ဗုဒ္ဓစကားနားထောင်ပါ။
နေ့တိုင်းဘဝကို အထာကျကျဖြတ်သန်းချင်ရင်ဗုဒ္ဓစကားနားထောင်ပါ။ လူတစ်ယောက်ရဲ့ အခြေခံအကျဆုံး ကျွမ်းကျင်မှုက “အာရုံ” စီမံခန့်ခွဲမှုပဲ။ စိတ်ဆိုတာ အဖြူထည်လေး။အာရုံထားတဲ့ နေရာကို စိတ်က ရောက်တယ်။စေတသိတ်တွေကခြယ်လှယ်တယ်။ အလိုမကျမှုတွေကို အာရုံစိုက်ရင်အားငယ်စိတ်တွေကို အာရုံစိုက်ရင်ကြောက်စိတ်တွေကို အာရုံစိုက်ရင်မတရားသဖြင့်ရယူလိုစိတ်တွေထားရင် လောဘ၊ ဒေါသ၊ မောဟ၊ သောကဒီစေတသိတ်တွေ လွမ်းမိုးပြီးနေ့စဥ်ဘဝက လောဘ၊ ဒေါသ၊ မောဟ၊ သောက၊ ဗျာပါဒ တွေများနေမယ်။ တခြားသူနဲ့နှိုင်းယှဉ်ပြီး စိတ်မကျေမချမ်းဖြစ်နေရင်သသင်္ခါရိကအုပ်စုဝင် စေတသိက်တွေလွမ်းမိုးပြီးစိတ်မရွင်မသာ ဖြစ်နေလိမ့်မယ်။ ကိုယ့်စိတ်ရဲ့အဖြစ်အပျက်တွေကို နေ့စဥ် ဂရုပြုရှုမယ်ဆိုရင်ဖြစ်ပြီးပျက်တဲ့ သဘောတရား။ ဒီရေလှိုင်းလို တက်လိုက်ကျလိုက်သဘောတရားကို သတိပြုမိလိမ့်မယ်။ သဗ္ဗစိတ္တသာဓာရဏစေတသိက် တွေလွမ်းမိုးလိမ့်မယ်။ Self-awareness ပိုရှိလာမယ်။ ဒါကြောင့်လဲ ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးမှာသမ္မာသတိ မှန်သော အောက်မေ့ နှလုံးသွင်းမှု၊ သမ္မာသမာဓိ မှန်သော တည်ကြည် စူးစိုက်မှုရှိဖို့ဟောကြားခဲ့တာ။ ကိုယ့်ရဲ့အိပ်မက်တွေပေါ်အာရုံပြုမယ်။အတိတ်ရဲ့ဂုဏ်ယူစရာတွေပြန်စဥ်းစားပီတိဖြစ်မယ်။ဝီရိယထားပြီး အလုပ်လုပ်ကိုင်မယ်။ကိုယ့်အတွေးအကြံအလုပ်ကို သေချာဂရုပြုမယ်။ဒါဆို […]
ဗုဒ္ဓစကားနားထောင်ပါ။ Read More »
