knowledge

ဘဝကို ဒီလိုပဲနေ ဒီလိုပဲသေသွားတော့မှာလား

အသက် ၈၀ ထိနေရရင်ရက်ပေါင်း ၂၉၂၂၀ ပဲ နေရမှာ။ အသက် ၇၀ ထိဆိုရက်ပေါင်း ၂၅၅၆၈ ပဲ။ အသက် ၃၀ ရောက်ပြီဆိုရက်ပေါင်း ၁၀၉၅၇ ကုန်ပြီ။ ၃၅ ဆို ၁၂၇၇၅ ကုန်ပြီ။၄၀ ဆို ၁၄၆၀၀ ကုန်ပြီ။ အသက်သာ ၈၀ ထိနေရမယ်ဆိုကိုယ့်ကျန်တဲ့ ရက်ပေါင်း ၁၀၀၀၀ ကျော်အတွက်ကိုယ်ဖြစ်ချင်တာတွေ၊လုပ်ချင်တာတွေလုပ်သွားဖို့ဂိမ်းပလန် game plan လိုတယ်။ ဘဝကို ဒီလိုပဲနေ ဒီလိုပဲသေသွားတော့မှာလား။ နိုး။ အလိုလိုပေါက်တာ မြက်ပင်ပဲများတယ်။ပန်းကောင်းပန်းမံစိုက်ပျိုးဖို့သေချာဂရုပြု စိုက်ပျိုးဖို့လိုတယ်။ Phyo Paing @ Derek

ဘဝကို ဒီလိုပဲနေ ဒီလိုပဲသေသွားတော့မှာလား Read More »

နည်းပညာက ဘဝတွေကို
ပြောင်းလဲ စေနိုင်တယ်

အမြင်သာဆုံးက Appleကွန်ပြူတာရဲ့ M2 ပဲ။ပုံမှန် စာဖတ်တဲ့အခါစာအုပ်လှန်ရတဲ့ အချိန်ကအစပေါင်းများစွာ မြန်သွားတယ်။ နောက် Video တွေ တည်းဖြတ်ပြီးပြန်လည်ထုတ်ယူတဲ့အခါအဆပေါင်းများစွာ မြန်သွားတယ်။ နောက် notion တို့လိုမှတ်စုမှတ်တာတောင် အတွေးအခေါ်ကောင်းကောင်းနဲ့ ဖန်တီးထားတဲ့နည်းပညာ ကုန်ပစ္စည်းတွေ။ နောက် OpenAI က Chatgpt နဲ့Anthropic က ထုတ်တဲ့ Claude AI တွေ၊Canva တို့လို နည်းပညာကျွမ်းကျင်မှုတွေအများကြီးမလိုပဲနဲ့ အသုံးပြုလို့ရတဲ့ဒီဇိုင်းအတွက် နည်းပညာထုတ်ကုန်တွေ။Tik Tok ရဲ့ ပင်မကုမ္ပဏီ Bytedance ကထုတ်တဲ့Cupcut ဗီဒီယိုတည်းဖြတ်ရေးအတွက် ဆော့ဝဲ။​ အတွေးတွေ ဖြန့်ကျက်တွေးနိုင်ဖို့Mindmeister တို့လို Mind map.နောက် လုပ်ငန်းစဥ်ဖန်တီးတဲ့နေရာသုံးတဲ့Lucid Spark တို့၊ Lucid Chart တို့လို။ iPad မှာဆို Endless Note တို့လိုအတားအဆီးမရှိ

နည်းပညာက ဘဝတွေကို
ပြောင်းလဲ စေနိုင်တယ်
Read More »

နေသလိုဖြစ်တဲ့ ဘဝမှာ
ဖြစ်သလိုမနေပါနဲ့

ပထမစာအုပ်ထုတ်တော့ဟိုးအရင်မှတ်စုရေးထားတာဆိုတော့အင်္ဂလိပ်လိုတွေ နည်းနည်းများတယ်။ ဒီတစ်ခေါက်“နေသလိုဖြစ်တဲ့ ဘဝမှာဖြစ်သလိုမနေပါနဲ့” ကိုမြန်မာလိုချည်းအကုန်လုပ်ထားတယ်။ Phyo Paing @ Derek

နေသလိုဖြစ်တဲ့ ဘဝမှာ
ဖြစ်သလိုမနေပါနဲ့
Read More »

လူတွေရဲ့ အမြင်မတူကြဘူး

ခွေးကလေးကို မြင်တဲ့အခါခွေးချစ်သူက ချစ်စရာခွေးလေးလို့မြင်မယ်။ တိရစ္ဆာန်အကြောင်းလေ့လာတဲ့သိပ္ပံပညာရှင်ကဒါ အသားစားသတ်တဝါ Carnivoraသိပ္ပံနာမည် Canis lupus familiaris လို့မြင်မယ်။ ခွေးရောင်းတဲ့သူကဒါဘာခွေးအမျိုးအစား၊ စျေးဘယ်လောက်၊နှာခေါင်းက ဘယ်လိုဖြစ်ရင်စျေးဘယ်လောက်မြင်မယ်။ လူတွေရဲ့ အမြင်မတူကြဘူး။ ဒါကြောင့် ကိုယ်နဲ့မတူကိုယ့်ရန်သူလို့စဥ်းစားလို့ မရတဲ့အချိန်တွေရှိတတ်တယ်။ Phyo Paing @ Derek

လူတွေရဲ့ အမြင်မတူကြဘူး Read More »

ဘောင်ခတ်တတ်တာ လူ့သဘာဝ

ရွာထဲမှာ အလုပ်တာတွေနဲ့ အလုပ်ရှုပ်နေပြီးရွာပြင်ထွက် လေကောင်းလေသန့်ရနေတဲ့အားတီ၊ အားမေတို့အတွက်။ “ဘောင်ပြင်လူ” လူ့ဘောင်ရဲ့ တလွဲသတ်မှတ်ချက်လို့ထင်တဲ့အရာတွေကို စိတ်ပေါက်ပေါက်နဲ့မလိုက်နာပဲ ပြောင်းပြန်တွေလုပ်နဲ့သူတွေရှိတယ်။ ဘောင်ခတ်တတ်တာ လူ့သဘာဝ။ ဘယ်လိုနေရမယ်။ဘယ်လိုသေရမယ်။ဘယ်လိုစဉ်းစားရမယ်။ဘယ်လိုမစဉ်းစားရဘူး။ငါတို့နဲ့မတူ ငါတို့ရန်သူ။ အချစ်ရေးဆိုတာဘယ်လိုဖြစ်ရမယ်။အိမ်ထောင်ရေးဆိုတာ ဘယ်လိုဖြစ်ရမယ်။အလုပ်ကို ဘယ်လိုလုပ်ရမယ်။စီးပွါးရေးဆိုတာဘယ်လိုပုံစံမျိုးပဲလည်ပတ်မှရတယ်။ဘာသာရေး ကိုးကွယ်ယုံကြည်မှုဆိုတာဘယ်လိုဖြစ်ရမယ်။ ခေတ်တွေက ပြောင်းနေတယ်။နည်းပညာတွေ တိုးတက်နေတယ်။နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုဘဝနေထိုင်ရေးတွေကပြောင်းလဲနေတယ်။ အဘိုးခေတ်က အယူအဆတွေကအဖေခေတ်မှာ မှန်ချင်မှမှန်တော့မယ်။အဖေခေတ်က အယူအဆကကိုယ့်ခေတ်မှာ မှန်ချင်မှ မှန်တော့မယ်။ ဒါကြောင့် တချို့ဘောင်တွေ သတ်မှတ်ချက်တွေကလိုက်နာ စရာမလိုတော့ဘူး။ ကိုယ့်ဘဝ ကိုယ်နဲ့ပဲဆိုင်တယ်။ဘယ်လို စားမယ်။ဘယ်လိုအိပ်မယ်။ဘယ်လိုအလုပ်လုပ်မယ်။ဘယ်လို စီးပွါးရှာမယ်။အချစ်ရေးကို ဘယ်လိုတည်ဆောက်မယ်။ကလေးကိုဘယ်လို ပြုစုပျိုးထောင်မယ်။တရားဘာဝနာ ဘယ်လိုပွါးများမယ်။ဒါတွေက ကိုယ်နဲ့ပဲဆိုင်တယ်။ ကိုယ့်ဘောင်နဲ့ လူတွေကို လိုက်ခတ်တာဒါတခြားသူရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်တာပဲ။ ဥပဒေဆိုတာ မလိုက်နာလို့မရဘူး။ဘောင်က မလိုက်နာလို့ရတယ်။ ကိုယ့်ဘဝကိုယ်ကို စိတ်ကြိုက်ဒီဇိုင်းလုပ်နိုင်ဖို့ကိုယ်နေထိုင်ချင်တဲ့ဘဝကိုအထောက်အပံ့ပြုနိုင်တဲ့ငွေကြေးလွတ်မြောက်မှုလိုတယ်။ လူတွေက လူတွေကိုငွေဆိုတဲ့အရာနဲ့ ထိန်းချုပ်တတ်ကြတယ်။ ဘောင်ပြင်ထွက်ရမှာ

ဘောင်ခတ်တတ်တာ လူ့သဘာဝ Read More »

Social Media

ကိုယ်က Facebook Page လုပ်တယ်။လူမှုကွန်ယက်မှာ စာတွေတင်၊ဗီဒီယိုတွေတင်တယ်ဆိုကိုယ့်ရည်ရွယ်ချက်ကဘာလဲအရင်ပြန်စဥ်းစားရတယ်။ နာမည်ကြီးဖို့လား။လူအထင်ကြီးဖို့လား။အိုင်ဒီယာတစ်ခုကို လူတွေသိအောင်လား။စျေးပိုရောင်းချင်တာလား။လူတိုင်းကိုသိစေချင်တာလား၊ကိုယ်သိစေချင်တဲ့ လူတစ်စုကိုပဲသိစေချင်တာလား။လူတွေကို တကယ်ကူညီပေးဖို့လား။လုပ်ငန်းအသစ်တွေပြန်စရင်လွယ်ဖို့လား။ငွေပိုရှာဖို့လား။လွမ်းမိုးမှုပိုကြီးဖို့လား။ကိုယ့်ရန်သူတွေကို ဒုက္ခပေးဖို့လား။လူတွေရဲ့ အတွေးအမှားတွေကိုပြင်ပေးချင်တာလား။ဒီလိုလေးလဲ ဖန်တီးလို့ရတယ်ဆိုတဲ့အသစ်တွေကို ပြပေးချင်တာလား။လူတွေကို ဖျော်ဖြေချင်တာလား။ကိုယ့်လုပ်ငန်းကို လိုသိပိုများဖို့လား။အိုင်ဒီယာသစ်တွေကို စမ်းသပ်ဖို့လား။ တစ်ခုထက်လဲ ပိုနိုင်တယ်။ ဒီအချက်ကို သေချာသိရင်ကိုယ့်ရဲ့ လူမှုကွန်ယက်မဟာဗျူဟာကိုသေချာ ချမှတ်လို့ရပြီ။ လူတိုင်း Social Media ကိုအသုံးပြုပေမယ့်အသုံးပြုတဲ့ ရည်ရွယ်ချက်မတူကြဘူး။ Phyo Paing @ Derek

Social Media Read More »

“တစ်ဖက်ပိတ် အတွေးအခေါ်”

Von Phillips က အသက် ၂၁ နှစ်မှာရေပေါ်စကိတ်စီးပွား အက်ဆီးဒန့်ဖြစ်ရာကခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့တယ်။ သားကြီးမင်းအရင်ဘဝ အကုသိုလ်တွေကြောင့်ကောင်းမှုကုသိုလ်များများလုပ်လို့ကျွန်တော်တို့ကို သူ့ကိုအဲ့လိုအကြံပေးကောင်းပေးလိမ့်မယ်။ အဲ့အချိန်က ခြေတုနဲ့ လမ်းလျှောက်လို့မလွယ်တဲ့အချိန်ဆရာဝန်တွေကလဲ ခြေထောက်အတုနဲ့ဒါကို လက်ခံဖို့ပဲ ကြိုးစားပါ Phillips လို့ဆိုခဲ့တယ်။ ဖိလစ်က ငါအဲ့လို နေဖို့လိုလို့လားလို့မေးခွန်းထုတ်တယ်။နောက် ခြေတုလက်တု prosthetic limb ကိုသုတေသနပေါင်းများစွာလုပ်ပြီးFlex-Foot Cheetah ကျားသစ်လိုပြေးနိုင်တဲ့ခြေထောက်တုကို ဖန်တီးတယ်။ သူ့ဖန်တီးမှုကြောင့် ခြေမရှိတော့တဲ့သူတွေအားကစားပြန်လုပ်လာနိုင်တယ်။အာဖရိက အားကစားသမားကဒီခြေတုလက်တုနဲ့ အစွမ်းတွေပြသွားတဲ့အခါတစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုရခဲ့တယ်။ လူ့အဖွဲ့အစည်းတစ်ခု အရှေ့ရောက်ဖို့အတားအဆီးဖြစ်တဲ့ အရာတစ်ခုက“တစ်ဖက်ပိတ် အတွေးအခေါ်” ပဲဖြစ်တယ်။ Phyo Paing @ Derek

“တစ်ဖက်ပိတ် အတွေးအခေါ်” Read More »

စာဖတ်တာက အရေးမကြီးဘူး

စာဖတ်တာက အရေးမကြီးဘူး။ဘယ်လိုဖတ်လဲဆိုတာ အရေးကြီးတယ်။ဖတ်ထားတဲ့စာတွေက ဟတ်ထိ၊မှတ်မိ၊ အသုံးချ၊ ရလဒ်ရတာကပိုအရေးကြီးတယ်။ တချို့က စာဖတ်ပြီး ဘာမှမမှတ်မိဘူး။လိုအပ်ရင် ခေါင်းထဲကထွက်လာလိမ့်မယ်ဆိုတဲ့အတွေးနဲ့ နေကြတယ်။စာဖတ်ရင်လဲ စနစ်ကောင်းကောင်းလိုတယ်။စာမှတ်ရင်လဲ လိုတယ်။ Phyo Paing @ Derek

စာဖတ်တာက အရေးမကြီးဘူး Read More »