success

ခေါင်းငုံ့

ဆရာ့ကိုဆရာ မလုပ်မိဖို့ကအလုပ်ရဲ့ ကျင့်ဝတ်ပထမပဲ။လူလုပ်တဲ့အခါ အမြင့်ရောက်ချင်ရင်ဥပဒေသလေးတွေရှိတယ်။ Robert Greene ရဲ့ 48 laws of power မှာလဲပါတယ်။ကိုယ့်ဆရာ၊ boss ထက်သာကြောင်းအရမ်းကာရော မပြချင်နဲ့။ဒါကိုယ့်ကိုကိုယ် ဖျက်ဆီးရာရောက်တယ်။ဒါကို never outshine your master လို့ခေါ်တယ်။ အလုပ်ခွင်ဝင်ကတည်းကဒါကို သတိထားတယ်။Meeting မှာ၊ လူကြားသူကြားမှာကိုယ့်ဆရာနဲ့ ပခုံးချင်းယှဉ်ပြီးလမ်းလျှောက်တာ၊ Level တူပြတာ ဘယ်တော့မှမလုပ်ခဲ့ဘူး။ ကိုယ်က အသိအမှတ်ပြုခံချင်တဲ့အတွက်လူကြားသူကြားမှာ ဆရာနဲ့ တန်းတူနေပြတာ၊သူထက်တတ်ကြောင်းပြတာဟာကိုယ့်ကိုကိုယ်ဖျက်ဆီးရာရောက်တယ်။ကိုယ့်အနာဂတ်ကို ပိတ်ဆို့ရာရောက်တယ်။ အကြောင်းကတော့ လူတိုင်းမှာ Ego အတ္တ ရှိတယ်။ဒါကြောင့် ကိုယ်လိုချင်တဲ့အဆင့်မရောက်ခင်ခေါင်းငုံ့၊ သည်းခံ၊ စိတ်ရှည်ပြီးကိုယ့်အလှည့်ရောက်ဖို့မဟာဗျူဟာကျကျစောင့်ပြီးပြင်ဆင်နေဖို့လိုတယ်။ ခေါင်းငုံ့သည်းခံပြီးအချိန်ကို စောင့်ဆိုင်းပြင်ဆင်နိုင်တာEQ ကောင်းတာပဲ မဟုတ်လား။ Phyo Paing @ Derek

ခေါင်းငုံ့ Read More »

အမှတ်တံဆိပ်တစ်ခုတည်ဆောက်တဲ့အခါ ကိုယ်ဘယ်သူလဲ၊ ဘာယုံကြည်လဲ၊ ကိုယ့် Opinion အထင်အမြင်တွေကို သတ္တိရှိရှိ ဖော်ပြရပ်တည်ရဲရမယ်။
မဟုတ်ရင် ဘားမှမထူးတဲ့
Me Too ပဲ ဖြစ်လိမ့်မယ်။

Apple အနေနဲ့ Privacy အတွက်ရပ်တည်တယ်။FBI က backdoor လုပ်ခိုင်းလဲ မလုပ်ဘူး။Google က democratizing informationအတွက်ရပ်တည်တယ်။တရုတ် China firewall ကြောင့်အမြတ်များလှတဲ့ တရုတ်ကိုကျောခိုင်းခဲ့တယ်။ Xiaomi က လူတိုင်းတီထွင်ဆန်းသစ်မှုအနှစ်သာရကိုရဖို့Innovation for Everyone ဆိုပြီးစျေးသက်သာအရည်အသွေးကောင်းပစ္စည်းတွေထုတ်တယ်။Alibaba က 相信小的伟大 ဆိုပြီးSmall is beautiful ဆိုပြီးSME တွေအတွက် ရပ်တည်တယ်။ စာရွက် စာတီဖီကိတ်ပဲရှိပြီးစကေးမရှိတာကို မုန်းတယ်။အမြင်လှပြီး တကယ်မတတ်တာကိုလူ့ပေါက်ပန်းလို့ နာမည်ပေးထားတာမမှားဘူးလို့ထင်တယ်။ ကျွန်တော်ကတော့ တကယ့် serious ဖြစ်တဲ့Passionate ဖြစ်တဲ့PwP (People with Passion) ကိုပဲservice ပေးဖို့ YEC Learning Center ကိုစတင်ခဲ့တယ်။နာမည်ကြီးဖို့မလိုဘူး။နေရာတိုင်းမှာရှိဖို့မလိုဘူး။ကိုယ်လိုချင်တဲ့အပြောင်းအလဲကိုဖော်ဆောင်နိုင်ဖို့ပဲလိုတယ်။ Phyo Paing @ Derek

အမှတ်တံဆိပ်တစ်ခုတည်ဆောက်တဲ့အခါ ကိုယ်ဘယ်သူလဲ၊ ဘာယုံကြည်လဲ၊ ကိုယ့် Opinion အထင်အမြင်တွေကို သတ္တိရှိရှိ ဖော်ပြရပ်တည်ရဲရမယ်။
မဟုတ်ရင် ဘားမှမထူးတဲ့
Me Too ပဲ ဖြစ်လိမ့်မယ်။
Read More »

Positive Thinking, Negative Thinking အပြင် Opportunistic Thinking လည်းအရေးကြီးတယ်။

Professor တွေ case study လုပ်နိုင်ဖို့Entrepreneur တွေက စီးပွားရေးအသစ်တွေcreate လုပ်ကြရတယ်။ အိန္ဒိယနဲ့ တရုတ်ကို ဥပမာထားကြည့်ရင်Entrepreneurial spirit ပိုရှိတဲ့ society ကပိုတိုးတက်တာတွေ့ရလိမ့်မယ်။ ရေခွက်ထဲ ရေတစ်ဝက်ရှိတယ် မရှိဘူးအငြင်းပွားနေချိန် Entrepreneur ကရှိတဲ့ရေနဲ့ ဘာလုပ်ရမလဲ စဉ်းစားနေပြီ။ Positive Thinking, Negative Thinking အပြင်Opportunistic Thinking လည်းအရေးကြီးတယ်။ Entrepreneur တွေဟာ နေ့စဉ် အခွင့်အရေးတွေနဲ့ပတ်ပတ်လည်ဝိုင်းနေတယ်လို့ယုံကြည်တယ်။ နိုင်ငံရေးမကောင်းလို့ အဆင်မပြေဘူးဆိုနိုင်ငံရေးကောင်းတုန်းက ဘယ်လောက်အဆင်ပြေခဲ့သလဲ? နိုင်ငံရေးကောင်းမှဆို နောက်ကျကုန်ပြီဆိုတာလူတိုင်းသိတယ်။ Phyo Paing @ Derek

Positive Thinking, Negative Thinking အပြင် Opportunistic Thinking လည်းအရေးကြီးတယ်။ Read More »

ကိုယ့်သေအောင် မသတ်နိုင်တဲ့အရာကပိုသန်မာစေတာပဲလေ။

ကိုယ့်လုပ်ငန်းက Covid-19 နဲ့Coup အတွင်းမှာ ရှင်သန်ရင်ကိုပဲတော်တော်လေး ခံနိုင်ရည်မြင့်တဲ့ဦးဆောင်တဲ့သူလို့ ပြောလို့ရနေပြီ။ Omicron ဖြစ်လို့အပြင်မထွက်သူတွေနဲ့အိမ်မှာနေရင်းနဲ့ Mobile Internetမရတဲ့ စားသုံးသူတွေကြားရိုးရိုးသားသား ကြိုးစားကြံဆပြီးကိုယ့်လုပ်ငန်းဘယ်လိုရှင်သန်ကြီးထွားခဲ့လဲဆိုတာ ကိုယ်နောက်လူတွေပြန်ပြောပြရင် တစ်ထောင့်တစ်ညပုံပြင်တွေ ဖြစ်နေတော့မယ်။ ကိုယ့်သေအောင် မသတ်နိုင်တဲ့အရာကပိုသန်မာစေတာပဲလေ။ Phyo Paing @ Derek

ကိုယ့်သေအောင် မသတ်နိုင်တဲ့အရာကပိုသန်မာစေတာပဲလေ။ Read More »

အဓိက ‘အ’ သုံးလုံးကို အသုံးပြုနိုင်တဲ့အခါ ဘယ်မှာနေနေလူတွေမမှတ်မိလောက်အောင်တိုးတတ်ပြောင်းလဲနိုင်ပါတယ်။

ငယ်ငယ်က မြန်မာဇာတ်ကားတွေမှာအနောက်တိုင်းက ပြန်လာတဲ့အခါလူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလာတာကိုတွေ့ရမှာ ဖြစ်သလိုငယ်ငယ်က မြန်မာ့စာပေတွေမှာမောင်လူအေး ဘိလပ်ကပြန်လာတော့မြန်စာစကားမပြောတတ်တော့ပဲ“ရေချမ်းချမ်းတစ်ခွက်ပေးပါ” ဆိုတဲ့ဝတ္တုထဲကအကြောင်းအရာမျိုးလေးတွေဖတ်ဖူးလိမ့်မယ်။ ဆယ်တန်းပြီးတော့ Thomas Friedman ရဲ့The world is flat ဆိုတဲ့စာအုပ်ဖတ်လိုက်ရတဲ့အခါ အနာဂတ်အကြောင်းဘယ်လိုတွေ ဖြစ်နိုင်လဲဆိုတာခပ်ရေးရေးပုံဖော်လို့ရလာတယ်။ ၂၀၀၅ မှာ Internet ကို မန္တလေးမှာသုံးလို့ရတဲ့နေရာ KMD နဲ့ဆေးကျောင်းရှေ့က Japan Store ပဲရှိတယ်။KMD က တစ်နာရီ လေးရာ။စောင့်ပြီးသုံးရတယ်။asl pls ဆိုတဲ့ MIrc နဲ့ Meboo ခေတ်ကပေါ့။KMD က ညနေ ၆ နာရီပိတ်တော့Japan Store ညနေသွားတဲ့အခါတစ်နာရီငါးထောင်နဲ့ သွားသုံးခဲ့ရတဲ့ အချိန်တွေ။ YouTube သုံးနိုင်ဖို့အတွက်ဆိုတာDtunnel တို့လို Freedom VPN နဲ့မကောင်းတဲ့ line ကြားကဘာညာကျော်ခွရတဲ့အချိန်။ Metaverse ခေတ်မှာသူများတွေ Unreal

အဓိက ‘အ’ သုံးလုံးကို အသုံးပြုနိုင်တဲ့အခါ ဘယ်မှာနေနေလူတွေမမှတ်မိလောက်အောင်တိုးတတ်ပြောင်းလဲနိုင်ပါတယ်။ Read More »

အိမ်စာလုပ်မှရမယ်။

ဥာဏ်ပဲကောင်းနေလို့မရဘူး။အိမ်စာလုပ်ဖို့လဲလိုတယ်။အိမ်စာမလုပ်ရင်နောက်တစ်တန်းတက်မှာမလုပ်ဘူး။တိုင်ပတ်နေကျ ပြဿနာပဲပြန်တက်နေရင် တစ်ခုခုတော့ မှားနေပြီ။မနေ့ကပြဿနာက ဒီနေ့အတွက်ကလေးကစားစရာဖြစ်နေဖို့ကအိမ်စာလုပ်မှရမယ်။ Phyo Paing @ Derek

အိမ်စာလုပ်မှရမယ်။ Read More »

အဆက်အသွယ်ဖြတ်ရတဲ့အခိုက်အတန့်

ကြီးကျယ်တဲ့အပြောင်းအလဲလုပ်ဖို့အများကြီးလိုချင်မှ လိုလိမ့်မယ်။တစ်ခုခု၊ တစ်ယောက်ယောက်ကိုကိုယ့်ဘဝထဲက ခဏဖြစ်ဖြစ်အဆက်အသွယ်ဖြတ်ထားဖို့ပဲလိုတာ ဖြစ်နိုင်တယ်။ အလုပ်ထွက်ပြီး ကိုယ်တိုင်စတော့အိမ်နဲ့သုံးလ အဆက်အသွယ်မလုပ်ဘူး။ရစေချင်တဲ့ဘွဲ့ ကတိအတိုင်းယူပေးခဲ့ပြီးပြီ။ ရှေ့ဆက်မည့် ဘဝကတော့ကိုယ်သွားချင်တဲ့ဘဝ၊ ကိုယ့်အတွေးနဲ့ယုံကြည်မှုနဲ့တည်ဆောက်မှာဖြစ်တဲ့အတွက်Instruction တွေ၊ အထင်အမြင်တွေနဲ့လမ်းမလွဲချင်ဘူး။ တခါတလေ ပိုကောင်းတဲ့အပြောင်းအလဲတစ်ခုအတွက်ကိုယ်ချစ်တဲ့သူတွေကို ခဏဖြစ်ဖြစ်အဆက်အသွယ်ဖြတ်ရတဲ့အခိုက်အတန့်တွေရှိကောင်းရှိရနိုင်တယ်။ Phyo Paing @ Derek

အဆက်အသွယ်ဖြတ်ရတဲ့အခိုက်အတန့် Read More »

စေတနာ

အောင်မြင်တဲ့ စားသောက်ဆိုင်အောင်မြင်တဲ့ လုပ်ငန်းအောင်မြင်တဲ့ စာရေးဆရာနဲ့အောင်မြင်တယ်ဆိုတဲ့ သူတွေမှာသူ့ဖောက်သည်တွေ သူ့ပရိသတ်တွေအတွက်စေတနာကိုတွေ့ရမှာပါ။ စေတနာဟာ ခံစားလို့ရပါတယ်။ Phyo Paing @ Derek

စေတနာ Read More »