mindset

အလုပ်မလုပ်ပဲနေတာ ပိုပင်ပန်းတယ်။

အလုပ်လုပ်တာ ပင်ပန်းသလား? အလုပ်မလုပ်တာ ပိုပင်ပန်းတယ်လို့ထင်တယ်။Beach မှာ ဘားမှမလုပ်ပဲတစ်ပတ်လောက်နေရမယ်ဆိုဘဝကြီးကတော်တော်ပျင်းစရာကောင်းမှာပဲ စဥ်းစားမိတယ်။ အလုပ်က game တစ်ခုလိုဖြစ်လာတဲ့အခါနေ့စဥ် ဘဝက လတ်ဆတ်နေတယ်။တစ်ရက် ၂၄ နာရီမှာ ၆ – ၈ က အိပ်မယ်။​၈ နာရီနဲ့အထက်က အလုပ်မှာအချိန်ကုန်မယ်။နောက်ကျန်တဲ့အချိန်တွေကဝေယျာဝိစ္စတွေအတွက် အချိန်ပေးရမယ်။​ ကျွန်တော်အမြင် အလုပ်မလုပ်တာကအလုပ်လုပ်ရတာထက် အများကြီးပိုပင်ပန်းတယ်။ Phyo Paing @ Derek

အလုပ်မလုပ်ပဲနေတာ ပိုပင်ပန်းတယ်။ Read More »

ဘာပဲဖြစ်ဖြစ် အကြည်ဓာတ်မပျက်ပါစေနဲ့။

နေ့စဥ် လူတွေနဲ့ မာန်မာနခလုတ်တိုက်မှုတွေကြားမှာအကြည်ဓာတ်ထိန်းနိုင်ဖို့ဆိုတာတော်ရုံလွယ်တဲ့ကိစ္စမဟုတ်ဘူး။တခါတလေ ဘာလေးမဟုတ်တဲ့ကိစ္စသေးသေးလေးနဲ့စိတ်ကသိကအောင့် ဖြစ်နေတတ်ကြတယ်။ ဒါကြောင့် ကျွန်တော်ကတော့ စိတ်ညစ်စရာကိုတစ်မိနစ်ထက် ပိုမခံစားသလိုမနက်ထတိုင်းမှာ လူတွေကို ခွင့်လွတ်ခြင်းနဲ့တောင်းပန်ခြင်း တရားထိုင်နည်းနဲ့ကိုယ့်ရဲ့ စိတ်ခံစားချက်negative emotion တွေကိုနေ့စဥ် Detox လုပ်လေ့ရှိတယ်။ရေချိုးသလိုပဲ အကြည်ဓာတ်မပျက်ဖို့နေ့စဥ် Detox လုပ်နေဖို့လိုတယ်။ ဒါမှ နေ့စဉ် ကိုယ့်အတွက် growing နဲ့တခြားသူတွေအတွက် giving လုပ်ပေးနိုင်မှာ။ Phyo Paing @ Derek

ဘာပဲဖြစ်ဖြစ် အကြည်ဓာတ်မပျက်ပါစေနဲ့။ Read More »

စေတနာ

အောင်မြင်တဲ့ စားသောက်ဆိုင်အောင်မြင်တဲ့ လုပ်ငန်းအောင်မြင်တဲ့ စာရေးဆရာနဲ့အောင်မြင်တယ်ဆိုတဲ့ သူတွေမှာသူ့ဖောက်သည်တွေ သူ့ပရိသတ်တွေအတွက်စေတနာကိုတွေ့ရမှာပါ။ စေတနာဟာ ခံစားလို့ရပါတယ်။ Phyo Paing @ Derek

စေတနာ Read More »

ထွက်ပေါက်က ဘယ်မှာလဲ?

နိုင်ငံခြားမှာလား။ ကိုယ်ရှောင်ပြေးလို့မရတဲ့လူက ကိုယ်ပဲ။ကိုယ့်အတွေး၊ ခံစားချက်၊ အထင်အမြင်တွေကိုရှောင်ဖယ်ပြေးလို့မရဘူး။ထွက်ပေါက်က အပြင်မှာမရှိဘူး။စိတ်အတွင်းမှာရှိတယ်။ မြင်အောင်ကြည့်၊ ကြားအောင်ကြည့်၊ခံစားကြည့်ရင် ဘာတွေမြင်လဲ၊ဘာတွေကြားလဲ၊ ဘယ်လိုခံစားရလဲ။အဲ့ဒါထွက်ပေါက်ရှိတဲ့နေရာပဲ။ Escape It’s not where you think it is.It’s where you belong. It’s inside you.Your environment is the extension of your mind. The escape is inside you. 一个人自始至终都无法逃避来自自己的思想、感受和看法。因为答案从来不是在他人身上,而是在自己的内心深处。当你去发现它,聆听它,感受它就能发现自己所看到,所听到的就是自己内心深处的答案。 Phyo Paing @ Derek

ထွက်ပေါက်က ဘယ်မှာလဲ? Read More »

Goodbye 2021!

တစ်နှစ်တစ်နှစ် ကုန်သွားတိုင်းဝမ်းနည်း၊ ဝမ်းသာဖြစ်ရတယ်။ဝမ်းနည်းတာက အချိန်တွေကုန်သွားပြန်ပြီ။ဝမ်းသာတာက ရှိတဲ့အချိန်တွေကိုGrowing တိုးတက်ဖို့နဲ့Giving ပြန်လည်ပေးဆပ်ဖို့အတွက်အကောင်းဆုံးအသုံးချဖြစ်ခဲ့တယ်။Goodbye 2021!Hello 2022! Phyo Paing @ Derek

Goodbye 2021! Read More »

လူတွေ တံဆိပ်ကပ်တာတွေကြားက ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖန်တီးပါ။

တက္ကသိုလ်တက်တုန်းက ဆေးကျောင်းသား၊အလုပ်ခွင်ဝင်တော့ ဆရာဝန်။ဆေးကုမ္ပဏီဝင်တော့ အရောင်းသမား။အချိန်ပိုင်းစာသင်တော့ သင်တန်းဆရာ။ဖောက်သည်တွေရအောင် ကူညီပေးတော့မားကတ်တင်း ကျွမ်းကျင်ပညာရှင်။ ကိုယ်တိုင်လုပ်ငန်းစတော့ အလုပ်ရှင်။ကိုယ်တိုင်သင်တန်းကျောင်းဖွင့်တော့သင်တန်းကျောင်း ပိုင်ရှင်။တိုင်ပင်ဆွေးနွေးအကြံပေးလုပ်တော့ အကြံပေး။Website တွေ၊ App တွေလုပ်တော့Digital Entrepreneur ဘာညာ။ လူတွေက ကိုယ်ဒီနေ့ လုပ်နေတဲ့ အလုပ်ကိုကြည့်ပြီးတံဆိပ်ကပ်ကြတယ်။ တချို့လူတွေမသိတာကToeTeter တွေကလူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲနေဖို့ကိုယ်ပိုင်ဆိုင်ထား၊ ရရှိထားတဲ့ အရာတွေကိုစွန့်လွတ်ပြီး ကိုယ့်ကိုကိုယ် ပြန်လည်ဖန်တီးရတဲ့အချိန်တွေ ရှိတယ်။ စွန့်လွတ်ရတဲ့အထဲမှာ အတွေးအခေါ်အဟောင်း၊ယုံကြည်မှုဟောင်း၊ လုပ်ပုံကိုင်ပုံအဟောင်း၊လုပ်နေကျအဟောင်းတွေပါဝင်တယ်။You have to give up to grow up. ကိုယ်နေ့စဉ် လုပ်နေတဲ့အရာတွေကကိုယ့်ကို next level ရောက်အောင်ကူညီပေးနိုင်ရမယ်။ Phyo Paing @ Derek

လူတွေ တံဆိပ်ကပ်တာတွေကြားက ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖန်တီးပါ။ Read More »

ဘဝဆိုတာ ဂိမ်းတစ်ခုပဲ။

အခက်အခဲတွေ၊ ပြဿနာတွေ၊စိန်ခေါ်မှုတွေကြားကရှင်သန်မှု၊ တိုးတက်မှု၊ဝမ်းနည်း၊ ကြေကွဲ၊ကြည်နူး၊ ဂုဏ်ယူ၊ ပျော်ရွင်မှု၊တွေဖြစ်လာတယ်။ မွေးကတည်းက မပြီးနိုင်တဲ့စာမေးပွဲတွေ ဖြေနေရတယ်။အထက်တန်းစာမေးပွဲကိုမူလတန်းအတွေးအခေါ်နဲ့ဖြေလို့ မရသလိုဒီနေ့ကြုံတွေ့ရတဲ့ စိန်ခေါ်မှုကိုမနေ့က အတွေးအခေါ်နဲ့ လမ်းဟောင်းနဲ့ဖြေရှင်းလို့ ရချင်မှရလိမ့်မယ်။ လောကအမြင်ပြောင်းဖို့ခေါင်းထဲရှိတဲ့ ပုံပြင်တွေ ပြောင်းဖို့လိုတယ်။ ဘဝဆိုတာ ဒုက္ခဆိုတဲ့ အတွေးအခေါ်ကိုဘဝဆိုတာ ဂိမ်းတစ်ခုလို့သတ်မှတ်ထားတယ်။အလုပ်ဆိုတာ ငွေရှာဖို့ဆိုတာထက်အလုပ်ဆိုတာ ကိုယ့်ဘဝတိုးတက်ဖို့လို့သတ်မှတ်ထားတယ်။စီးပွားရေးဆိုတာ ငွေရှာဖို့လို့ သတ်မှတ်ထားကြပေမယ့်စီးပွားရေးဆိုတာ လူတွေကို ကူညီဖို့လို့သတ်မှတ်ထားတယ်။ ပြဿနာဆိုတဲ့ စကားလုံးကိုစိန်ခေါ်မှုလို့ ပြောင်းထားတယ်။ လိုချင်တဲ့အရာမရခဲ့ရင်ပိုကောင်းတာ ရလာလိမ့်မယ်လို့မျက်စိမှိတ်ယုံကြည်ထားတယ်။ တစ်ခုခု အဆိုးကြုံလာတိုင်းအရာရာပိုကောင်းဖို့ ဖြစ်လာတာပါလို့ယုံကြည်ပြီးသားဖြစ်တဲ့အတွက်လောကဓံကို ပိုပြီးခံနိုင်ရည်ရှိလာတယ်။ လူတွေအပေါ်မှာ မျှော်မှန်းချက်တွေထားပြီးသောကတွေများနေတဲ့ ဘဝအစားကိုယ့်ကိုကိုယ်အပေါ် မျှော်မှန်းချက်တွေထားပြီးအကောင်ထည်ဖော်ဖြစ်လာတယ်။ Phyo Paing @ Derek

ဘဝဆိုတာ ဂိမ်းတစ်ခုပဲ။ Read More »

Derek Philosophy

ဘူကောင်တွေကို ရှောင်။ အလုပ်ကို ပိုးစိုးပက်စက်လုပ်။ ဒူပေဒဏ်(ဒါ)ပေခံ။ လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် တုံးတိုက်တိုက်ကျားကိုက်ကိုက်လုပ်။ နေ့စဉ် ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အရာတစ်ခုလုပ်။ ကိုယ့်ကိုယ်ကို စိတ်ဆင်းရဲစေမည့်အရာ မလုပ်နဲ့။ ရှင်သန်မှုအတွက် ကျေးဇူးတင်စိတ်နဲ့နေပါ။ သာမာန်ဆိုတာ အကောင်းဆုံးရဲ့ရန်သူပဲ။ Phyo Paing @ Derek

Derek Philosophy Read More »

သင့်ပြိုင်ဖက်တွေကကျန်ခဲ့လိမ့်မယ်။

ဆယ်နှစ်၊ နှစ်နှစ်ဆယ်မှာသက်လုံမကောင်းတဲ့သင့်ပြိုင်ဖက်တွေကကျန်ခဲ့လိမ့်မယ်။တစ်နှစ်၊ နှစ်နှစ် မစဉ်းစားနဲ့ဆယ်နှစ်၊ နှစ်နှစ်ဆယ်အနည်းဆုံးစဉ်းစားထားဖို့လိုတယ်။ Phyo Paing @ Derek

သင့်ပြိုင်ဖက်တွေကကျန်ခဲ့လိမ့်မယ်။ Read More »

ကိုယ့်ကိုကိုယ် နားလည်ဖို့
အရေးကြီးတယ်။

ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာအကောင်းဆုံးလူကကိုယ်ကိုယ်တိုင်ပဲ။ ကိုယ့်ကိုကိုယ် နားလည်အောင်လေ့လာနေတာနှစ်ပေါင်း ၃၀ ကျော်ပြီ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နားလည်ဖို့
အရေးကြီးတယ်။
Read More »