success

အနာဂတ်အတွက်
နေ့စဥ်တိုးတက်ဖို့အတွက်
သန္ဓေတည်နေတယ်လို့ပဲ စဥ်းစားကြည့်တယ်။

Chatgpt နှစ်လအတွင်း သုံးတဲ့သူ သန်း ၁၀၀ ပြည့်သွားတာလူတိုင်း အံ့အားသင့်ကြတယ်။ ဒီအခြေအနေရောက်ဖို့ အောင်မြင်မှုအတွက် ၁၁ ဒီဇင်ဘာ ၂၀၁၅ ကသူတို့ သန္ဓေတည်ခဲ့ရတာ။ အခုအချိန်တောင် အောင်မြင်တယ်ပြောမရသေးဘူး။စစ်မျက်နှာပြင်ဖွင့်လိုက်တယ်လို့ပဲပြောလို့ရမှာ။ ကျွန်တော်ကတော့ဘဝမှာ အောင်မြင်မှုနောက်လိုက်ဖို့ဘယ်တုန်းကမှ မစဥ်းစားဖူးဘူး။ တိုးတက်မှုနောက်ပဲ လိုက်တယ်။ ဒါကြောင့်လဲ toetet ဒေါ့ကွမ်းနဲ့တိုးတက်နာမည်ပေးထားတာပေါ့။ ဘဝမှာ လူတွေကိုပျော်ရွင်စေတာတိုးတက်မှုပဲ။ လိုချင်တာရသွားလို့ အောင်မြင်မှုအတွက်အပျော်က ခဏတာပဲ။ အမြဲတိုးတက်နေမှ ပျော်တဲ့အပျော်ကတာရှည်ခံတာ။ မဟုတ်လဲ ကျွန်တော်တို့တွေ ဆယ်တန်းအောင်တာ၊ ဂုဏ်ထူးထွက်တာဘာညာ အားလုံးအောင်မြင်ဖူးကြတာပဲ။အကြာကြီးမှ မပျော်တာ။ အမြဲတိုးတက်နေမှ ပျော်တာ။ ဒါကြောင့် အနာဂတ်အတွက်နေ့စဥ်တိုးတက်ဖို့အတွက် သန္ဓေတည်နေတယ်လို့ပဲ စဥ်းစားကြည့်တယ်။ Phyo Paing @ Derek

အနာဂတ်အတွက်
နေ့စဥ်တိုးတက်ဖို့အတွက်
သန္ဓေတည်နေတယ်လို့ပဲ စဥ်းစားကြည့်တယ်။
Read More »

လူတိုင်းက စမှတ်ချင်းမတူကြဘူး။

ကိုယ့်ကိုကိုယ် အမြဲသတိပေးတာThink like a strategist လို့။မဟာဗျူဟာချတဲ့သူတစ်ယောက်လိုအမြဲစဥ်းစားဖို့လိုတယ်။ တိုင်ပတ်မှုအပေါင်းရဲ့ အဖေက မဟာဗျူဟာအလွဲပဲ။ မဟာဗျူဟာတစ်ခုချမှတ်ဖို့ အခြေခံကျတဲ့အရာတွေကို အမှန်အတိုင်းမြင်နိုင်ဖို့လိုတယ်။ နောက်ဘယ်အချိန်မှာ ဘယ်အကွက်ကို ရွေ့ရမလဲသိဖို့လိုတယ်။ ဗျူဟာဆိုတာ သစ်တစ်ပင်လဲအောင်ပုဆိန်နဲ့ခုတ်တာထက် ဖြတ်စက်နဲ့ခုတ်တာပိုမြန်တယ်ဆိုပြီး သုံးသပ်ဆုံးဖြတ်တာ။ မဟာဗျူဟာဆိုတာက သစ်ပင်ကို ခုတ်မလား၊ မခုတ်ဘူးလားစဥ်းစားတာ။ ဆွန်ဇူးပြောသလို မတိုက်လိုက်ရပဲနိုင်တဲ့စစ်ပွဲလောက် ကောင်းတာမရှိဘူးတဲ့။ ကံကောင်းလို့အောင်မြင်ရင်တစ်ခါပဲဖြစ်ရင်ဖြစ်မယ်။ အမြဲတမ်းအောင်မြင်ဖို့အတွက်ကမဟာဗျူဟာတွေလိုတယ်။ HTC ဖုန်းတွေ ဘာကြောင့်စျေးကွက်ထဲကပျောက်သွားပြီး Xiaomi တွေ ကျတော့ တိုးတက်လာသလဲ။ဒေဝါလီခံဖို့ နှစ်လပဲလိုတဲ့ Apple က ဘာ့ကြောင့် ကမ္ဘာ့အချမ်းသာဆုံးကုမ္ပဏီတစ်ခုဖြစ်လာလဲ။နောက်ဆုံး မဟာဗျူဟာပဲ။ ဘဝဖြတ်သန်းတဲ့အခါလဲ မဟာဗျူဟာလိုတယ်လို့ စဥ်းစားကြည့်မိတယ်။ လူတိုင်းက စမှတ်ချင်းမတူကြဘူး။ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ချင်းမတူကြဘူး။ သွားမည့် မဟာဗျူဟာတွေလဲတူကြမှာ မဟုတ်ဘူး။ Phyo Paing @ Derek

လူတိုင်းက စမှတ်ချင်းမတူကြဘူး။ Read More »

လူအများစုက မနားသင့်တဲ့အချိန်
နားလိုက်တတ်ကြတယ်။

လူတွေက နေရာလေးတစ်ခုရအောင်မြင်လာရင်ဘယ်အချိန်မဆို သူဒီနေရာပြန်လာပြီးလုပ်ရင် အောင်မြင်မယ်လို့ထင်တတ်ကြတယ်။​ အလုပ်တစ်ခုလုပ်တဲ့အခါအရှိန်လိုတယ်။​မြန်နှုန်းမြင့်နေတဲ့အချိန် မနားလိုက်နဲ့။မိုးရွာတုန်းရေခံ၊သံပူတုန်းရိုက်ဖို့ အရေးကြီးတယ်။​ လူအများစုက မနားသင့်တဲ့အချိန်နားလိုက်တတ်ကြတယ်။ဒါက ကိုယ့်ရဲ့ အကောင်းဆုံးအခွင့်အရေးကို ဖျက်ဆီးလိုက်တာနဲ့တူတူပဲ။ Phyo Paing @ Derek

လူအများစုက မနားသင့်တဲ့အချိန်
နားလိုက်တတ်ကြတယ်။
Read More »

ကျွန်တော်တို့ရဲ့ Vision က Memory ထက်
ပို Strong ဖြစ်ရမယ်။

ငယ်ငယ်က တရုတ်နှစ်သစ်ကူးဆို ပိုက်ဆံရှာတဲ့အချိန်ပဲ။သုံးတန်းပြီးကတည်းက အိမ်ကအဖေမရှိတော့တဲ့အခါ ဘဝရဲ့ အချိန်အများစုဟာ စျေးထဲမှာ ကုန်တယ်။ဒီတော့ ရောင်းချခြင်းအတတ်ပညာဆိုတာ လေးတန်းကတည်းကစျေးထဲမှာ ကျင်လည်ကျက်စားလာတဲ့ လူလေးတစ်ယောက်အတွက်ထမင်းစားရေသောက်ပဲ။ ကြိုက်တဲ့ပစ္စည်းကို ကြိုက်တဲ့သူရောင်းခိုင်းပြဿနာတစ်ခု မဟုတ်ခဲ့ဘူး။ အရောင်းတတ်တော့ငွေရှာတတ်တယ်။ တရုတ်နှစ်သစ်ကူးရတဲ့ငွေနဲ့ ချိုချဉ်ကံစမ်းမဲ ကဒ်တွေရောင်းတယ်။မြန်မာကျောင်းမှာ ကျောင်းသားတွေကြိုက်သလောက်ဝယ်လို့ရတဲ့Textbook တွေဝယ်ပြီး စျေးထဲမှာ ပြန်သွင်းတယ်။ ဘဝက ပျော်စရာတော်တော်ကောင်းတယ်။ ဆောင်းဦးလှိုင်တို့ 19:18 (ဆယ့်ကိုးနာရီ ဆယ့်ရှစ်မိနစ်တို့)မာရဇ္ဇရဲ့နန်းတော်ရှေ့က သီချင်းတွေခေတ်စားတဲ့အချိန်ပေါ့။ ပိုက်ဆံတွေစု ကတ်ဆက်တွေဝယ် ထွန်းအိန္ဒြာဗိုလ်ရဲ့ နှစ်ယောက်မရှိဘူးတွေ၊ Acid ရဲ့စတင်ခြင်း၊ Too Big တို့NZ တို့Zero တို့သီချင်းတွေ၊ ရသရဲ့သီချင်းတွေပြန်ရောင်းတဲ့အချိန်ပေါ့။ တချိန်တည်းမှာ တရုတ်ပြည်ကစကိတ်တွေမှာ ပြန်ရောင်းတဲ့အချိန်။ ရှစ်တန်းပြီး ကျောင်းမတတ်ချင်တော့ဘူးလုပ်တော့ အိမ်ကမန္တလေးမှာ အဆိုးဆုံး အဆောင်ကြီးထဲပို့လိုက်တယ်။ နောက်ဘယ်လိုနေပြီး ဆေးကျောင်းရောက်သွားလဲမသိဘူး။ ကိုးတန်းဆရာက စီးပွားရေးလုပ်ရင် MBA

ကျွန်တော်တို့ရဲ့ Vision က Memory ထက်
ပို Strong ဖြစ်ရမယ်။
Read More »

တကယ်တမ်းအောင်မြင်မှုဖြစ်စဥ်က
ကျရှုံးမှုတွေနဲ့ အလုပ်မဖြစ်မှုတွေ
အများကြီးပြီးမှ လာတာ။

Rich Kid တွေနဲ့ Self-made နဲ့အဓိက ကွာတဲ့အချက်က ပျော်ရွင်မှုကိုခံစားရတဲ့ ခံစားချက်ပဲ။ Rich Kid အနေနဲ့ မိဘဆီကကားတစ်စီးလက်ဆောင်ပေးတဲ့အရသာကSelf-made တစ်ယောက်က ကိုယ့်အားကိုယ်ကိုးပြီး ဝယ်လိုက်ရတဲ့ခံစားချက်နဲ့ ဘယ်လိုမှမတူနိုင်ဘူး။ Rich Kid အနေနဲ့ မိဘကထုတ်ပေးလိုက်တဲ့လုပ်ငန်းလုပ်ဖို့ သိန်း ၁၀၀၀ ကSelf-made အနေနဲ့ လုပ်ငန်းပြန်လုပ်ဖို့ ရှာတဲ့ သိန်း ၁၀၀၀ နဲ့ စိတ်ခံစားမှုတန်ဖိုးချင်း မတူနိုင်ဘူး။ ကိုယ်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ တချို့အတွေးအခေါ်တွေက လူတချို့ကို အဆိပ်သင့်စေတယ်။ မိဘတွေကလဲ ကိုယ့်သားသမီးကိုစင်းလုံးချောဖြစ်စေချင်တာ။ အောင်မြင်နေတာပဲ မြင်ချင်တာ၊ကျဆုံးနေတာကို မမြင်ချင်ဘူး၊ မကြားချင်ဘူး၊ မပြောချင်ဘူး။ တကယ်တမ်းအောင်မြင်မှုဖြစ်စဥ်ကကျရှုံးမှုတွေနဲ့ အလုပ်မဖြစ်မှုတွေအများကြီးပြီးမှ လာတာ။ Phyo Paing @ Derek

တကယ်တမ်းအောင်မြင်မှုဖြစ်စဥ်က
ကျရှုံးမှုတွေနဲ့ အလုပ်မဖြစ်မှုတွေ
အများကြီးပြီးမှ လာတာ။
Read More »

ကိုယ်လိုချင်တာ ရအောင်ရနိုင်တဲ့သူနဲ့
ဘေးထိုင်ဘုပြောတဲ့သူနဲ့ကြားကွာခြားချက် (၉) ချက်

၁။ Energy လူတွေမှာရှိတဲ့ energy မတူကြဘူး။တချို့က ပျင်းရိနေတာပဲ။ စကားပြောလိုက်ရင် လေသံကအစအားမရှိ၊ တက်ကြွမှုမရှိတဲ့လေသံ။ တချို့ energy က အရမ်းမြင့်တယ်။သူအခန်းထဲဝင်လာတာနဲ့ သူ့ energy ကို ခံစားလို့ရတယ်။ ၂။ Habits of Doing more than paid for ယူတာထက်ပိုပေးတာနဲ့ ပေးသလောက်ပဲ လုပ်မယ်နဲ့ ပေးသလောက်ထက် လျော့လုပ်မယ်။ဒီသုံးခုရဲ့ ခံယူချက်ကမတူဘူး။ သူများဆီအလုပ်လုပ်ပြီးဆိုရင်ငါ့ကို ပေးထားတာထက် ဘာများပိုလုပ်ပေးရမလဲဆိုတဲ့ အချက်အမြဲ စဥ်းစားတဲ့သူတွေရှိတယ်။ သူတို့က Family type ဆိုပြီးသူတို့ Family တိုက်ဆောက်ဖို့ ငါ့ကို လိုတာထက် ပိုခိုင်းတယ်လို့စဥြးစားတဲ့သူ။ ဝတ်ကြေတမ်းကြေပဲလုပ်တဲ့သူသူတို့ရဲ့ စဥ်းစားပုံမတူသလို အနာဂတ်လားရာလဲ မတူဘူး။ ၃။ Law of increasing return ကော်ဖီဆိုင်မှာ၊

ကိုယ်လိုချင်တာ ရအောင်ရနိုင်တဲ့သူနဲ့
ဘေးထိုင်ဘုပြောတဲ့သူနဲ့ကြားကွာခြားချက် (၉) ချက်
Read More »

“ဒီနေ့” ကို အနိုင်ယူဖို့အရေးကြီးတယ်။

ကိုယ့်ရဲ့ ပြိုင်ဖက်က “ဒီနေ့” ပဲ။“ဒီနေ့” ကို အနိုင်ယူနိုင်ရင်“မနက်ဖြန်” ကို အနိုင်ယူဖို့ မခက်ဘူး။ Phyo Paing @ Derek

“ဒီနေ့” ကို အနိုင်ယူဖို့အရေးကြီးတယ်။ Read More »

လူတစ်ယောက်ရဲ့ အမူအကျင့်ကို
အကဲဖြတ်လို့ရတဲ့ နည်းက

သူနည်းနည်းအောင်မြင်မှုလေးရလာရင်ကိုယ့်အပေါ် ဆက်ဆံတဲ့ပုံစံဘယ်လို ပြောင်းသွားလဲဆိုတဲ့ အပြောင်းအလဲပဲ။ ဟိုးအရင်က လူတိုင်းကိုစေတနာထား အကုန်သင်ပေးအိတ်သွန်ဖာမှောက်ပြောပြတယ်။နောက်ပိုင်းတော့ သင်ခန်းစာရလာတာလူတွေက အောင်မြင်မှုအရသာလေးရလာရင် အချိုးပြောင်းတတ်တယ်။ ဒီတော့ လူတိုင်းအပေါ် စေတနာထားစရာမလိုဘူးဆိုတဲ့ အတွေးအခေါ်နဲ့နေတယ်။ Phyo Paing @ Derek

လူတစ်ယောက်ရဲ့ အမူအကျင့်ကို
အကဲဖြတ်လို့ရတဲ့ နည်းက
Read More »

Idea ခိုးမှာ ကြောက်စရာကိုမလိုတာ။

Business Plan ဆုရပြီးအောင်မြင်သွားတဲ့လုပ်ငန်းပြကြည့် ဘယ်နှစ်ခုလောက်ရှိလဲ။ဘဝမှာ အဲ့လို အလုပ်မလုပ်ဘူး။Plan ဆိုတာ ဖွတ်ထားရတာမျိုးမဟုတ်ဘူး။Everyone has a plan until they get punched in the face.Mike Tyson က ပြောခဲ့တာ။ စီးပွါးရေးစလုပ်တဲ့ startup တွေမှာPitch Desk လောက်နဲ့ Business Model လောက်ဆိုရပြီ။လုပ်ငန်းတစ်ခုလုံးကို plan လုပ်ဖို့ကအဲ့အဆင့်မှာ မလွယ်သေးဘူး။ဒါကြောင့်လဲ Basecamp founder တွေကPlanning is guessing တဲ့။ Idea ခိုးမှာ ကြောက်စရာကိုမလိုတာ။Idea ထက် Implementation က အရေးပိုကြီးတယ်။Execution is everything ပါ။ ကျွန်တော်ကတော့ idea တွေဖွတ်ထားမည့်အစားအရင်ပြလိုက်တယ်။ စိတ်ဝင်စားနိုင်ခြေရှိရင် feasibility test လုပ်တယ်။Business

Idea ခိုးမှာ ကြောက်စရာကိုမလိုတာ။ Read More »

သင့်ထက်အောင်မြင်တဲ့သူက
သင့်ကို ဝေဖန်ဖို့ အချိန်မအားဘူး။

ကိုယ့်လောက် စောက်သုံးမကျသူတွေကပဲကိုယ့်ကို ဝေဖန်ကြတာ။ မယုံရင် ကိုယ့်ကို ဝေဖန်တဲ့သူတွေနဲ့ကိုယ်နဲ့ကို metrics တစ်ခုချင်းသေချာ နှိုင်းယှဉ်ကြည့်။ အလုပ်ပြီးမြောက်မှု၊ရောင်းအား၊ ဝင်ငွေ၊ တိုးတက်မှု၊ပညာရေး၊ ဘဝတိုးတက်ရေးအစအစ အရာရာမှာ သေချာတယ် ကိုယ့်ကိုဝေဖန်တဲ့သူကကိုယ့်လောက် ခရီးမရောက်တာ။ ဘာကြောင့်လဲဆိုတော့ သင့်ထက်အောင်မြင်တဲ့သူက သင့်ကို ဝေဖန်ဖို့ အချိန်မအားဘူး။ Phyo Paing @ Derek

သင့်ထက်အောင်မြင်တဲ့သူက
သင့်ကို ဝေဖန်ဖို့ အချိန်မအားဘူး။
Read More »