လောကဓံက သိပ်ကြောက်ဖို့ကောင်းတယ်။
ကြောက်စရာကောင်းတဲ့ လောကဓံကို အရှုံးမပေး ရင်ဆိုင်အနိုင်ယူဖို့ ခံယူချက် အရေးကြီးတယ်။ ဒီနေ့ခတ်မှာ စိတ်မထားတတ်ရင် ဒုက္ခခပ်ကြီးကြီးကြုံတိုင်း သွေးပျက်နေနိုင်တယ်။ ကျွန်တော်ကတော့ ဘဝကိုအမြင်နှစ်မျိုးထားတယ်။ ၁။ ဘဝမှာ အခြေအနေကောင်းတဲ့အချိန်၂။ အခြေအနေမကောင်း ဒုက္ခရောက်တဲ့အချိန် ဘဝမှာ အခြေအနေကောင်းတဲ့အခါ ဘဝဆိုတာ ကိုယ့်အတွက်ဖြစ်လာတာ။ ကောင်းသထက်ကောင်းအောင် တည်ဆောက်ပြီးကျေးဇူးတင်တတ်တဲ့ စိတ်နဲ့နေတယ်။ အလုပ်ကို ကိုယ့်တန်ဖိုးထားမှုနဲ့ အညီရူးရူးမူးမူးလုပ်တယ်။ ဘဝမှာ နေမသာတဲ့နေ့တွေအတွက်သစ္စာလေးပါးကို နှလုံးသွင်းထားတယ်။ ဘဝဆိုတာ ဒုက်ခ ။ဒီဒုက္ခကို ဖြစ်စေတာ attachmentတပ်မက်စွဲလမ်းမှုလို့နှလုံးသွင်းတယ်။ ဒီတပ်မက်စွဲလမ်းမှုကို ဖယ်ရှားပြီးဘဝနေထိုင်ဖို့ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်အာရုံနဲ့ အသက်မွေးဝမ်းကြောင်းမှုပေါ်အာရုံပြုထားလိုက်တယ်။ နေ့စဥ်ဘဝမှာ အသုံးချ secular buddhism ကိုကျင့်သုံးသူ များသထက်များလာတယ်။ ဒါကတော့ နေ့စဥ်ဘဝနေထိုင်မှုအတွက်buddhism in daily life အတွက်ပေါ့။ နောက်တစ်ဆင့်ကျမှ နိဗ္ဗာန်ပေါ့။ Phyo […]
လောကဓံက သိပ်ကြောက်ဖို့ကောင်းတယ်။ Read More »