future

အလုပ်တွေပဲ အရမ်းလုပ်မနေနဲ့
အနားယူအုံးတဲ့

အလုပ်တွေပဲ အရမ်းလုပ်မနေနဲ့အနားယူအုံးတဲ့။ အလုပ်လုပ်တယ်ဆိုတာအနားယူတာပဲ။ အလုပ်ကို ဂိမ်းတစ်ခုလိုစွဲစွဲလမ်းလမ်းလုပ်တတ်တဲ့အခါအလုပ်ကို ချစ်တတ်၊တန်ဖိုးထားတတ်တဲ့အခါအလုပ်လုပ်တာက အနားယူတာပဲ။ လူတွေခေါင်းထဲထည့်ထားတဲ့စကားလုံးတွေရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ မတူကြဘူး။ တချို့အတွက်ပိုက်ဆံရဖို့အတွက် အလုပ်လုပ်တယ်။တချို့အတွက်အလုပ်လုပ်နေရင်း ပိုက်ဆံရတယ်။ မတူကြဘူး။ Phyo Paing @ Derek

အလုပ်တွေပဲ အရမ်းလုပ်မနေနဲ့
အနားယူအုံးတဲ့
Read More »

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်
မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး။ကိုယ်ရှိထား၊ ပိုင်ဆိုင်ထားတာကိုကျေးဇူးတင်စိတ်နဲ့ နေထိုင်ဖြတ်သန်းနိုင်ဖို့လိုတယ်။နောက်တစ်ခုက relationship လို့ဆိုလိုက်ရင်လူတိုင်းက ကိုယ်လိုချင်တာကိုပဲ စဉ်းစားကြတယ်။ ဘယ်လိုပုံစံ၊ ဘာအရည်အချင်း၊ချမ်းသာကြွယ်ဝမှုဘယ်လို၊ငါ့အပေါ်ဘာတွေလုပ်ပေးရမယ်။Relationship ဆိုတာကိုယ်သွားယူရတဲ့အရာမဟုတ်ဘူး။ လူတစ်ယောက်ကိုချစ်ရင်ပေးဆပ်ဖို့စဉ်းစားတဲ့နေရာ။တိုနီပြောတာ သဘောကျလို့။Relationship is not a place you go and take.It’s a place you go and give တဲ့။ Phyo Paing @ Derek

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်
မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး
Read More »

ကိုယ့်ကိုကိုယ် နားလည်ချင်တော့

ကိုယ့်ကိုကိုယ် နားလည်ချင်တော့အတိတ်ကို ပြန်ကြည့်တယ်။ တရားရှာတော့ ပစ္စုပ္ပာန်ကိုကြည့်တယ်။တိုးတက်မှုကိုရှာတော့ အနာဂတ်ကို ကြည့်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နားလည်ချင်တော့ Read More »

လူငယ် (မော်ဒီဖိုင်း ဗားရှင်း)

သတ္တိကောင်းတယ်။အမြဲလေ့လာ စူးစမ်းနေတယ်။ အမှားလုပ်ရမှာ မကြောက်ဘူး။သင်ခန်းစာယူတယ်။ပြဿနာတွေမှာ တွေဝေမနေဘူး။အဖြေတွေရှာတယ်။ ပိုက်ဆံအိတ်ထဲအများကြီး မရှိဘူး။အနာဂတ်အတွက် ပြန်ရင်းနှီးထားတယ်။ PhyO Paing @ Derek

လူငယ် (မော်ဒီဖိုင်း ဗားရှင်း) Read More »

နောက်ဆယ်နှစ်နေရင်
ကျွန်တော်လုပ်နေမယ့်အလုပ်က
knowledge engineer ဖြစ်နေလိမ့်မယ်။

အဲ့အချိန် Life and Business Coach တွေပျောက်သွားလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ AI က ပိုကောင်းတဲ့ မေးခွန်းတွေမေးတတ်လာမယ်။ဘာပြီးဘာမေးမယ်ဆိုတာလူထက် ပိုကောင်းလာလိမ့်မယ်။Affective AI ကလဲ နောက်ဆယ်နှစ်ဆို ဒီထက်အများကြီးပိုကောင်းလာမှာဖြစ်တဲ့အတွက်လူတွေရဲ့ စိတ်ခံစားမှုကို လူတွေထက် ပိုနားလည်လာနိုင်မယ်။ နှစ်သိမ့်ဆွေးနွေးတဲ့သူတွေ counseling ကတော့ ကျန်နေအုံးမယ်။ဘာကြောင့်လဲဆိုတော့ လူတွေရဲ့ခံစားချက်ကို ခံစားပေးတတ်တဲ့အတွက်အနာဂတ် အလုပ်အကိုင်နာမည်က Empathizers ဆိုပြီးဖြစ်လာမယ်တဲ့။ အဲ့တော့ Coach တွေက ဘာတွေလုပ်လို့ရမလဲ။Knowledge Engineer တွေဖြစ်လာမယ်။ကိုယ်လုပ်နေတဲ့ coaching နဲ့ ပတ်သက်တဲ့အသိပညာ၊ အတတ်ပညာ၊ ဒေတာ၊အတွေ့အကြုံတွေကိုmodel တည်ဆောက်ပြီး စနစ်ကျ structure ကျအောင် AI ကို သင်ကြားပြသ train ပေးရမယ်။ အဲ့အခါ ကိုယ့် clients ရဲ့ ပြဿနာကို ကိုယ်မလိုပဲ ကိုယ့်

နောက်ဆယ်နှစ်နေရင်
ကျွန်တော်လုပ်နေမယ့်အလုပ်က
knowledge engineer ဖြစ်နေလိမ့်မယ်။
Read More »

ဒီနေ့ခေတ်ပြောင်းသွားပြီ။

ကော်ဖီစက်တွေပေါ်လာတော့ကော်ဖီဖျော်တဲ့ အနုပညာလိုသတ်မှတ်တဲ့ကျွမ်းကျင်မှုကို စက်တွေကအစားထိုးသွားတယ်။ခလုတ်နှိပ်ဖို့လောက်ပဲ လိုသွားတယ်။ ကားတွေက လူတွေထက် ပိုမြန်ပေမယ့်လူတွေရဲ့ ပြေးနိုင်စွမ်းကို အံ့အားသင့်နေကြတုန်း။စက်ရုပ်တွေ ကဗျာတွေရေး၊စာတွေရေး၊ ပုံတွေဆွဲနိုင်လာတယ်။ဒါပေမယ့် လူတွေအသွေးအသားနဲ့ခံစားချက်တွေရဲ့ဖန်တီးမှုတွေကိုလူတွေက တန်ဖိုးထားနေကြအုံးမယ်လို့ဆိုတယ်။ ဒီ Profession တွေဘာလို့ပေါ်လာလဲ။ ပြဿနာဖြေရှင်းဖို့ဖြစ်တယ်။ ဆရာဝန်က ဘာပြဿနာကိုဖြေရှင်းသလဲ။ ကျန်းမာရေးပြဿနာကိုဖြေရှင်းဖို့အတွက်ကုသရေးအတွက်ဆို သူ့ထက်ပိုကောင်းတဲ့ အဖြေ solution က ဘာဖြစ်မလဲ။ရှေ့နေဆိုရင်ကော်။ ကျွန်တော်တို့က ပြဿနာဖြေရှင်းမှုထက်Knowledge အသိပညာ domain ထဲမှာပိတ်မိနေတတ်တယ်။ဒါကို hole in the wall query လို့ခေါ်တယ်။ Professional နဲ့ သာမာန်လူကွာခြားချက် လေးခုရှိတယ်။၁။ ပညာရပ်ဆိုင်ရာ အသိပညာ၂။ လေ့ကျင့်မှုဆိုင်ရာ ဖြတ်သန်းမှုလက်မှတ်၃။ လုပ်ဆောင်နိုင်မှု လိုင်စင်၄။ တန်ဖိုးထားမှုဆရာဝန်၊ အင်ဂျင်နေရာ၊ ရှေ့နေ၊ etc.ဒီ ကျွမ်းကျင်ပညာရှင်တွေအနေနဲ့အေအိုင်ခေတ်မှာအကြီးအကျယ်အပြောင်းအလဲဖြစ်တော့မယ်တဲ့။ ဒီ Profession တွေအနေနဲ့ ၁။

ဒီနေ့ခေတ်ပြောင်းသွားပြီ။ Read More »

ကိုယ့်ဘဝရဲ့ အကောင်းဆုံး
ဖန်တီးမှုက “ကိုယ်” ပဲ။

နေ့စဥ် “သေချာ” ဖန်တီးနေဖို့လိုတယ်။ မနက်ဖြန်မှာဖြစ်လာမည့် “ကိုယ်” လောက်ရင်ခုန်စရာများများစားစား သိပ်မရှိဘူး။ Phyo Paing @ Derek

ကိုယ့်ဘဝရဲ့ အကောင်းဆုံး
ဖန်တီးမှုက “ကိုယ်” ပဲ။
Read More »

နောက်ဘဝထက်
နောက်မျိုးဆက်အရေးကြီးတယ် ဆိုတဲ့
စိတ်လေးထားတတ်ဖို့လိုတယ်လို့မြင်တယ်။

လူမျိုးတစ်မျိုးမှာ တူညီတဲ့အိမ်မက်တွေ၊ခံယူချက်တွေနဲ့ ကိုယ့်လူမျိုးကိုချစ်ဖို့ငါတို့အနာဂတ်ကလေးငယ်တွေအတွက်ဆိုတဲ့စိတ်လိုတယ်။ နောက်ဘဝထက်နောက်မျိုးဆက်အရေးကြီးတယ် ဆိုတဲ့ စိတ်လေးထားတတ်ဖို့လိုတယ်လို့မြင်တယ်။ မသေခင်တော့ ငါမြန်မာကဆိုပြီးဂုဏ်ယူပြီးပြောကြည့်ချင်သေးတယ်။ Phyo Paing @ Derek

နောက်ဘဝထက်
နောက်မျိုးဆက်အရေးကြီးတယ် ဆိုတဲ့
စိတ်လေးထားတတ်ဖို့လိုတယ်လို့မြင်တယ်။
Read More »