time management

အချိန်ကို တန်ဖိုးရှိအောင် သုံးရမယ်။

ဘယ်နိုင်ငံမှာနေနေ ကိုယ်လုပ်နေချင်တဲ့အရာတွေကိုချရေးကြည့်တယ်။ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်ဆက်လုပ်နေမယ်။နေ့စဉ် လေ့လာနေမယ်။ရေးနေမယ်။ ထုတ်ကုန်အသစ်တွေ ဖန်တီးနေမယ်။နေ့စဉ် ရောင်းချနေမယ်။ မားကတ်တင်း၊ စွန့်ဦးတီထွင်မှု၊နည်းပညာ၊ တိုးတက်ရေးဒါတွေ အမြဲ ဆက်လုပ်နေအုံးမယ်။ ဒီနေ့ ဘယ်မှာနေနေ အချိန်ကို အလဟသ မဖြုန်းမိအောင် သတိပြုမိတယ်။ ကိုယ့်ဘဝမှာ ကိုယ်တကယ်ပိုင်တာအချိန်ပဲရှိတာ။ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့အချိန်ကို တန်ဖိုးရှိအောင် သုံးရမယ်။ Phyo Paing @ Derek

အချိန်ကို တန်ဖိုးရှိအောင် သုံးရမယ်။ Read More »

လောကမှာ ငွေလဲပြန်ရှာလို့ရတယ်။
ကျန်းမာရေးနဲ့ အချိန်က ပြန်ရှာလို့မရဘူး။

လူတိုင်းမှာ ၂၄ နာရီတူတူရှိပေမယ့်လူတိုင်းရဲ့ ဥာဏ်နှုန်းမြင့်တဲ့Prime time က မတူကြဘူး။ အဲ့ဒီ ဥာဏ်နှုန်းမြင့်အချိန်က ကိုယ့်ဘဝ၊ အသက်မွေးဝမ်းကြောင်းအလုပ်၊စီးပွားရေးအတွက် စနစ်ကောင်းချရမည့်အချိန်ပဲ။ဒါအချိန်ကို Mechanical Prime Time (MPT) လို့ခေါ်တယ်။ စနစ်ဆိုရင် အလုပ်ရှုပ်တယ်လို့ထင်တတ်ကြတယ်။အလုပ်ရှုပ်သက်သာအောင် စနစ်ချတာ။ စနစ်က အချိန်အလေအလွင့်ကို ကာကွယ်ပေးတယ်။စနစ်က စွမ်းဆောင်ရည်ကိုပိုမြင့်စေတယ်။စနစ်က တီထွင်ဆန်းသစ်မှုကိုပိုကောင်းစေတယ်။ စံနှုန်းရောက်ဖို့ စနစ်ကောင်းလိုတယ်။ ကိုယ့်ရဲ့ တစ်ရက်တစ်ရက် “ဥာဏ်နှုန်းမြင့်” အချိန်တွေကို ဖြုန်းတီးတာ နှမြောဖို့ကောင်းတယ်။ လောကမှာ ငွေလဲပြန်ရှာလို့ရတယ်။ကျန်းမာရေးနဲ့ အချိန်က ပြန်ရှာလို့မရဘူး။ Phyo Paing @ Derek

လောကမှာ ငွေလဲပြန်ရှာလို့ရတယ်။
ကျန်းမာရေးနဲ့ အချိန်က ပြန်ရှာလို့မရဘူး။
Read More »

နေ့တိုင်းက စုဗူးပဲ။

အချိန်အလဟသ ဖြုန်းတာကိုယ့်ကိုကိုယ် သတ်တာနဲ့ အတူတူပဲ။ လေ့ကျင့်ရင် လေ့ကျင့်၊အလုပ်လုပ်ရင် လုပ်၊နားရင်နား။ တရားထိုင်တယ်ဆိုတာ သေနည်းလေ့ကျင့်တာ၊ သမာဓိကောင်းအောင်လေ့ကျင့်တာ။ စာဖတ်တယ်ဆိုတာ အတွေးအခေါ် ရင့်သန်အောင်စိတ်ပိုင်းဆိုင်ရာလေ့ကျင့်တာ။လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ခန္ဓာကိုယ်ကို လေ့ကျင့်တာ။သင်တန်းတက်တယ်ဆိုတာ အတွေးအခေါင်၊ အပေါင်းအသင်း၊နည်းနာအသစ်တွေကို လေ့လာတာ။ ဓားသွေးတာနဲ့ တူတယ်။ ဓားသွေးပြီးရင်ခုတ်ဖို့လိုတယ်။ ဒီဓာတ်သွေးပြီး ခုတ်တာကအလုပ်လုပ်တာလို့ ဆိုနိုင်တယ်။နေ့စဥ် ဒီနေ့ ဝင်ငွေအတွက်လုပ်တာဖြစ်နိုင်သလို အနာဂတ် ဝင်ငွေအတွက်လုပ်တာဖြစ်နိုင်တယ်။လူတွေအကျိုးပြုတဲ့ အလုပ်လုပ်တာဖြစ်နိုင်တယ်။ လူတွေဘဝ ဒုက္ခရောက်သွားစေမည့်သူများမျက်ရည်ကြီးငယ်နဲ့လုပ်တဲ့အလုပ်က ဗုဒ္ဓဟောတဲ့ မဂ္ဂင်ရှစ်ပါးရဲ့ သမာအာဇီဝ အလုပ်မဟုတ်တဲ့အတွက် အလုပ်တာတော့ ကောင်းတယ်။ နောက်အလုပ်တစ်ခုက အနားယူပြီး နောက်နေ့အတွက် အားဖြည့်တာ။ ဒါကို TWR framework ဆိုပြီးPeak Productivity Coaching အတွက်ကျွန်တော် နာမည်ပေးထားတယ်။Train + Work + Rest နေ့တိုင်းက စုဗူးပဲ။

နေ့တိုင်းက စုဗူးပဲ။ Read More »

ဘဝဆိုတာ system of living
လို့ယူဆတာပဲ

ဘဝက တိုတယ်။ဒါကြောင့်နေ့စဥ်၊အပတ်စဥ်၊ လစဥ်နဲ့ နှစ်စဥ်ကိုသုံးပိုင်းပိုင်းလိုက်တယ်။ နေ့စဥ် မနက်ပိုင်းကိုကိုယ့်ကိုကိုယ် train လုပ်တဲ့အချိန်နောက် အလုပ်လုပ်တဲ့အချိန်ညနေပိုင်း နားတဲ့ဘဝကို enjoy လုပ်တဲ့အချိန်။ တစ်ပတ်ကိုလဲ လေးရက်ကိုfixed schedule ထားတယ်။ကျန်သုံးရက်က လုပ်ရင်လုပ်မယ်။နားရင်နားမယ်။ တစ်လကို တစ်ခါအနည်းဆုံးပြည်တွင်းခရီးသွားမယ်။ တစ်နှစ်ကို တစ်ခါနိုင်ငံခြားခရီးသွားမယ်။​ ဘဝဆိုတာ system of livingလို့ယူဆတာပဲ။ အလုပ်လုပ်တဲ့အချိန်ပိုးစိုးပက်စက်လုပ်ဖို့လိုအပ်တယ်။ပြန်လည် recharge လုပ်တဲ့စနစ်လဲလိုတယ်။ Phyo Paing @ Derek

ဘဝဆိုတာ system of living
လို့ယူဆတာပဲ
Read More »

Design Your Day

ကိုယ်ကအိမ်ကြီးတစ်အိမ်ဆို တစ်ရက်တာက အုတ်ခဲတွေပဲ။ ကိုယ်တည်ဆောက်ချင်တဲ့ အိမ်ပုံစံပေါ်မူတည်ပြီးအချိန်တွေကို အသုံးပြုရမှာပဲ။ကိုယ့်ဘဝရဲ့ ဗိသုကာပညာရှင်ကကိုယ်ပဲ။ တစ်ရက်၊ တစ်လ၊ တစ်နှစ်အတွင်းသိသိသာသာ ရှိချင်မှရှိလိမ့်မယ်။ငါးနှစ်၊ ဆယ်နှစ်၊ ဆယ့်ငါးနှစ်ဆို ဘဝမှာရောက်နေတဲ့ အမြင့်တွေတစ်ယောက်နဲ့ တစ်ယောက်တူချင်မှ တူကြတော့မယ်။ ကိုယ့်ဘဝရဲ့ ဗိသုကာပညာရှင်ကိုယ့်မှာ အနာဂတ်အမြင်လိုတယ်။အနာဂတ်အမြင်က အတိတ်ရဲ့မှတ်ဥာဏ်ထက် ပို ရှင်းနေဖို့လိုတယ်။ လောကမှာ ကိုယ်ထိန်းချုပ်လို့ရတဲ့သူကကိုယ့်ကိုကိုယ် ပဲ။တစ််ရက်တစ်ရက် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ဘယ်လိုသုံးမလဲသေချာ ဒီဇိုင်းလုပ်ဖို့လိုတယ်။ နူးညံ့တဲ့ စိတ်ခံစားမှုတွေကို ကိုယ်တွယ်ထိန်းကျောင်းနိုင်ဖို့လိုတယ်။ Phyo Paing @ Derek

Design Your Day Read More »

ဘဝကို သေချာ ဒီဇိုင်းလုပ်ဖို့လိုတယ်

ရိုးရိုးလေး စဉ်းစားကြည့်တယ်။ ဘယ်နိုင်ငံမှာပဲနေနေ ၁။ စာဖတ်ရမယ်၂။ လေ့ကျင့်ခန်းလုပ်ရမယ်၃။ တရုတ်နဲ့ အင်္ဂလိပ် skill မကျအောင် လေ့ကျင့်ရမယ်၄။ ဝန်ထမ်းတွေနဲ့ meeting လုပ်ရမယ်၅။ content တွေဖန်တီးရမယ်၆။ coaching/ consultation လုပ်ရမယ် ဒီလို စနစ်ချထားပြီးပြီ။ဒါအကုန်လုံးအတွက်တစ်ရက်ကို ၁၀ နာရီနဲ့ ၁၄ နာရီကြားနားတဲ့ရက်ဆို ၅ နာရီအချိန်ပေးရတယ်။ အင်တာနက်ရှိရင်ဘယ်နေရာမှာ နေနေ အတူတူပဲ။အရင်က location independent Lifestyle design လုပ်ပြီးခရီးတွေထွက်ပြီး အလုပ်လုပ်မလို့ခု ဒေါ်လာစျေးနဲ့က အသစ်တွေပြန်စဉ်းစားနေရတယ်။ Phyo Paing @ Derek

ဘဝကို သေချာ ဒီဇိုင်းလုပ်ဖို့လိုတယ် Read More »

ကမ္ဘာပေါ်မှာ စီမံခန့်ခွဲမှု
လုပ်ရအခက်ဆုံးလူက
အားတီ ကိုယ်တိုင်ပဲ။

ဘာကြောင့်လဲဆိုတော့ logic အတိုင်းမသွားလို့။ စိတ်ခံစားမှုနဲ့ ခန္ဓာကိုယ်လှုံ့ဆော်မှုတွေကြားဗျာများပြီး လမ်းကြောင်းတွေ လွဲလွဲသွားတတ်ကြတယ်။ ကျန်းမာစေတဲ့ အဟာရသန့်ရှင်းတဲ့အစားအသောက်အတွေပဲစားရမှာသိတယ်။ဒါပေမယ့် ပါးစပ်သရမ်းတယ်။ လေ့ကျင့်ခန်းကို တစ်ရက် ၃၀ မိနစ်နဲ့တစ်ပတ်ငါးရက် အနည်းဆုံးလုပ်ရမယ်ဆိုတာ သိတယ်။ဒါပေမယ့် စောက်ပျင်းကြီးတယ်။ နေ့တိုင်း ခေါင်းထဲကို တန်ဖိုးရှိတဲ့အတွေးအခေါ်တွေထည့်ရမှာသိတယ်။ဒါပေမယ့် အကြောင်းပြချက်မျိုးစုံနဲ့နေ့ရွေ့ညရွေ့လုပ်တယ်။ သူများကိုကျတော့ ကိုယ်ဖြစ်စေချင်တဲ့အတိုင်းမလုပ်လို့စောက်ပြဿနာရှာတယ်။ ကိုယ်တိုင်ကျတော့ ကိုယ်သတ်မှတ်ထားတဲ့အတိုင်းမလုပ်ကြဘူး။ အားတီတို့က hypocrisy တွေနဲ့ဘဝကို ဖြတ်သန်းရတာ ကျင့်သားရနေတတ်တယ်။ ဒါကြောင့် ကျွန်တော်ထင်တာကမ္ဘာပေါ်မှာ စီမံခန့်ခွဲရအခက်ဆုံးက အားတီကိုယ်တိုင်ပဲ။ ကိုယ့်ကိုကိုယ် စီမံခန့်ခွဲလို့ရရင်ကျန်တဲ့အရာက လွယ်သွားပြီ။ Phyo Paing @ Derek

ကမ္ဘာပေါ်မှာ စီမံခန့်ခွဲမှု
လုပ်ရအခက်ဆုံးလူက
အားတီ ကိုယ်တိုင်ပဲ။
Read More »

အလုပ်ဆိုတာ လုပ်ချင်တိုင်း
လုပ်လို့ မရဘူး

အချိန်ဆိုတာရှိတယ်။ အဲ့ဒီအချိန်ကောင်းမှာ ကြိုးစားအားထုတ်မှု တစ်လ၊ နှစ်လကတစ်နှစ်၊ နှစ်နှစ်နဲ့ ညီနိုင်တယ်။ ဒါကို “အချိန်ကောင်း” ကြုံဖူးသူတိုင်းသိကြတယ်။ ဒီ “Timing အချိန်ကောင်း” ဟာ လူတိုင်းရဲ့ ဘဝကို အပြောင်းအလဲဖြစ်စေတဲ့ အချိန်ပဲ။အဲ့ဒီအချိန်မှာ ယောင်နေလို့မရဘူး။အလုပ်ကို ဖိလုပ်ရတဲ့ အချိန်ဖြစ်တယ်။ တခြားအချိန်တွေက ကိစ္စမရှိပေမယ့်အချိန်ကောင်းမှာ တခြားကိစ္စတွေနဲ့အာရုံထွေပြားခြင်းဟာ အခွင့်အလမ်းကို အလဟဿဖြုန်းလိုက်သလိုပဲ။ ဘာနဲ့ တူသလဲဆို တစ်နှစ်လုံးစာကြိုးစားခဲ့ပြီး စာမေးပွဲနီးတဲ့အခါစိတ်လေတာမျိုးနဲ့ တူနိုင်တယ်။ ဒါဆို အချိန်ကောင်းပဲ စောင့်ပြီးအလုပ် လုပ်ဖို့ မရဘူးလား။ မရသလောက်လို့ ဆိုရမယ်။ဘာကြောင့်လဲဆိုတော့ စီးပွားရေးမှာ အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း“anticipation” ဟာ သေမတတ်အရေးကြီးတယ်။ လုပ်ငန်းနယ်ပယ်တစ်ခုမှာ ဆယ်စုနှစ်တစ်ခု လုပ်လာသူတွေဟာ ဒီလုပ်ငန်းရဲ့အပြောင်းအလဲကို အခုမှ ဝင်လာတဲ့ လုပ်သက်နုသူတွေထက်အများကြီးပိုခန့်မှန်းနိုင်တတ်ကြတယ်။ ဒါကြောင့် game တစ်ခုထဲမှာ ရေရှည်နေထားဖို့ အရေးကြီးတယ်။

အလုပ်ဆိုတာ လုပ်ချင်တိုင်း
လုပ်လို့ မရဘူး
Read More »

နေသလို ဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့

ကိုယ့်ဘဝကိုကိုယ်တန်ဖိုးထားတတ်လာတဲ့အချိန်ကစလို့ဖြစ်သလို မနေတော့ဘူး။ဖြစ်သလို မစားတော့ဘူး။ ကိုယ့်အတွက် အကျိုးမရှိစေတဲ့အတွေးအခေါ် ခေါင်းထဲမထည့်မိတတ်တော့ဘူး။မလိုချင်တာတွေပဲစဥ်းစားပြီးစိတ်ညစ် မနေတော့ဘူး။အချိန်ကို မလဟသ မဖြုန်းတော့ဘူး။ပစ္စုပ္ပာန် သာယာမှုတွေမှာပဲအချိန် မကုန်တော့ဘူး။ စည်းကမ်းတကျ နေလာတယ်။စနစ်တကျ စားလာတယ်။အတွေးအခေါ်ကို ဂရုပြုလာတယ်။ကိုယ်ဘာလိုချင်တာလဲကိုပဲအဓိက အာရုံပြုပြီးအချိန်ကို အကောင်းဆုံးအသုံးချတယ်။ကိုယ့်ကိုကိုယ် ဒုက္ခရောက်စေတဲ့အရာတွေ မလုပ်တော့ဘူး။ ကိုယ့်ကိုကိုယ် တကယ်ချစ်ဖို့တန်ဖိုးထားဖို့ အရေးကြီးတယ်။ကိုယ့်ကိုကိုယ်မှ အရင်တန်ဖိုးမထားရင်ဘယ်သူမှ တန်ဖိုးလာထားမှာမဟုတ်ဘူး။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလို မနေပါနဲ့ဆိုတာလဲအားလုံးကြားဖူးကြမှာပဲ။ Phyo Paing @ Derek

နေသလို ဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့
Read More »