knowledge

ဘောင်ခတ်တတ်တာ လူ့သဘာဝ

ရွာထဲမှာ အလုပ်တာတွေနဲ့ အလုပ်ရှုပ်နေပြီးရွာပြင်ထွက် လေကောင်းလေသန့်ရနေတဲ့အားတီ၊ အားမေတို့အတွက်။ “ဘောင်ပြင်လူ” လူ့ဘောင်ရဲ့ တလွဲသတ်မှတ်ချက်လို့ထင်တဲ့အရာတွေကို စိတ်ပေါက်ပေါက်နဲ့မလိုက်နာပဲ ပြောင်းပြန်တွေလုပ်နဲ့သူတွေရှိတယ်။ ဘောင်ခတ်တတ်တာ လူ့သဘာဝ။ ဘယ်လိုနေရမယ်။ဘယ်လိုသေရမယ်။ဘယ်လိုစဉ်းစားရမယ်။ဘယ်လိုမစဉ်းစားရဘူး။ငါတို့နဲ့မတူ ငါတို့ရန်သူ။ အချစ်ရေးဆိုတာဘယ်လိုဖြစ်ရမယ်။အိမ်ထောင်ရေးဆိုတာ ဘယ်လိုဖြစ်ရမယ်။အလုပ်ကို ဘယ်လိုလုပ်ရမယ်။စီးပွါးရေးဆိုတာဘယ်လိုပုံစံမျိုးပဲလည်ပတ်မှရတယ်။ဘာသာရေး ကိုးကွယ်ယုံကြည်မှုဆိုတာဘယ်လိုဖြစ်ရမယ်။ ခေတ်တွေက ပြောင်းနေတယ်။နည်းပညာတွေ တိုးတက်နေတယ်။နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုဘဝနေထိုင်ရေးတွေကပြောင်းလဲနေတယ်။ အဘိုးခေတ်က အယူအဆတွေကအဖေခေတ်မှာ မှန်ချင်မှမှန်တော့မယ်။အဖေခေတ်က အယူအဆကကိုယ့်ခေတ်မှာ မှန်ချင်မှ မှန်တော့မယ်။ ဒါကြောင့် တချို့ဘောင်တွေ သတ်မှတ်ချက်တွေကလိုက်နာ စရာမလိုတော့ဘူး။ ကိုယ့်ဘဝ ကိုယ်နဲ့ပဲဆိုင်တယ်။ဘယ်လို စားမယ်။ဘယ်လိုအိပ်မယ်။ဘယ်လိုအလုပ်လုပ်မယ်။ဘယ်လို စီးပွါးရှာမယ်။အချစ်ရေးကို ဘယ်လိုတည်ဆောက်မယ်။ကလေးကိုဘယ်လို ပြုစုပျိုးထောင်မယ်။တရားဘာဝနာ ဘယ်လိုပွါးများမယ်။ဒါတွေက ကိုယ်နဲ့ပဲဆိုင်တယ်။ ကိုယ့်ဘောင်နဲ့ လူတွေကို လိုက်ခတ်တာဒါတခြားသူရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်တာပဲ။ ဥပဒေဆိုတာ မလိုက်နာလို့မရဘူး။ဘောင်က မလိုက်နာလို့ရတယ်။ ကိုယ့်ဘဝကိုယ်ကို စိတ်ကြိုက်ဒီဇိုင်းလုပ်နိုင်ဖို့ကိုယ်နေထိုင်ချင်တဲ့ဘဝကိုအထောက်အပံ့ပြုနိုင်တဲ့ငွေကြေးလွတ်မြောက်မှုလိုတယ်။ လူတွေက လူတွေကိုငွေဆိုတဲ့အရာနဲ့ ထိန်းချုပ်တတ်ကြတယ်။ ဘောင်ပြင်ထွက်ရမှာ […]

ဘောင်ခတ်တတ်တာ လူ့သဘာဝ Read More »

Social Media

ကိုယ်က Facebook Page လုပ်တယ်။လူမှုကွန်ယက်မှာ စာတွေတင်၊ဗီဒီယိုတွေတင်တယ်ဆိုကိုယ့်ရည်ရွယ်ချက်ကဘာလဲအရင်ပြန်စဥ်းစားရတယ်။ နာမည်ကြီးဖို့လား။လူအထင်ကြီးဖို့လား။အိုင်ဒီယာတစ်ခုကို လူတွေသိအောင်လား။စျေးပိုရောင်းချင်တာလား။လူတိုင်းကိုသိစေချင်တာလား၊ကိုယ်သိစေချင်တဲ့ လူတစ်စုကိုပဲသိစေချင်တာလား။လူတွေကို တကယ်ကူညီပေးဖို့လား။လုပ်ငန်းအသစ်တွေပြန်စရင်လွယ်ဖို့လား။ငွေပိုရှာဖို့လား။လွမ်းမိုးမှုပိုကြီးဖို့လား။ကိုယ့်ရန်သူတွေကို ဒုက္ခပေးဖို့လား။လူတွေရဲ့ အတွေးအမှားတွေကိုပြင်ပေးချင်တာလား။ဒီလိုလေးလဲ ဖန်တီးလို့ရတယ်ဆိုတဲ့အသစ်တွေကို ပြပေးချင်တာလား။လူတွေကို ဖျော်ဖြေချင်တာလား။ကိုယ့်လုပ်ငန်းကို လိုသိပိုများဖို့လား။အိုင်ဒီယာသစ်တွေကို စမ်းသပ်ဖို့လား။ တစ်ခုထက်လဲ ပိုနိုင်တယ်။ ဒီအချက်ကို သေချာသိရင်ကိုယ့်ရဲ့ လူမှုကွန်ယက်မဟာဗျူဟာကိုသေချာ ချမှတ်လို့ရပြီ။ လူတိုင်း Social Media ကိုအသုံးပြုပေမယ့်အသုံးပြုတဲ့ ရည်ရွယ်ချက်မတူကြဘူး။ Phyo Paing @ Derek

Social Media Read More »

“တစ်ဖက်ပိတ် အတွေးအခေါ်”

Von Phillips က အသက် ၂၁ နှစ်မှာရေပေါ်စကိတ်စီးပွား အက်ဆီးဒန့်ဖြစ်ရာကခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့တယ်။ သားကြီးမင်းအရင်ဘဝ အကုသိုလ်တွေကြောင့်ကောင်းမှုကုသိုလ်များများလုပ်လို့ကျွန်တော်တို့ကို သူ့ကိုအဲ့လိုအကြံပေးကောင်းပေးလိမ့်မယ်။ အဲ့အချိန်က ခြေတုနဲ့ လမ်းလျှောက်လို့မလွယ်တဲ့အချိန်ဆရာဝန်တွေကလဲ ခြေထောက်အတုနဲ့ဒါကို လက်ခံဖို့ပဲ ကြိုးစားပါ Phillips လို့ဆိုခဲ့တယ်။ ဖိလစ်က ငါအဲ့လို နေဖို့လိုလို့လားလို့မေးခွန်းထုတ်တယ်။နောက် ခြေတုလက်တု prosthetic limb ကိုသုတေသနပေါင်းများစွာလုပ်ပြီးFlex-Foot Cheetah ကျားသစ်လိုပြေးနိုင်တဲ့ခြေထောက်တုကို ဖန်တီးတယ်။ သူ့ဖန်တီးမှုကြောင့် ခြေမရှိတော့တဲ့သူတွေအားကစားပြန်လုပ်လာနိုင်တယ်။အာဖရိက အားကစားသမားကဒီခြေတုလက်တုနဲ့ အစွမ်းတွေပြသွားတဲ့အခါတစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုရခဲ့တယ်။ လူ့အဖွဲ့အစည်းတစ်ခု အရှေ့ရောက်ဖို့အတားအဆီးဖြစ်တဲ့ အရာတစ်ခုက“တစ်ဖက်ပိတ် အတွေးအခေါ်” ပဲဖြစ်တယ်။ Phyo Paing @ Derek

“တစ်ဖက်ပိတ် အတွေးအခေါ်” Read More »

စာဖတ်တာက အရေးမကြီးဘူး

စာဖတ်တာက အရေးမကြီးဘူး။ဘယ်လိုဖတ်လဲဆိုတာ အရေးကြီးတယ်။ဖတ်ထားတဲ့စာတွေက ဟတ်ထိ၊မှတ်မိ၊ အသုံးချ၊ ရလဒ်ရတာကပိုအရေးကြီးတယ်။ တချို့က စာဖတ်ပြီး ဘာမှမမှတ်မိဘူး။လိုအပ်ရင် ခေါင်းထဲကထွက်လာလိမ့်မယ်ဆိုတဲ့အတွေးနဲ့ နေကြတယ်။စာဖတ်ရင်လဲ စနစ်ကောင်းကောင်းလိုတယ်။စာမှတ်ရင်လဲ လိုတယ်။ Phyo Paing @ Derek

စာဖတ်တာက အရေးမကြီးဘူး Read More »

အချိန်ဖြုန်းတယ်ဆိုတာ

အချိန်ဖြုန်းတယ်ဆိုတာဘာရည်ရွယ်ချက်မှမရှိပဲအကျိုးမရှိအချိန်ကို သုံးလိုက်တာ။ အချိန်ကို တရားဘာဝနာအတွက်စိတ်ကို ခန္ဓာကိုယ်ပြန်ခေါ်သတိနဲ့နေလို့ရတယ်။ အချိန်ကို ကျန်းမာရေးအတွက်လေ့ကျင့်ခန်းလုပ်၊အနားပြန်ယူလို့ရတယ်။ အချိန်ကို တိုးတက်ရေးအတွက်ဦးနှောက်အတွက်စာဖတ်၊ လေ့လာလို့ရတယ်။ အချိန်ကို ကိုယ်ချစ်တဲ့သူ၊မိသားစုကို အာရုံပေးပြီးနွေးထွေးမှုတည်ဆောက်လို့ရတယ်။ တစ်နေ့တစ်နေ့ ဥာဏ်ပညာ၊ဥစ္စာစီးပွါး၊ ဒါန၊ သီလ၊ ဘာဝနာတိုးတက်ပွားများလာဖို့အသုံးပြုတာ အကောင်းဆုံးဖြစ်နိုင်တယ်။ Phyo Paing @ Derek

အချိန်ဖြုန်းတယ်ဆိုတာ Read More »

မခံနဲ့ဆိုတာ ချက်ချင်းတုန့်ပြန်တာကို
ပြောတာမဟုတ်ဘူး

လူတွေက စော်ကားလို့ရတဲ့သူတွေကိုပဲစော်ကားတာ။ကိုယ့်ကို ပြဿနာရှာရင်သူတို့ ပိုပြဿနာဖြစ်မည့်သူတွေကိုစော်ကားဖို့ ဝန်လေးတတ်ကြတယ်။ငါပြန်ခံရမယ်ဆိုတာ သိတာကိုး။ ဒါကြောင့် ကိုယ့်အချစ်ဆုံးအရင်းနှီးဆုံးသူတွေကိုသည်းခံ။သူစိမ်းတွေက ကိုယ့်အရင်းအနှီးဆုံးသူတွေကိုစော်ကားတာ မခံနဲ့။ မခံနဲ့ဆိုတာ ချက်ချင်းတုန့်ပြန်တာကိုပြောတာမဟုတ်ဘူး။ တစ်ခုခုဆို ရေးမှတ်ထား။ချင်ချင်းမတုန့်ပြန်နဲ့အုံး။တစ်ကွေ့မှာ ပြန်ကြုံတဲ့အခါမှသင်ခန်းစာပြန်ပေး။ လူတွေဘာလို့ ခဏခဏအစော်ကားခံရလဲဆိုမေ့ပြီး စိတ်မှတ်မရှိကြလွန်းလို့။ဒါကို ခွင့်လွတ်တယ်ဆိုတဲ့ ခေါင်းစဥ်တပ်လိုက်တယ်။ ဒီတော့ ကိုယ့်ထက်အင်အားကြီးတဲ့ရန်သူရဲ့စော်ကားတာ အကြိမ်ကြိမ်ခံရတယ်။ ဘဝဆိုတာ မေတ္တာတရားတစ်ခုတည်းနဲ့လည်ပတ်နေတာမှမဟုတ်တာ။ ကိုယ်နဲ့ ကိုယ့်ချစ်တဲ့သူတွေကိုကာကွယ်ဖို့လိုတယ်။အသားလွတ် စော်ကားတာ ခေါင်းငုံ့မခံနဲ့။ Phyo Paing @ Derek

မခံနဲ့ဆိုတာ ချက်ချင်းတုန့်ပြန်တာကို
ပြောတာမဟုတ်ဘူး
Read More »

ဘယ်နှစ်နာရီအိပ်လဲထက်

ဘယ်နှစ်နာရီအိပ်လဲထက်ဘယ်နှစ်နာရီ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လဲပို အရေးကြီးတယ်။သုတေသနတွေအရ ၆ နာရီခွဲလိုတယ်။ Phyo Paing @ Derek

ဘယ်နှစ်နာရီအိပ်လဲထက် Read More »

ကိုယ်ဘယ်နား နားနေလဲဆိုတာ

ပျားတွေက ပန်းကိုကြိုက်ပေမယ့်ယင်ကောင်ကတော့ မစင်ကိုကြိုက်မှာပဲ။ ကိုယ်ဘယ်နား နားနေလဲဆိုတာကိုယ်ဘယ်သူလဲဆိုတာ အများကြီးဖော်ပြပေးတယ်။ Phyo Paing @ Derek

ကိုယ်ဘယ်နား နားနေလဲဆိုတာ Read More »

ကျန်းမာရေး မရှိရင်
ချမ်းသာရေးလဲ ရှိဖို့မလွယ်ဘူး

ကျန်းမာရေး မရှိရင်ချမ်းသာရေးလဲ ရှိဖို့မလွယ်ဘူး။ချမ်းသာရေး မရှိရင်အရေးအကြောင်းဆို ကျန်းမာရေးလဲရေရှည်ရှိဖို့ မလွယ်ပြန်ဘူး။ ကျန်းမာနေတဲ့အချိန်ချမ်းသာရေးကို လုပ်။ချမ်းသာနေတဲ့အချိန်မှာလဲကျန်းမာရေးကိုလုပ်။ Phyo Paing @ Derek

ကျန်းမာရေး မရှိရင်
ချမ်းသာရေးလဲ ရှိဖို့မလွယ်ဘူး
Read More »

တကယ်လုပ်တတ်တာ မတူဘူး။

ဘယ်လိုလုပ်ရမလဲ “သိ”တာနဲ့၊တကယ်လုပ်တတ်တာ မတူဘူး။ သေချာသိတာ knowledgeလုပ်တတ်တာက skill. တချို့က သေချာသိတယ်မလုပ်တတ်ဘူး။တချို့က လုပ်တတ်တယ်သေချာမသိဘူး။တချို့က သိလဲသိလုပ်လဲလုပ်တတ်တယ်။ Phyo Paing @ Derek

တကယ်လုပ်တတ်တာ မတူဘူး။ Read More »