success

Idea ခိုးမှာ ကြောက်စရာကိုမလိုတာ။

Business Plan ဆုရပြီးအောင်မြင်သွားတဲ့လုပ်ငန်းပြကြည့် ဘယ်နှစ်ခုလောက်ရှိလဲ။ဘဝမှာ အဲ့လို အလုပ်မလုပ်ဘူး။Plan ဆိုတာ ဖွတ်ထားရတာမျိုးမဟုတ်ဘူး။Everyone has a plan until they get punched in the face.Mike Tyson က ပြောခဲ့တာ။ စီးပွါးရေးစလုပ်တဲ့ startup တွေမှာPitch Desk လောက်နဲ့ Business Model လောက်ဆိုရပြီ။လုပ်ငန်းတစ်ခုလုံးကို plan လုပ်ဖို့ကအဲ့အဆင့်မှာ မလွယ်သေးဘူး။ဒါကြောင့်လဲ Basecamp founder တွေကPlanning is guessing တဲ့။ Idea ခိုးမှာ ကြောက်စရာကိုမလိုတာ။Idea ထက် Implementation က အရေးပိုကြီးတယ်။Execution is everything ပါ။ ကျွန်တော်ကတော့ idea တွေဖွတ်ထားမည့်အစားအရင်ပြလိုက်တယ်။ စိတ်ဝင်စားနိုင်ခြေရှိရင် feasibility test လုပ်တယ်။Business […]

Idea ခိုးမှာ ကြောက်စရာကိုမလိုတာ။ Read More »

သင့်ထက်အောင်မြင်တဲ့သူက
သင့်ကို ဝေဖန်ဖို့ အချိန်မအားဘူး။

ကိုယ့်လောက် စောက်သုံးမကျသူတွေကပဲကိုယ့်ကို ဝေဖန်ကြတာ။ မယုံရင် ကိုယ့်ကို ဝေဖန်တဲ့သူတွေနဲ့ကိုယ်နဲ့ကို metrics တစ်ခုချင်းသေချာ နှိုင်းယှဉ်ကြည့်။ အလုပ်ပြီးမြောက်မှု၊ရောင်းအား၊ ဝင်ငွေ၊ တိုးတက်မှု၊ပညာရေး၊ ဘဝတိုးတက်ရေးအစအစ အရာရာမှာ သေချာတယ် ကိုယ့်ကိုဝေဖန်တဲ့သူကကိုယ့်လောက် ခရီးမရောက်တာ။ ဘာကြောင့်လဲဆိုတော့ သင့်ထက်အောင်မြင်တဲ့သူက သင့်ကို ဝေဖန်ဖို့ အချိန်မအားဘူး။ Phyo Paing @ Derek

သင့်ထက်အောင်မြင်တဲ့သူက
သင့်ကို ဝေဖန်ဖို့ အချိန်မအားဘူး။
Read More »

အောင်မြင်တဲ့သူတွေဘာလုပ်သလဲ?

တစ်သက်မှာ တစ်ခါလူလာလုပ်တာလုပ်ခဲ့တဲ့အရာတိုင်းမှာ ခြေရာကျန်ဖို့တော့လိုတယ်။ဒါကြောင့် ဘာအလုပ်ဖြစ်ဖြစ်ဖြစ်သလို မလုပ်ပဲ သတ်မှတ်ထားတဲ့ စံနှုန်းထက်တော့ကျန်ဖို့လိုတယ်။ အောင်မြင်တဲ့သူတွေဘာလုပ်သလဲ? ၁။ အောင်မြင်မှုအတွက် ဆာလောင်မှုရှိတယ်။ ၂။ အလုပ်ကို ပိုးစိုးပက်စက်လုပ်တယ်။၃။ အလုပ်လုပ်တာ မြန်နှုန်းမြင့်တယ်။၄။ ဒူပေဒါပေခံတယ်။၅။ စိတ်ရှည်တယ်။ ၆။ နေ့စဉ်လေ့လာ တိုးတက်အောင်လုပ်နေတယ်။ ၇။ ကိုယ့်အမှားတွေက သင်ခန်းစာယူတယ်။ ၈။ အပေါင်းအသင်းတွေကို ဂရုစိုက်တယ်။၉။ အချိန်စီမံခန့်ခွဲမှုကောင်းတယ်။ အလဟသ မဖြုန်းဘူး။ အများကြီးတော့ကျန်သေးတယ်။ ဒါကတော့ အများစုမှာတွေ့ရတဲ့အချက်တွေ။ပိုက်ဆံမရှိရင် မျက်နှာငယ်မယ်။ အလုပ်မလုပ်ရင် ကျန်ခဲ့မယ်။ ယုန်နဲ့လိပ်လိုပဲ ဇွဲလဲလိုတယ်။တစ်နှစ်၊ နှစ်နှစ် game မဟုတ်ဘူး။ဆယ်နှစ်၊ နှစ်နှစ်ဆယ်နဲ့ အထက် game.စိတ်ရှည်ဖို့လိုတယ်။ Phyo Paing @ Derek

အောင်မြင်တဲ့သူတွေဘာလုပ်သလဲ? Read More »

ကိုယ့်ကိုကိုယ်တောင် မပြောင်းလဲနိုင်ပဲ

တခြားအရာတွေ၊ တခြားသူတွေကိုပြောင်းလဲဖို့ကြိုးစား မအောင်မြင်တဲ့အခါဘေးထိုင်ဘုပြောတာတွေစတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ်တောင် မပြောင်းလဲနိုင်ပဲ Read More »

ဘာလုပ်လုပ် Formula ကို တွေ့အောင်ရှာရမယ်။

ဆယ်တန်းမှာ ဂုဏ်ထူးမထွက်တာမတော်လို့မဟုတ်ဘူး။ Formula မတွေ့သေးလို့။ ဘာ့ကြောင့် Top Ten ဝင်နေကျနေရာဂုဏ်ထူးထွက်များတဲ့နေရာတွေကပုံမှန်ဂုဏ်ထူးတွေထွက်နေရတာလဲဆိုရင်Formula ရှိလို့ပဲ။ ဆယ်တန်းတုန်းက သင်္ချာ ရှစ်ခန်း circle ထိကြည့်တယ်။ ကျန်တဲ့အခန်း ဥပမာ အခန်း ၁၂Differentiation လိုအခန်း ၁ မှတ်တန်ပဲကြည့်တယ်။တခြားဘာသာတွေလဲ အလားတူပဲ။ ဘဝမှာ အောင်မြင်တဲ့သူတွေကသဲလွန်စတွေချန်ခဲ့တယ်။ Success leaves clues ပါ။ ဒါ့ကြောင့် ဘာလုပ်လုပ် Formula ကိုတွေ့အောင်ရှာရမယ်။ Phyo Paing @ Derek

ဘာလုပ်လုပ် Formula ကို တွေ့အောင်ရှာရမယ်။ Read More »

ကိုယ်ကျင့်သားမရတဲ့အရာတွေကိုလုပ်ပါ။

Comfortable ဖြစ်လွန်းတာ ဘဝအတွက် မကောင်းဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ် train လုပ်တဲ့အနေနဲ့အမြဲ ကျင့်သားမရတဲ့အရာတွေကိုလုပ်တယ်။ စျေးဆစ်တာ၊ လူမုန်းခံနိုင်အောင်လေ့ကျင့်တာ၊လူရှေ့စကားပြောတာ၊ ၂၄ နာရီလောက် အစားမစားပဲနေတာ၊မနက်စောစောကို ရေခဲရေနဲ့ချိုးတာ၊ကိုယ်နဲ့မသိတဲ့သူတစ်ယောက်ကို စကားစပြောမိတ်ဆက်တာ၊နှစ်ပတ်လောက် ဖုန်းမသုံးပဲနေတာ၊တရားစခန်းဝင်တာအစရှိတဲ့ ကိုယ့်နဲ့ အသားမကျတဲ့အရာတွေလုပ်ပြီးကိုယ့်ကိုကိုယ် train ပါ။ Voluntary discomfort ဖြစ်တဲ့အရာတွေနဲ့ ကိုယ့်ဘဝကို train ထားတဲ့အခါကိုယ်နေထိုင်ခွင့်ရထားတဲ့ဘဝရဲ့အလှတရားတွေကို တွေ့နိုင်သလိုကျင်းထဲကြပ်ထဲ ရောက်လာတဲ့အခါစိတ်ဓာတ်ရေးရာအရ ပြင်ဆင်ပြီးဖြစ်တယ်။ Phyo Paing @ Derek

ကိုယ်ကျင့်သားမရတဲ့အရာတွေကိုလုပ်ပါ။ Read More »

အောင်မြင်မှု၊ ကျဆုံးမှု
ပြဿနာအကုန်လုံးရဲ့ အမြစ်ကိုရှာ
Culture ကို တွေ့လိမ့်မယ်။

ဆွေစဉ် ခုနှစ်ဆက် သတ်ခံရတယ်။ဒါအရင် ဘုရင်ခေတ်က တရုတ်မှာ အမျိုးထဲက တစ်ယောက်ကT တလွဲလုပ်ရင် ဖြစ်တာ။ ဒီတော့ အမျိုးချင်းစည်းလုံးဖို့လိုလာတယ်။ အချင်းချင်း ဖေးမဖို့လိုလာတယ်။ အိမ်ထောင်ပြုဖို့ သူများသမီးကို အိမ်ခေါ်ထားဖို့အိမ်ထောင်ပြုလို့ရဖို့ ငွေကြေးကို ပိုးစိုးပက်စက်ရှာကြရတယ်။ ဒီတော့ အသက် ၃၀ လောက်ဆို လူရိုသေရှင်ရိုသေ နေရာတစ်ခုရှိနေဖို့ ကြိုးစားအားထုတ်ကြရတယ်။ 面子 မျက်နှာရဖို့ အရေးကြီးတယ်။ ငွေမရှိရင် ရှက်စရာလို့ထင်တယ်။ဒီတော့ စျေးရောင်းရမှာ စီးပွါးရေးလုပ်ရမှာ ရှက်စရာမဟုတ်ဘူးဒီအတွေးအခေါ်က မွေးကတည်းကရှိလာတယ်။ အောင်မြင်မှု၊ ကျဆုံးမှုပြဿနာအကုန်လုံးရဲ့ အမြစ်ကိုရှာCulture ကို တွေ့လိမ့်မယ်။ Phyo Paing @ Derek

အောင်မြင်မှု၊ ကျဆုံးမှု
ပြဿနာအကုန်လုံးရဲ့ အမြစ်ကိုရှာ
Culture ကို တွေ့လိမ့်မယ်။
Read More »

ပထမဆုံးအောင်မြင်မှုက အရေးအကြီးဆုံးပဲ။

လူတွေက အောင်မြင်တဲ့သူတွေအဖွဲ့အစည်း၊ အသင်း၊ အမှတ်တံဆိပ်ကိုပဲ ပိုအားပေးချင်ကြတယ်။ဒါကြောင့် အောင်မြင်တဲ့သူတွေကအောင်မြင်ဖို့ ပိုလွယ်တယ်။ပထမဆုံးအောင်မြင်မှုကအရေးအကြီးဆုံးပဲ။ Phyo Paing @ Derek

ပထမဆုံးအောင်မြင်မှုက အရေးအကြီးဆုံးပဲ။ Read More »

အလုပ်ကို ပိုးစိုးပက်စက်လုပ်နိုင်မှ
လူလုံးလှလှ နေလို့ပိုအဆင်ပြေမယ်။

ကျွန်တော်တို့လို တတိယနိုင်ငံဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံမျိုးမှာဆိုရေ၊ မီး၊ အင်တာနက်၊ ကျန်းမာရေး၊ပညာရေးက အစ အဆင်ပြေဖို့resource တော်တော်ရှိထားမှအဆင်ပြေမှာ။ မဟုတ်ရင် တစ်နှစ်စုထားတာတစ်ခါ ဆေးရုံတက်တာနဲ့ကုန်ပြီ။ တစ်လတစ်လ စုတာ သားသမီး ကျောင်းစရိတ်နဲ့ လုံးပါးပါးသွားမယ်။ ဒါကြောင့် ကိုယ့်အနာဂတ်အတွက်plan ချဖို့က ကိုယ်နဲ့အဓိကဆိုင်လာတယ်။ ဘယ်မှာနေမှာလဲ၊ ဘယ်လို နေမှာလဲ၊ ဘာအလုပ်လုပ်မှာလဲ၊ ငွေကို ဘယ်လိုစုမလဲ၊ ဘယ်လို ပြန်ပွားမလဲ၊ အများကြီး ကြိုတင်စဥ်းစားပြီးအလုပ်ကို ပိုးစိုးပက်စက်လုပ်နိုင်မှ လူလုံးလှလှ နေလို့ပိုအဆင်ပြေမယ်။ Phyo Paing @ Derek

အလုပ်ကို ပိုးစိုးပက်စက်လုပ်နိုင်မှ
လူလုံးလှလှ နေလို့ပိုအဆင်ပြေမယ်။
Read More »

ကိုယ်လိုချင်တာ ပြတ်ပြတ်သားသား
ပြောဖို့ အားမနာပါနဲ့။

မြန်မာ့ယဥ်ကျေးမှုနဲ့ ကြီးလာတော့တစ်ခုခုဆို ဘာမှန်းမသိ အားနာနေတတ်တာ။ အားနာတာကို nice ဖြစ်တယ်။ ကောင်းတယ်လို့ ထင်ပြီး နှစ်ပေါင်းများစွာ နေခဲ့တယ်။ နောက်ပိုင်း ပြည်တွင်းစပ်တူလုပ်တဲ့လုပ်ငန်းတွေမှာ အောင်မြင်တဲ့လုပ်ငန်းနဲ့ပျက်သွားတဲ့ လုပ်ငန်းလေ့လာကြည့်တော့အောင်မြင်တဲ့ အစုစပ်လုပ်ငန်းတွေမှာရှိတဲ့ပုဂ္ဂိုလ်တွေက လိုချင်တာကိုတိုက်ရိုက်ပြတ်ပြတ်သားသား ပြောရဲကြတာတွေ့ရတယ်။ မဟုတ်ရင် ခန့်မှန်းနေတာနဲ့ မလိုအပ်တဲ့ ပြဿနာတွေက တက်ရော။ သဘောမတူရင်လဲ မတူဘူး။တူရင်လဲ တူတယ်။ ပြတ်ပြတ်သားသား ပြောဆိုဆွေးနွေးတဲ့အခါစိတ်ရှင်းတယ်။ခံစားချက်တွေ ကိန်းအောင်းနေစရာမလိုဘူး။ လူမှုရေး၊ စီးပွားရေး၊ အချစ်အိမ်ထောင်ရေးအကုန်အတူတူပဲ။ ကိုယ်လိုချင်တာကို ပြတ်ပြတ်သားသားပြောဖို့ အားမနာပါနဲ့။ သူကတော့ ဒီလိုထင်တယ် ခန့်မှန်းပြီးခံစားချက်တွေနဲ့ လျှောက်မလုပ်ပါနဲ့။ Phyo Paing @ Derek

ကိုယ်လိုချင်တာ ပြတ်ပြတ်သားသား
ပြောဖို့ အားမနာပါနဲ့။
Read More »