ့ ရည်မှန်းချက်ပန်းတိုင်ကဘာလဲမေးလိုက်ရင် ပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်းခေါင်းထဲက ထွက်လာဖို့ကိုယ့်ကိုယ်ကို လေ့ကျင့်ထားဖို့လိုတယ်။ဘဝကို ရည်ရွယ်ချက်ရှိရှိမဖြတ်သန်းရင်အရေးမပါတာတွေကို အရာပိုပေးဖြစ်လိမ့်မယ်။ Phyo Paing @ Derek

အရေးမပါတာတွေကို အရာပိုပေးဖြစ်လိမ့်မယ် Read More »

အလုပ်တွေပဲ အရမ်းလုပ်မနေနဲ့
အနားယူအုံးတဲ့

အလုပ်တွေပဲ အရမ်းလုပ်မနေနဲ့အနားယူအုံးတဲ့။ အလုပ်လုပ်တယ်ဆိုတာအနားယူတာပဲ။ အလုပ်ကို ဂိမ်းတစ်ခုလိုစွဲစွဲလမ်းလမ်းလုပ်တတ်တဲ့အခါအလုပ်ကို ချစ်တတ်၊တန်ဖိုးထားတတ်တဲ့အခါအလုပ်လုပ်တာက အနားယူတာပဲ။ လူတွေခေါင်းထဲထည့်ထားတဲ့စကားလုံးတွေရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ မတူကြဘူး။ တချို့အတွက်ပိုက်ဆံရဖို့အတွက် အလုပ်လုပ်တယ်။တချို့အတွက်အလုပ်လုပ်နေရင်း ပိုက်ဆံရတယ်။ မတူကြဘူး။ Phyo Paing @ Derek

အလုပ်တွေပဲ အရမ်းလုပ်မနေနဲ့
အနားယူအုံးတဲ့
Read More »

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်
မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး။ကိုယ်ရှိထား၊ ပိုင်ဆိုင်ထားတာကိုကျေးဇူးတင်စိတ်နဲ့ နေထိုင်ဖြတ်သန်းနိုင်ဖို့လိုတယ်။နောက်တစ်ခုက relationship လို့ဆိုလိုက်ရင်လူတိုင်းက ကိုယ်လိုချင်တာကိုပဲ စဉ်းစားကြတယ်။ ဘယ်လိုပုံစံ၊ ဘာအရည်အချင်း၊ချမ်းသာကြွယ်ဝမှုဘယ်လို၊ငါ့အပေါ်ဘာတွေလုပ်ပေးရမယ်။Relationship ဆိုတာကိုယ်သွားယူရတဲ့အရာမဟုတ်ဘူး။ လူတစ်ယောက်ကိုချစ်ရင်ပေးဆပ်ဖို့စဉ်းစားတဲ့နေရာ။တိုနီပြောတာ သဘောကျလို့။Relationship is not a place you go and take.It’s a place you go and give တဲ့။ Phyo Paing @ Derek

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်
မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး
Read More »

ကိုယ့်ကိုကိုယ် နားလည်ချင်တော့

ကိုယ့်ကိုကိုယ် နားလည်ချင်တော့အတိတ်ကို ပြန်ကြည့်တယ်။ တရားရှာတော့ ပစ္စုပ္ပာန်ကိုကြည့်တယ်။တိုးတက်မှုကိုရှာတော့ အနာဂတ်ကို ကြည့်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နားလည်ချင်တော့ Read More »

လူငယ် (မော်ဒီဖိုင်း ဗားရှင်း)

သတ္တိကောင်းတယ်။အမြဲလေ့လာ စူးစမ်းနေတယ်။ အမှားလုပ်ရမှာ မကြောက်ဘူး။သင်ခန်းစာယူတယ်။ပြဿနာတွေမှာ တွေဝေမနေဘူး။အဖြေတွေရှာတယ်။ ပိုက်ဆံအိတ်ထဲအများကြီး မရှိဘူး။အနာဂတ်အတွက် ပြန်ရင်းနှီးထားတယ်။ PhyO Paing @ Derek

လူငယ် (မော်ဒီဖိုင်း ဗားရှင်း) Read More »

နောက်ဆယ်နှစ်နေရင်
ကျွန်တော်လုပ်နေမယ့်အလုပ်က
knowledge engineer ဖြစ်နေလိမ့်မယ်။

အဲ့အချိန် Life and Business Coach တွေပျောက်သွားလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ AI က ပိုကောင်းတဲ့ မေးခွန်းတွေမေးတတ်လာမယ်။ဘာပြီးဘာမေးမယ်ဆိုတာလူထက် ပိုကောင်းလာလိမ့်မယ်။Affective AI ကလဲ နောက်ဆယ်နှစ်ဆို ဒီထက်အများကြီးပိုကောင်းလာမှာဖြစ်တဲ့အတွက်လူတွေရဲ့ စိတ်ခံစားမှုကို လူတွေထက် ပိုနားလည်လာနိုင်မယ်။ နှစ်သိမ့်ဆွေးနွေးတဲ့သူတွေ counseling ကတော့ ကျန်နေအုံးမယ်။ဘာကြောင့်လဲဆိုတော့ လူတွေရဲ့ခံစားချက်ကို ခံစားပေးတတ်တဲ့အတွက်အနာဂတ် အလုပ်အကိုင်နာမည်က Empathizers ဆိုပြီးဖြစ်လာမယ်တဲ့။ အဲ့တော့ Coach တွေက ဘာတွေလုပ်လို့ရမလဲ။Knowledge Engineer တွေဖြစ်လာမယ်။ကိုယ်လုပ်နေတဲ့ coaching နဲ့ ပတ်သက်တဲ့အသိပညာ၊ အတတ်ပညာ၊ ဒေတာ၊အတွေ့အကြုံတွေကိုmodel တည်ဆောက်ပြီး စနစ်ကျ structure ကျအောင် AI ကို သင်ကြားပြသ train ပေးရမယ်။ အဲ့အခါ ကိုယ့် clients ရဲ့ ပြဿနာကို ကိုယ်မလိုပဲ ကိုယ့်

နောက်ဆယ်နှစ်နေရင်
ကျွန်တော်လုပ်နေမယ့်အလုပ်က
knowledge engineer ဖြစ်နေလိမ့်မယ်။
Read More »