people

ဓာတ်တူရာစုဆိုတာရှိတယ်။

တချို့တရားအကြောင်းပဲပြောတဲ့လူတွေစုတာရှိတယ်။နောက်တစ်ဆင့်တက်ဖို့စီးပွားအကြောင်းပြောတဲ့သူတွေစုတာရှိတယ်။တိုးတက်အောင်မြင်ချင်တဲ့သူတွေစုတာရှိတယ်။ တစ်ခုခုဆို အပြစ်ပြောဖို့ အသိုင်းအဝိုငးဖွဲ့ ဂရုထောင်စုတာရှိတယ်။ လူတွေရဲ့ဦးနှောက်မှာmirror neurons ဆိုတာရှိတယ်။ဒီဦးနှောက်ဆဲလ်လေးတွေကကိုယ်နဲ့ပေါင်းတဲ့သူရဲ့ပုံကိုအတုယူလေ့ရှိတယ်။ တချို့ဆို စကားလုံးတွေကူးလာတာမျိုး။အမူအရာတွေပါတူလာတာမျိုး။ ဒါကြောင့် ဟားဗတ်ကပြုလုပ်တဲ့ဟိုးလေးတကြော်ဖြစ်ခဲ့တဲ့ Social Contagion Theory မှာNicholas Christakis and James Fowler ကဝတဲ့သူတွေနဲ့နေရင်ပိုဝဖို့ အလားလာ၊ဆေးလိပ်၊ အရက်သောက်ရင်သောက်ဖို့အလားအလာ 57% ရှိတယ်တဲ့။ ဘူပိတ်တဲ့သူတွေနားသွားရင်လဲဘူပိတ်တတ်တယ်။ တရုတ်အယူအဆမှာတော့ကိုယ်ဘူပိတ်ရင် ရှောင်ဖယ်တတ််ကြတယ်။ကျွန်တော်တို့ ယဥ်ကျေးမှုမှာတော့စာနာရင်း ကိုယ်ပါဘူပိတ်သွားတာမျိုး။ ငွေကြေးဘူပိတ်နေတဲ့သူငယ်ချင်းကိုသနားလို့ချေးရင်း ကိုယ်ပါဘူပိတ်တာမျိုး။ တခါတလေ ရွဲ့ပြီးသူဌေးနဲ့ပေါင်းပြီး သုံးဖြုန်းတာသူဌေးမဖြစ်ပဲမွဲသွားတယ်ဆိုတာ။ဒါမျိုးပြောတတ်တဲ့သူတွေရှိတယ်။ ကိုယ်နားဖူးနားဝနဲ့စဥ်းစားတတ်တယ်။ အရေးကြီးတာ အလုပ်ဖြစ်တာလုပ်ဖို့ပဲ။ 57% ဆိုတဲ့ရာနှုန်းက တော်တော်လေးများတယ်။ ကိုယ့်ဘဝအတွက် အသုံးချဖို့ပဲ။ လောကနီတိမှာလဲလူမိုက်ဆိုလျင်ရှောင်သွေလွဲလို့မမှီဝဲနဲ့ ကင်းအောင်နေဆိုတဲ့စကားရှိတယ်။ လောကမှာ ဘူပိတ်တဲ့အပြစ်တင်တဲ့စိတ်ကိုလျော့ပြီးအလုပ်ဖြစ်နေမည့် အဖြေရှာစိတ်ရှိဖို့ဘူကောင်တွေကို ရှောင်ဖို့လိုတယ်။ Phyo Paing @ Derek

ဓာတ်တူရာစုဆိုတာရှိတယ်။ Read More »

အတွေး၊ အကြံအစီ၊ အလုပ်
အထူးအရေးကြီးတယ်။

လူတိုင်းကကိုယ်နဲ့ တန်ရာတန်ရာပဲရတတ်ကြတယ်။ကိုယ်နဲ့ကောင်းတာနဲ့ထိုက်တန်ဖို့ကာယကံ၊ ဝဇီကံ၊ မနောကံအတွေး၊ အကြံအစီ၊ အလုပ်အထူးအရေးကြီးတယ်။ Phyo Paing @ Derek

အတွေး၊ အကြံအစီ၊ အလုပ်
အထူးအရေးကြီးတယ်။
Read More »

ကိုယ့်အတွက်အရေးမပါသူတွေရဲ့အထင်အမြင်ကကိုယ့်အတွက် အရေးမပါဘူး။

ကိုယ့်အတွက်အရေးမပါသူတွေရဲ့အထင်အမြင်ကကိုယ့်အတွက် အရေးမပါဘူး။ နည်းနည်းရှင်းပြပါရစေ။ တခါတလေ လူတော်တော်များများကလူတွေရဲ့အထင်အမြင်ကိုလိုတာထက် ဂရုစိုက်တတ်ကြတယ်။ တခါတလေလဲ လူတွေရဲ့အထင်အမြင်ကအရေးမကြီးဘူးဆိုပြီးလဲလုပ်မိတတ်ကြပြန်တယ်။ အဲ့တော့ ဒီနှစ်ခုကြားထဲကကြားနေ အတွေးအခေါ်တစ်ခုဖန်တီးပြီး ဘဝမှာ ကျင့်သုံးကြည့်တယ်။ ကိုယ့်အတွက် အရေးမပါတဲ့သူတွေရဲ့အထင်အမြင်က အရေးမပါဘူး။ ဘယ်လိုလူတွေက ကိုယ့်အတွက်အရေးမပါဘူးလဲ။ ကိုယ့်ရဲ့အောင်မြင်မှုကိုသူတို့ရဲ့ကျဆုံးမှုလို့ ယူဆတဲ့သူတွေ။ကိုယ့်ရဲ့တိုးတက်မှုကိုသူတို့ရဲ့ဆုတ်ယုတ်မှုလို့ ယူဆတဲ့သူတွေ။ကိုယ့်ရဲ့အကျိုးစီးပွါးကသူတို့အတွက် ဆုံးရှုံးမှုလို့ထင်တဲ့သူတွေ။ဒါတွေက ကိုယ့်အတွက်အရေးမပါတဲ့သူတွေပဲ။ ဒါကြောင့်ကိုယ့်အတွက် အရေးမပါတဲ့သူတွေရဲ့အထင်အမြင်ကကိုယ့်အတွက် အရေးမပါဘူး။ ဒါကတော့ ကျွန်တော်စဉ်းစားမိတဲ့အတွေးလေးတစ်ခု။လိုရင်လဲယူသုံးကြည့်။မလိုရင်လဲ ကျော်သွားပေါ့။လူတိုင်းအတွက် အသုံးတည့်ချင်မှတည့်မှာပေါ့။ Phyo Paing @ Derek

ကိုယ့်အတွက်အရေးမပါသူတွေရဲ့အထင်အမြင်ကကိုယ့်အတွက် အရေးမပါဘူး။ Read More »

ကိုယ်သေချာနားမလည်တဲ့အရာကို“မမုန်းပါနဲ့။”

ကိုယ်သေချာနားမလည်တဲ့အရာကို“မမုန်းပါနဲ့။” မနေ့က လူတစ်ယောက်ဝတ်ထားတဲ့T-shirt လေးတွေ့လိုက်တယ်။Don’t hate what you don’t understand တဲ့။ကိုယ်နားမလည်တာကို မမုန်းပါနဲ့တဲ့။ စဉ်းစားခြင်းက ခက်ခဲတယ်။ဒါကြောင့်လူအများစုကအထင်အမြင်နဲ့ဆုံးဖြတ်ချက်ချကြတယ်။ ဝမ်းနည်းဖို့ကောင်းတာလူမှုအဖွဲ့အစည်းတစ်ခုမှာပညာဥာဏ်နည်းပါးလေလေအထင်အမြင်နဲ့ ဆုံးဖြတ်ချက်ချလေလေ။ယုတ္တိနဲ့ ဆုံးဖြတ်ချက်နည်းလေလေ။ဆုံးဖြတ်ချက်အမှားတွေချလေလေ။ လူအများစုက နားလည်ဖို့နားမထောင်ဘူး။ပြန်ပြောဖို့ပဲ နားထောင်တတ်ကြတယ်။ ဘဝမှာ ဥပဒသတစ်ခုထားတယ်။ကိုယ်သေချာနားမလည်တဲ့အရာကိုမမုန်းပါနဲ့။ လူတွေက ကိုယ့်ကိုဖျက်ဆီးနေတဲ့အရာတွေကို ချစ်တတ်ကြပြီးကိုယ့်အတွေးအခေါ်နဲ့ဆန့်ကျင်တဲ့အရာတွေကိုမုန်းတီးတတ်ကြတယ်။ ကိုယ်သေချာနားမလည်တာကိုမမုန်းလိုက်ပါနဲ့။ အထင်အမြင်နဲ့ဆုံးဖြတ်ချက်ချမည့်အစားအတွေးအခေါ်နဲ့ ဆုံးဖြတ်ချက်ချပါ။ဘာကွာလဲ အတွေးအခေါ်နောက်မှာအချက်အလက်၊ လောဂျစ်နဲ့စဉ်းစားတဲ့အဆင့်တွေရှိတယ်။ Phyo Paing @ Derek

ကိုယ်သေချာနားမလည်တဲ့အရာကို“မမုန်းပါနဲ့။” Read More »

လူတိုင်းအတွက်တော့
မှန်မှာ မဟုတ်ဘူး။

လူတွေရဲ့ မှောင်နေတဲ့အခြမ်း dark side တွေကို မြင်နေကျဆို လူတွေရဲ့ သဘောမနောကို နားလည်သွားမယ်။ ဘဝမှာ လူတွေရဲ့ မျက်နှာဖုံးတွေအမျိုးမျိုးတွေ့ဖူးတယ်။ကံကောင်းတယ်လို့ဆိုရမယ်။ ငယ်ကတည်းက မတူညီတဲ့နေရာမတူညီတဲ့ဘဝအခြေအနေကြားမှာလူတွေရဲ့မတူညီတဲ့ သရုပ်တွေကို စောစောစီးစီး လေ့လာသိရှိခဲ့ရတယ်။ ငါတို့တွေ အေးအတူပူအမျှပေါ့ဆိုတဲ့ဟာကဒုက္ခနည်းနည်းရောက်နေရင်အဆင်ပြေတယ်။ ဒုက္ခတော်တော်ရောက်ရင် အေးအတူပူအမျှမဟုတ်တော့ဘူး။ ချမ်းသာမှုများများရတဲ့အခါသာတူညီမျှဖြစ်ချင်မှ ဖြစ်မယ်လေ။ ကလေးတွေထဲမှာ ကိုယ့်ကလေးကိုတော့အချစ်ဆုံးပဲလေ။ ကလေးငါးယောက်ရှိတယ်။နှစ်ယောက်ပဲကယ်ရမယ်ဆို ကိုယ့်ကလေးကိုယ်ပဲ အရင်ကယ်မှာပဲ။ ဒါကတော့ လူအများစု ဒီလိုပဲ စဉ်းစားမယ်လို့ထင်တယ်။ ကမ္ဘာလောကကြီးကိုလဲ အဲ့လိုပဲမြင်တယ်။ လူတိုင်းသည် ကိုယ့်အကျိုးစီးပွါးနဲ့ကိုယ်ပဲ။ ရေရှည်မှာ ဘာကြီးကိုဘယ်လောက်ချစ်ချစ်၊ဘယ်လောက်ယုံကြည်ကြည်ကိုယ့်အကျိုးစီးပွါးကို အဓိကရှေးရှုရွေးချယ်ကြတာပဲ။ဒါက ထူးခြားတဲ့အရာမဟုတ်ဘူး။လူ့သဘောတရားတစ်ခုပဲ။ နားထောင်ရတာ ခါးသလိုလိုရှိပေမယ့်ဒါက ဘဝ အမှန်တရားပဲ။ ကိုယ့်ဘဝ ဘယ်သူမှလာကယ်နေမှာမဟုတ်ဘူး။ကိုယ့်ကိုကိုယ်ပဲ ကယ်ရမှာ။ ဗုဒ္ဓက လမ်းပြပေးခဲ့တယ်။ ကိုယ့်ဘဝ ကိုယ်ပဲကယ်ရမှာ။ ဒါကတော့ ကိုယ်ယုံကြည်တဲ့ပုံပေါ့။ မိတ်ဆွေက ခရစ်ယန်ဆိုရင်တော့တစ်မျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်။

လူတိုင်းအတွက်တော့
မှန်မှာ မဟုတ်ဘူး။
Read More »

လူတွေကို ခွင့်မလွတ်နိုင်တာလူတွေကို အပြည့်အဝနားမလည်သေးလို့။

လူတွေကို ခွင့်မလွတ်နိုင်တာလူတွေကို အပြည့်အဝနားမလည်သေးလို့။ လူတစ်ယောက်အခြေအနေတစ်ရပ်ကိုသေချာနားမလည်တဲ့အခါ“သူဘာကြောင့် ဒီလိုလုပ်သလဲ”ဒီအဖြေကို ရှင်းရှင်းလင်းလင်းမရနိုင်ဘူး။ နားမလည်တဲ့အခါခွင့်မလွတ်နိုင်ဘူး။ ခွင့်မလွတ်နိုင်တဲ့အခါဒေါသတွေဖြစ်တယ်။နာကျင်မှုတွေဖြစ်တယ်။ဝမ်းနည်းမှုတွေဖြစ်တယ်။ပူဆွေးမှုတွေဖြစ်တယ်။ယူကျုံးမရဖြစ်တယ်။စိုးရိမ်သောကဗျာပါဒတွေများတယ်။ ဒီကနေ ဒဏ်ရာ Trauma တွေဖြစ်တယ်။ဒီ ဒဏ်ရာတွေကအနာကျက်သလိုလိုနဲ့ရံဖန်ရံခါဓားထက်ထက်နဲ့အရှင်လတ်လတ်လှီးထားသလိုအသားဖတ်ဗလပ်ဗလပ်နဲ့ပြန်ပြန်စပ်တယ်။ပြန်ပြန်နာတယ်။ တချို့ဒဏ်ရာတွေကိုမသိချင်ယောင်ဆောင်ရင်အကျဥ်းတန်ပုံစံနဲ့မျက်နှာဖုံးချွပ်လိုက်ရင်ပြန်ပြန်ပေါ်လာတတ်တယ်။ ဒီဒဏ်ရာတွေကို ကုစားဖို့လူတွေက therapy လုပ်တယ်။ဘုရားကိုရင်ဖွင့်တယ်။ဆေးဝါးတွေသောက်တယ်။ ဒီ ဒဏ်ရာ trauma တွေများလေလေဘဝရဲ့ ဒရာမာ drama တွေများလေလေ။ ဒီ ဘဝမှာ မလိုအပ်ပဲခံစားချက်အရှိန်တက်ဒရာမာတွေနည်းဖို့ကထရာမာ Trauma တွေ နည်းသွားဖို့လိုတယ်။ ဒီလိုလုပ်ဖို့ နားလည်ဖို့လိုတယ်။လူတွေ၊ အဖြစ်အပျက်တွေ၊သဘာဝတရားနဲ့ကိုယ့်ကိုကိုယ် သေချာနားလည်ဖို့လိုတယ်။ ဒီလို နားလည်ဖို့ ဥာဏ်လိုတယ်။ဆင်ခြင်နိုင်တဲ့ ပညာလိုတယ်။ဒီလို ဥာဏ်ပညာရှိပြီးနက်နဲစွာထိုးထွင်းသိမြင်အောင်လေ့ကျင့်တာကိုဝိပဿနာလို့ခေါ်တယ်။ နက်နဲစွာထိုးထွင်းသိမြင်သွားရင်ဒရာမာ drama တွေနဲ့ဒဏ်ရာ trauma တွေကြောင့်သံသရာဘယ်လိုဆက်နေလဲကွက်ကွက်ကွင်းကွင်းမြင်လာမယ်။ လူ့သဘော လူ့မနောသေချာသိလာမယ်။လူတွေ၊ အဖြစ်အပျက်တွေ၊သဘာဝတရားတွေကို နားလည်လာမယ်။ သမရိုးကျက သွေဖယ်တာကိုဖောက်ပြန်တယ်လို့ခေါ်တယ်။လောကသဘာဝအရပြောပြတာနဲ့မရနှလုံးသွင်းဖို့လိုတာအရာရာက သမရိုးကျကလွဲပြီးဖောက်ပြန်တတ်တယ်။မတည်မြဲဘူး။မတည်မြဲခြင်းကိုအနိစ္စလို့ခေါ်တယ်။ ကိုယ်သိထားတဲ့ ငါ၊ငါ့သား၊ ငါ့သမီး၊

လူတွေကို ခွင့်မလွတ်နိုင်တာလူတွေကို အပြည့်အဝနားမလည်သေးလို့။ Read More »

ဒါလေးက တော်တော်ကောင်းတယ်။

ကိုယ့်ကို မလေးမစားဆက်ဆံရင်ဘယ်လိုတုန့်ပြန််မလဲတဲ့။ Tik Tok က တွေ့လိုက်တဲ့ဗီဒီယိုလေးတစ်ခု။ Jefferson က How to handle difficult people မှာရေးထားတာကို ပြောထားတာလေး။ အဲ့လိုကြုံရင် ၁။ ၁၀ စက္ကန့်စောင့်တဲ့။(ဒီလိုလုပ်ခြင်းက ကိုယ့်ကို တစ်ဖက်လူနဲ့ စည်းခြားလိုက်သလိုရှိတယ်တဲ့။နောက် ပြောတဲ့သူမှာလဲ ဟာတာတာနဲ့ ဖြစ်နေမယ်တဲ့။) ၂။ ပြီးရင် ဒါက ငါတုန့်ပြန်ရမည့်စံနှုန်းထက် အများကြီးနိမ့်ကျနေတယ်။That’s below my standard for response တဲ့။ ဒါလေးက တော်တော်ကောင်းတယ်။ Phyo Paing @ Derek

ဒါလေးက တော်တော်ကောင်းတယ်။ Read More »

လုပ်ချင်တာဖြစ်အောင်လုပ်တာ
လူတော်။

မလုပ်သင့်တာ အစကတည်းကမလုပ်တာပညာရှိ။ လုပ်သင့်တာကိုလုပ်တာလူလိမ်မာ။ လုပ်ချင်တာဖြစ်အောင်လုပ်တာလူတော်။ လုပ်ဖို့လိုတာပဲရွေးလုပ်တာလူလည်။ မလုပ်သင့်တာ လုပ်တာလူမိုက်။ လုပ်သင့်တာမလုပ်တာလူပျင်း။ လုပ်ချင်တာဖြစ်အောင်မလုပ်တာလူညံ့။ လုပ်ဖို့မလိုတာတွေလုပ်တာလူဗြိန်း။ Phyo Paing @ Derek

လုပ်ချင်တာဖြစ်အောင်လုပ်တာ
လူတော်။
Read More »