motivation

Motivation အတွက် ၄ချက်

Motivation ရနေအောင် နေဖို့အချက် ၄ ချက် ၁. Simplify Your Life (ဘဝကိုရိုးရှင်းအောင် လုပ်ပါ။) အလုပ်တွေအရမ်းများပြီး ဖြစ်ချင်တာများနေရင် ခေါင်းစားစရာများတယ်။ ဒါကြောင့် ဖြစ်ချင်တာ တစ်ခုလောက်ကို focus လုပ်ပြီး ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းပါ။ ဥပမာ အရင်က လုပ်ငန်းတွေအများကြီးလုပ်ချင်တယ်။ လုပ်ငန်းသေးလေးတွေ အများကြီးလည်းလုပ်တယ်။ ခုလည်းလုပ်ထားတယ်။ အာရုံစိုက်စရာတွေ အရမ်းများလာတယ်။ ဘဝကို ပိုမိုရိုးရှင်းစွာဖြတ်သန်းနိုင်ဖို့ ကိုယ်အဓိကလုပ်မည့်အလုပ်ကို ချရေးတယ်။ Training။ ကျန်တာတွေအားလုံး တခြားသူတွေကိုလွဲထားပေးတယ်။ ဘဝက ပိုရိုးရှင်းလာတယ်။ ပို focus လုပ်လာနိုင်တယ်။ Growth ဖြစ်မည့်အလားအလာကို ပိုရှင်းလင်းလာတယ်။ ၂. Build a track record ကိုယ့်ရဲ့ဆွတ်ခူးမှုတွေအတွက် မှတ်တမ်းတစ်ခုတည်ဆောက်ပါ။ ပညာရေး Academic စီးပွားရေး Business ကိုယ်ရေးကိုယ်တာ […]

Motivation အတွက် ၄ချက် Read More »

You are right!

ကိုယ့်ကိုကိုယ်အမြဲမှန်တယ် ထင်တဲ့သူ၊အခြေအနေအရ အကောင်းဆုံးလုပ်ခဲ့တာလို့ထင်တဲ့သူ ၊မိမိကိုယ်ကို ခွင့်လွတ်တတ်သူ၊ မိမိကိုယ်ကို အကောင်းမြင်တတ်သူတွေက စိတ်ဓာတ်သိပ်ကျလေ့မရဘူး။ တခါတခါတော့ လူမုန်းခံရတတ်တာပေါ့။ တချို့လူငယ်တွေက အမြဲ ကိုယ်လုပ်လိုက်မိတဲ့အရာတွေကို အမှားလို့ထင်ပြီးစိတ်ညစ်နေတတ်ကြတယ်။ ဘာပဲလုပ်လုပ် You are right ပါ၊ အခြေနေပေါ်မှာ အကောင်းဆုံးထင်တာလုပ်ခဲ့တာဘဲလေ။ You are right!စိတ်မညစ်ပါနဲ့။ Phyo Paing @ Derek

You are right! Read More »

ကိုယ့်ရဲ. superpower က ဘာလဲ?

ကိုယ့်ရဲ့ Super Power ကိုသိဖို့ flow ကိုသိဖို့လိုပါတယ်။ Flow ကိုအလွယ်ရှင်းရမယ်ဆိုရင် အလုပ်တစ်ခုမှာ စိတ်အာရုံဝင်စားတဲ့အတွက် အချိန်ကိုမေ့ပြီး ဒီအလုပ်မှာဘဲနစ်မျောသွားတဲ့ အခြေအနေပါ။ လူတွေရဲ့ သူတို့မှာ flow တွေရှိကြတယ်။ ဒီအရာနဲ့ကိုက်ရင် အလုပ်အကိုင်၊ ပညာရေး၊ အချစ်ရေးနဲ့ လူမှုရေးမှာ အဆင်ပြေလာမယ်။ တနည်းအားဖြင့် ကိုယ်စွမ်းကိုယ်စ ထွက်တာမြန်နှုန်းမြင့်လာမယ်။ ကိုယ့်ရဲ့ super power ကိုသိဖို့ ကိုယ့်ကိုကိုယ် ၁ ကနေတစ်ဆယ်အတွင်း ဘယ်လောက်သိလည်းဆိုတာ rating လုပ်နိုင်ပါတယ်။ 1. Your Talent မွေးရာပါ ကျွမ်းကျင်မှု 2. Your Passions ကိုယ်ကြိုက်တဲ့အလုပ်တွေကိုသိမှု3. Your Knowledge ပထမနှစ်ခုအတွက်လိုအပ်တဲ့အသိပညာရှိမှု4. Your Network ပထမသုံးခုကိုရောင်းဖို့ အချိပ်အဆက်5. Your Character ကိုယ်ဘာကိုကိုယ်စားပြုသလည်းသိဖို့6.

ကိုယ့်ရဲ. superpower က ဘာလဲ? Read More »

ကိုယ့်ကိုကိုယ်မရှာပါနဲ့။

တွေ့မှာ မဟုတ်ဘူး။ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်အောင်ဖန်တီးပါ။ယနေ့သင်သည် လွန်ခဲ့တဲ့အတိတ်ကဖန်တီးခဲ့လို့ဖြစ်တယ်။မရှာပါနဲ့။ဖန်တီးပါ။Phyo Paing @ Derek

ကိုယ့်ကိုကိုယ်မရှာပါနဲ့။ Read More »

ငါ့ဒိန်ခဲကို ဘယ်သူရွှေ့သလဲ?

ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ ဒေါက်တာ Spencer Johnson ရဲ့ “Who moved my cheese?” က အပြောင်းအလဲကို ဘယ်လို deal လုပ်ရမယ်ဆိုတာကို ဖော်ပြထားတဲ့ အကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီထဲမှာတော့ Sniff နဲ့ Scurry ဆိုတဲ့ ကြွက်လေးနှစ်ကောင်ရယ် Hem နဲ့ Haw လို့ခေါ်တဲ့ လူသေးသေးလေးနှစ်ယောက်ရယ် ဇာတ်ကောင်လေးယောက်ပါဝင်ပြီး သူတို့ဟာ ဝင်္ကပါထဲမှာ သူတို့အသက်ရှင်ဖို့ စားသောက်ဖို့လိုအပ်တဲ့ ချိစ်ကို လိုက်ရှာနေကြတာပါ။ ဒီနေရာမှာ ချိစ် ဆိုတာကတော့ ကျွန်တော်တို့ဘဝမှာ ကျွန်တ်ာတို့ လိုအပ်နေတဲ့ ကျွန်တော်တို့ကို ပျော်ရွှင်အောင်လုပ်နိုင်တဲ့ အရာတွေကို တင်စားထားတာပါ။ အလုပ်အကိုင် အချစ်ရေး ချမ်းသာကြွယ်ဝမှု လွတ်လပ်မှု ကျန်းမာရေး စသည်ဖြင့် ဘယ်အရာမဆိုဖြစ်နိုင်ပါတယ်။ တစ်ယောက်လိုချင်နေတဲ့ ဒါမှမဟုတ် ရှာဖွေနေတဲ့

ငါ့ဒိန်ခဲကို ဘယ်သူရွှေ့သလဲ? Read More »

အသက်ရှင်နေသ၍
အရာရာဖြစ်နိုင်ပါသည်။

အိုင်းစတိုင်းသည် နူးကလိယစွမ်းအင်ဆိုတာ ဘယ်လိုမှ ထုတ်ယူနိုင်မှာ မဟုတ်ဘူးလို့ဆိုခဲ့ဖူးတယ်။ IBM Chairman Thomas Watsonကကမ္ဘာ့ Computer ဈေးကွက်ဟာကွန်ပျူတာငါးလုံးသာ ရောင်းရနိုင်တယ်လို့ခန့်မှန်းခဲ့ဖူးတယ်။ William Preece,British Post Office ကအမေရိကန်တွေကသာ Telephone လိုတာငါတို့မှာ messenger boy တွေရှိတဲ့အတွက် မလိုဘူးလို့ ဆိုခဲ့ဖူးတယ်။ သင့်ကိုမဖြစ်နိုင်ဘူးပြောတာတွေကိုမယုံကြည်ပါနဲ့။အသက်ရှင်နေသ၍အရာရာဖြစ်နိုင်ပါသည်။ Phyo Paing @ Derek

အသက်ရှင်နေသ၍
အရာရာဖြစ်နိုင်ပါသည်။
Read More »

သူများကိုဝေဖန်တာ သင့်အပြစ်မဟုတ်ဘူး။

သူများကိုသာ ဝေဖန်ပြီးသင် အဝေဖန်မခံရတာက သင့်အပြစ်ဖြစ်သွားပြီ။ဘာကြောင့်လဲဆိုတော့အပြစ်ပြောစရာရှိလောက်အောင်အဖြစ်ရှိအောင် မကြိုးစားသေးလို့။ Phyo Paing @ Derek

သူများကိုဝေဖန်တာ သင့်အပြစ်မဟုတ်ဘူး။ Read More »

သင့်ကို အသေမသတ်တဲ့အရာက သင့်ကိုပိုသန်မာစေပါတယ်။

Trainer ပေါက်စဘဝက negative feedback တွေတွေ့တဲ့အခါ ကမ္ဘာ့အဝေးဆုံးကို ထွက်ပြေးသွားချင်မိခဲ့ဖူးတယ်။ ဘဝရဲ့ စိတ်ဓာတ်ကျတဲ့အခါတွေကြုံတိုင်းမှာ ဝမ်းနည်းခဲ့ဖူးတယ်။ တဖြည်းဖြည်းရင့်ကျက်လာတော့ This is not the end of the world ကမ္ဘာကြီးအဆုံးမဟုတ်သေးဘူး။ ကိုယ့်ကိုအသေမသတ်နိုင်တဲ့အရာက ကိုယ့်ကိုပိုမိုသန်မာလာအောင်လုပ်ပေးတယ်ဆိုတာ နားလည်လာတယ်။ စစ်သားတွေ စစ်မတိုက်ခင် Training ဆင်းရသလို ဘဝဆိုတာလည်းကိုယ့်ကို lessons တွေပေးတဲ့နေရာတစ်ခုပါ။ ဒီ lessons တွေဟာ သူများဆီကလေ့လာယူရသလို ကိုယ်တွေ့တွေကနေတဆင့်သင်ယူကြတယ်။ ဘဝရဲ့ အရွယ်သုံးပါးမှာ ဘဝကို ဖြတ်သန်းနေရင်း ပိုမိုသန်မာလာဖို့လိုတယ်။ ဒါကြောင့် ၁. ပညာရပ်တစ်ခုကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ဖို့လိုတယ်။ Pro ဖြစ်ရမယ်။ Specialized knowledge ရှိရမယ်။ ၂. ကိုယ်အလုပ်မလုပ်နိုင်တော့ရင်တောင် ဝင်ငွေရှာပေးနေတဲ့ income sources သုံးခုရှိရမယ်။

သင့်ကို အသေမသတ်တဲ့အရာက သင့်ကိုပိုသန်မာစေပါတယ်။ Read More »

Motivation?

Motivation မရှိ၊ အလုပ်မလုပ်ချင် မကိုင်ချင်ဖြစ်နေပါသလား? ကျွန်တော်တို့ဟာ အတိတ်နဲ့ အမြဲတိုက်ပွဲဝင်နေရတယ်။ ဒီကနေ စိတ်ခံစားမှု emotion ဖြစ်လာတယ်။ လူတစ်ယောက်ဟာ တစ်ရက်ကို အတွေးပေါင်း ၇၀၀၀၀ ကျော် process လုပ်နေရတယ်လို့ Dr. Joe Dispenza ကဆိုတယ်။ အတိတ်ရဲ့ Program တွေကြောင့် Personality ဆိုတာဖြစ်လာတယ်။ ငါဒီနေ့ mood မကောင်းဘူး။ မနက်ထထချင်း စိတ်ညစ်စရာတွေစဉ်းစားတယ်ဆိုပါတော့ mood မကောင်းတာ တစ်လလောက်ဖြစ်လာတဲ့အခါ temperament ဖြစ်လာတယ်။ ဒါက နှစ်ရှည်လများ ကြာတဲ့အခါ personality ဖြစ်လာတယ်။ ဒါ့ကြောင့် Your Personality is your personal reality လို့ဆိုတယ်။ Mood ကိုပြောင်းချင်ရင် (တစ်နည်း NLP မှာတော့

Motivation? Read More »

Motivation နှစ်မျိုး သို့ အခြေခံလိုအပ်ချက်နှစ်မျိုး။ ✌️

1. Money လကုန်လစာထုတ်တဲ့အခါ motivation အထူးတလည်ပေးနေဖို့မလိုဘူး။ အကြွေးရှိတဲ့အခါ motivation လုပ်ယူရအင်မတန်ခက်တယ်။ အိပ်ဖောင်းခြင်းဟာ စိတ်ပြောင်းခြင်းကိုဖြစ်စေတယ်ဆိုတာ လူတွေမငြင်းနိုင်ဘူး။ ဒါဟာ လူတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တယ်။ 2. Meaning အခြေခံလိုအပ်ချက်တွေပြည့်စုံလာတဲ့အခါ လောကအကျိုးသယ်ပိုးချင်လာပြီ။ ဘဝအတွက် အဓိပ္ပာယ်လိုအပ်လာပြီ။ ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းဖို့လိုအပ်လာပြီ။ ဝမရှိပဲ ဝိမလုပ်နဲ့ဆိုသလို အခြေခံလိုအပ်ချက်တွေပြည့်စုံမှ နောက်တစ်ဆင့်သွားလို့ရမှာဖြစ်တယ်။ Phyo Paing @ Derek

Motivation နှစ်မျိုး သို့ အခြေခံလိုအပ်ချက်နှစ်မျိုး။ ✌️ Read More »