Lifestyle Design
လိုချင်တဲ့ ဘဝကိုတည်ဆောက်ဖို့ ဘဝနေထိုင်မှုပုံစံကို စဉ်းစားရတယ်။ Lifestyle Design လုပ်ဖို့ အဓိက အချက် သုံးချက်ကို စဉ်းစားရတယ်။ ဒါတွေကတော့ ၁. နေထိုင်ချင်တဲ့ ဘဝပုံစံကဘယ်လိုဖြစ်မလဲ?၂. မသေခင် မဖြစ်မနေ အကောင်ထည်ဖော်ချင်တဲ့အရာတွေကဘာလဲ?၃. ဘယ်နေရာမှာနေနေ ဝင်ငွေရှိအောင်ဘယ်လိုလုပ်မလဲ? =========================၁. နေထိုင်ချင်တဲ့ ဘဝပုံစံစဉ်းစားတဲ့အခါ ========================= ၁. ကိုယ့်ရဲ့လက်ရှိတန်ဖိုးထားမှု ၂. အနာဂတ်မှာဖြစ်လာနိုင်တဲ့ တန်ဖိုးထားမှု၃. ကိုယ်နေထိုင်ချင်တဲ့ ဘဝပုံစံကို ရရှိပြီးထားသူများ ဒီသုံးချက်ကို စဉ်းစားတယ်။ တန်ဖိုးထားမှုကို နှစ်ခုဘာကြောင့်ထားလဲဆိုရင် သူက ပြောင်းလဲတတ်တဲ့သဘောရှိတယ်။ လူငယ်ဘဝမှာသာ လွတ်လပ်မှုနဲ့ တိုးတက်မှုကိုတန်ဖိုးထားပေမယ့် အသက်၆၀ လောက်ရောက်ရင် သားသမီးတွေနဲ့ နွေးထွေးမှုက လိုလာနိုင်တယ်။ ဒီတော့ ကိုယ့်ရဲ့ compass ကိုသိဖို့အရေးကြီးသလို ကိုယ့်အရင် ဘိုးဘေးတွေအကြောင်းလဲလေ့လာကြည့်တယ်။ သူတို့ဘာအလုပ်တွေလုပ်တယ်။ ဘဝကိုဘယ်လိုဖြတ်သန်းတယ်ဆိုတာ။ ကိုယ်နေထိုင်ချင်တဲ့ […]
