ကိုယ့်ကိုကိုယ် ဘယ်တော့မှ
အပြစ်မတင်ပါနဲ့။
အနာဂတ်အတွက် အဆိုးဆုံးကိုကြိုတင်ပြင်ဆင်ထားပါ။ သုညကနေပြန်စရမှာမကြောက်ပါနဲ့။ ဒီအတွက်လဲ ကြိုတင်ပြင်ဆင်ထားပါ။ ကိုယ့်ခေါင်းထဲကိုထည့်တဲ့ အတွေးအခေါ်သေချာ ဂရုစိုက်ပါ။ Phyo Paing @ Derek
အနာဂတ်အတွက် အဆိုးဆုံးကိုကြိုတင်ပြင်ဆင်ထားပါ။ သုညကနေပြန်စရမှာမကြောက်ပါနဲ့။ ဒီအတွက်လဲ ကြိုတင်ပြင်ဆင်ထားပါ။ ကိုယ့်ခေါင်းထဲကိုထည့်တဲ့ အတွေးအခေါ်သေချာ ဂရုစိုက်ပါ။ Phyo Paing @ Derek
ခုဆို ၂၄ ရက်ပဲရှိသေးတယ် တချို့တွေ စိတ်ဓာတ်ကျချင်လာပြီတချို့တွေ ဒေါသတွေကြီးလာပြီတချို့တွေ အဆဲသန်လာပြီ။ ဒေါ်အောင်ဆန်းစုကြည်လို နေအိမ်အကျယ်ချုပ်နဲ့ ဆယ်စုနှစ်တစ်ခုကျော်နေရမယ်ဆို ကျွန်တော်တို့ သွေးပျက်သွားနိုင်လောက်တယ်။ Freedom from Fear ဆိုတာ စိတ်ခံစားမှု (အကြောက်တရား)ကင်းဝေးဖို့အတွက်ဆို ကိုယ်ကစိတ်ခံစားမှုရဲ့ အရှင်သခင်ဖြစ်နေဖို့ လိုတယ်။ ခေါင်းအေးအေးနဲ့ မဟာဗျူဟာချပြီးစိတ်ရှည်ရှည်နဲ့ ရည်မှန်းချက်ကိုရောက်အောင်သွားဖို့ လိုတယ်။ အရင်လိုမှုက အရေးကြီးသလိုရေရှည်အတွက် ဒူပေဒဏ်ပေခံပြီး စိတ်ရှည်ဖို့လဲ အရေးကြီးတယ်။ ကျွန်တော်တို့ တချို့အရာတွေကို တိုက်ရိုက် မလွမ်းမိုးနိုင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုကိုတော့တိုက်ရိုက် ၁၀၀% လွမ်းမိုးနိုင်တယ်။ Phyo Paing @ Derek
ဒီအတွေ့အကြုံကို အကောင်းဆုံးရဖို့Dream list လိုပါတယ်။ ကျွန်တော်တို့တွေ အသက်ဘယ်လောက်ထိနေရမယ်ဆိုတာ ဘယ်သူမှ သေသေချာချာမသိဘူး။ဒီမွေးဖွားခြင်းနဲ့ သေဆုံးခြင်းကာလကြားမှာလုပ်ချင်တဲ့အရာတွေကို list လုပ်ထားပြီးတစ်ခုပြီးတစ်ခု အကောင်အထညိဖော်သွားဖို့အရေးကြီးတယ်။ ကျွန်တော်ကတော့ Dream List ဆိုပြီးရေးထားတယ်။ ဒီ Dream List တွေကို တစ်ခုချင်းအကောင်အထည်ဖော်ဖြစ်တယ်။ ကျွန်တော့်ရဲ့ Dream List ထဲမှာသူ့အလိုလိုလည်ပတ်နေတဲ့ brand/business အခု ၂၀ တည်ဆောက်ဖို့ပါတယ်။၇ ခု တော့ပြီးပြီ။ နောက် ၁၃ ခုလိုသေးတယ်။ Phyo Paing @ Derek
လူတစ်ယောက်က လိုတာထက်ပိုရည်မှန်းချက်ကြီးလာတဲ့အခါလောကကြီးကို စိတ်တိုင်းမကျဖြစ်လာတတ်တယ်။ဒါသဘာဝပါပဲ။ရည်မှန်းချက်မြင့်လာတာနဲ့အတူအတွေးအခေါ် အရည်အချင်းမြင့်လာဖို့လိုတယ်။ Phyo Paing @ Derek
စာဘယ်လောက်ကြိုးစားကြိုးစားနည်းလမ်းမမှန်ရင် အောင်စာရင်းမှာအမှတ်နည်းမှာပဲ။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ဘယ်လောက်စေတနာရှိရှိ နည်းလမ်းမှားရင်လူချစ်လူခင်နည်းမှာပဲ။ စီးပွားရေးမှာ ဘယ်လောက်ကြိုးစားကြိုးစားနည်းလမ်းမမှန်ရင် အမြတ်ငွေ အောင်စာရင်းကအမှတ်ရသင့်သလောက်ရမှာ မဟုတ်ဘူး။ အထူးသဖြင့် ဆရာ၊ ဆရာမ ဘယ်သူ့မှ favorမပေးတဲ့ ခေတ်မှာပေါ့။ Phyo Paing @ Derek
လောကဓံရှစ်ပါးကို မခံနိုင်ရင် ရူးတောင်ရူးသွားအုံးမယ်။ ဆင်ခြင်တုံကင်းသောသူကို ရူးသွပ်တုန်လှုပ်စေနိုင်တဲ့ လောကဓံ ရှစ်ပါး၊ (၁) လာဘ – လာဘ် ပေါများ၍ တက်ကြွတုန်လှုပ်ခြင်း၊(၂) အလာဘ – လာဘ်နည်း၍ညှိုးငယ်တုန်လှုပ်ခြင်း။(၃)ယသ – အခြံအရံများ၍တက်ကြွတုန်လှုပ်ခြင်း၊(၄) အယသ – အခြံအရံနည်း၍ ညှိုးငယ် တုန်လှုပ်ခြင်း၊(၅) ပသံသာ – ချီးမွမ်းခံရ၍ ဝမ်းမြောက်တုန်လှုပ်ခြင်း၊(၆) နိန္ဒ – အကဲ့ရဲ့ခံရ၍ဝမ်းနည်း တုန်လှုပ်ခြင်း၊(၇) သုခ – ချမ်းသာကိုစွဲ၍ ဝမ်းသာတုန်လှုပ်ခြင်း၊(၈) ဒုက္ခ – ဆင်းရဲကိုစွဲ၍ ညှိုးငယ်ပူပြင်း စိုးရိမ်တုန်လှုပ်ခြင်း။ Phyo Paing @ Derek
အမေရိကန် သူဌေးက အောင်မြင်ဖို့ ကိုယ်ကြိုက်တဲ့အလုပ်ကိုလုပ်လို့ပြောလိမ့်မယ်။ သူ့နိုင်ငံချမ်းသာတာကိုး။ တရုတ်အငတ်ဘေးနဲ့ ရင်ဆိုင်ဖူးတဲ့ တရုတ်သူဌေးကြီးကတော့ စကားမများနဲ့ ထမင်းကျွေးတဲ့အလုပ်ကိုသေချာလုပ်၊ ငွေလျှောက်မသုံးနဲ့။ အနာဂတ်အတွက် သေချာစု၊အရင်းနှီးလေးရှိလာရင်ကိုယ်ပိုင်လုပ်ငန်းလေးလုပ် လို့ပြောလိမ့်မယ်။ အခြေနေမတူဘူးလေ။ Rich Kid တွေ Follow your passion လုပ်နေတဲ့အချိန်ကိုယ်က ဗိုက်ဖြည့်ဖို့ ကြမ်းတိုက်ရင်လည်းတိုက်ရမှာပဲ။ အတိတ်က အနာဂတ်ကို အဆုံးအဖြတ်မပေးနိုင်ဘူး။ငယ်ငယ်က ကျောင်းမှာစာပြိုင်ဖက်Rich Kid တွေ ကားဝယ်ဖို့ အိမ်မှာမုန့်ဖိုးတောင်းနေတုန်း။ Perspective အရေးကြီးတယ်။ #အနာဂတ်အတွက်အPhyo Paing @ Derek (P.S. ဟိုးငယ်ငယ်ကရေးထားဖူးတာလေး တိုက်ဆိုင်မယ်ထင်လို့။)
No လို့ပြောရမည့်အရာတွေများလာလေလေပဲ။ ဒီ NO တစ်လုံးကြောင့် ပိုကောင်းတဲ့“Next Opportunity” တစ်ခုကို ဖြစ်ပေါ်စေနိုင်တယ်။မဟာဗျူဟာမှာ ဆရာကြီး Michael Porter ကမဟာဗျူဟာဆိုတာ ဘာကို “No” လို့ပြောရမယ်သိတာပဲတဲ့။ Phyo Paing @ Derek
Freedom to Fail လွတ်လပ်စွာ ကျဆုံးခွင့် Marriage တစ်ခု fail ဖြစ်တယ်။ စာမေးပွဲကျတယ်။လုပ်ငန်းကျဆုံးသွားတယ်။ ရွေးကောက်ပွဲမှာ မဲမရဘူး။Project တစ်ခု fail ဖြစ်တယ်။ လူတိုင်းတစ်ကွေ့ကွေ့မှာ တစ်ခုခု ကြုံမှာပဲ။ ဒီ failure ကို လက်ခံနိုင်ဖို့လိုတယ်။ အောင်မြင်မှုရှိရင် ကျဆုံးမှုရှိမယ်။မကျဆုံးပဲ အကုန်လုံး မအောင်မရှိဆို အောင်မြင်မှုအဓိပ္ပာယ်မရှိဖြစ်သွားမှာပေါ့။ အရေးကြီးတာ ကိုယ့်အနေနဲ့ကျဆုံးမှုကို မကြောက်ပဲ ရှေ့ဆက်နေဖို့လိုတယ်။ ဇကာဘတ်ပြောသလို ကြီးကျယ်တဲ့အရာတွေ အကောင်ထည်ဖော်ဖို့လွတ်လပ်စွာကျဆုံးတတ်မှုလိုတယ်။ ပြန်ထဖို့လိုမယ်။ Phyo Paing @ Derek
အမှန်တော့ ကိုယ်တစ်နာရီလောက် စကားပြောတာကို တခြားသူနားထောင်အောင်လုပ်ရတာ တော်တော်မလွယ်ကူပါဘူး။လေး၊ ငါးရက်ဆက်တိုက် တစ်ရက်ကို ၁၀ နာရီလောက် ကိုယ့်စကားနားထောင်ပြီးလိုက်လုပ်ဖို့ဆိုတာ ပိုလို့တောင်မလွယ်ပါဘူး။ တချို့က ဂုတ်အင်္ကျီဝတ်ပြီး၊ PowerPoint နဲ့ စင်ပေါ်မှာ တက်ပြောရင်ရတယ်ထင်ကြတယ်။ တစ်နာရီ၊ နှစ်နာရီလောက်ရကောင်းရလိမ့်မယ်။ တကယ့် ဆက်တိုက် Training ပေးတဲ့အခါ ကိုယ့်အရည်အချင်းလူသိပါမယ်။ အများစုဟာ စနစ်တကျ Training ဆိုတာ ကိုယ်သိတာကိုပြောတယ်ထင်တာ။ အဲ့လောက်မရိုးရှင်းပါဘူး။ Training ain’t telling ပါ။ ဒါကြောင့် knowledge အများကြီးရှိပြီး Training ပေးတဲ့အခါ မအောင်မြင်တာ Training method ကိုအသုံးမချဖြစ်လို့ပါ။ Transfer of knowledge မှာ အခက်အခဲ စဖြစ်တယ်။ 1. Coaching2. Facilitation 3. Training 4.
Respect every profession!!!!
တပါးသူတွေရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို လေးစားပါ။ Read More »