Advice

relationship ဆိုတာ
team building တစ်ခုပဲ

Relationship တစ်ခု လတ်ဆတ်နေဖို့ နှစ်ဦးစလုံး နေ့စဥ်ပိုကောင်းတဲ့ version ဖြစ်နေဖို့လိုတယ်။ ဒီလိုဖြစ်ဖို့ နှစ်ဦးနှစ်ဖက်စလုံး ကိုယ့်ကိုကိုယ် နားလည်ဖို့အရေးကြီးတယ်။နောက် ကိုယ့် partner ကို နားလည်ဖို့အရေးကြီးတယ်။ သေချာနားလည်ပြီဆိုရင် သူ့ကို အရှိကို အရှိအတိုင်း လက်ခံနိုင်ဖို့လိုတယ်။ Relationship တစ်ခုမှာ တစ်ယောက်ယောက်က အရင်ကလို အရမ်းကောင်းတဲ့ version မဟုတ်တော့တဲ့အခါကိုယ့်ဖက်က လက်ခံနိုင်မလား အရေးကြီးတယ်။ ယောကျာ်းဆိုလဲ အရင်လို ငွေရှာဖို့ အင်အားတွေမရှိတော့တဲ့အခါ၊ အမျိုးသမီးဆိုလဲ အရင်လိုမလှတော့တဲ့အခါ လက်ခံနိုင်မလား။ အမှန်တော့ relationship ဆိုတာ team building တစ်ခုပဲ။ တန်ဖိုးထားမှုတွေ တူဖို့၊ တူညီတဲ့အနာဂတ်တစ်ခုကို အတူတည်ဆောက်ဖို့တစ်ယောက်နဲ့ တစ်ယောက်နားလည်ဖို့ကလိုတယ်။ ဒါပေမယ့် အလုပ်ခွင်မတူတဲ့အခါ၊ခေါင်းထဲကိုထည့်တဲ့ သတင်းအချက်အလက်တွေမတူတဲ့အခါမြင်တဲ့အမြင်တွေ မတူတဲ့အချိန်တစ်ခု ရောက်လာလိမ့်မယ်။ ဒီလိုမဖြစ်အောင် ပုံမှန်ဆက်သွယ်မှုပြုဖို့လိုသလိုအလုပ်အကြောင်းပြောဖို့လိုတယ်လို့ထင်တယ်။ Phyo […]

relationship ဆိုတာ
team building တစ်ခုပဲ
Read More »

လူတွေဆီက ယူတာထက်
ပိုပေးဖို့ ကြိုးစားကြည့်ပါ။

လူတွေကို ကူညီပါ။ ဒါက အောင်မြင်ရေး formula ပဲ။ လူတွေဆီက ပိုယူဖို့ထက်ကိုယ့်ဖက်က ပိုပေးဖို့စဥ်းစားတဲ့အခါလူတွေက ကိုယ့်ကို ပိုယုံကြည်မယ်။ ဒီတော့ ကိုယ့် service ကိုကိုယ့်မျက်နှာကြီးနဲ့ Facebook မှာ boost လုပ်စရာမလိုတော့ဘူး။ အကြံပေး service နဲ့ ပတ်သက်လို့Facebook မှာ ဘယ်တုန်းကမှBoost လုပ်ပြီး မကြော်ငြာဖူးဘူး။ကြော်ငြာမရေးဖူးဘူး။ ဒါပေမယ့် အမြဲပြည့်နေတယ်။ ဘာကြောင့်လဲ ကိုယ့်ကိုကိုယ် ပြန်စဥ်းစားကြည့်တော့ အဖြေက စေတနာဆိုတာ သွားတွေ့တယ်။ လူတွေဆီက ယူတာထက် ပိုပေးဖို့ ကြိုးစားကြည့်ပါ။ ကိုယ့်ရဲ့ အလုပ်အကိုင် ပိုတိုးတက်လာလိမ့်မယ်။ Phyo Paing @ Derek

လူတွေဆီက ယူတာထက်
ပိုပေးဖို့ ကြိုးစားကြည့်ပါ။
Read More »