Mindfulness

အခြေမခိုင်ရင်တော့ခဏခဏ ပြန်ပြုတ်ကျမှာပဲ။

အဆင့်နိမ့်ပြဿနာတွေကအလုပ်လုပ်ဖို့ မော်တီဗေးရှင်းမရှိဘူး။​အချိန်ဆွဲနေမိတယ်။စိတ်ခဏခဏ ညစ်တတ်တယ်။ဘာလုပ်ရမလဲ ရှင်းရှင်းလင်းလင်းမသိဘူး။လူတွေ ကိုယ့်ကိုဘယ်လိုထင်နေမလဲမသိဘူး။ကြောက်တယ်။ရှက်တယ်။လမ်းခဏခဏ ပျောက်တယ်။ရည်မှန်းချက်တွေက ပေါ်လိုက်ပျောက်လုပ်ပဲ။ဆန္ဒပဲရှိတာ လုပ်ဖို့ခက်နေတယ်။ပျင်းပျင်းနေတာ။ ဒါတွေက အဆင့်နိမ့်ပြဿနာတွေ။ကိုယ့်ကိုကိုယ် စီမံနိုင်ဖို့က ပထမအဆင့်ပဲ။Personal Development ကအခြေခံအဆင့်ပဲ။ ဒီ အဆင့်နိမ့်ပြဿနာတွေဖြေရှင်းပြီးမှProfessional နဲ့ Business ပိုင်းကိုမြန်မြန်တက်နိုင်မှာ။ Phyo Paing @ Derek

အခြေမခိုင်ရင်တော့ခဏခဏ ပြန်ပြုတ်ကျမှာပဲ။ Read More »

စိတ်အလုပ် လုပ်ပါ။

ဒီနေ့ခေတ်က လုပ်အားတစ်ခုတည်းနဲ့ပိုက်ဆံရှာတဲ့ခေတ်မဟုတ်တော့ဘူး။စိတ်အလုပ်နဲ့ ပိုက်ဆံရှာတဲ့ခေတ်ဖြစ်လာပြီ။ ဒါကြောင့် Naval Ravikant ကလဲDon’t earn with your time. Earn with your mind. တဲ့။အချိန်နဲ့ပဲ ငွေမရှာနဲ့။စိတ်အလုပ်နဲ့ ငွေရှာပါတဲ့။ အာရုံစိုက်နိုင်ခြင်းသည် စိတ်အလုပ်ပဲ။စဉ်းစားခြင်းသည် စိတ်အလုပ်ပဲ။ စဉ်းစားခြင်းကို စဉ်းစားခြင်း (metacognition) သည်စိတ်အလုပ်ပဲ။ ဒီနေ့လို အေအိုင်ခေတ်မှာ စိတ်အလုပ် ပိုအရေးကြီးလာတယ်။ ကိုယ့်စိတ်ကိုယ် နေ့တိုင်းအချိန်ဘယ်လောက်ပေးပြီးလေ့ကျင့်ဖြစ်သလဲ။ ကိုယ့်ကိုကိုယ် ပြန်မေးရမည့်မေးခွန်းတစ်ခုလို့တော့ထင်မိပါတယ်။ ကိုယ်တွေးမိတဲ့အတွေးကို ချရေးကြည့်ပြီး ဘယ်နေရာမှာ အမှားပါသလဲပြန်ကြည့်တာကလဲ စိတ်အလုပ်ပဲ။ နေ့စဉ်လုပ်လိုက်တဲ့အလုပ်တွေကို ပြန်လည်သုံးသပ်တာကလဲ စိတ်အလုပ်ပဲ။ နောက်တရားထိုင်တာကလဲစိတ်အလုပ်ပဲ။လောကပြဿနာအဖြေရှာဖို့တကူးတကအချိန်ပေးစဉ်းစားတွေးခေါ်တာဒါကလဲ စိတ်အလုပ်ပဲ။သင်ယူလေ့လာ စာဖတ်တာကလဲစိတ်အလုပ်ပဲ။ စိတ်အလုပ် လုပ်ပါ။ Phyo Paing @ Derek

စိတ်အလုပ် လုပ်ပါ။ Read More »

ပြန်စဥ်းစားလိုက်ရင်

အတိတ်ရဲ့မှတ်ဥာဏ်တွေကမျက်စိတစ်မှိတ်လျပ်တစ်ဖျက်မှာကလေးငယ်ဘဝ၊အဖြူအစိမ်းကျောင်းသားဘဝ၊တက္ကသိုလ်ကျောင်းသားဘဝ၊အလုပ်ခွင်ဝင်၊ကြေကွဲခံစား၊ ပျော်ပါးအရာရာက အိမ်မက်တစ်ခုလိုပဲ။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားကိုရှင်သန်မှုလို့ခေါ်တယ်။လောကမှာ လောဘ၊ ဒေါသ၊ မောဟ၊ ဒိဋ္ဌိဒီကိလေသာ ၄၄ ပါးနဲ့လောလောပြီး ကနေရတော့လောကီလို့ခေါ်တယ်။ ဒါရဲ့အလွန်ကိုသွားနိုင်တာကိုလောကုတ္တရာလို့ခေါ်တယ်လို့ဗုဒ္ဓက ဆုံးမခဲ့တယ်။ ဒီရှင်သန်ခြင်း ရက်ပေါင်း ၃၀၀၀၀၈၂ နှစ်နဲ့ ၄၄ ရက်မှာ“အသက်ရှင်ပြီး အသက်ဝင်ဖို့လိုတယ်။” ဓမ္မပဒ ထဲမှာ ဗုဒ္ဓက “အပ္ပမာဒေန မဃ္ဃဝါန၊ ပမာဒေန မစ္စုနော”“မမေ့လျော့သောသူသည် မသေတရားကို ရောက်၏၊ မေ့လျော့သောသူသည် သေပြီးသူနှင့် တူ၏”ဟောကြားခဲ့တယ်။ အသက်ရှင်ပြီး အသက်ဝင်ဖို့ ဘဝကို သတိနဲ့နေထိုင်ဖို့လိုလာတယ်။သတိဆိုတာ သောဘဏစေတသိတ်တစ်ပါးဖြစ်ပြီးအာရုံကို မလွတ်ကင်းအောင် စွဲကိုင်ထားတတ်ခြင်း၊အာရုံကို မမေ့အောင် မှတ်သားနိုင်ခြင်း၊စိတ်ကို အာရုံမှ မထွက်အောင် တည်စေခြင်းသဘာဝကိုလုပ်ဆောင်ပေးတယ်။ ဒီလိုသတိရှိရှိနေထိုင်တာကို Mindfulness လို့ခေါ်ပြီး ပါဠိလို့သတိပဋ္ဌာန (Satipaṭṭhāna) လို့ခေါ်တယ်။အာရုံ၊ အတွေး၊ ခံစားချက်၊ လုပ်ရှုမှုတွေကို သတိထားပြီး

ပြန်စဥ်းစားလိုက်ရင် Read More »

နေ့စဥ် တည်ဆောက်နေပါ။

“ဆောက်တည်” ရာရဖို့နေ့စဥ် “တည်ဆောက်” ပါ။ ဆောက်တည်တယ်ဆိုတာ “စိတ်ကိုတည်ကြည်ခိုင်မြဲစွာထားခြင်း” ဖြစ်တယ်။ စိတ်တည်ကြည်ခိုင်မြဲနေဖို့၁။ ကျန်းမာကြံ့ခိုင်ရေးတည်ဆောက်၂။ စီးပွားရေး၊ အလုပ်အကိုင်၊ ငွေကြေးအတွက် တည်ဆောက်၃။ မိသားစုနဲ့ ပေါင်းသင်းဆက်ဆံရေးတည်ဆောက်၄။ စိတ်ငြိမ်းချမ်းမှု၊ တိုးတက်မှုအတွက် တည်ဆောက်။ နေ့စဥ် တည်ဆောက်နေဖို့လိုတယ်။ ဘဝမှာ အခြေအနေအပြောင်းအလဲကြားမှာဆောက်တည်ရာရဖို့နေ့စဥ် တည်ဆောက်နေပါ။ Phyo Paing @ Derek

နေ့စဥ် တည်ဆောက်နေပါ။ Read More »

သမာဓိဆိုတာ

ပျော်ရွင်ချင်ရင်သာယာမှုနောက်မလိုက်နဲ့။ဥာဏ်ပညာနောက်လိုက်။ သာယာမှုကလာတဲ့ပျော်ရွင်မှုက ရည်ရှည်မခံဘူး။ဥာဏ်ပညာက လာတဲ့ပျော်ရွင်မှုက ရေရှည်ခံတယ်။ သာယာမှုကြောင့်ဖြစ်တဲ့ပျော်ရွင်မှုက ဖြစ်ပြီးပျက်တယ်။ဥာဏ်ပညာက နားလည်သဘောပေါက်ပြီးရင်လောကကို မြင်တဲ့အမြင်လုံးဝပြောင်းသွားတယ်။ ပျော်ရွင်မှုဖြစ်ဖို့သာယာမှုတွေကလိုက်ရှာတတ်တယ်။အသိအမှတ်ပြုခံရမှုတွေက လိုက်ရှာတတ်တယ်။ပျော်ရွင်မှုကိုဥာဏ်ပညာကဖြစ်ဖို့သတိနဲ့ သမာဓိလိုတယ်။ သမာဓိဆိုတာကောင်းစွာ-ငြိမ်သက်-တည်ကြည်-သော စေတသိက်။အင်္ဂလိပ်ဆို အနီးစပ်ဆုံးဆိုSingle-mindedness ဖြစ်တာ၊ဒီလိုလုပ်ဖို့ စူးစိုက်စိတ် centration လိုတယ်။ သမာဓိမရှိပဲ စာဖတ်လို့မရဘူး။တရားကြာကြာထိုင်လို့မရဘူး။လေ့ကျင့်ခန်းကြာကြာ အာရုံစိုက်လုပ်လို့မလွယ်ဘူး။စိတ်တွေ လေလွင့် သတိမကပ်ရင်မရဘူး။သမာဓိဖြစ်ဖို့ သတိလိုတယ်။ ဒါကြောင့် ပျော်ရွင်ချင်ရင်သာယာမှုက ပေးတဲ့ပျော်ရွင်မှုထက်သတိ၊ သမာဓိ၊ ပညာနောက်လိုက်။ ဒီနေ့ ရေးထားတဲ့ Journal ထဲက။ Phyo Paing @ Derek

သမာဓိဆိုတာ Read More »

ကိုယ့်ကိုယ်ကို ပြင်ဖို့
ကြိုးစားရအုံးမယ်။

ကိုယ်လိုတာမရရင် ဒုက္ခဖြစ်တယ်။လိုချင်ပြီးမရလေလေ ဒုက္ခဖြစ်လေလေပဲ။ ဒုက္ခဆိုတာ “ချင်တယ်” ကစတယ်။ဒီ “ချင်တယ်” ကိုဖျောက်လိုက်ရင်ဥာဏ်စဥ်တက်ပြီး “မြင်တယ်” ဖြစ်လာတယ်။“မြင်တယ်” ဖြစ်တဲ့အခါကိုယ့်ဘဝနေထိုင်မှုပုံစံ “ပြင်မယ်” ဖြစ်သွားတယ်။ “ချင်တယ်” -> “မြင်တယ်” -> “ပြင်မယ်” မြင်ဖို့အတွက်က Mindful သတိရှိဖို့လိုတယ်။သတိရှိဖို့က လေ့ကျင့်ဖို့လိုတယ်။ဒီလို အတွေး၊ အကြံ၊ အလုပ်၊အတွေ့အကြုံတွေကို သတိနဲ့ လေ့ကျင့်တာကို သတိပဋ္ဌာန်Meditation လို့ခေါ်တယ်။ ဒီနှစ်ခုပေါင်းတော့ Mindfulness Meditation ဖြစ်ပြီးအရှိကို အရှိအတိုင်းမြင်နိုင်ဖို့လေ့ကျင့်တာကို Vipassana Meditation orMindfulness Mediation ဝိပဿနာလို့ခေါ်ပြီးမြင်နိုင်တဲ့ပေါ်မူတည်ပြီး ဉာဏ် လို့ခေါ်တယ်။ ၁။ သမ္မသနဉာဏ်၂။ ဥဒယဗ္ဗယဉာဏ်၃။ ဘင်္ဂဉာဏ်၄။ ဘယဉာဏ်၅။ အာဒိနဝဉာဏ်၆။ နိဗ္ဗဒါဉာဏ်၇။ မုစ္စိတုကမျတာဉာဏ်၈။ ပဋိသင်္ခါဉာဏ်၉။ သင်္ခါရုပေက္ခာဉာဏ်၁၀။ အနုလောမဉာဏ် ဉာဏ်ဆယ်ပါးရှိတယ်။ ကိုယ့်ရဲ့ ဉာဏ်တက်ဖို့

ကိုယ့်ကိုယ်ကို ပြင်ဖို့
ကြိုးစားရအုံးမယ်။
Read More »