people

လူတွေကြားထဲနေပျော်ချင်ရင်
တ်န်ဖိုးရှိတဲ့သူလုပ်။

တန်ဖိုးရှိတဲ့သူဆိုတာ အသုံးချလို့ရတဲ့သူ။ မြန်မာစကားမှာ အသုံးချတယ်ဆိုတာ မကောင်းတဲ့ဖက်သွားတယ်။ အမှန်တော့ အသုံးချလို့ရဖို့အသုံးကျမှရမှာ။ အသုံးကျဖို့က ကိုယ့်မှာ ပြဿနာတစ်ခုဖြေရှင်းနိုင်တဲ့အစွမ်းအစတစ်ခုတော့ အနည်းဆုံးရှိရမယ်။ ဥပမာဗျာပိုက်ဆံများများရှိရင် ငွေကြေးပြဿနာဖြေရှင်းပေးလို့ရတဲ့အတွက် အသုံးကျတယ်။ စျေးကွက်ကျွမ်းကျင်မှုရှိရင် စျေးကွက်ပြဿနာဖြေရှင်းပေးလို့ရတဲ့အတွက်အသုံးကျတယ်။ Phyo Paing @ Derek

လူတွေကြားထဲနေပျော်ချင်ရင်
တ်န်ဖိုးရှိတဲ့သူလုပ်။
Read More »

လူတွေက လောကကိုစိတ်တိုင်းမကျဘူးဆိုတာ
ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျလို့များတယ်။

ကိုယ့်ဘဝကိုယ်စိတ်တိုင်းမကျတဲ့သူကတခြားသူရဲ့ဘဝကိုလဲ စိတ်တိုင်းကျလေ့မရှိဘူး။ ကြုံဖူးလားတော့မသိဘူး။ကိုယ်က အရမ်းချစ်ကျွမ်းဝင်ပြီးကြည်နူးနေတဲ့အချိန် လောကကြီးက သာမန်ထက်ကြည်လင်နေတာမျိုး။ ရှူရတဲ့လေတောင် အရသာရှိနေတာမျိုး။အသက်ရှင်ပြီးအသက်ဝင်နေတာ။ သူများကို စိတ်တိုင်းမကျတာလဲမစဥ်းစားမိဘူး။ ပိုက်ဆံမွဲနေတဲ့အချိန်ဆို တခြားသူတွေ အလုပ်ဖြစ်နေတယ်ဆိုတာ ဟန်ဆောင်နေသလိုမျိုး၊ ကြွားနေသလိုမျိုး၊ မကောင်းမှုပြုပြီးငွေဝင်နေသမလိုမျိုးခံစားရလိမ့်မယ်။ လူတွေက လောကကိုစိတ်တိုင်းမကျဘူးဆိုတာကိုယ့်ကိုကိုယ် စိတ်တိုင်းမကျလို့များတယ်။ အပြင်မှာမြင်နေရတဲ့ ကမ္ဘာလောကကိုအဓိပ္ပာယ်ဖွင့်ဆိုမှုကအတွင်းပိုင်းကလာတယ်။ Phyo Paing @ Derek

လူတွေက လောကကိုစိတ်တိုင်းမကျဘူးဆိုတာ
ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျလို့များတယ်။
Read More »

ကိုယ့်ဘေးနားကလူတွေကို
ပျော်အောင်ထားဖို့အတွက်ဆို
ကိုယ့်ရဲ့စူပါပါဝါကိုသိဖို့လိုတယ်။

ဘဝမှာ အရေးကြီးဆုံးကကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်ထားနိုင်ဖို့။ ကိုယ့်ဘေးနားမှာ ရှိတဲ့သူတွေကိုစိတ်ချမ်းသားအောင်ထားနိုင်ဖို့။ ရေတိုအတွက်၊ ရေရှည်အတွက်အပါပေါ့။ ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်ထားဖို့ကိုယ့်ရဲ့ တန်ဖိုးထားမှု values တွေကိုသိဖို့လိုတယ်။ကျွန်တော့်အတွက်ဆို တိုးတက်မှု၊ လွတ်လပ်မှု၊ ရင်ခုန်မှုပေါ့။ ကိုယ့်ဘေးနားကလူတွေကိုပျော်အောင်ထားဖို့အတွက်ဆို ကိုယ့်ရဲ့စူပါပါဝါကိုသိဖို့လိုတယ်။ ဒီစူပါပါဝါကို အသုံးချလူတွေရဲ့ပြဿနာကိုဖြေရှင်းပေးပြီးသူတို့လိုချင်တာတွေရအောင်ကူညီပေးနိုင်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ဘေးနားကလူတွေကို
ပျော်အောင်ထားဖို့အတွက်ဆို
ကိုယ့်ရဲ့စူပါပါဝါကိုသိဖို့လိုတယ်။
Read More »

တခါတလေ လူတွေကိုယ့်ကို
သဘောမကျဘူးဆိုတာ
ကိုယ့်အမှားမဟုတ်ပါဘူး။
သူတို့အတွက် အကျိုးမရှိလို့ပါ။

ကိုယ်စတင်တိုးတက်ပြောင်းလဲလာတဲ့အခါရွဲ့တဲ့တဲ့၊ ခနဲ့တဲ့တဲ့ ကိုယ့်ကိုဆက်ဆံတဲ့သူတွေတွေ့ဖူးလား။ အမှန်တော့ သူတို့လဲမမှားဘူး။ကိုယ်လဲ မမှားဘူး။ ကိုယ်တိုးတက်ပြောင်းလဲတဲ့အခါတချို့အသိတွေအတွက် စိတ်မလှုံခြုံမှုဖြစ်နေတယ်။ ငါတို့ကျန်ခဲ့ပြီလားဆိုတာဖြစ်စေတယ်။ လူတွေက သူတို့ကို စိတ်လှုံခြုံမှုပေးတဲ့သူတွေကိုသဘောကျတယ်။သူတို့အထင်အမြင်ကို ထောက်ခံတဲ့သူတွေကိုသဘောကျတယ်။ ပျော်တတ်၊ ဟာသဥာဏ်ရွင်သူတွေကိုသဘောကျတယ်။ စစ်မှန်တယ်၊ ဟန်ဆောင်မှုကင်းတဲ့သူတွေကိုသဘောကျတယ်။ ယုံကြည်မှုပြည့်ဝတဲ့သူတွေကို သဘောကျတယ်။ ကိုယ့်အတွက်အကျိုးပြုပေးနိုင်တဲ့သူတွေကိုသဘောကျတယ်။ တခါတလေ လူတွေကိုယ့်ကိုသဘောမကျဘူးဆိုတာ ကိုယ့်အမှားမဟုတ်ပါဘူး။ သူတို့အတွက် အကျိုးမရှိလို့ပါ။ Phyo Paing @ Derek

တခါတလေ လူတွေကိုယ့်ကို
သဘောမကျဘူးဆိုတာ
ကိုယ့်အမှားမဟုတ်ပါဘူး။
သူတို့အတွက် အကျိုးမရှိလို့ပါ။
Read More »

ကိုယ့်ကိုကိုယ် ပြန်မေးရမှာ

ကိုယ့်ကိုကိုယ် ပြန်မေးရမှာလွန်ခဲ့တဲ့ သုံးလေးငါးနှစ်ကထက်ဘဝက ပိုကောင်းလာလား၊ပိုဆိုးလာလား။တစ်ကိုယ်ရည်ဘဝအတွက်စိတ်နဲ့ ခန္ဓာဘဝအရည်အသွေးတိုးတက်လာဖို့လိုတယ်လို့ထင်တယ်။ဒီအတွက်လဲ ဘယ်သူ့မှအားကိုးနေလို့မရပြန်ဘူး။ ငှက်ကလေးက သစ်ကိုင်းထက်အတောင်ကိုပိုအားကိုးဖို့လိုတတ်တဲ့အချိန်တွေရှိတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ပြန်မေးရမှာ Read More »

ပေးထားချက်ပေါ်မှာ
ရွေးချယ်မှုတွေပြုလုပ်ရတယ်။

တချို့လူတွေက ကံကိုကောင်းတယ်။တောင့်တစရာကို မလိုဘူး။လိုချင်တာတွေ အလိုလိုရောက်လာတတ်တယ်။ တချို့လူတွေက စိုက်ပျိုးပြီးမရိတ်သိမ်းလိုက်ရဘူး။ တချို့ကျတော့ လိုချင်တာရဖို့ကြံရဖန်ရ တတ်ပြန်တယ်။ တချို့ကျတော့ လမ်းဖောက်ပေးထားတဲ့သူအမြဲရှိတတ်တယ်။သူ့အလုပ်က လုပ်ရုံပဲ။ တချို့ကျတော့ အလုပ်တွေလုပ်တယ်။လုပ်သလောက်ပြန်မရဘူး။လုပ်မောကြီးဖြစ်နေတတ်တယ်။ အဲ့လို pattern ပုံစံတွေတွေ့ရတတ်တယ်။ ကံကြမ္မာဆိုတဲ့အရာကို ဗုဒ္ဓဘာသာအနေနဲ့စဉ်းစားတဲ့အခါအတိတ်ပေးထားတဲ့ကံကြမ္မာနဲ့ပစ္စုပ္ပာန်ရွေးချယ်မှုဒီနှစ်ခုကြားက middle way အလယ်လမ်း။ Conditional Choice လို့ခေါ်တယ်။ ပေးထားချက်ပေါ်မှာ ရွေးချယ်မှုတွေပြုလုပ်ရတယ်။ ကိုယ့်ရဲ့ပေးထားချက်တွေသိရင်ရွေးချယ်မှုတွေကို မှန်ကန်အောင်လုပ်လို့လွယ်သွားနိုင်တယ်။ Phyo Paing @ Derek

ပေးထားချက်ပေါ်မှာ
ရွေးချယ်မှုတွေပြုလုပ်ရတယ်။
Read More »

လူတွေရဲ့ ကြီးပြင်းလာတဲ့ပုံစံမတူတဲ့အခါ
ဘဝကိုမြင်တဲ့ အဓိပ္ပာယ်ဖွင့်ပုံစံတွေ
မတူကြဘူး။

ငယ်ငယ်တည်းက အားပေးမှုနဲ့မကြီးပြင်းခဲ့တဲ့သူတွေရှိတယ်။ အမေက အပြစ်တင်၊အဖေက အပြစ်တင်၊ အဒေါ် အပြစ်တင်၊ ဦးလေး အပြစ်တင်၊ဆရာ၊ ဆရာမက အပြစ်တင်။ အားပေးမှုနဲ့ မကြီးအပြစ်တင်မှုနဲ့ ကြီးလာတဲ့သူတွေရှိတတ်တယ်။ ဒီထဲမှာ ဒီအပြစ်တင်မှုကိုအပြုံးလေးနဲ့ ချွဲပြီးအားလုံးနဲ့အဆင်ပြေအောင်ပေါင်းသင်းကြီးပြင်းလာသူတွေရှိတယ်။ ဒီအပြစ်တင်မှုတွေကြားအားတင်းပြီး ရှင်သန်မှုခဲ့သူတွေရှိတယ်။ အားတင်းရှင်သန်ခဲ့သူတွေမှာကိုယ့်ကိုကိုယ် အကြီးအကျယ်ဝေဖန်တတ်တဲ့အကျင့်တစ်ခု အမြဲရှိတတ်တယ်။ ဘဝရဲ့ တချို့အစိတ်အပိုင်းတွေမှာကိုယ့်ကိုအမြဲဝေဖန်သူနဲ့ ချစ်ကျွမ်းဝင်တဲ့အခါဘဝက သံကြိုးနဲ့ရှေ့ဆက်ရသလိုဖြစ်တတ်တယ်။ ကိုယ့်ကိုကိုယ်မြင်တာထက်ပိုကောင်းအောင်မြင်တဲ့သမီးရည်စားနဲ့တွေ့လာတဲ့အခါဘဝက ထင်မှတ်မထားလောက်အောင်ပိုကောင်းလာတတ်တယ်။ လူတွေရဲ့ ကြီးပြင်းလာတဲ့ပုံစံမတူတဲ့အခါဘဝကိုမြင်တဲ့ အဓိပ္ပာယ်ဖွင့်ပုံစံတွေမတူကြဘူး။ Phyo Paing @ Derek

လူတွေရဲ့ ကြီးပြင်းလာတဲ့ပုံစံမတူတဲ့အခါ
ဘဝကိုမြင်တဲ့ အဓိပ္ပာယ်ဖွင့်ပုံစံတွေ
မတူကြဘူး။
Read More »

ကိုယ့်ကိုကိုယ်ကာကွယ်ဖို့
လူ့သဘောမနောကို သိထားဖို့လိုတယ်။

လူယုံတွေကပဲ သတ်တာ။ ဒါကြောင့် Robert Greene က 48 laws of power မှာ Don’t trust friends, use enemies တဲ့။ သမိုင်းတစ်လျှောက်ပြန်ကြည့်ရင်လဲဒီသာဓကတွေ အများကြီးပဲ။ သက်ဆင်သမီးနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဒါကြည့်ရင်လဲ သာဓကတစ်ခုပဲ။ လူတိုင်းမှာ စည်းတစ်ခုထားရမယ်။လျှို့ဝှက်ချက်တိုင်းကို ပြောလို့မရဘူး။ဒေတာနဲ့ ကာကွယ်ရင်ကာကွယ်။narrative အာဘော်နဲ့ကာကွယ်ရင်ကာကွယ်။ လောကမှာ လူလုပ်နည်းမတတ်ရင်အန္တရာယ်သိပ်များတဲ့ ရှုပ်ထွေးလွန်းတဲ့ လူ့လောက။ သိလိုက်သည်ဖြစ်စေမသိလိုက်သည်ဖြစ်စေလောကကြီးက အကျိုးစီးပွါးအခြေပြုလည်ပတ်နေကြတယ်။ ငွေကြေးတစ်ခုတည်းမဟုတ်ဘူး။ဂုဏ်၊ အာဏာ၊ အစရှိသည်ပေါ့။ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ လူ့သဘောမနောကို သိထားဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ်ကာကွယ်ဖို့
လူ့သဘောမနောကို သိထားဖို့လိုတယ်။
Read More »

ကိုယ်နဲ့တွေ့တဲ့သူတွေ
အရေးသိပ်ကြီးတယ်။

လူတွေ။ ကျောင်းမှာတွေ့တဲ့လူတွေကကျောင်းစာတွေထက်ပိုအရေးကြီးတတ်တယ်။စာကဘယ်မှာဖတ်ဖတ်ရတယ်။လူတွေက “ဓာတ်တူရာစု” တဲ့အတွက်တော်တဲ့သူတွေနားတော်တဲ့သူတွေစုတယ်။ အလုပ်ကြိုးစားတဲ့သူတွေနားအလုပ်ကြိုးစားသူတွေစုတယ်။ပညာရှင်တွေနား ပညာရှင်တွေစုတယ်။ ကိုယ်နဲ့တွေ့တဲ့သူတွေအရေးသိပ်ကြီးတယ်။ ကိုယ့်ရဲ့လောကအမြင်အပေါ်အနည်းနဲ့အများ သက်ရောက်မှုရှိတယ်။ Phyo Paing @ Derek

ကိုယ်နဲ့တွေ့တဲ့သူတွေ
အရေးသိပ်ကြီးတယ်။
Read More »