future

တကယ်လို့ ကိုယ်သာတစ်နှစ်ပဲ

အသက်ရှင်ရတော့မယ်ဆို ကျန်တဲ့တစ်နှစ်ကို ဘယ်လိုဖြတ်သန်းမလဲ? ဒီနေ့ Self-discovery journal စာအုပ်ဖတ်ရင်းသဘောကျတဲ့ မေးခွန်းလေးတစ်ခု။ ကိုယ့်ဘဝမှာ အခုအချိန်ထိဘဝက ပေးသွားတဲ့ သင်ခန်းစာသုံးခုကဘာလဲ။ ဒါလေးလဲ မိုက်တယ်။ ကိုယ်နဲ့ နေ့စဥ်ပေါင်းနေတဲ့သူငါးယောက်က ဘယ်သူတွေလဲ၊ ကိုယ့်ဘဝကို မြင့်တင်ပေးသလား၊ ဆွဲချတွေလား။ ဒါကတော့ သိပြီးထားဖြစ်မယ်။ ကိုယ့်ဘဝရဲ့ ideal partner က ဘယ်လိုမျိုးလဲ။ သူနဲ့ နီးစပ်၊ အဆင်ပြေဖို့ ဘယ်အရာတွေက အတားအဆီးဖြစ်နေစေလဲ။ ဒါကတော့ အားတီ၊ အားမေတို့အတွက်။ ကိုယ့်ဘဝမှာ အခုအချိန်ထိ ကိုယ်ဂုဏ်ယူတဲ့ ဆွတ်ခူးမှုကဘာတွေလဲ။ ကိုယ့်ဘဝမှာ ကျေးဇူးအတင်ဆုံးအရာတစ်ခုကဘာများဖြစ်မလဲ။ ကိုယ့်ဘဝမှာ အရေးအကြီးဆုံးသူကဘယ်သူဖြစ်မလဲ။ လွန်ခဲ့တဲ့ သုံးနှစ်က ကိုယ့်ကိုကိုယ်အကြံတစ်ခုပေးရမယ်ဆို ဘာအကြံပေးမလဲ။ ဒါနဲ့ ကိုယ်ဘယ်သူလဲ။ ကိုယ့်အတွက် အကောင်းဆုံး ideal အလုပ်အကိုင်က ဘာအလုပ်အကိုင်များဖြစ်မလဲ။ တစ်သက်လုံး

တကယ်လို့ ကိုယ်သာတစ်နှစ်ပဲ Read More »

Design Your Day

ကိုယ်ကအိမ်ကြီးတစ်အိမ်ဆို တစ်ရက်တာက အုတ်ခဲတွေပဲ။ ကိုယ်တည်ဆောက်ချင်တဲ့ အိမ်ပုံစံပေါ်မူတည်ပြီးအချိန်တွေကို အသုံးပြုရမှာပဲ။ကိုယ့်ဘဝရဲ့ ဗိသုကာပညာရှင်ကကိုယ်ပဲ။ တစ်ရက်၊ တစ်လ၊ တစ်နှစ်အတွင်းသိသိသာသာ ရှိချင်မှရှိလိမ့်မယ်။ငါးနှစ်၊ ဆယ်နှစ်၊ ဆယ့်ငါးနှစ်ဆို ဘဝမှာရောက်နေတဲ့ အမြင့်တွေတစ်ယောက်နဲ့ တစ်ယောက်တူချင်မှ တူကြတော့မယ်။ ကိုယ့်ဘဝရဲ့ ဗိသုကာပညာရှင်ကိုယ့်မှာ အနာဂတ်အမြင်လိုတယ်။အနာဂတ်အမြင်က အတိတ်ရဲ့မှတ်ဥာဏ်ထက် ပို ရှင်းနေဖို့လိုတယ်။ လောကမှာ ကိုယ်ထိန်းချုပ်လို့ရတဲ့သူကကိုယ့်ကိုကိုယ် ပဲ။တစ််ရက်တစ်ရက် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ဘယ်လိုသုံးမလဲသေချာ ဒီဇိုင်းလုပ်ဖို့လိုတယ်။ နူးညံ့တဲ့ စိတ်ခံစားမှုတွေကို ကိုယ်တွယ်ထိန်းကျောင်းနိုင်ဖို့လိုတယ်။ Phyo Paing @ Derek

Design Your Day Read More »

လုပ်နေတဲ့အလုပ်တွေ မှားနေရင်တောင်
စိတ်ဓာတ်မကျပါနဲ့။

ပျက်နေတဲ့နာရီတောင်တစ်ရက်မှာ အချိန်နှစ်ခါမှန်သေးတယ်။လုပ်နေတဲ့အလုပ်တွေ မှားနေရင်တောင်စိတ်ဓာတ်မကျပါနဲ့။တစ်ချိန်မဟုတ်တစ်ချိန်တော့နေ့စဥ်လေ့လာသွားရင်တစ်ရက်မှန်လာမှာပါ။ ဘယ်အလုပ် လုပ်လုပ်ပထမဆုံးအောင်မြင်မှုကအရေးအကြီးဆုံးပဲ။ဒီ formula သိသွားရင်ကျန်တာက replicate လုပ်လို့ရတယ်။ Phyo Paing @ Derek

လုပ်နေတဲ့အလုပ်တွေ မှားနေရင်တောင်
စိတ်ဓာတ်မကျပါနဲ့။
Read More »

လူတွေကို ထိန်းချုပ်ထားတာ
အတွေးအခေါ်ပဲ။

ဒါက ခဏခဏကြားပြီးပိတ်မိနေတဲ့အချက်ပဲ။မင်းရဲ့ဆယ်နှစ်စာ plan ကိုခြောက်လနဲ့ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့Peter Thiel ရဲ့ မေးခွန်းဟာလူတွေကို လန့်ဖြန့်သွားစေတယ်။ လူတွေကို ကူညီနိုင်တာ လူတွေပဲ။ဒါကြောင့် လူကြောနပ်ဖို့လိုတယ်။ Phyo Paing @ Derek

လူတွေကို ထိန်းချုပ်ထားတာ
အတွေးအခေါ်ပဲ။
Read More »

နောက်ငါးနှစ်၊ ဆယ်နှစ်နေရင်
ကိုယ်ဘယ်နားမှာရောက်နေချင်လဲ။

နောက်ငါးနှစ်၊ ဆယ်နှစ်နေရင်ကိုယ်ဘယ်နားမှာရောက်နေချင်လဲ။ဒီရောက်နေချင်တဲ့ နေရာအတွက်ဒီနေ့ကို သေချာ ဒီဇိုင်းလုပ်ရမှာပဲ။ ကံကောင်းတယ်ဆိုတာကြိုတင်ပြင်ဆင်မှုနဲ့ အခွင့်အလမ်းနဲ့ကြုံကြိုက်တာကို ခေါ်တယ်ဆိုတာကြားဖူးကြာတာပဲ။ ၂၀၂၂ ထက် ၂၀၃၀၊ ၂၀၄၀ မှာဖြစ်လာမည့် ကိုယ်ကပိုစိတ်ဝင်စားဖို့ကောင်းတယ်။ ဒီနေ့ရောက်နေတဲ့ နေရာကကိုယ်လွန်ခဲ့တဲ့ ငါးနှစ်၊ ဆယ်နှစ်ကအားထုတ်ခဲ့လို့ပဲ။အရေးကြီးတာ အဆင်ပြေတယ်ဆိုပြီးဘဝကို Free ရိုက်ပြီးကုန်းမဆင်းမိဖို့ပဲ။ Phyo Paing @ Derek

နောက်ငါးနှစ်၊ ဆယ်နှစ်နေရင်
ကိုယ်ဘယ်နားမှာရောက်နေချင်လဲ။
Read More »

လူတစ်ယောက်ထဲမှာ အကောင်းဆုံးအရာတွေ
အကုန်လုံးရှိနေဖို့ မလွယ်ဘူး

ဒါကြောင့် ဘယ်အပိုင်းက ကိုယ့်အတွက်အရေးကြီးလဲ သတ်မှတ်ရတယ်။ လက်ရှိလိုအပ်ချက်၊ အနာဂတ်လိုအပ်ချက်။ Phyo Paing @ Derek

လူတစ်ယောက်ထဲမှာ အကောင်းဆုံးအရာတွေ
အကုန်လုံးရှိနေဖို့ မလွယ်ဘူး
Read More »

နေ့တိုင်း ကိုယ့်ကိုကိုယ် Train ပါ

နေ့တိုင်း စာဖတ်တယ်နော်။ စာဖတ်တယ်လို့မစဉ်းစားဘူး။ ကိုယ့်ကိုကိုယ် train နေတာလို့စဉ်းစားတယ်။ Gym သွားဆော့တယ်နော်။ သွားဆော့တာ မဟုတ်ဘူး။သွား train နေတာ။ နေ့တိုင်း စာတွေရေးတယ်နော်။စာရေးတယ်ဆိုတာထက် ကိုယ့်ကိုကိုယ် စာရေးတဲ့စွမ်းအားတိုးတက်အောင် train နေတာ။ စာသင်၊ အကြံပေး၊ digital product ထုတ်၊ လုပ်ငန်းတွေအတွက် မဟာဗျူဟာချပြီးcheck ပြန်လုပ်ပေး ဒါတွေအကုန်လုံးကကိုယ့် skill ကို မကျသွားအောင်train လုပ်နေတာပဲ။ ဘောလုံးမကန်တာကြာတဲ့ ဘောလုံးသမားကအရင်လို performance ကောင်းနေမယ်ထင်လို့လား။ ဦးနှောက်နဲ့သိပ်မစဉ်းစားတဲ့သူတစ်ယောက်၊ မလေ့လာနေတဲ့ သူတစ်ယောက်ဦးနှောက်ကဖြတ်လတ်နေမယ်ထင်လို့လား။ စိတ်ဓာတ်ရေးရာသေချာ မ train ထားတဲ့သူတစ်ယောက်က လောကဓံအထုအထောင်းကို ဒူပေဒါပေ ခံမယ်ထင်လို့လား။ ကျွန်တော်ကတော့မထင်ဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ် train နေရတယ်။ ဒါမှ ဒီထက်ပိုဝေးတဲ့ ခရီးနှင်နိုင်မယ်။ Phyo Paing

နေ့တိုင်း ကိုယ့်ကိုကိုယ် Train ပါ Read More »

အနှစ်နှစ်ဆယ်နေရင်
ဘာဖြစ်နေမလဲ

ကိုယ့်ကိုကိုယ်ထားတဲ့အနာဂတ် အမြင်က ဘာဖြစ်မလဲ။နောက် ငါးနှစ်၊ ဆယ်နှစ်၊အနှစ်နှစ်ဆယ်နေရင်ဘာဖြစ်နေမလဲ။ဘာတွေဆွတ်ခူးထားမလဲ။ဘယ်နေရာရောက်နေမလဲ။မြင်ယောင်ကြည့်၊ကြားယောင်ကြည့်၊ခံစားကြည့်ကြည့်။အတိတ်ရဲ့မှတ်ဥာဏ်ထက်အနာဂတ်အမြင်ကပိုရှင်းနေမှပစ္စုပ္ပာန်မှာ အလုပ်လုပ်ရတာအဓိပ္ပာယ်ရှိမှာ။ Phyo Paing @ Derek

အနှစ်နှစ်ဆယ်နေရင်
ဘာဖြစ်နေမလဲ
Read More »

အနာဂတ်က သင်ထင်ထားသလောက်
ဆိုးချင်မှ ဆိုးလိမ့်မယ်။

နောက်ပြီး သင်ထင်ထားသလောက်လဲကောင်းချင်မှလဲ ကောင်းလိမ့်မယ်။ဘယ်နေရာမှာ ဖြစ်ဖြစ်ပေါ့။ မယုံရင်အတိတ်ကို ပြန်စဉ်းစားကြည့်ကြည့်။ ကိုယ်ထင်ထားသလောက် မကောင်းခဲ့ဘူး။ဆိုးရင်လဲ အလားတူပဲဖြစ်နိုင်တယ်။ Phyo Paing @ Derek

အနာဂတ်က သင်ထင်ထားသလောက်
ဆိုးချင်မှ ဆိုးလိမ့်မယ်။
Read More »

2030 ကိုရောက်နေတယ်လို့ စိတ်ကူးယဉ်ကြည့်

ကိုယ်မသေသေးဘူးဆိုရင်မြန်မာပြည်မှာပဲ ရှိချင်ရှိနေမယ်။တခြားနေရာမှာလဲ ဖြစ်ချင်ဖြစ်မယ်။ကိုယ်နေ့စဉ်လုပ်ခဲ့တဲ့အရာတွေအတွက်ဂုဏ်ယူနေမလား။ငါဥာဏ်နည်းခဲ့တယ်လို့ ပြန်ပြောမလား။ ကိုယ်ငယ်ငယ်ကတော့ ဥာဏ်နည်းတာတွေလုပ်ခဲ့ပြီးပြီ။အရာရာကို တွေးကြောက် ဘူပိတ်ပြီးအလုပ်မလုပ်နိုင်တာမျိုးပေါ့။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ဘဝရဲ့သမိုင်းပေးတာဝန်ကို သေချာသိပြီးနေ့ရက်တိုင်း ဘယ်လောက်ကြမ်းတမ်းနေပါစေနေ့စဉ် ဂုဏ်ယူတဲ့ တစ်ရက်တာဖြတ်သန်းလို့ရနိုင်တယ်။ Phyo Paing @ Derek

2030 ကိုရောက်နေတယ်လို့ စိတ်ကူးယဉ်ကြည့် Read More »