relationship

တခြားသူတွေကို ပြင်ဖို့မကြိုးစားပါနဲ့။

တခါတလေ လောကမှာပြင်လို့ရတဲ့အရာတွေရှိသလိုတချို့အရာတွေက ပြင်လို့မရဘူး။ တခါတလေ ကိုယ့်မိဘကို၊​ကိုယ့်သားသမီးကို၊​ကိုယ့်ချစ်တဲ့သူတွေ၊ သမီးရည်းစား၊ပြင်လို့ရတာရှိမယ်။စိတ်ဘယ်လောက်ရှည်ရှည်ပြင်မရတာရှိမယ်။တခါတလေ ပြင်မရတဲ့သူတွေကိုပြင်လို့မရရင် စိတ်ဆင်းရဲခံပြီးပြင်မနေပါနဲ့တော့။ Vicktor Franklr ကတော့လူတွေက ပတ်ဝန်းကျင်ကို ပြောင်းလို့မရတဲ့အခါကိုယ့်ကိုကိုယ် ပြောင်းဖို့ကြိုးစားကြတယ်တဲ့။ ကိုယ့်ကိုကိုယ်ပဲ ပြောင်းဖို့ကြိုးစားကြည့်ပါ။ Phyo Paing @ Derek

တခြားသူတွေကို ပြင်ဖို့မကြိုးစားပါနဲ့။ Read More »

ယောကျာ်းတွေအတွက်
အရေးအကြီးဆုံးက လွတ်လပ်မှု။

အမျိုးသမီးတွေအတွက်အရေးအကြီးဆုံးက အချစ်မေတ္တာ။ ယောကျာ်းတွေရဲ့ တာဝန်ကသူတို့ဘဝရဲ့ သမိုင်းပေးတာဝန်နဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့။အမျိုးသမီးတွေအတွက်ကချစ်ခင်ပျော်ရွင်စရာကောင်းတဲ့အချစ်ရေး၊ အိမ်ထောင်ရေးနဲ့သားသမီးတွေနဲ့ နေဖို့။ အမျိုးသားတစ်ယောက်ကဖိုဓာတ်နည်းလာတဲ့အခါအိမ်ထောင်ရေးပြဿနာဖြစ်သလို၊အမျိုးသမီးက အလုပ်အကိုင်ကိုအချစ်ရေးထက် ဦးစားပေးတဲ့အခါပြဿနာဖြစ်တတ်တာ မျက်မြင်ကိုယ်တွေ့ဖြစ်သလိုပျော့ပြောင်းတဲ့ အမျိုးသားနဲ့သန်မာတဲ့ အမျိုးသမီးကလဲသဟဇာတဖြစ်နေတာမျိုးလဲတွေ့ဖူးလိမ့်မယ်။ ဒါကတော့ ကမ္ဘာကျော် စာအုပ်ဖြစ်တဲ့David Deida ရဲ့The way of superior man ထဲက။လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကတည်းကဒီစာအုပ်ကို ကြားဖူးတယ်။ဒီနေ့မှ အကုန်ဖတ်ဖြစ်တယ်။ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာတစ်လင်တစ်မယားစနစ်နဲ့ သွားနေကြပေမယ့်ယောကျာ်းအများစုဟာ သူ့ရဲ့masculine energy ကို လွတ်လပ်မှုပေးဖို့အိမ်ထောင်ပြင်ပမှာ လွတ်လပ်ပျော်ပါးတာအနည်းနဲ့ အများရှိကြတယ်။နည်းပညာတွေ တိုးတက်လာတဲ့အတွက်အမျိုးသမီးအချို့က GPS တွေနဲ့အမျိုးသားဖုန်းတွေထဲထည့်track တာမျိုးလုပ်ကြတယ်။ ပျော်ပါးတယ်လို့ ပြောတဲ့နေရာမှာfeminine ဓာတ်တွေဖြစ်တဲ့အရက်၊ ဘီယာ၊ မိန်းမ၊ ဂိမ်းဒါတွေ ပါဝင်တယ်လို့ author ကဆိုတယ်။ နောက်ပြီး လွတ်လပ်မှုဆိုတာကိုဇီဝကမ္မဖြစ်စဥ်အရ ejaculation ကလာတယ်။ ဒီ masculine ဓာတ်ကို

ယောကျာ်းတွေအတွက်
အရေးအကြီးဆုံးက လွတ်လပ်မှု။
Read More »

တချို့လူတွေအတွက် အခက်အခဲဆုံး
တစ်ခုက လူဦးတစ်ယောက်ကို
မှတ်ဥာဏ်ထဲက ထုတ်ဖို့ပဲ

နှစ်ပေါင်းတော်ကြာဖြစ်နေတာတောင်မှတ်ဥာဏ်ထဲက ထုတ်ရခက်တာမျိုးဖြစ်တတ်ကြတယ်။ အဓိက ဖြစ်နိုင်တာက အဲ့ဒီလူတစ်ယောက်ကြောင့် ဘဝမှာတခါမှ မရဖူးတဲ့ လွတ်လပ်မှု၊ ရင်ခုန်မှု၊ ဂုဏ်ယူမှု အရင်မခံစားဖူးတဲ့ခံစားမှုတစ်ခုကို ပထမဆုံးအနေနဲ့အကြီးအကျယ်ခံစားလိုက်ရလို့ဖြစ်နိုင်တယ်။ ဒီခံစားချက်က ကိုယ်ကတောင်းတပြီးအရင်က မကြုံဖူးခဲ့တဲ့ ခံစားမှုမျိုးဖြစ်နေနိုင်တယ်။ အဲ့ဒီလူက ကိုယ့်ကို ပါဝါတစ်ခု ခံစားမှုမျိုးပေးတာမျိုးလဲဖြစ်နိုင်တယ်။ အဲ့ဒီ ခံစားချက်ကို ကိုယ်တိုင်ရှာဖွေအစားထိုးလို့မရသမျှမေ့ဖို့ ခက်နေတာမျိုး ဖြစ်နေတတ်တယ်။ ဒါကို တချို့လူတွေပဲ ကောင်းကောင်းနားလည်လိမ့်မယ်။ Phyo Paing @ Derek

တချို့လူတွေအတွက် အခက်အခဲဆုံး
တစ်ခုက လူဦးတစ်ယောက်ကို
မှတ်ဥာဏ်ထဲက ထုတ်ဖို့ပဲ
Read More »

လူတွေက အချစ်နဲ့တွေ့ရင်
ပြန်လည်ရှင်သန်လာတယ်

လူတွေက အချစ်နဲ့တွေ့ရင် ပြန်လည်ရှင်သန်လာတယ်။အထူးသဖြင့် အစပိုင်းမှာပေါ့။ လူတော်တော်များများကို ဘူစေတဲ့အရာကလဲ ဒီအချက်ပဲ။ အချစ်ရေး၊ အိမ်ထောင်ရေးပဲ။ လူနှစ်ယောက်က အနေနီးရင်ချစ်တယ်။ (Near distance)ပုံစံတူရင်ချစ်သွားတတ်တယ်။ (Similarity)ရင်းနှီးမှုများရင် ချစ်တယ်။ (Familiarity) ဒါကို Big 3 လို့ခေါ်တယ်။ ဒါနဲ့ ခပ်ဆင်ဆင် CIA Agent တွေက သူလျှိုလုပ်တဲ့အခါတဖက်လူနဲ့နီးစပ်အောင်လုပ်တဲ့ formula ရှိတယ်။ကျွန်တော်ကတော့ PDFI လို့အတိုကောက်မှတ်ထားတယ်။ Friendship =Proximity + Frequency +Duration + Intensity နောက် စိတ်ဝင်စားမှုကို တက်စေတဲ့ချက်လေးချက်ရှိတယ်။ 1. အလုပ်အကိုင်သို့ စွမ်းဆောင်ရည် Competency2. ရုပ်ရည် Look (Physical attraction)3. သူနဲ့တွဲတဲ့အတွက် ရှုံးနိုင်ခြေ Gain or Lost4. နောက်ဆုံးတစ်ခုက Lust

လူတွေက အချစ်နဲ့တွေ့ရင်
ပြန်လည်ရှင်သန်လာတယ်
Read More »

Emotional home

ဒီနေ့ခေတ် လူသားတွေ ပြဿနာအများစုကrelationship တွေကနေ လာတယ်။လူတိုင်းက ရည်းစားထားကြပေမယ့်အဲ့ဒီသူတိုင်းက emotional home မဖြစ်ဘူး။ တချို့လူတွေက ကလေးဘဝကတည်းကမိဘမေတ္တာကို အပြည့်အဝရတယ်။ဒီတော့ သူတို့ family က သူတို့အတွက်Emotional home ပဲ။ တချို့ကလေးတွေကျ ယုံပြီးပုံအပ်လို့ရတဲ့မိဘ၊ ဆွေမျိုးအသိုင်းအဝိုင်းမရှိဘူး။အဲ့တော့တချို့လူတွေကို emotional homeအဖြစ်ထားတတ်ကြတယ်။ တကယ်လို့ သစ္စာဖောက်ခံရတဲ့အခါemotional home ပျောက်သွားပြီးဒုက္ခရောက်တဲ့ အခိုက်အတန့်တွေကြုံတွေ့နိုင်တယ်။ ကိုယ့်ရဲ့ emotional home ကကိုယ့်ကိုကိုယ် အပေါ်မှာနဲ့ကိုယ် safe ဖြစ်တယ်လို့ခံစားတဲ့သူတွေမှာပဲ ထားဖို့လိုတယ်။မဟုတ်ရင် တိုင်ပတ်တယ်။ Phyo Paing @ Derek

Emotional home Read More »

အမျိုးသားတစ်ယောက်ဟာ

သူ့ထက်ရည်မှန်းချက်ကြီးတဲ့အမျိုးသမီးကို တွေ့တဲ့အခါဒုက္ခရောက်ရတယ်။ဒီစာသားကိုAmerican dream in Chinaဆိုတဲ့ ဇာတ်ကားမှာ မှတ်မှတ်ရရသတိထားလိုက်မိတယ်။စဉ်းစားစရာတစ်ခုပဲ။ အမျိုးသားတစ်ယောက်အတွက်အရေးအကြီးဆုံးကHigh-value man ဖြစ်ဖို့ပဲ။လိုချင်တာတွေနောက် လိုက်ဖို့ထက်လိုချင်တာတွေနဲ့ ထိုက်တန်တဲ့သူဖြစ်အောင်တည်ဆောက်ဖို့က ပိုအရေးကြီးတယ်။ Phyo Paing @ Derek

အမျိုးသားတစ်ယောက်ဟာ Read More »

Relationship ကနေ Relationsh*t မဖြစ်ဖို့ ပိုအရေးကြီးတတ်တယ်။

ကျွန်တော်စဥ်းစားကြည့်တယ်။ Relationship နဲ့ ပတ်သက်လာရင်လီကွမ်းယူတို့လို ငယ်ချစ်တွေနဲ့သေတဖန်သက်တစ်ဆုံးသွားတဲ့သူတွေရှိသလိုTony Robbins တို့လို ကလေးသုံးယောက်အမေကို ငယ်ဘဝမှာ ယူခဲ့ပြီးနောက် divorce လုပ်ပြီး Sage Robbins နဲ့ ပြန်ယူပြီးဘဝကို သာသာယာယာဖြတ်သန်းတာရှိသလိုEben Pagan လို့ ဝါသနာတူတဲ့သူကို Burning Man လိုပွဲမှာတွေ့ပြီးcareer တူတူ သွားတာရှိတယ်။ Tim Ferriss တို့လို girlfriend ရှိပြီးအိမ်ထောင်မပြုတဲ့သူတွေရှိသလို Tai Lopez တို့လို အလုပ်လုပ်မယ်။ကဲမယ် ဆိုတဲ့သူတွေရှိတယ်။ Neil Strauss တို့လို PUA မှာဆရာကျ လွန်းပြီးနောက်ဘဝကို အခြေကျတဲ့သူတွေလဲရှိတယ်။ Social structure ကြီးကို တည်ဆောက်ဖို့Monogamy က အကောင်းဆုံးနည်းလို့ဆိုရမှာဖြစ်ပြီး ဒါကို religion တွေနဲ့ အစိုးရက အားပေးတယ်။ တကယ်တမ်း statistics

Relationship ကနေ Relationsh*t မဖြစ်ဖို့ ပိုအရေးကြီးတတ်တယ်။ Read More »

အထီးကျန်ဝေဒနာ

တချို့လူတွေက အထီးကျန်တတ်တယ်။ညနေရောက်ရင် ဘာလိုနေမှန်းကိုမသိဘူး။ငါဘာကြောင့် အလုပ်လုပ်နေမှန်းမသိဘူးအဲ့လို အတွေးမျိုးတွေ ဝင်တတ်တယ်။ ဒီအထီးကျန်မှုက တလွဲတွေကိုဖြစ်စေတတ်လို့ သတိထားရတယ်။ မထိန်းတတ်ရင် စိတ်ကျရောဂါဖြစ်တတ်တယ်။ ဒါကို ကျော်လွှားဖို့ အိမ်ထောင်ပြုမယ်ဆိုငါးပါးမှောက်ပြီသာမှတ်။ သမီးရည်းစားထားလို့ အစပိုင်းမှာအဲ့အထီးကျန်တာက ပျောက်ကောင်းပျောက်သွားနိုင်ပေမယ့် အခြေအနေတစ်ခုရောက်တဲ့အခါ ဒီအထီးကျန်ခြင်းက ပြန်ဖြစ်နိုင်တယ်။ အထူးသဖြင့် ရစ်တာ၊ ရန်ဖြစ်ပြီးဘူပိတ်တာနဲ့ အထီးကျန်တာနဲ့ယှဥ်ရင်ဒုတိယ တစ်ခုကိုပဲ ရွေးလိုက်ကြတာများတယ်။ အထီးကျန်တာကို ကုစားဖို့အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ဘဝရဲ့ purpose ရည်ရွယ်ချက်ကိုရှာဖွေပြီး အဲ့အလုပ်ကို ဂိမ်းကစားသလို ပိုးစိုးပက်စက်လုပ်တာပဲဖြစ်တယ်။ Phyo Paing @ Derek

အထီးကျန်ဝေဒနာ Read More »

မွန်းကြပ်မှု

Relationship တချို့မှာ အချိန်တစ်ခုရောက်ရင်မွန်းကြပ်မှုဆိုတဲ့ အမှတ်တစ်ခုရောက်လာတတ်တယ်။ စိတ်ပညာအရ ဘာကြောင့်ဖြစ်လဲဆိုရင်တစ်ဖက်လူက သူ့ရဲ့စိတ်ခံစားမှု၊ လူမှုဆက်ဆံရေးလိုအပ်ချက်အားလုံးကိုတဖက်လူတစ်ယောက်ထဲအပေါ်ကမျှော်လင့်တဲ့အခါ ဒီ ”မွန်းကြပ်မှု suffocating” ဆိုတာဖြစ်တတ်ကြတယ်။ ဒီလိုအချိန်မျိုးမှာ တစ်ဖက်လူရဲ့လုပ်ရပ်တိုင်းကို အထအနကောက်ပြီးစိတ်တိုင်းမကျ ဖြစ်တတ်တယ်။ တဖက်လူအနေနဲ့လဲ သူ့မှာတခြားကိစ္စေတွကြားမှာ အရာရာကို အာရုံမပြုမိတာမျိုးဖြစ်တတ်တယ်။အဲ့ဒီ point က Eminem ရဲ့Love the way you lie သီချင်းထဲကလိုခံစားမှုနဲ့ ပြဿနာတွေ စဖြစ်တာပဲ။ ဒါကြောင့် အလုပ်ရှုပ်နေပါစေ။ Phyo Paing @ Derek

မွန်းကြပ်မှု Read More »